ဓါတ်ပုံလုံးဝမချိတ်ရဟု ပါချုပ်(ဦးညီညီစံ)က အမိန့်ပေးပြီး တပ်ရဲများ အိမ်တိုင်ယာရောက်
လိုက်လံ ဖြုတ်သိမ်းခိုင်းနေကြောင်းသိရပါသည်။
မဖြုတ်လျှင် အလုပ်ဖြုတ်ပစ်မည် အလုပ်ပြုတ်ချင်သလားဟု ခြိမ်းခြောက် ပြောဆိုပြီး
ခိုးချိတ်ထားတာတွေ့ပါက အလုပ်ဖြုတ်ပစ်မည်ပြောပါသည်။
အဆိုပါလုပ်ရပ်နှင့်ပါတ်သတ်၍ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ၀န်ထမ်းတဦး
က Myanmar News Now ကို အခုလိုပြောပြထားပါသည်---
(နိုင်ငံတော်သမ္မတကြီးနှင့် လွတ်တော်ဥက္ကဋ္ဌက ဒီမိုကရေစီစနစ်သို့ချီတက်ရာဝယ် လွှတ်လပ်စွာ
ပြောဆို၊ရေးသား၊လုပ်ကိုင်နိုင်ခွင့် ရှိသည်ဟု ပြောဆိုပါလျှက် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံလုံးဝ
မချိတ်ရဟု ပြောဆိုနေခြင်းသည် "ဘယ်လို ဒီမိုကရေစီလဲ?" ဤသို့ပြောဆိုနေသော ပါချုပ်
(ဦးညီညီစံ)ကိုရော ဒီမိုကရေစီစနစ်သစ် ချီတက်ရာဝယ် ထားသင့်ပါသလား?
အချို့ စစ်တပ်လိုင်းခန်းများ နှင့် အစိုးရဧည့်ဂေဟာများတွင်ပါ ဗိုလ်ချုပ်အောင်ဆန်း
ဓါတ်ပုံချိတ်ကြပါသည်။ ကျွန်တော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)
လိုင်းခန်းများတွင် မချိတ်ခိုင်းခြင်းမှာ အတော်မတရားပါသဖြင့် နိုင်ငံတော်အကြီးအကဲများ
သိစေလိုကြောင်းပြောပြပါသည်။)
အလာတူ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှာ လာရောက်အလုပ်လုပ်နေသော
တိုင်းဆောက်(တိုင်းဆောက်လုပ်ရေး-ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း)မှ အလုပ်သမား
တစ်ဦးကလည်း ၁.၅.၂၀၁၂ နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါတီရှပ် ဝတ်၍လာရာ
တပ်ရဲများရောက်လာပြီး အင်္ကျီချက်ချင်းချွတ်ခိုင်းပါကြောင်း၊ ပြန်လည်မေးမြန်းရာ
ပါချုပ်(ဦးညီညီစံ)က ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ တီရှပ် ဝတ်ခွင့်မပြုဟုပြောပါသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတီရှပ်ကို နိုင်ငံတော်က ဝတ်ခွင့်မပြုတာပါလား?
ပါချုပ်(ဦးညီညီစံ)က မဝတ်ရဟု အမိန့်ပေးနိုင်ပါသလား?
မိမိကျောင်းဝန်း(ဗ.ဝ.တ)ထဲမို့ အမိန့်ပေးနိုင်တယ်ဆိုရင် ဘာ့ကြောင့်ပေးတာပါလဲ?
ကျွန်တော့်မှာ နိုင်ငံရေးလည်းနားမလည်ပါ ဗိုလ်ချုပ်ကိုချစ်လို့ ဝတ်မိပါတယ်
မိမိနိုင်ငံခေါင်းဆောင်ကို ချစ်လို့ဝတ်မိတာ အပြစ်ရှိပါသလား?
