(၁၈/၁၉-၅-၂၀၁၂)ရက် နေ့ များ တွင်၂၃၀ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်း
တိုင်အမှတ် ၇၃၊၂၀၇၊၂၀၈ နှင့်၂၀၈ တာဝါတိုင် (၄)တိုင်အား မိုင်းခွဲ ဖျက်ဆီးခံရ
မှုမှ အပျက်အစီးများမှာ----
တာဝါတိုင်အမှတ်(၇၃)သည် တိုင်ခြေထောက်(၄)ချောင်း ပေါက်ထွက်ပျက်စီးသွားပါသည်။
တာဝါတိုင်အမှတ်(၂၀၆)သည် တိုင်အရင်းမှ(၄)ချောင်လုံး ပြတ်ထွက်သွားပြီး မူလနေရာမှ
(၁၀)ပေခန့် အကွာသို့ လဲပြိုကျသွားပါသည်။
တာဝါတိုင်အမှတ်(၂၀၇)သည် တိုင်အရင်းမှ(၄)ချောင်လုံး ပြတ်ထွက်သွားပြီး မူလနေရာမှ
(၁၅)ပေခန့် အကွာသို့ လဲပြိုကျသွားပါသည်။
တာဝါတိုင်အမှတ်(၂၀၈)သည် ကြွေသီးများ ပျက်စီးသွားပါသည်။
ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ (၀.၀၇၇) သန်းခန့် ဖြစ်ပါသည်။
၂၃၀ ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်းတိုင်(၄)တိုင်မိုင်းခွဲဖျက်ဆီးခံရသည့် ပျက်စီးမှုအား
ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု အခြေအနေ
ဒုတိယအင်ဂျင်နီယာချုပ် တစ်ဦး ဦးဆောင်၍ အဖွဲ့ဝင် (၂၈)ဦးပါသော အဖွဲ့အမှတ်(၁)
ဒုတိယအင်ဂျင်နီယာချုပ်တစ်ဦး ဦးဆောင်၍ အဖွဲ့ဝင် (၁၄၅)ဦးပါသော အဖွဲ့အမှတ်(၂)
စုစုပေါင်း အင်အား၁၇၀ ဦးပါဝင်သော အဖွဲ့သည် (၁၉-၅-၂၀၁၂) ရက်နေ့မှစတင်၍
တာဝါတိုင်များ အစားထိုး ပြုပြင်ခြင်း လုပ်ငန်းကို အမြန်ဆုံးကြိုးစားဆောင်ရွက်
လျက်ရှိပါသည်။
လိုအပ်သော တာဝါတိုင်များ၊ ဘိလပ်မြေ၊သဲ၊ကျောက်၊သံချောင်း နှင့် စက်ကိရိယာများကို
ပြုပြင်ရမည့်ဒေသသို့ အားလုံးရောက်ရှိရန် ပို့ဆောင်ပြီးဖြစ်ပါကြောင်းသတင်းရရှိပါသည်။
Myanmar News Now
ရွှေလီ-မန်စံ ဓာတ်အားလိုင်း ပြင်ဆင်မှု နောက်ဆုံးရ သတင်း-ဓါတ်ပုံ
Reviewed by သစ်ထူးလွင်
on
17:38
Rating:
44 comments:
