အစိုးရနဲ့အပစ်အခတ်ရပ်ထား
တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ ပဲခူးတိုင်း
ကျောက်ကြီးမြို့နယ်က ဆက်ဆံရေးရုံး ဆိုင်းဘုတ်ကို မြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဖြုတ်ချပြီး
ပါတီဆိုင်းဘုတ်နဲ့ အစားထိုးခဲ့တယ်လို့ ကေအန်ယူက ပြောပါတယ်။
“အစကတည်းက
ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးပဲ။ ခဏပိတ်ထားပြီး ဆက်ဆံရေးရုံး
ဖွင့်တယ်။ ကျမတို့ကလည်း ဖွင့်ပြီးတော့ အလုပ် လုပ်ဖို့ သေသေချာချာ
စနစ်တကျ အစီအစဉ် ဆွဲထားတာ မရှိသေးတော့ နောက်မှ အလုပ်လုပ်မယ်ပေါ့။
အခုက ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးက လူတွေက
သူ့ရုံးသူပြန်တက်တာပေါ့။”
အထွေထွေအတွင်းရေးမှူး
နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ကေအန်ယူအဖွဲ့ဟာ မတ် ၄ ရက်နေ့ကနေ ၁၁
ရက်နေ့အထိ မြန်မာနိုင်ငံသွားရောက်ပြီး ပြည်ထောင်စု အဆင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာမှာ ပဲခူးတိုင်း
ကျောက်ကြီးမြို့နဲ့ တနင်္သာရီတိုင်း မြိတ်မြို့တို့မှာ
ဆက်ဆံရေးရုံးဖွင့်လှစ်ခဲ့တာပါ။
ကျောက်ကြီးမြို့နယ်
ကေအန်ယူဆက်ဆံရေးရုံး ဖွင့်လှစ်ဖို့အတွက် အစိုးရဘက်က စီစဉ်ပြီး
ဆိုင်းဘုတ်တင်ပေးခဲ့တာ ဖြစ်ပြီး ကေအန်ယူအဖွဲ့
ပြန်သွားပြီးတဲ့နောက် ဆိုင်းဘုတ် ဖြုတ်ချခံခဲ့ရတာဖြစ်ပါတယ်။
ဒီရုံးဟာ မူလကတည်းက
ပြည်ခိုင်ဖြိုးပါတီ ရုံးဖြစ်လို့ ဆိုင်းဘုတ် ပြန်တင်တဲ့အပေါ်
ကေအန်ယူက အပြစ်မပြောပေမယ့် အစိုးရ တာဝန်ရှိသူတွေက တိတိကျကျ
အစီအစဉ်မရှိ အလုပ်လုပ်တဲ့ လုပ်ဆောင်ချက်ဟာ ငြိမ်းချမ်းရေးအတွက်
ထိခိုက်စေနိုင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ပြောဆိုလိုက်ပါတယ်။
အစိုးရရဲ့
ပေါ့ဆစွာလုပ်ဆောင်မှုကြောင့် လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးကို
ထိခိုက်စေနိုင်တဲ့အတွက် ဒီကိစ္စ နှစ်ဖက် ထပ်မံဆွေးနွေးဖို့ရှိတယ်လို့
ကေအန်ယူ ငြိမ်းချမ်းရေး ကော်မတီအဖွဲ့ရဲ့ ပြောခွင့်ရသူ
နော်မေဦးက ပြောပါတယ်။
“ရုံးဖွင့်မယ်ဆိုတာ
သဘောတူခဲ့တယ်။ ဘယ်မှာဖွင့်မယ်ဆိုတာ အစိုးရက စီစဉ်ထားတယ် ပြောလို့
သွားဖွင့်တာပဲရှိတယ်။ အလုပ်လုပ်ဖို့အတွက် ရုံးဖွင့်ဖို့ လိုတယ်ဆိုတာ
ကေအန်ယူ သဘောထားရှိတယ်။ ဘယ်နေရာမှာ ဖွင့်မလဲဆိုတာက ဒါက အစိုးရက
သူ့နယ်မြေထဲ သွားဖွင့်တာ ဖြစ်တဲ့အတွက် သူ့တာဝန်ဖြစ်တယ်လေ။
သွားဖွင့်တဲ့အခါ ဒီလို မလိမ့်တပတ်လုပ်တာ၊ ဒါမှမဟုတ်လည်း
အစီအစဉ်မရှိဘဲ ပေါ့ပေါ့ဆဆလုပ်တာဟာ ငြိမ်းချမ်းရေးကို