စတဲ့အချက်တွေကို အစိုးရအာဏာပိုင်များက ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြော
ဆိုစေလိုကြောင်းလည်း ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှာ လာရောက်အလုပ်လုပ်နေသော
တိုင်းဆောက်(တိုင်းဆောက်လုပ်ရေး-ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း)မှ အလုပ်သမား တဦးက
ပြောဆိုထားပါသည်။
ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) လိုင်းခန်းများတွင် ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံလုံးဝမချိတ်ရ
Reviewed by သစ်ထူးလွင်
on
23:09
Rating:
54 comments:
ပါချုပ် (ခ)ပါရှုပ် ဦး ညီညီစံ ခင်ဗျား။ လူကြီးမင်း ဒီလို တကယ် ပြောခဲ့တယ်ဆိုရင်တော့ ခင်ဗျား ဟာ ၂၀၁၂ ရဲ့ ဗီလိန် တယောက် ဖြစ်လာမှာသေချာတယ်။ သမတကြီး က ခင်ဗျားကို နောက်ချန်ထားမထားတော့မသိဘူး။ ကျွန်တော်တို့က တော့ ခင်ဗျားကို မြောင်းထဲ ကကောင်လောက် တောင် တန်ဖိုးမထားဘူး။
ဗိုလ်ချုပ်ရယူထားတဲ့တိုင်းပြည်မှာလားနေပြီးဗိုလ်ချုပ်ရုပ်ပုံပါတီရှပ်ကိုမ၀တ်ရဘူးလို့ ပြောရအောင် သူကဘယ်တိုင်းပြည်ကလားတာလဲ ဦးညီညီစံ....ဒီတိုင်းပြည်မှာမနေနဲ့ တော့
တော်တော်မိုက်ရိုင်းပြီး ကျေးဇူးမသိတတ်တဲ့လူပါလား။ ပါတီစွဲရှိတယ်ဆိုရင်တောင် ကိုယ့်နိုင်ငံလွတ်လပ်ရေးရအောင် အသက်စွန့်ပြီး ကြိုးစားခဲ့တဲ့ လွတ်လပ်ရေးဖခင်ကိုတောင် ကျေးဇူးမသိတတ်ဘူးဆိုတော့ လူမှပာုတ်သေးရဲ့လား။ ဒီလိုလူမျိုးက ဒီလိုအဆင့်အတန်းမျိုးကို ရောက်နေတာ အရည်အချင်းနဲ့တော့ လုံးဝမဖြစ်နိုင်ဘူး။ တော်တော်မိုက်ရိုင်းတဲ့လုပ်ရပ်ပဲ။
ဆေးပညာနှင့်ပတ်သက်ပြီး သိလိုရာမေးမြန်းနိုင်ပါသည်။ www.academicmedicines.blogspot.com အကူအညီလိုသူများကို မျှဝေပေးပါခင်ဗျာ။
ဒီပါချုပ် ရူးနေတာဖြစ်မှာပါ ။မြန်မာပြည်မှာ ဒီလိုလူတွေအများအပြားကျန်
ပါသေးတယ် ။ ကျော်ဆန်းတို့လို စိတ်ဓါတ်ရှိတဲ့သူတွေပေါ့ ။ အမျိုးသားရေး၊
အမျိုးသားယဉ်ကျေးမှု ဆိုတာတွေကို ပါးစပ် က မချဘူး ။ နွားခြေရာခွက်ထဲ
က ဖားသူငယ်တွေပါ။ သူတို့ကိုသူတို့ ဟုတ်လှပီထင်နေတဲ့ နွားကြီးတွေ
ပေါ့ဗျာ ။
ခက်ပါလား..ပါချုပ်..ခင်ဗျာလိုလူမျိုး..ဟိုဖား..ဒီဖား နဲ့ ဒီနေရာကို ရထားတယ်ဆိုတာ..အဖြေပေါ်နေပြီ...ငယ်ငယ်က.ခင်ဗျာဆရာ.၊ဆရာမတွေမျက်နှာကိုမှမထောက်..ခင်ဗျာဟာ ပါ ချုပ် မဟုတ်ဘူး..အထက်ဖား..အောက်ဖိတဲ့..ဖားဖိချုပ်..
.
ပညာတကယ်မတတ်ပါဘူး...ပတ်သက်ရာ ပတ်သက်ေုကာင်းနဲ့ ပါချုပ်ဖြစ်လာတာပါ..စိတ်ဓါတ်ကလဲေ-ွး သာသာပါပဲ..