အဲဒီ ဓာတ်အားလိုင်းပျက်တာနဲ့ တပြည်လိုင်းအတိုင်းအတာထိ မီးပျက်တာ ဘာမှမဆိုင်ပါဘူး စောက်သူတောင်းစား လျှပ်စစ်ဌာနရယ်။ နေပြည်တော်မှာ ဓာတ်တိုင်တွေကို စောက်မြင်ကတ်လောက်အောင်ထွန်းထားတာတွေ၊ မလိုအပ်တဲ့နေရာတွေမှာ သောက်ရမ်းသုံးထားတာတွေကို လျှော့သင့်နေပြီလို့ထင်ပါတယ်(ကျန်တဲ့ပြည်သူတွေကို လေးစားသောအားဖြင့်ပေါ့)
ကျေးဇူးတင်ပါတယ်။ မြန်လေကောင်းလေပါဗျာ။
အော်တဲ့သူကအော် ရိုက်တဲ့သူကရိုက် ဖမ်းတဲ့သူကဖမ်း
ဘယ်ဟာမှမကောင်းပါဘူး။
အခွင့်အရေးကို အလွန်အကျွန် သုံးချင်နေကျတယ်။
ဥပဒေကအတည်မဖြစ်သေးတော့ ခက်တာပါဘဲ။
ထိန်းထိန်းသိမ်းသိမ်းတော့လုပ်ကြပါ။
မြွေမသေတုတ်မကျိုးပေါ့နော်။
အခုလိုမြန်မြန်ပြုပြင်နေတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီကိစ္စကို KIA တကယ်လုပ်တာဆိုရင်တော့ ဒီကောင်တွေကို တိုက်တာကို ထောက်ခံပါတယ်။ အမြစ်ပြုတ်အောင်ဆော်ပါ။ အစိုးရကို မထိခိုက်ဘဲ ပြည်သူတွေကို သက်သက်ဒုက္ခရောက်အောင်လုပ်တဲ့ ကောင်တွေကို ညှာနေစရာမလိုပါဘူး။ အပြီးသာတိုက်ပါ။ ထောက်ခံပါတယ်။
www.academicmedicines.blogspot.com
မြန်မြန်လေး ပြင်ပါ နောက်ထပ် ဗုန်းထပ်ခွဲမယ့်  KIO အဖွဲတွေ တန်းစီနေလို့ ပါ
တာဝါတိုင်က အကြောင်းပြချက်လား? မိုးမရွာ ရေမရတာ အကြောင်းပြချက်လား? ဘာဖြစ်ရင် ဘယ်လိုဖြေရှင်းမယ် ဆိုတဲ့ အစီအစဉ်တွေ မရှိတာ စနစ်ကြောင့်ဘဲ။
နှစ် ၅၀ ခေါက်ရိုးတွေ ပြေသင့်ပြီ။
ဘယ် လိုနာမည်ပြောင်းပြောင်း လူမပြောင်းတော့
စနစ်လည်း မပြောင်းသေး
ခေတ်လည်း မဟောင်းသေး
မတောင်းပန်နဲ့ တော့
အို ဖယောင်းတိုင် ကိုင်ကြတော့။
ကြည့်လဲလုပ်ကြအုံးနော်...ရွှေလီ က ဓါတ်အားကို ရန်ကုန် ပို့တယ်လို့..ဟုတ်ပါ့မလား? မဟုတ်မှ လွှဲရော တရုတ်ကို ပို့နေတဲ့ ဓါတ်အားတိုင် တွေလဲသွားလို့ အခြားလိုင်းကနေ တရုတ်ကို ပို့နေရလို့ မြန်မာပြည်ထဲ မှာ မီးပျက်ကုန်တာဖြစ်မှာ...တရုတ်ကို ရောင်းထားတဲ့ ဓါတ်အား မရရင် ပေါက်ဖေါ်ကြီးက ဆဲမှာ ကြောက်လို့ မြန်မာပြည် အတွက် ဓါတ်အားတွေ လွှဲပို့နေတာဘဲ ဖြစ်မယ်..
