ရှုမ၀အောင်(မြစ်မခ)
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။
သြစတြေးလျနိုင်ငံလွှတ်တော်တွင် ဆွေးနွေးမည့်အကြောင်းအရာများနှင့်ပတ်သက်၍ ကြိုတင်တင်ပြရန် မလို ကြောင်း သြစတြေးလွှတ်တော်အားသွားရောက်လေ့လာခဲ့သော ဒီချုပ်ကိုယ်စားလှယ်များထံက သိရသည်။
“သြစတြေးလွှတ်တော်မှာက ဆွေးနွေးမယ့်ကြောင်းကိုကြိုတင် ပြောစရာမလိုဘူး မေးခွန်းမေးတဲ့အချိန်ဆိုတာ သူတို့မှုာ သတ်သတ်ရှိတယ်၊ အဲချိန်မှာ ကြိုက်တာမေးလို့ရတယ်” ဟု ပုဗ္ဗသီရိမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ဆိုသည်။
မိမိတို့အနေဖြင့် သြစတြေးလျပါလီမာန်သို့ နှစ်ရက်ခန့်သွားရောက်လေ့လာခဲ့ကြောင်း၊ လွှတ်တော် ကိုယ်စား လှယ်များအတွက် လွှတ်တော်တွင်း၌ သီးသန့်ရုံးခန်းပေးထားကြောင်း မိမိတို့မြန်မာနိုင်ငံနှင့် ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်ရာတွင် မတူညီကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောသည်။
သြစတြေးလျ လေဘာပါတီက နိုင်ငံရေးနဲ့သက်ဆိုင်သောသင်တန်းကို ငါးရက်တက်ရောက်ရန် ဒီချုပ်ပါတီအား ဖေဖော်ဝါရီလ ကတည်းက ဖိတ်ကြားခံရ၍ ဒီချုပ်ကိုယ်စားလှယ်(၃)ဦးနှင့်အဆိုတော်လင်းလင်း သွားရောက်ခဲ့ ခြင်းဖြစ်သည်။
“သြစတြေးလျနိုင်ငံက ဒီမိုကရေစီကိုဖော်ဆောင်တာ နှစ်ပေါင်း၁၅၀လေက်ရှိပြီဆိုတော့ ဒီမိုကရေစီကို ဖော်ဆောင်တဲ့နေရာမှာ ကျတော်တို့နိုင်ငံနဲ့မတူပါဘူး ဒါတော့ နုနယ်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။
သြစတြေးလျလွှတ်တော်တွင်းတွင် အင်းအားကြီးပါတီနှစ်ပါတီနှစ်ပါတီနှင့် အင်အားသေးပါတီငါးပါတီရှိကြောင်း တိုင်းပြည်အရေး ကိစ္စတွေကို ပူးပေါင်းဆောင်ရွက်၍ ပါတီများ၏ မူဝါဒတွေများအား မည်ကဲ့သို့ အတိုက်အခံ လုပ်ရမည်ကို သိရှိပြီးဖြစ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလွှတ်တော်တွင် လွတ်လပ်မှုများသည် ဥပဒေကြောင်းအရမရှိကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဆက်ပြောသည်။
“ကျတော်တို့နိုင်ငံမှာက ဘယ်ဟာက ပြောခွင့်ရှိတယ် ဘယ်ကပြောခွင့်မရှိဘူး ဘယ်ဟာဆိုရင်တော့ အရေးယူခံ ရနိုင်တယ်ဆိုတဲ့ဟာမျိုးတောင် သိပ်ခိုင်ခိုင်မာမရှိသေးပါဘူး” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်း သိန်းကပြောသည်။
သြစတြေးလျနိုင်ငံသို့ သွားရောက်ရာ အဆိုတော်လင်းလင်းသည် အလုပ်ရုံဆွေးနွေးပွဲ ငါးရက်သင်တန်းပြီး ကတည်းက ပြန်သွားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးသည် သြစတြေးလျ လွှတ်တော်တွင်း သို့ နှစ်ရက်ခန့် သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။
သြစတြေးလျနိုင်ငံသို့ သွားရောက်ခဲ့သော ဒီချုပ်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တတ်ရောက်မှု နှင့်ပတ်သက်၍ သီးသန့်ကျမ်းကျိန်သွားမည်မဟုတ်ပဲ၊ လာမည့်လွှတ်တော်အစည်းမှသာ ကျမ်းကျိန် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ကျွန်တော်တို့ သွားထဲက ခွင့်တိုင်ပြီးသွားတာပါ၊ ဒါကြောင့် သီးသန့်ကျမ်းကျိန် ဖို့တော့မရှိပါဘူး နောက် တစ်ကြိမ်လွှတ်တော်တက်မှပဲ ကျွန်တော်တို့ ကျမ်းကျိန်မှာပါ”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျသော်ကပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်မှာ နိုင်ငံကူးလက်မှတ်ရရှိရန် ကိုးလကြာကြောင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းမှာ နိုင်ငံကူးလက်မှတ်ရရန် ရှစ်လကြာကြောင်းသိရှိရသည်။