ကျေးဇူးရှင်အစစ်ကို မသိနိုင်၊ မမြင်နိုင်လောက်အောင် အကုသိုလ်တွေ ဖုံးလွှမ်းနေကြပြီ။ ဒီကောင် မကြာခင် ခွေးဖြစ်တော့မယ်...ကြည့်နေ..။
အော် ဒို့လူတွေ အသိနည်းသကိုး။
ဦးနေဝင်း ကပြောတယ် ကျွန်တော်ဓါတ်ပုံတွေဖြုတ်ကျပါ
တဲ့ ။ ဖြုတ်သင့်လို့ဖြုတ်ခိုင်းတာပါ။
အများမှားရင်အမှန်ထင်တတ်ပါသည်။
တကယ်ရှိသင့်တာကလက်ရှိအုပ်ချုပ်နေတဲ့သမ္မတဓါတ်ပုံ
ဘဲချိတ်ရမှာဖြစ်ပါသည်။ဒါကြောင့်ပါချုပ်မမှားပါ။ကျွန်
တော်အားပေးတယ်ဆက်လပ်ုပါ ။
ဟဲ ဟဲ ဟဲ ကိုယ်ဖြစ်ကိုယ်ခံနော်။ တာ တာ bye
ဘာသောက်ဆင့်မှ မရှိတဲ့ဗိုလ်သန်းရွှေပုံကျတော့ အာဏာနဲ့ချိတ်ကြတယ် လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းပုံကျတော့စစာသင်ခန်းမတွေ အစည်းအဝေးခန်းမတွေ ရုံးတွေ ကျောင်းတွေမှာလုံးဝမချိတ်ရဘူးလို့အမိန့်ထုတ်ထားတယ်.ဘယ်သူက လွတ်လပ်ရေးယူပြီး ဘယ်သူက ကိုယ့်နိုင်ငံကိုကောင်းကျိုးပြုခဲ့တာလဲ ဘယ်လောက်ထိသက်ရောက်မှုတွေ ပြည်သူလူထုကို ကောင်းအောင်လုပ်ပေးခဲ့လို့လဲ ရှင်းပါတယ် ဗိုလ်သန်းရွှေနဲ့အပေါင်းအပါတွေဆိုတာ မွေးကင်းစကလေးမေးတောင်သိနိုင်ပါတယ်.ခုလက်ရှိအရွယ်ရောက်ပြီးသားကလေးတွေတောင်မှ ဗိုလ်ချုပ်သမီး အန်တီစုကို အန်တီစု အန်တီစု လို့ဘဲအော်ဟစ်တောင်းတကြတယ် ဦးသန်းရွှေဆိုပြီးဘယ်တော့မှ တောင်းဆိုတာမျိုးမရှိခဲ့ဖူးဘူး အာဏာရှင်တွေနဲ့ပတ်သတ်လို့ဘယ်တော့မှ ကြိုဆိုမှာလည်းမဟုတ်ဘူး ပြည်သူလူထုအလွန်မုန်းတီးတဲ့အာဧဏာရှင်စနစ်ဟာ ခုချိန်ထိရှိနေတုန်းဘဲဆိုတာသိစေချင်တယ်.
အဲဒါ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်လို့ ပြောပြီး ပါးရိုက်ပြီးပြောလိုက်စမ်းပါ ............ ဟုတ်လား။
တစ်ချက်နဲ့မသိရင် (10) ချက်ရိုက် တစ်ချက်ရိုက်ရင် 1000 ပဲပေးရမှာ ဟုတ်လား
ဒီလူဟာအသိဥာဏ်အင်မတန်ခေါင်းပါးပြီးသူငယ်တန်းတောင်မ
ခဲ့တဲ့စိတ်ထားယုတ်ညံ့တဲ့သူပဲဖြစ်ရမယ်။
အင်း ဒါ သမ္မတကြီးရဲ့စကားကိုဆန့်ကျင်ပြတာပဲ နောက်ကျန်ခဲ့ချင်သူပဲဖြစ်ရမယ်
ရှက်တတ်ရင် လဲသေဖို့ကောင်းတယ်
ဒီပါချုပ်နဲ့ဒီအကြောင်းအရာသတင်းတွေ ၀က်ဆိုက်တွေ ဖေ့စ်ဘုတ်တွေမှာတက်နေတာကြာလှပြီ..။
သက်ဆိုင်ရာကဘာမှအရေးမယူလို့ခဏခဏပြန်တင်နေကြတာ..။
အရေးမယူရင်တော့ပါချုပ်ရဲ့လုပ်ဆောင်ချက်တွေဟာ
နိုင်ငံတော်အစိုးရရဲ့ပေါ်လစီလို့သွယ်ဝိုက်အဓိပ္ပါယ်သက်ရောက်
နေမယ်..မဟုတ်ဘူးလား..။
သမတ ရုံးခန်းမှာတောင်ရှိတယ်၊အသားထဲကလောက်ကောင် အလုပ်က ရာသက်ပန် ဘာခံစားခွင့် မှမပေးဘဲထ်ုတပစ်။
ကဲဘယ်လိုလည်းသမ္မတကြီးရေ
ငယ်သားတွေကတော့ ဘယ်လိုလုပ်နေကြတာလဲ
နယ်ဘက်တွေဆင်းပြီး.ဒီကောင်တွေကို
နားရင်းကို နာနာအုပ်ပေးလိုက်ပါလား..