အကြမ်းဖတ်သမားတွေ မင်းတို့တိုက်ချင်ရင် သတ္တိရှိရှိ တပ်နဲ့လားတိုက်ပါလား ခိုးကြောင်ခိုးဝှက်လာမလုပ်ကြနဲ့ မင်းတို့ဖေါက်ခွဲဖျက်ဆီးတာ အများပြည်သူက အနစ်နာဆုံးဆိုတာသိထားကြပါ။ နိုင်ငံရေးအမြတ်မထုတ်ပါနဲ့။
တာဝါတိုင်တွေ ဖျက်ဆီးတာ KIA ဆိုရင် KIA ဟာ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုပဲဖြစ်တယ်။ အတိုက်အခံ (သို့)နိုင်ငံရေးပါတီ မဟုတ်ဘူး။ စစ်မှန်တဲ့ နိုင်ငံရေးလုပ်သူတွေကလည်း အကြမ်းဖတ်သမား မဟုတ်ဘူး။ မင်းတို့ကို နိုင်ငံတကာက အကြမ်းဖက်သမားလို့ မြင်နေပြီနေနော်။ ကမ္ဘာမှာ အကြမ်းသမား ဆိုရင် ဘယ်လိုဇတ်သိမ်းလည်းဆိုတာ မင်းတို့သိပြီးသားဖြစ်မှာပါ။
ကမ္ဘာမှာ ရှိတဲ့ လက်နက်ကိုင်သောင်းကြမ်းသူတွေထဲမှာ မြန်မာနိုင်ငံက သောင်းကြမ်းသူတွေက ကိုယ်နိုင်ငံက ပစ္စည်းပြန်ဖျက်ဆီးတာ ထိပ်ဆုံးကပဲ။ အခုလိုပဲ ထပ်လုပ်ရင် မင်းတို့ကို အပြင်းအထန် ကန့်ကွက် တယ်ဟေ့
အေးပေါ့ကွာ တိုင်တွေပြင်ပြီး လို့မှ မီးမလာရင်တွေ့ကြသေးတာပေါ့။ သက်သက် အကြောင်းပြနေတာသိတာကြီး..ကို မြန်မာတပြည်လုံး ဒီလိုင်းက ယူနေရတဲ့အတိုင်းဘဲ
အော်တို့နိုင်ငံကလည်းဆင်းရဲလိုက်တာနော် .. ဒီလိုတိုင်မျိုးတွေကို လူအားနဲ့လုပ်နေမှတော့ဘယ်ပြီးမလဲနော် ..
မကောင်းကြံတဲ့လူတွေကြောင့်အမေ၇ိကန်ဒေါ်လာ(၀.၀၇၇)သန်းခန့်လည်းဆုံး၇ှုံး၇တယ်......လူတွေလည်းအပိုပင်ပန်း၇တယ်........
ပြည်သူတွေလည်းမီးလုံလုံလောက်လောက်မ၇ဘူး..................
အခုလိုဖျက်ဆီးတဲ့လူတွေအားလုံးတူသောအကျိုး၇၇ှိပါစေလို့ဆု
တောင်းပါတယ်..........
ဖျက်ဆီးတဲ့သူကလဲဖျက်ပီးပီ ပြင်တဲ့သူတွေကလဲပြင်နေပီ ဘာပဲပြော2လာပြင်ပေးတဲ့သူကသာအပြုသဘောဆောင်တဲ့အကျိုးကျေးဇူးပေးတာပါ ဖျက်ဆီးတဲံသူကတော့ကို့ လုပ်ရပ်ကိုသိကြမှာပေါ့ ခင်များတို့လုပ်တဲ့အလုပ်က မှန်ကန်လားမှားလားဆိုတာခင်များတို့မြင်ကြပီလားဘယ်သူတွေဒုက္ခရောက်လဲ ပြည်သူပဲနစ်နာတယ် ပြည်သူ့ ဘဏ္ဏာဆုံးရှုံးရတယ် ဒီလုပ်ရပ်တွေရပ်တန်းကရပ်ပါလို့တောင်းဆိုပါတယ် မကြာမီကျောင်းတွေဖွင့်တော့မယ်ကလေးငယ်တွေပညာရေးအခက်ခဲဖြစ်လာလိမ့်မယ်တကယ်လို့ KIA ကြောင့်ဖြစ်ခဲ့တယ်ဆိုရင်လဲဒီတခါတော့ရှိပစေတော့ပြင်ကြပါမဟုတ်ရင်တော့သမ္မတကြီးကထောက်ထားငဲ့ညှာနေတာကိုအခွင့်ရေးထပ်ယူမယ်ဆိုရင်လိုင်ဇာကိုပြာကျအောင်လုပ်ပေးပါလို့ သမ္မတဆီကိုပြည်သူကိုယ်စားတောင်းဆိုရပါလိမ့်မယ်
