ပြည်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အရိုက်ခံရ


ပြည်မြို့ နယ်တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲကိုတွေ့ ရစဉ်(ဓါတ်ပုံ-Myanmar News Now)
ရန်ကုန် မေ ၂၄

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့တွင် လျှပ်စစ်မီးရရှိရေးအတွက် မေလ ၂၂ရက်နေ့မှစ၍ ငြိမ်းချမ်းစွာ ဆန္ဒပြလျှက်ရှိရာ မေလ၂၄ရက်နေ့နံနက် ၁၀နာရီ ၁၅မိနစ်ခန့်ကဦးဆောင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ဝင် ၅၀ခန့်က ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ယင်းအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိခဲ့သူဖြစ်သည့်အဆိုပါ ဆန္ဒပြမှု ဦးဆောင်သူတစ်ဦးဖြစ် သူဦးပြည့်လွင်ကပြောကြားသည်။

အဆိုပါရိုက်နှိက်မှုမှာ ပြည်မြို့ဗိုလ်ချုပ်ကျောက်ရုပ်အနီး ဗဟိုမီးသတ်ရှေ့တွင် ဗီနိုင်းပိုစတာများကိုင်ဆောင်ထားသူများ အပါအ၀င် လူဦးရေ၁၅၀ခန့်ဝန်းကျင်က “မီးရရှိရေး ဒို့အရေးဟု”ပြောဆိုဆန္ဒပြနေချိန်တွင် ရှေ့တွင် ဗီနိုင်းကိုင် ဆောင်သည့် ဦးဆောင်သူများအဖွဲ့ကို ဆွဲထုတ်ပြီးရိုက်နှက်ကာ လူ၈ဦးခန့်ကို ဖမ်းဆီးသွားကြောင်း၎င်းကပြောကြားသည်။
“ရိုက်တာလူအုပ်ကို နှစ်ဖွဲခွဲပြီး၊စက်ဘီးဆိုင်ကယ်တွေကိုတားပြီးတော့ နောက်မှာကပ်လိုက်တာ၊လမ်းလျှောက်တဲ့ သူတွေပါ ဆွဲထုတ်တဲ့ပုံစံမျိုးနဲ့ရိုက်တာ”ဟုမျက်မြင်တွေ့ရှိသူအခြားသူတစ်ဦးကလည်း ပြောကြားသည်။

ဖမ်းဆီးခံရသူများထဲတွင်လူ့အခွင့်အရေးလှုပ်ရှားသူ၊ယင်းမီးရရှိရေးဦးဆောင်သူဦးကျော်ဆွေ၊ဦးမြင့်အေး(ရှေ့နေ)နှင့် NLDပါတီဝင် ဦးဝင်းလှိုင်တို့ပါဝင်ကြောင်း၎င်းကထပ်လောင်းပြောကြားသည်။
“ဘယ်ခေါ်သွားလဲမသိသေးဘူး၊လူစုခွဲတဲ့ပုံစံမျိုးနဲ့ဝိုင်းရိုက်တာ”ဟု၎င်းကဆိုသည်။

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းပြည်မြို့တွင် လျှပ်စစ်မီးရရှိရေးအတွက် မေလ၂၂ရက်နေ့ည၉နာရီတွင် မြို့နယ် လျှပ်စစ်ရုံးရှေ့တွင် ဖယောင်းတိုင်ထွန်း၍ဆန္ဒပြခြင်း၊ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တွင် ဆီမီးထွန်းခြင်းများပြုလုပ်ခဲ့ပြီး ၂၃ရက်နေ့တွင် EPC ရုံးမှ ဗိုလ်ချုပ်ကျောက်ရုပ်သို့လည်းကောင်း ယင်းမှတစ်ဆင့် ဓါတ်အားခွဲစက်ရုံအထိ လူအင်အား ၁၀၀၀နီးပါးခန့်လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြသူများထဲတွင် ပါဝင်သူတစ်ဦးကပြောကြား သည်။