မှတ်လောက်အောင်...
လူ့အခွင့်ရေးတွေပိတ်ပင်တုန်းပဲလေ...ဒီလိုလူမျိုးတွေရှိပါသေးတယ်..ဦးညီညီစံတစ်ယောက်ထဲမဟုတ်ဘူးရှိပါသေးတယ်...
ဒုသမ္မတကြီါ်ရဲ့ စကားကို လည်းအပြည့်အ၀ အကောင်ထည်ဖော်စေခြင်ပါတယ်...
ဖခင်ရဲ့ပုံကျတော့ မချိတ်ခိုင်းဘူး ပထွေးရဲ့ပုံကျတော့ နေရာတကာမှ ချိတ်ခိုင်းတယ်...
အော် အမေကျော် ဒွေးတော်လွမ်းခိုင်းနေတာလား....
ကဲ ဦးညီညီစံ ရပ်တန်းက မရပ်ရင် ဆရာရင်းတပည့်ရင်း ဖြစ်တဲ့ ဝန်ကြီးဦးကျော်သူ ၊ ဒုဝန်ကြီးဦးဝင်းမြင့်(စာရေးဆရာ-လှိုင်သင်း) တို့လည်း ဒုက္ခရောက်တော့မယ်၊
လက်ရှိသမ္မတကြီး ကတော့ အဲဒီဝန်ကြီးတွေလို မြွေပွေးဆို ခါးမှာပိုက်ရဲလောက်မယ် မထင်ဘူး၊
ဦးညီညီစံ........ခင်ဗျားက တော်တော်အောက်တန်းကျပြီး ဦးနှောက်မရှိတဲ့ သတ္တ၀ါပဲ။ ခင်ဗျားက အလုပ်ကသာ ပါမောက္ခချုပ် အတွေးအခေါ်ကတော့ အဆင့်အတန်းလုံးဝမရှိတဲ့ ယုတ်မာတဲ့စိတ်ဓါတ်မျိုးရှိတဲ့ ဥာဏ်ရည်နိမ့် အောက်တန်းစားတစ်ကောင်ပဲ။
ခင်ဗျား ယူထားတဲ့ တာဝန်နဲ့ ခင်ဗျားလုပ်ရပ်က ရွံစရာကောင်းတယ်။ ခင်ဗျားတို့လို လူမျိုး... (လူနဲ့ နှိုင်းရင် ရိုင်းတယ်) ခင်ဗျားတို့လို အသားထဲကလောက်ထွက်တဲ့ သတ္တ၀ါမျိုးတွေနဲ့ ဒီနိုင်ငံနဲ့ တကယ်တော့ မထိုက်တန်ဘူး...
ခင်ဗျားသားသမီးတွေ ခင်ဗျားမျိုးဆက်တွေကတော့ အမျိုးယုတ်တွေပဲ ရာဇ၀င်မှာ..........
ကြည့်ရတာတော့ဒီလူက ရုံးခန်းထဲကနေ အပြင်လောကနဲ. အဆက်အသွယ်ပျတ်နေပုံရတယ်...သနားစရာတော့ကောင်းနေပြီ..ပါရှုပ်ရေ...အပြင်လောကလဲ ထွက်ကြည်.လိုက်အုံးခင်ဗျ။ခင်ဗျား အရူးကြီးဖြစ်နေလိမ့်မယ်။။အသက်လဲအတော်ကြီးနေလောက်ပါပြီ...ဗိုလ်ချုပ်အောင်ဆန်းဆိုတာ လွတ်လပ်ရေးဖခင် မြန်မာနိုင်ငံရဲ. ဖခင် ဒါကိုသဘောမပေါက်ခဲ့ပဲ ဒီနိုင်ငံမှာ လူလာဖြစ်ပြီး ဒီလောက်အသက်ရှည်နေတာ ဒီမြေကို ညစ်ပတ်စေတယ်..ဒီရေကို နောက်ကျိစေတယ်.....။အသက်ကြီးပြီးအချိန်မဆီးပါလားဗျို.....။
ပါတီစွဲ ရှိတာကိုတော့ မပြောလိုပါဘူး၊ ခုသတင်းတာမှန်ခဲ့ရင် ပါချုပ် အဖေကိုမစော်ကားနဲ့ အရှင်လတ်လတ်မြေမျိုမယ်။
ဗိုလ်ချုပ်ကျေးဇူး မသိတတ်တာ မူလတန်းကို ဘယ်လိုအောင်လာသလဲ မသိဘူး . . ပါချုပ်တော့ မဟုတ်ဘူး ဖားပြီး ဖြစ်လာတဲ့ ဖားချုပ် ပဲဖြစ်မယ် . . ကျေးဇူးကန်းခြင်းရဲ့ ရလဒ် မကြာခင် သိရမယ် . . .