ပြင်ဆင်နေသောအဖွဲ့အားလုံးကျန်းမာချမ်းသာကြပါစေ။
လူတွေက အစိုးရကိုဘဲအပြစ်ပြောနေကြတယ်၊ အဖျက်လုပ်ငန်းတွေလုပ်နေတဲ့သူတွေကျတော့ဘာမှမပြောကြဘူး၊
အဖျက်လုပ်ငန်းတွေလုပ်နေကြတဲ့သူတွေလဲ ရပ်တန့်ကြစေချင်ပြီ၊ သူတို့လဲမြန်မာနိုင်ငံသားတွေပါဘဲ၊ အချင်းချင်းညီညွှတ်ကြမှ
စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပျော်ပျော်ကြီး လျှောက်နိုင်ကြမှာပါ
ဘာဗုံးမှ လာမပေါက်ပါဘူး....ရွှေလီင်္မာန်စံ ကေဘယ်လ်လိုင်းချိတ်ဆက်ဖို့
မြေပေါ်မှာ အလျားလိုက် Assemble set up လုပ်ပြီး ကရိန်းနဲ့
သံဖိနပ်ပေါ်ဆွဲတင်လိုက်တာများ ....အဟုတ်မှတ်လို့...ဟင်း
ယုံကြည်စရာ ဆိုတာ ဘယ်မီဒီယာ ကို မြစ်ဖျားခံစီးဆင်းပါလိမ့်
ဦးဇော်မင်းခင်ဗျား မီးဟာရေမဟုတ်ပါ ပိုနေလျင်ပျောက်ဆုံးသွားစမြဲပါ။ ပိုတာတွေရောင်းတက်ဖို့လိုပါသည်။ Aရပ်ကွပ်က100kva Bက50kvaဖြစ်နေရင် ပိုတဲ့50kvaကိုဘယ်လိုစီမံခန့်ခွဲမလဲ ကောင်းတာကခင်ဗျားတို့ဌာနကို အရပ်ဘက်ကိုသာလွဲပေးလိုက်ပါ။ဒါမှ ၁၀၀ ဝယ်ထားပြီး၅၀ဘဲရောင်းရရင်ရှုံးမှာမို့ သူတို့ရအောင်ရောင်းပါလိမ့်မည်။တနှစ်ကိုဘယ်လောက်ထုက်ပြီးရောင်းရတဲ့%ကဘယ်လောက်လဲ။မီးပျက်လို့phနဲ့မေးလိုက်လျင် မပြောနိုင်ပါဘူး အထက်ကအမိန့်ပါဆိုတာတွေဒီခေတ်ကြီးမှာမရှိသင့်တော့ပါ ဝန်ထမ်းများအနေနှင့်so whatဆိုတဲ့မေးခွန်းလောက်အထိဖြေနိင်ရပါမည်။ ပြည်သူတွေဒီလောက်မညံ့ကြပါ။ပိုနေလား မလောက်ဘူးလား frequency မီတာလေးစောင့်ကြည့်ရင်သိန်ုင်ပါသည်။အရည်ချင်းမပြည့်ရင်ထုတ်ပစ်ပါ။လုပ်နုင်တဲ့လူတွေပြည်သူတွေထဲမှာရှိပါတယ် ခင်ဗျားတို့ဌာနကဝင်ငွေကောင်းတယ်လေ။ နွေရာသီဆိုရင် epc ကဝန်ထမ်းများ မီးပျက်ချိန်မှာ စက်မူ့ဇုံထဲမှာ စက်ရုံတွေမှာလိုင်းမဖြုတတ်ဘဲ ပိုက်
စနစ်ပြောင်းလဲမှုရျဲ့ကောင်းမွန်သောလက္ခဏာတရပ်ဖြစ်ပါ
သည်။ဆန္ဒတွေမစောကြပါနဲ့ ဒီတလတော့စောင့်ကြည့်ရ
အောင်းလား အလုပ်လုပ်နေသောဝန်ထမ်းများကိုလေးစားသောအားဖြင့်ပေါ့။
ဒီမှာ လက်တွေ့ပြင်နေရတဲ့သူတွေက အမြန်ပြင်နေပြီပဲ..ဒါကို ဘေးထိုင် ဘုပြောချင်တဲ့ နိုင်ငံနှင့် ပြည်သူအကျိုးအတွက် လုပ်မပြပဲ ဘေးကနေ အပြစ်ပြောဘို့လောက်ပဲ ချောင်းနေကြတဲ့ ပြည်သူတချို့ကြောင့် ဆန္ဒဆက်ပြနေမယ်ဆိုရင် စစ်တပ်က အာဏာပြန်သိမ်းဘို့ ကြည့်နေတယ်