ပဲခူတိုင်းဒေသကြီးအနောက်ပိုင်း ပေါင်းတည်မြို့တွင်လည်းမေလ၂၂ရက်နေ့ည၇ နာရီခန့်တွင် လူဦးရေ၃၀၀ခန့်ကဖယောင်းတိုင်မီးများထွန်း၍ ဆန္ဒပြခဲ့ကြောင်းဒေသခံများ၏ပြောကြားချက်အရ သိရသည်။
 The Voice Weekly
 ---------------------------------------------------------
Myanmar News Now မှ ထပ်မံရရှိတဲ့ သတင်းတွေ အရ ပြည်မြို. လမ်းမတော်လမ်း
 ဗဟိုမီးသတ်ေ၇ှ.တွင် ပြည်မြို. ၂၄နာရီ မီးရရှိရေးဆန္ဒပြနေသော လူစုအား
လုံထိမ်းရဲများမှယနေ့ နံက် 93း0 ခန်.တွင်ပြင်းထန်စွာရိုက်နှက်ကြရာတွင် ခေါင်းကွဲသူကွဲ ပြဲသူပြဲ ၊
အဆင်သင့်စောင့်နေသောကားပေါ်သို.ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။

ယခုကဲ့သို. ဖမ်းဆီးရိုက်နှက်ရာတွင် မြို.နယ်မှုးနှင့်တကွ စခန်းမှူးများကပါ
ဝင်ရောက် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။
အမျိုးသမီးများလည်း အဖမ်းခံရပါသေးတယ်။
ပြည်မြိုမှ လူ.အခွင့်ရေးဆောင်ရွက်နေသူ ကိုဇော်ထွန်းလည်းအဖမ်းခံလိုက်ရပါတယ်။
Myanmar News Now
ပြည်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အရိုက်ခံရ ပြည်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အရိုက်ခံရ Reviewed by သစ်ထူးလွင် on 16:01 Rating: 5

23 comments:

kaunglinthu said...

ပြောတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိတယ်ဆိုပြီး
ဒီလိုတွေဖြစ်တာတော့ မကောင်းပါဘူးဗျာ
အဲ့ဒါ ဒီမိုကရေစီနိုင်ငံလားဗျ
စိတ်မကောင်းပါဘူး
ရိုက်တာကဘယ်သူတွေလဲနော်

jaithein said...

စစ်အုပ်ချုပ်ရေးလက်အောက်မှာရှိနေသေးတယ်ဆိုတာ ရှင်းနေတာပဲ..ဘာလဲဒီမိုကရေစီကို ဦးတည်သွားနေတယ်ဆိုတာ ခွေ.းမသားအစိုးရတွေ...

aunglwin said...

ဒီမိုကရေစီဖေါ်ဆောင်ရေးဆိုတာ TVမျက်နှာပြင်ပေါ်မှာလား။ စာမျက်နှာပေါ်မှာလား။ ဒီမိုကရေစီမိခင်ကြီးလဲ မိန့်ခွန်းတွေပဲပြောမနေနဲ့။

blacknight said...

ဘာလည်းဟ.....နေ့ခင်းကြောင်တောင် ရိုက်ရဲတဲ့ ခေတ်ပြန်ရောက်လာပြန်ပြီလား.....လက်နက်မပါ...ခိုက်ရန်မဖြစ်တဲ့လူစုကို...ရိုက်ရဲတဲ့....အာဂအခြောက်တွေအား အရေးယူပေးပါ....သမ္မတကြီး...ငါမသိလိုက်ဘူး မလုပ်ပါနဲ့

thuthu said...

ရှင်းတယ်....လုံးဝဒီမိုကရေစီဆိုတာမရှိဘူး မဟုတ်ဘူး

001komgmg222@gmail.com said...

ခွေးသူခိုးရဲတွေကိုယခုချက်ချင်းထုပ်ပေးပါ၊ပြည်သူတွေငြိမ်းခံမနေပါနဲ့စည်းလုံးညီညွတ်ပါ။သမ္မကြီးရဲတွေကိုအရေးယူပေးပါ။

Anonymous said...

ကြံ့ဖွတ်အစိုးရဆိုတာ. စစ်အာဏာရှင်တွေကအရေခွံလဲထားပြီချိတ်ထမီဝတ်ထားတဲ့လူသတ်တရားခံတွေဆိုတာ. အခုတော့အရောင်ဆောင်လူသတ်အစိုးရဆိုတာပေါ်ပါပြီခင်ဗျာ. ပြည်သူကကျွေးတဲ့ထမင်းစားပြီပြည်သူကိုသတ်နေတာကြံ့ဖွတ်အစိုးရဆိုတာအားလုံးသိပြီ. ဒီပဲရင်းတရားခံကြံ့ဖွတ်. အခုလည်းပြည်သူ့ဆန္ဒကိုလည်းစော်ကါနေတာကြံ့ဖွတ်. အစိုးရကိုဖြုတ်ချဖို့ရာမြန်မာနိုင်ငံသားအားလုံးတွင်တာဝန်ရှိသည်

konamazu said...