ပါချုပ်ကြီးလားပင်စင်ယူသင့်ပါပြီ။
ပါချုပ်ကို ဖါချုပ်(ဖါတန်း)ထဲပို့လိုက်ကြပါ..မြန်မြန်
ဒုက္ခ...ဒုက္ခ...ရှိခဲ့တယ်...ရှိနေသေးတယ်...ရှိနေအုံးမှာပါပဲ.....ကိုယ့်ဖင်ကိုမနိုင်ကြတဲ့..ခေါင်းဆောင်တွေ အုပ်ချုပ်နေကြတာပဲ..ဒီလောက်တော့ရှိတာပေါ့။။
ဟုတ်ပါတယ်နောက်ချန်ထားခဲ့ရမဲ့ပါချုပ်ပါကွဒီပါချုပ်မျိုးရှိနေရင်တိုင်းပြည်နှစ်နာပါတယ်ခင်ဗျာ။သမ္မတကြီးအရေးယူပေးပါခင်ဗျာ။
ဒီပါချုပ်ဆိုတဲ့လူရဲ့ ဦးနှောက်အဆင့်အတန်းဟာခွေးတစ်ကောင်ဦးနှောက်လောက်တောင်မရှိပါဘူး။
ခွေးတောင်ကျွေးတဲ့မွေးတဲ့လူကိုအသိအမှတ်ပြုတတ်ပါတယ်
ဒီပါချုပ် ရဲ့ စိတ်ဓါတ်ကပဲ ယုတ်ညံတာလား
အထက်ကအမိန့်ပေးလို့ပဲ လုပ်ရတာလား
ဘာပဲပြောပြော ပညာတက်တစ်ယောက်လုပ်နေပြီး ဒီနေရာမှာ ရပ်တည်နေပြီး စိတ်ဓါတ်ကတော့ အောက်တန်းကျလွန်းပါတယ်
ခင်ဗျားဒီနေရာမှာ မရှိသင့်တော့ဘူး
ကုန်ကုန်ပြောရရင် မြန်မာပြည်မှာကို မနေနဲ့တော့
အဲဒါ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်လို့ ပြောပြီး ပါးရိုက်ပြီးပြောလိုက်စမ်းပါ ............ ဟုတ်လား။
တစ်ချက်နဲ့မသိရင် (10) ချက်ရိုက် တစ်ချက်ရိုက်ရင် 1000 ပဲပေးရမှာ ဟုတ်လား--ပါချုပ်ကနေ--ဖာချုတ်ဖြစ်သွားမယ်သိလား----
ဟေ. ကောင် ဦးညီညီစံနဲ့ ဖအေတူသား minsoeaung လူဆိုတာ လူ့အခွင့်အရေးရှိတယ် ကမ္ဘာကုလသမ္မဂ ကထုတ်ဝေထားတဲ့ Human Right ဆိုတဲ့စာအုပ်ရှိတယ် မသိရင်ရ ဖတ်ကြည့်လိုက်ဦး ပြီးမှ Comment လာရေး....