ရောင်းစာထားတာတွေကိုရှင်းပြပေးဖို့ပြောနေတာမဟုတ်ပါဘူး ပြည်သူတွေဘာကိုလိုချင်နေတယ်ဆိုတာခင်များတို့ခုထိမသိသေးဘူးနော် ပြည်သူတွေလိုချင်တာကဦးဇော်မင်းပြောသွားတဲ့ ကျွန်တော်တို့နိုင်ငံမှာ MW 1500 ကိုပြည်သူတွေကုန်အောင်မသုံးနိုင်လို့နိုင်ငံခြားကိုရောင်းစားရတယ်ဆိုတဲ့စကားရဲ့ဖြေရှင်းချက်ကိုလိုချင်နေကြတာပါ ဒါကို ဘိုးတော်ဇော်မင်းကရူးချင်ယောင်ဆောင်နေတာ ကိုပြည်သူတွေကမကျေမနပ်ဖြစ်နေတာပါ
အမေရိကန်ဒေါ်လာ (၇)သောင်း (၇)ထောင် ဆိုလည်း ၇၇,၀၀၀ ပေါ့. ဘာလဲ ၀.၀၇၇ သန်းဆိုတာ
ကျန်းမာကြပါစေ။ဘေးကင်းကြပါစေဗျာ။ဗံုးခွဲတဲ့ကောင်တွေလဲ--------------------
နောက်ထပ်ဒါမျိုးမလုပ်ကြပါစေနဲ့လို့မေတ္တာပို့ရပါတယ်။
မိုင်းခွဲဖျက်ဆီးသူများကို အပြင်းအထန် ကန့်ကွက်တယ်
မိုင်းခွဲပြီး ပြည်သူ့အကျိုးနစ်နာအောင် လုပ်သော သောင်းကျန်းသူ အဖျက်သမား များကို တူသော အကျိုးပေးပါစေလို့ ဆုတောင်းပါတယ်။ သောင်းကျန်းသူ များချုပ်ငြိမ်းမှ ပြည်သူများ ကောင်းကောင်းနေရမှာပါ
ကိုရာဇာ ပြောတာကို ထောက်ခံတယ်
အပေါ်က စစ်တပ် အာဏာ ပြန်သိမ်းမယ်လို့ ပြောတဲ့ကောင်
နင်က ဘယ်လောက်သိလို့လဲ
ဒီတိုင်တွေ ဖျက်ဆီးခံရလို့  MW ၂၀၀ လောက် ဆုံးရှုံးသွားပြီ MW ၂၀၀ ဆိုတာ မြို့ ပေါင်း ၅၀ လောက်ထိန်နေအောင် ပေးထားလို့ ရတယ် ၊မန္တလေးမြို့ လောက်ကတော့  အသာလေးပဲ လတ်တလော ကိစ္စ ကတော့ ပြေလည်သွားမှာပါ အခုလက်ရှိက ၁၀၅၀ MW လောက် ဆိုတော့ အဆင်မပြေဘူး အားလုံးပုံမှန်အတိုင်းရေ ရှိနေမယ်ဆိုရင်တောင် MW ၂၅၀၀ လောက်ပဲရနိုင်မယ်၊ ဒီတော့ နောက်ထပ်ဘယ်ကရနိုင်မလဲ စဉ်းစားရတော့ မယ် နေချင်းညချင်းတော့ မဖြစ်နိုင်သေးဘူး၊ မီးစက်ကရေတိုဖြေရှင်းနည်းပဲ ကုန်ကျစရိတ်တစ်အားများပြီးအလေအလွင့် လည်းများတယ်
ဆိုချင်တာက အခုချက်ခြင်း ကြီး မဖြစ်နိုင်သေးဘူး lighting ချည်းပဲ ပေးရတာရယ်မီးစက်ဆီ ဖိုးရယ်ဆို တစ်အားများသွားပြီ၊ Tower တစ်တိုင်ကိုသိန်းပေါင်းထောင်ချီကုန်ကျတယ် Foundation က၁၆ ပေပတ်လည်လောက်တူး ကွန်က၇စ်လောင်းခြောက်(၁၅ရက်)မှ တိုင်ထူလို့ ရတယ် တိုင်ထူပြီးကြိုးဆွဲရတယ် ကျွမ်းကျင်လုပ်သားပညာရှင်လိုတယ်