အန္တရာယ်ဖြစ်စေတာ။ ဒါကလည်း သင်ခန်းစာပေါ့လေ။”
မြိတ်မြို့မှာဖွင့်တဲ့
ဆက်ဆံရေးရုံးကိုတော့ လက်ရှိ ကေအန်ယူ ကိုယ်စားလှယ်တွေ သွားရောက်
ရုံးထိုင်ပြီလို့ ကေအန်ယူ မြိတ်၊ ထားဝယ်ခရိုင် တာဝန်ရှိသူက
ပြောပါတယ်။
ကေအန်ယူအနေနဲ့ အစိုးရ
ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ နိုင်ငံခြားသားသတင်းထောက်များ အသင်း (FCCT) ရဲ့
ဖိတ်ကြားချက်အရ မေ ၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီရှင်းလင်းပွဲမှာ
လက်ရှိဖြစ်ပေါ်နေတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ကေအန်ယူရဲ့
သုံးသပ်ချက်၊ သဘောထားတွေကို ပြောဆိုခဲ့တယ်လို့ ကေအန်ယူ
ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောခွင့်ရသူ နော်မေဦးက
ပြောပါတယ်။
နော်နိုရင်း (ဒီဗွီဘီ)
ဆိုင်းဘုတ်ဖြုတ်ချမှု ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ဟု ကေအန်ယူပြော
Reviewed by သစ်ထူးလွင်
on
17:27
Rating:
10 comments:
ဒီလိုပါပဲစနစ်မကျတာလား၊စနစ်တစ်ကျနဲ့လုပ်တာလားဆိုတာခန့်မှန်းရခက်ပါတယ် သေချာတာကတော့အောက်ခြေက ကြံ့ဖွတ်တွေမှာဥာဏ်အင်မတန်နည်းပါးလွန်တယ်ဆိုတာပါပဲ၊အဲ့ဒါထက်ဆိုးတာကမနာလိုစိတ်သိပ်ကြီးများလွန်းနေတာပါပဲ
ကြံ့ခိုင်ရေးရုံးက တာဝန်ရှိအရာရှိ (မဟုတ်တာကို အဟုတ်လုပ်ပြီး တိုင်းပြည်ကို ဗြောင်လိမ်နေတဲ့) သူတွေ ရူးသလိုပေါသလိုနဲ့ ဆိုင်းဘုတ်ချတာကအစ၊ ခုလို ဥပဒေ အထက်မှာ သူတို့ ရှိနေတယ်လို့ ယူဆနေတဲ့ သူတို့ကို သမ္မတ အရေးယူသင့်နေပါပြီ။
ဒီခေတ်ကြီးမှာ အားလုံးက နပ်နေကြပြီ.
ကျနော်တို့ခေတ်က "ကြံ့ဖွတ်အသင်းဝင်မှ စာမေးပွဲအောင်မယ်" ဆိုပြီး ခုခေတ်ကလေးတွေကို မြှူဆွယ်ရင်တောင် ဘယ်ကလေးမိဘ၊ ဘယ်ကလေးမှ ၀င်မှာ မဟုတ်တော့ပါဘူး။
ကျနော်ကိုယ်တိုင်လဲ ကြံ့ဖွတ်ပေါ်ကစ (အစိုးရလက်ကိုင်တုတ်) က ကြံ့ဖွတ်ထဲ မှာဝင်ခဲ့ဖူးပါတယ်။ ဘုန်းကြီးရိုက်ဖို့ Citizen သတ်ဖို့၊ အာဏာရ လူရမ်းကားလုပ်ဖို့ မဟုတ်ပါဘူး။
ကျနော်တို့ခေတ်မှာ ပြည်သူ့အခွင့်အရေး တွေပြည့်ပြည့်၀၀ရှိမယ့် ဒီမိုကရေစီ ကိုမသေခင်တော့ မြင်သွားချင်တယ်။
ကိုယ်ထင်ရာကိုယ်ဆိုင်း လုပ်နေမယ့်အစိုးရအစား အများဆန္ဒကို လက်ခံတဲ့ ပြည်သူကိုချစ်တဲ့ သူတွေပဲ တိုင်းပြည်ကို အုပ်ချူပ်စေချင်တယ်။
သြော်.......... နိုင်ငံတစ်ခုကို ဦးဆောင်တဲ့ သူက ဒီလိုကိစ္စသေးသေးလေး ( ရုံးခန်းဖွင့် )တာတောင်မှ ခုတစ်မျိုး တော်ကြာတစ်မျိုး နဲ့ လုပ်ရင်......... အင်းးးးးး တို့နိုင်ငံမှာနေထိုင်နေကြတဲ့ တို့ပြည်သူတွေတော့.........