အဲဒီ ဗ၀တ(အထက်မြန်မာပြည်)ရဲ့ ပါချုပ်ဆိုတာ စစ်ဗိုလ်တစ်ယောက်ပဲ။ အဲဒီလိုပဲ ဌာနတိုင်းရဲ့ အကြီးဆုံးနေရာတွေမှာ စစ်သားတွေချည်းပဲနေရာယူ ထားတာ ဘယ်လောက်ပဲ ဒီမိုကရေစီပဲ ပြောပြော နေရာတကာ စစ်သားချည်းပဲ ရှိနေတာ ဘယ်လိုလုပ် ဒီမိုကရေစီဖြစ်တော့မှာလည်း အားလုံးက ဒီမိုကရေစီပြောနေကြာတာကြာပြီ ဌာနဆိုင်ရာတွေမှာတော့ ဒီမိုကရေစီမရသေးဘူး ဘယ်သူမှာမှ ဒီမိုကရေစီမရသေးဘူး မြန်မာ့လွှတ်တော်မှာကော အစိုးရအဖွဲ့မှာကော ဌာနဆိုင်ရာတွေမှာကော စစ်သားတွေရှိနေသရွှေ့ ဘယ်တော့မှ ဒီမိုကရေစီဆိုတာဖြစ်မလာဘူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအပေါင်းအပါအားလုံးဘယ်လောက် ပြောပြော No Freedom, No Democracy .
အဲဒီကောင်ဟာ ခေတ်နောက်ပြန်ဆွဲနေတဲ့ အာဏာ၇ှင် ပေါက်စပဲ
တောက် စိတ်ကုန်လိုက်တဲ့ ပါချုပ်-ဘာပါချုပ်လဲ- ဂျိုပါလား- အမြီးပေါက်နေသလား သေသေခြာခြာကြည့်ပါဦး။
ဦးညီညီစံ နဲ့ minsoeaung ဆိုတဲ့ကောင်နှစ်ကောင်ရေ လူ့အခွင့်အရေးဆိုတယ်ရှိတယ်ကွ ကမ္ဘာကုလသမ္မဂ ကထုတ်ပြန်တဲ့ Human Right ဆိုတဲ့စာအုပ်ရှိတယ်ကွ...မသိသေးရင်သေချာအောင်ဖတ်ပြီး လေ့လာပြီးမှ Comment လာရေး Bye Bye..010
ဒီမြေမှာနေ ဒီရေကိုသောက် ဒီတိုင်းပြည်ကပေးအပ်တဲ့ဘွဲ့ကိုယူပြီး ဒီတိုင်းပြည်ကိုလွတ်လပ်ရေးရအောင်လုပ်ပေးခဲ့တဲ့(တကမ္ဘာလုံးကအသိအမှတ်ပြုတဲ့)ကမာတဘ့အငယ်ဆုံးလွတ်လပ်ရေးခေါင်းဆောင်တယောက်ရဲ့ဓတ်ပုံ (အင်္ကျီ)ကိုဝတ်ဆင်တာ ချိတ်ဆွဲတာကိုဟန်းတားတယ်ဆိုတော့ ညီညီစံဆိုတဲ့ကောင်ကဘာကောင်လဲ ဘယ်လိုလုပ်ပြီးဒီရာထူးအဆင့်အတန်းကုရောက်လာတာလဲ တိုင်းပြည်အတွက်ခင်ဗျားလိုကောင်တွေရှိနေတာဟာမြန်မာနိုင်ငံအတွက်ဂြိုလ်ဆိုးတကောင်ရှိနေသလိုဘဲဗျာ...အောက်တန်းစားကောင်ညီညီစံ...
သူ့တို့တော့အတွက်နေလိုမီးလိုပူလို့နေမှာပေါ့..