နောက်ပြောချင်တာက လက်ရှိ အစိုးရကိုယ်တိုင် အရင်လုပ်ခဲ့ တာတွေ မှာအမှားတွေပါပါတယ်လို့ ပြောထားပြီးသား အချိန်ပေးရမယ် အချိန်ပေးသင့် တယ် --ဒီမိုကရေစီ ဆိုတာ လိုတရ အော်ဖို့ မဟုတ်ဘူးထင်တယ်
အမှန်တကယ်ဗုံးခွဲလို.မီးပျက်တယ်ဘဲထားအုံး(လုံးဝအယုံအကြည်မရှိပါ)ချော်လဲယောထိုင်၊ရေငတ်တုံးေ၇တွင်းထဲကျသွားသူကတော.ဦးဇော်မင်းပါ။သဘောပေါက်တယ်မဟုတ်လား။
Ko Htein Aung and ကိုရာဇာ ပြောတာကို ထောက်ခံတယ်.
နေပြည်တော်မှာ ရပ်ကွက်တွေရဲ့ လမ်းပေါ်နဲ့ လမ်းမကြီးတွေရဲ့ လမ်းတွေရဲ့ ဓာတ်တိုင်တွေ မီးမထွန်းတာ (၃) ရက်လောက်ရှိပါပြီ။
တာဝါတိုင်တွေကို မိုင်းခွဲတဲ့ သောင်းကျန်းသူတွေကို ဘာလို့ ဆန္ဒမပြကြတာလဲ ။ဒီမိုကရေစီဆိုတာဒီလို
တစ်ဖက်သတ်ကြီးဘဲလားဟင်။
ဝန်ထမ်းတွေသက်စွန့်ဆံဖျား အလုပ်လုပ်နေတာကို တွေ့ရပါတယ်။ ဆန္ဒတွေ မစောကြပါနဲ့။ အပြု သဘော မြင်ပေးကြပါ။
KIA အဖွဲ့တွေ နောက်ထပ်ဗုံးမခွဲ ကြပါနဲံလို့ ပြည်သူ့ကိုယ်စား မေတ္တာရပ်ခံအပ်ပါတယ်။
ပျက်နေတဲ့ အရာကို ပြင်တယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါ အားပေးပါတယ် ပြည်သူတစ်ရပ်လုံးအတွက် အတိုင်းအတာ တစ်ခုထိတော့ အထောက်အပံ့ဖြစ်စေပါတယ်
မသိလို့မေးပါရစေနော်.. အခုတာဝါတိုင်ဗုံးခွဲခံရတာနဲ့ မြန်မာပြည်ကမြို့တွေ ကို မီးမပေးနိုင်တာက ဘယ်လိုပတ်သက်မှုရှိလဲလို့ပါ... ကျွန်တော်သိထားတာက အခုဗုံးခွဲခံရတဲ့လိုင်းက ရွှေလီ၊မန်စံ၊ရွှေစာရံ ဓါတ်အားလိုင်းလို့သိထားပါတယ်.. အဲ့ဓါတ်အားလိုင်းက ရဲရွာရေအားလျှပ်စစ်က ထွက်တဲ့လျှပ်စစ်တွေကို ရွှေလီကို ပို့ဖို့အတွက် လုပ်ထားတာလို့ သိထားလို့ပါ... အခုကျတော့ အဲ့တာဝါတိုင်တွေ ဗုံးခွဲခံရတာနဲ့ တရုတ်ကို လျှပ်စစ်မပေးနိုင်တာမျိုးမဟုတ်ပဲနဲ့ မြန်မာပြည်က ရန်ကုန် မန္တလေးမြို့တွေ မီးမပေးနိုင်တော့ဘူးဆိုတော့ နည်းနည်းစဉ်းစားရခက်သွားလို့ပါ... သိတဲ့သူများ ရှင်းပြပေးပါနော်... အခုမေးတဲ့အထဲမှာ အမှားပါရင်လဲံခွင့်လွှတ်ပေးပါ..
prodemoman ကEPC ကမဟုတ်ရင်တောင် EP ဆကာဆိုတာသေချာပါတယ်။ မဆိုးပါဘူး။ လက်ခံသင့်ပါတယ်။ ဒါပေမယ့်သေချာတာတစ်ခုက (ဘွားတော်ပြောသလိုပဲ)စနစ်ကိုကမကောင်းတာပါ။ foundation မခိုင်တာပေါ့။
"zaw said...