ကြံဖွတ်ဘယ်ကလာသလဲ၊ အရှက်မရတဲ့သန်းရွှေမွေးခဲ့တဲ့ကလိမ်ကကျစ်နဲ.လုပ်ပိုင်ခွင့်ကိုအ သုံးချပြီးကိုယ်ကျိုးရှာတဲ့ကောင်တွေ(ဘဏ်ဖွင့်ဒဲ့အောင်းသောင်း) အတွင်းရေးမှူးလုပ်တဲ့အဖွဲ.ဘဲ ဒီလောက်တော့ရှိမှာပေါ့။
တိုင်းပြည်နဲ့လူမျိုးတကယ်ကောင်းစားစေချင်၇င်စစ်မတိုက်သင့်ါပါ။
ဒေါသဆိုတာလူတိုင်းကြီးတတ်ပါသည်။ညှိနှိုင်းသည်းခံခြင်ကိုမြင့်
မြတ်သူတို့သာလုပ်နိုင်ပါသည်။စိတ်ကောင်းထားသောသူများချမ်း
သာကြပါသည်။တည်ဆောက်ယူ၇ပါသည်။တိုက်ခိုက်တာဓါးပြ၊သူပုန်
ဘြဲဖစ်မှာပေါ့။INTERNATIONAL ကိုစဉ်းစားပါ။
အဲဒီ ဖွတ် ကောင် ပစ် သာသတ်လိုက် ။ လူတိုင်းကKNUကို ကျေးဇူးတောင် တင် အုံးမှာ။
အောက်က၀န်ထမ်းတွေဟာအထက်ကအမိန့်မရရင်ရေတောင်မသောက်ရဲပါဘူး၊မလုပ်မရှုပ်မပြုတ်ပေါ့။အထက်ကခိုင်းလို့လုပ်ကြတာများတယ်။
အလကား...ကျောက်ကြီးက ကြံ့ဖွတ်တွေက စားဖို့ပဲတတ်တာ...ဘယ်လိုကြာခို၇မလဲပချြောင်းနေတာ...သိတာပေါ့...မပြောချင်လို့..ကျွန်တော်က ကျောက်ကြီးသားစစ်စစ် ပါဗျ.....အဲဒီရုံးမှာလဲ KNU တွေအနေနဲ့ ရုံးထိုင်နေသင့်တယ်...အဲဒါမှပေါ့......အဲဒီဒေသနဲ့ပတ်သက်ပြီး.နှစ်ဦးနှစ်ဖက်လုပ်စရာရှိတာတွေ ပြောဆိုဆက်သွယ်စရာရှိတာတွေ အပြန်အလှန်လုပ်ဖို့....နှစ်ဖက်လုံးကတာဝန်ရှိသူတွေနေသင့်တယ်....ကျွန်တော်တို့မြို့လေးက အမဲရောင်နယ်မြေအဖြစ်သတ်မှတ်ထားတာ ဟိုးအရင်ထဲကပါ....ကျွန်တော်တို့မြို့လေးကို တိုးတက်အောင် အဲဒီဒေသကိုချစ်တဲ့ KNU အနေနဲ့ အစိုးရပူးပေါင်းပြီး...စစ်မှန်တဲ့နည်းလမ်းတွေနဲ့ အကောင်အထည်ဆောင်ရွက်ပေးကြပါလို့...တောင်းဆိုပါတယ်ခင်ဗျ.......
အစိုးရက ပေါ့လှချည်လား။
ကြံ့ဖွတ်ကလည်းမိုက်လှချည်လား။
အင်း မသဒ္ဓါရေးတားပါတဲ့
ငတုံးကြီးများတိုင်းပြည်ဆိုလား။
ဒီလုပ်ရပ်ဟာငြိမ်းချမ်းရေးကိုလိုလားတာနှလုံးသားကမဟုတ်ဘဲပါးစပ်ဖျားကဆိုတာသိသာလွန်းပါတယ်- အေးပေါ့လေလက်ရှိအစိုးရလူကြီးအများဆုံးက မသာဦးသန်းရွေအသင်းရိုက်သွင်းထားတဲ့ပုံစံခွက်ထဲကထွက်လာတဲ့လူတွေဘဲဆိုတော့ဒီလောက်တော့ရှိမှာပေါလေ၊အမြန်ဆုံးအမြဝေနိုင်အောင်ဘဲဆုတောင်းနေမိပါတယ်။
Post a Comment