ကဲ...မင်းတို့က ကိုယ်လဲဆောက်သုံးမကျဘူး။ခံရပါ များလာတော့ပြည်သူတွေက မခံချင်ဘဲ ဆန္ဒပြတော့ဖမ်းတယ်။ရိုက်တယ်။မင်းတို့သာ ဆောက်သုံးကျနေရင် ပြည်သူတွေအိမ်ပြင်တောင် ထွက်မှာမဟုတ်ဘူး။

Tri Asian Taste said...

ဟာ............. ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို ရိုက်ရဲတဲ့ ရဲတွေ တော်တော် လေချီးကျူးဘို့ကောင်းတယ်။ မင်းတို့ သတ္တိရှိရင် ကချင်ပြည်နယ်ကို သွားပါလားဟင်.. ဟိုရောက်ရင် မျိုးပါကန်းသွားမယ်။ တာရိုးကနွားတွေ........

Anonymous said...

မုံရွာမြို.မှာလဲ မနေ့ညက ရဲတွေအများကြီးကင်ချထားတယ် ဆန္ဒပြမဲ့သူတွေ ဖမ်းဆီးဖို.တဲ့

ManU Lover said...

အဲ.လို ဖမ်းပြီး ရိုက်ခွင်. ရှိလားဗျ

လဲ့လဲ့ said...

ဒီခွေးသူခိုးတွေ ဒီလိုမျိုးမိုက်ရိုင်းတာကတော့ ပြောမဆုံးပေါင်၊ တောသုံးတောင်ပါပဲ။ အင်း... တို့တိုင်းပြည်လဲ ပေးဆပ်သူတွေ အမျိုးမျိုးအဖုံဖုံ ပေးဆပ်ရပေါင်းများပါပကောလား။

mamamay said...

ဘုရားဘုရားရက်စက်လိုက်ကြတာ...
ဒါ..ဒီမိုကရေစီလား..

ngaba said...

ပြည်ကရဲတွေ ဦးဏှောက်မရှိဘူးလား။ မီးမလာ၊ ရေမရပေမယ့် နှစ်ပေါင်းများစွာ သီးခံလာတဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေကို ဒီလိုမလုပ်ရဘူးဆိုတာ နားမလည်ဘူးလား။
ရန်ကုန်လို မြို့မှာတောင် ရဲတွေယဉ်ကျေးစွာ ထိမ်းထိမ်းသိမ်းသိမ်း လုပ်သွားတယ်။ အမိန့်ပေးသူရဲ့ အသိဥာဏ် အဆင့်အတန်းကွာတာ။ ပြည်ကရဲတွေကို အကြမ်းဖက်ဖို့ အမိန့်ပေးတဲ့ အရာရှိကို ဖော်ထုတ်ပေးကြပါ။ အကြမ်းဖက်လို့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာရင် ရိုက်မိန့်ပေးတဲ့အရာရှိ အရင်ဆုံး ထောင်ထဲဆွဲထည့်လိမ့်မယ်။
အဲဒီလူ မကြာခင် ခွေးဖြစ်လိမ့်မယ်၊ စောင့်ကြည့်နေ..။

Sai said...

မီးဘယ်လိုရအောင်သာမလုပ်တတ်တာ...ရိုက်တတ်နှက်တတ်တာသူတို့အပြင်မရှိဘူး..အဖယုတ်ကမွေးတဲ့ဟာတွေ....

minkaung said...

ခွေးများကိုကြီးလာသောအခါလက်ပေးသင်ရန်ခက်ခဲပါသည်။ပြောင်လဲခြင်းနိယာမကိုမသိသောသူများနောက်တွင်ကျန်
ရစ်လိမ့်မည်။

ngaba said...