တိုင်းပြည်မှာ မြန်မာလူမျိုးထဲမှာ အဲဒီလို လူလိုနားမလည် လူလိုကျေးဇူးမသိတက်တဲ့ အောက်တန်းစား
တိရိစ္ဆာန်တွေ ရှိနေကြသေးလို့ မတိုးတက်တာပဲ
ဒီလိုကောင်တွေကို ဖယ်ရှားသုတ်သင်ပစ်ရမယ်
စစ်အာဏရှင်လက်ထက်ကပါချုပ်ကိုဘာလို့ထားနေတာလည်း၊ခေါတ်နောက်ပြန်ဆွဲနေသူတွေကိုအတိအကျပြောစကားအတိုင်းအရေးယူပေးပါခင်ဗျာ။(အတိအကျနော်)
ဦးညီညီစံအလကားကောင်မင်းလိုကောင်တွေမြန်မာနိုင်ငံကပါအပြီးမောင်ထုပ်ရမှာ
ပါချုပ်ဦးညီညီစံ ဒီလောက်တောင်ကျေးဇူးတရားမသိရင်ခင်များမှာ
အဖေမရှိုတာသေချာတယ်။
ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံကို မချိတ်ခိုင်းတာက သူ့(ဦးညီညီစံ) ဓာတ်ပုံ ကိုချိတ်စေချင်တာဖြစ်မှာပေါ့
လူဆိုတာ
မိမိဘယ်နေရာရောက်နေသလဲဆိုတာအမြဲသတိရှိဘို့လိုတယ်
နေရာဆိုတာ ရာထူး အာဏာကိုပြောတာမဟုတ်ဘူး
ကိုယ်ကိုတိုင်ပြုမူနေထိုင်မှုဟာ ကိုယ့်အဆင့်အတန်းနဲ့ နှိုင်းချိန်တတ်တာကိုဆိုလိုပါတယ်၊ ဒီနေရာငါအမြင့်ဆုံးလို့သတ်မှတ်ရင် မြင့်အောင်နေရပါမယ်
ပါချုပ်တစ်ယောက်ဟာ အောက်ခြေ၀န်ထမ်းအပေါ်မှာ သြဇာညောင်းတယ်ဆိုပေမဲ့ မှန်ကန်မှုလမ်းကြောင်းတော့လိုမယ်ထင်ပါတယ်
ငါ့စကားနွားရ ထင်တိုင်းကြဲရင်တော့ လမ်းဘေးကကလေက၀လို ပေါက်လွတ်ပဲစား ပြောစကားတွေဖြစ်နေမှာပေါ့
ဒါဆို ကိုဘယ်နေရာရောက်သွားသလဲသိရမယ်
အဆင့်အတန်းမြင့်တယ်ဆိုတာ စိတ်ထားမြင့်မြတ်မှု့က ပိုအရေးပါပါတယ်
ဒါကြောင့်ပါချုပ် ညီညီစံ ငါ့ဘယ်သူ့ကြောင့်အခုလို နေရာရနေတယ်ဆိုတာ
အခြေမြစ်ကျကျတွေးပါလိုံသတိပေးပရစေ
စေတန်(satan)
အဲဒီသူကို ရာဇ၀င်လိုက်ကြည့်လိုက်ပါ။ စစ်တပ်ကနေ အနည်းဆုံးဗိုလ်မှူးကြီး အဆင့်နဲ့ ဌာနပြောင်းပြီး ရောက်လာတဲ့သူ ဖြစ်ရမယ်။ ရှေ့က ဦးသိန်းစိန်ပြောနေတာတွေဟာ နိုင်ငံတကာမျက်နှာစာမှာ အကူအညီရအောင် လုပ်ဇာတ်တွေ ခင်းနေတာဖြစ်နိုင်ပါတယ်။ သူက ရိုးသားတယ်ဆိုရင်တောင် သူ့လူတွေကို သူမနိုင်ပါဘူး။ အရေးလည်း မယူတော့ ဘယ်သူမှ မကြောက်ကြဘူးပေါ့။ သူတို့အစိုးရသက်တမ်းတလျောက်ကတော့ ဒီလိုပဲ ဖြစ်နေဦးမှာပါ။
အော် တော်တော်ခက်တဲ့ ဖားချုပ်၊ ဒီဘက်ခေတ်မှာ ဖားစရာမလိုတော့ပါဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ပါ။
ှမြန်မာပြည်သူပြည်သားတွေ အားလုံး ချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကို မနာလို သူတွေဟာ ဘယ်လိုလူမျိုးတွေ ဆိုတာအားလုံးအသိပါ
စစ်ကျွန်လုပ်မဲ့ကောင် စစ်ခွေးဖြစ်မယ့်ကောင်တွေပဲ