KIA အဖွဲ့တွေ နောက်ထပ်ဗုံးမခွဲ ကြပါနဲံလို့ ပြည်သူ့ကိုယ်စား မေတ္တာရပ်ခံအပ်ပါတယ်။"....So, Ko Zau, my question is ...How can you say and How do you know that KIA is blasting those cable towers????
စစ်တပ်ကိုမနိုင်တိုင်းပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့
ကေအိုင်အေဘိန်းဒပြတွေရဲ့ရဲရင့်မှူကိုတော့
လေးစားပါတယ်ခင်ဗျာ
zaw ဆိုတဲ့ကောင် နေပြည်တော် လမ်းတွေ မီးမထွန်းတာ (၃)ရက်လား ငါတို့မီးမလာလို့ အလုပ်ကောင်းကောင်းမလုပ်ရတာ တစ်နွေလုံးကွ။ တရုတ်ပြည်ပို့တဲ့မီးကို ဖျတ်ဆီးတာဖြစ်မယ်။ တရုတ်ဆဲမှာဆိုးလို့ တပြည်လုံးကမီးတွေ ပို့ပေးနေရတာဘဲဖြစ်မယ်။ စစ်ဘက်ကပြောင်းလာတဲ့ လျှပ်စစ်ဝန်ကြီးအစ အရာရှိအားလုံး နှစ်သီးစားငနွားတွေကို ဖြုတ်ပြစ်သင့်ပြီ။ ဘာမှနားမလည်ဘဲ တံဆိပ်တုံးရိုက် ပိုက်ဆံတောင်းနေတဲ့ကောင်တွေပါ။
ဘယ်သူက မိုင်းခွဲတာလဲ။ မိုင်းမခွဲခင်တုန်းကလည်း မီးမှန်လို့လား။ ရီစရာတွေ ပြောနေပြန်ပြီ EPC ရယ်။ ရွှေလီဖက်မှာ KIA ရှိလား။
ဘယ်သူ မိုင်းခွဲလဲသေသေချာချာမသိဘဲနဲ. အရမ်းမစွတ်စွဲသင်.ပါ။
အထင်အမြင်လွဲအောင်မလုပ်သင်.ပါ။
သွေးကွဲမဲ.စကားမပြောသင်.ပါ။ ဒါပေမဲ. ဒီလုပ်ရပ်မျိုးကိုမကြိုက်ပါ။
ဝန်ထမ်းတွေသက်စွန့်ဆံဖျား အလုပ်လုပ်နေတာကို တွေ့ရပါတယ်။ ဆန္ဒတွေ မစောကြပါနဲ့။ အပြု သဘော မြင်ပေးကြပါ။
အခက်အခဲတွေကြားထဲမှာ တာဝါတိုင်တွေကို ပြုပြင်ပေးနေတဲ့
လျှပ်စစ်ဝန်ထမ်းတွေကို
ထောက်ထားသောအားဖြင့်
သည်းခံပြီးစောင့်ပေးစေလိုပါတယ်။
ယခုလို အကြောင်းမဲ့ မဖျက်ဆီးသင့်ပါဘူး။
လျှပ်စစ်(၂)အနေနဲ့ ပြည်သူတွေကို အမြန်ဆုံးမီးပေးနိုင်ဖို့
အမြန်ဆုံးမီးပေးနိုင်ဖို့ အတတ်နိုင်ဆုံးဆောင်ရွက်နေလို့
ပြည်သူတွေဘက်ကလည်း နားလည်ပေးဘို့ လိုအပ်ပါတယ်။
Post a Comment