ဒီဒေသအာဏာပိုင်တွေ၊ ရဲအရာရှိတွေ ဒီမိုကရေစီရဲ့ အနှစ်သာရကိုမသိတာလား။ မေ့နေတာလား၊ ရွဲ့နေတာလား၊ မသိချင်ယောင်ဆောင်နေတာလား။
ခင်ဗျားတို့လုပ်ရပ်က ဦးသိန်းစိန်ကို သတ်နေတာ၊ ဆော်ကားနေတာ၊ ဦးရွှေမန်းနဲ့ လွှတ်တော်တက်နေတဲ့ ကိုယ်စားလှယ်တွေ၊ ၂၅%သော စစ်သားတွေ အားလုံးကို သောက်ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံချိုးလိုက်တာပဲ။
ဒါတွေကို ပြည်ထဲရေးဝန်ကြီးက လက်ပိုက်ကြည့်နေတာပဲလား။ ဒေသကြီးအာဏာပိုင်တွေက ဒီလိုအာဏာပြ အကြမ်းဖက်ဖြိုခွင်းတာကို အရသာတွေ့ လက်ပိုက်ကြည့်နေသလား။ ကိုယ့်နိုင်ငံသား၊ ကိုယ့်လူမျိုးအချင်းချင်းကို ရက်စက်စွာ နှိပ်ကွပ်ရတာကို အဟုတ်ကြီးမှတ်နေကြသလား။ ဇာတ်တူသားစားရင် အကုန်လုံး မြောင်းထဲရောက်ကုန်လိမ့်မယ်။ ခင်ဗျားတို့ စိတ်ကောင်းလေး နည်းနည်းလေး မွေးကြည့်ကြပါဦးဗျာ.. စိတ်ကောင်းမွေးလိုက်လို့ ရသွားတဲ့ စိတ်အကြည်ဓာတ်ကလေးကို တစ်ခါလောက် ခံစားကြည့်လှည့်စမ်းပါ။
တကယ်တော့ လူအချင်းချင်း နှိပ်စက်မှ ထမင်းစားရမယ်ဆိုရင် ခင်ဗျားတို့ အငတ်ခံလိုက်စမ်းပါ။

kay kay said...

အနှစ် (၂၀ ) ကျော် အုပ်မိုးလာတဲ့ အရိပ်ဆိုးကြီးက
အခုထိ မပပျောက် သေးပါလား
စစ်အစိုးရ ကို မဖြုတ်ချသရွေ့ ဒီ အဖြစ်အပျက်တွေ ဆက်ဖြစ်နေဦးမှာပဲ . ဒီ လူမဆန်တဲ့ လုပ်ရပ်တွေကို ထိထိရောက်ရောက်မတားသရွေ့ ဒီမိုကရေစီ ရမှာမဟုတ်ဘူး

ကောင်းကောင်း said...

ညဘက်မှောင်ရင် ဖယောင်းတိုင်မထွန်းနဲ့နော် ၊ တွေ့ လားပြည်မြို့မှာ ဖယောင်းတိုင်ထွန်းလို့ အရိုက်ခံလိုက်ရပြီ။ နောက်ပိုင်းဆိုဖယောင်းတိုင်ထုတ်တဲ့ စက်ရုံတွေတောင်အပိတ်ခံရမယ်နဲ့တူတယ်၊ ၀င်းဝင်းရေ အရမ်းဝမ်းသာမနေနဲ့သတိထား။

Naing Oo said...

အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်မဲ့ကိန်းတော့ဆိုက်တော့မယ်ထင်တယ်၊ဒီမိုကရေစီနိုင်ငံတိုင်းမှာလဲပြချင်တိုင်းပြလို့မရဘူးခင်ဗျ၊သက်ဆိုင်ရာကိုခွင့်တောင်း ခွင့်ပြုမှပြလို့ရတယ်ဗျ၊ထစ်ကနဲရှိလမ်းပေါ်ထွက်ချင်တဲ့ကျနော်တို့မြန်မာများရဲ့စိတ်ဓာတ်ကိုလဲပြင်ဘို့လိုမယ်ထင်တယ်၊ဦးမောင်မောင်ပြောခဲ့သလိုဆန္ဒတွေမစောကြပါနဲ့၊ဆန္ဒတွေစောခဲ့ကြလို့လဲဆယ်စုနှစ်နှစ်စုကျော်စောင့်နေခဲ့ကြရပြီးပြီမဟုတ်လား၊မိုးရွာနေပါပြီဗျ၊မိုးတွေဒီထက်ရွာအောင်ဦးဇော်မင်းကြီးသူ့တပည့်တွေနဲ့လွန်ဆွဲပွဲတွေလုပ်နေပါတယ်၊မကြာမီလာမည် စိတ်ချ။

♥အချစ်ပါတီ...♥ said...

အကျင့်ဆိုးတွေပြင်သင့်နေပါပြီ........

myo said...

ကဲ....ဘာလုပ်သင်.
သလဲ.....ဘာလုပ်ကြမလဲ.......

-crat said...

အေးအေးချမ်းချမ်း လေပြေသွေးပြီးဆုံးမ မရတဲ့ သားသမီးတွေကို မိဘကတော့ ရိုက်နှက်ဆုံးမရမှာပဲ..........

Powered by Blogger.