တိုင်းပြည်အတွက် ဘာမှကောင်းကျိုးမပေးပဲ မြန်မာပြည်ကို ဖျက်ဆီးခဲ့တဲ့ သူခိုး ဓါးပြ လူသတ်သမား
အဆင့်လောက်ပဲ ၇ှိတဲ့ သန်းေ၇ွှ၇ဲ့ပုံ ကိုတော့ ကိုးကွယ်ထားကြတယ်
ခေတ် အဆက်ဆက်မှာ အာဏာ၇ှင်ကို ဖားနေတဲ့ လူတွေ အခွင့်အေ၇းသမားတွေ ၇ှိနေတာကြောင့် ပြည်သူလူထု၇ဲ့ဘဝ ဆင်း၇ဲနေ တာပါ
ပါချုပ်ဆိုတဲ.လူ အမြန်ဆုံးနှုတ်ထွက်လိုက်ပါ
ီဗိုလ်ချုပ်ပုံဖြုတ်ခိုင်းတဲ့သူဟာ ပါချုပ်ဆိုလို့ တော်တော်အံသြနေတာ
ကျောင်းသားဘ၀ကဖြတ်သန်းလာတဲ့သူမဆိုထားနဲ့ ပညာသင်ခွင့်မရခဲ့ကြရှာတဲ့ပြည်သူတွေတောင် ဗိုလ်ချုပ်ကျေးဇူး ဗိုလ်ချုပ်တန်ဖိုး
ကိုသိတယ် ကျောင်းသားဘ၀ဖြတ်သန်းခွင့်ရတဲ့သူတွေလည်း ဗိုလ်ချုပ်ကိုအားကျတယ် လေးစားတယ် အတုယူချင်ကြတယ်
ကိုအောင်သူပြောမှဘဲ စစ်ဗိုလ်ပါချုပ်မှန်းသိတော့လည်း ဒီလိုဦးနှောက်မရှိတာ မိုက်ရိုင်းတာ ကျေးစွပ်တာကို မအံသြတော့ပါဘူး
အဆင်.က မရှိတဲ.လုပ်ရပ်ပဲ ပြာတာလောက်တောင်အဆင်.မရှိတော. ပါချုပ်လည်း လုပ်မနေနဲ. ပထွေး(သန်းရွှေ) အိမ်ခွေးကတက်မှာတောင်းစားတော. အကြွင်းအကျန်တွေ
အခုလို ဗိုလ်ချုပ်အောင်ဆန်းပုံကို ဇော်ဂျီ(၁)ရေအားစက်ရုံမှာ ရုံခန်းမှာ ချိတ်ထားတုံ ဗိုလ်ချုပ်တစ်ယောက်က ပြန်ဖြုတ်ခိုင်းတာ ကိုယ်တွေ့ ကြုံဖူး ပါတယ်..အဲတုံကတော့ ချက်ခြင်းဖြုတ်ပေးလိုက်ရတယ်..ကြောက်တာကို.. အခုတော့..လွတ်လပ်တဲ့ ဒီမိုကရေစီ..ဆိုရင်..မလို တော့ပါဘူး..အခုလဲ. လူကြီးတော်တော်များများက..အထက်ဖား..အောက်ဖိ လုပ်နေကျတာတွေ.ရှိနေပါတယ်..အခုဒီမှာလက်တွေ့ ရင်ဆိုင်နေရတယ်..ကူညီကျပါအုံလို့ ..အော်လိုက်ချင်ပါတယ်.......
မလုပ်သင့်တာတွေ လုပ်နေကြပါလား သမ္မတကြီး နယ် ဘက်မှာအများကြီးရှိနေတယ်နော် အောက်ငယ်သားတွေ အသုံးမကြတာ တွေ ရိုက်သတ်လို့မကုန်ဘူးနော်...
အဲဒီခွေးသား ဖာချုပ်ရဲ့ ဓါတ်ပုံရှိယင် တင်ပေးကြပါ။ အဲဒီ သတ္တ၀ါကို တန်ရာတန်ရာ ဆုံးမချင်လို့......
သူ့ ဆီ ကဘယ်လို အ ကြောင်း ပြ ချက်ပေးမ လဲ ဆိုတာ သိချင်တယ်။ဒီ ကောင်အရှက်မရှိ ငြင်းချင် ငြင်းမယ့်  ကောင်။
ပါချုပ်ညီညီစံဆိုတဲ့လူရေ..ခင်ဗျားအဖေနဲ့အမေပုံကိုမချိပ်ရင်နေပါ။ခင်ဗျား
အဖေနဲ့အမေကခင်ဗျားတို့မိသားစုအပေါ်လောက်ပဲကျေးဇူးရှိတာ.
ဗိုလ်ချုပ်က.မြန်မာပြည်သူပြည်သားတွေအပေါ်တောင်မကဘူး..
နောက်မွေးလာမယ့်မျိုးဆက်သစ်တွေအထိကျေးဇူးရှိတယ်ဆိုတာမြဲမြဲ
မှတ်ထားကွ..မသိရင်ကိုယ့်အပြစ်ကိုယ်ဒါဏ်ခတ်တဲ့အနေနဲ့ မြန်မာ
ပြည်သူပြည်သားတွေဆီက ပါးတစ်ယောက်တစ်ချက်စီ အရိုက်ခံလိုက်....
Post a Comment