Shwe Myitmakha Media Group

သြစတြေးလျနိုင်ငံလွှတ်တော်တွင် ဆွေးနွေးမည့်အကြောင်းအားကြိုတင်ရန်မလိုဟု ဒီချုပ်ကိုယ်စား လှယ်များဆို
Reviewed by သစ်ထူးလွင်
on
16:32
Rating:
12 comments:
နားကပ်ကြီးတပ်ထားတော့မဖြစ်သင့်ပါဘူး
“ကျတော်တို့နိုင်ငံမှာက ဘယ်ဟာက ပြောခွင့်ရှိတယ် ဘယ်ကပြောခွင့်မရှိဘူး ဘယ်ဟာဆိုရင်တော့ အရေးယူခံ ရနိုင်တယ်ဆိုတဲ့ဟာမျိုးတောင် သိပ်ခိုင်ခိုင်မာမရှိသေးပါဘူး” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်း သိန်းကပြောသည်။
ဦးဖြိုးရယ် လွှတ်တော်ဥပဒေ နည်းဥပဒေတွေ လေ့လာကြည့်ပါဦးကွယ်။ မရှိဘူးလို့တော့ မပြောပါနဲ့။ တင်းကျပ်တယ်ပြောရင်တော့ လက်ခံလို့ရပါတယ်။ စာဖတ်သူတွေလည်း နလပိန်းတုံးတွေခြည်း မဟုတ်ပါဘူး။
ဇေယျာသော်ရေ........ တိုမြန်မာတွေ နိင်ငံခြားမှာ အိုဗာစတေလ်း မဖြစ်အောင်လုပ်နည်လေးတွေလည် သင်ပေးပါအုံးကွာ မင်မှာ ဒီအရေအချင်းတွေရှိတယ်ဆိုတာ သိ့ပါတယ်။ မင်သာ လွှတ်တော်ထဲမှာဒီနည်လေးတွေကို တိုင်ပင် အကြံပြုပေးနိင်ရင် ငါတိုမြန်မာတွေ တိုင်တပါးမှာ လက်မထောင်နိင်ပြီကွာ။ လက်မထောင်နိင်ပြီဆိုကထဲက အစစအစဉ်ပြည်ပြီလို မှတ်လိုက်ပေါ့။ မင်ကိုလည်း တစ်နေ့  မြန်မာပြည်ရဲ့  နိင်ငံခြားရေးဝန်ကြီးဖြစ်ပါစေလို ငါတို့ ဆုတောင်းပေးနေပါတယ်။ မင်းသာ နိင်ငံခြားရေးဝန်ကြီးဖြစ်ရင် နိင်ငံခြားထွက်တဲ့ ငါတို့ မြန်မာတွေ တော်တော်အားကိုရမှာကို ငါသိပ်သိ့တယ်ကွာ.. မင်ရဲ့  တစ်ချိန်က - ဘူပေါ် ဘူဘက်။
သူတို့နိုင်ငံကြီးတွေနဲ့ သွားမယှဉ်ပါနဲ့ဦး။ ကိုယ့်ဘာသာကိုယ့် အဲဒီလွှတ်တော်
က ကိုယ်စားလှယ်တွေလောက် အရည်အချင်းတွေရှိနေပြီလားဆိုတာ အရင်ဆန်းစစ်ရပါမယ်။ ချက်ချင်းတော့ ဒီလိုနိုင်ငံကြီးတွေက လွှတ်တော်တွေ
လိုမျိုးတော့ ဘယ်ဖြစ်နိုင်ပ့ါမလဲ။ ဒီလိုအရည်အသွေးတွေ လွတ်လပ်မှုတွေရ
လာအောင် ခင်ဗျားတို့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့အချက်က အရေးကြီးပါတယ်။
ဒီတစ်ခုဘဲလေ့လာခဲ့တာလား။နောက်ဘာတွေများပြည်သူတွေအတွက်အကျိုးရှိရာရှိကြောင်းတွေ၊အတွေ့ကြုံတွေရခဲ့တယ်ဆိုတာလည်းပြန်ပြောပြပါဉီး။
Khinemaungoo မင်းစာမတတ်ဘူးလား။ ဟိုကမရှိဘူးမပြောဘူး ခိုင်ခိုင် မာမာ
မရှိသေးဘူးပြောတာကွ။
kyaw ဆိုတဲ့အကိုရေ...ပုံကိုသေချာကြည့်ပါဦးနားကပ်ဝတ်ထားတာမဟုတ်ပါဘူး။အနောက်ကအဖြူရောင်စာကနာရွက်အောင်ကပေါ်နေတာပါ။
နားကပ်မဟုတ်ဘူးကွ
သေသေချာချာ ကြည့်ပါဦး ငကန်းရ
ဟုတ်ပါတယ်..နားကပ်ကြီးနဲ့ကတော့မသင့်တော်လှပါ...
အထူးကြီးလေးသောတာဝန်ကိုယူထားရသည်ကိုမမေ့ပါနှင့်..
ပို၍လူကြီးလူကောင်းဆန်သောအ၀န်းအ၀ိုင်းထဲရောက်နေပါသည်...
KYAW ဓါတ်ပုံကိုအသေအချာကြည့်ပြန်ကြည့်စေချင်တယ်။
နားကပ်မဟုတ်ပါဘူး.........သေချာကြည့်ဦး....Kyaw ရေ
ဒီထဲမှာနားကပ်အကြောင်းတော်တော်ပြောနေကြတယ်ဗျ. တကယ်တော့ ကျနော့် အဖိုးဆို ရောင်ထုံးနဲ့  ဆေးမင်ကြောင်ပေါင်ထိုးနဲ့  ၀တ်ထားတဲ့နညးကပ်ကြီးကတွဲတောင်နေသေး ကြည့်ရတာကျက်သရောတောင်ရှိသေးသဗျ။ ကျနော်တို့ လည်းရိုးရာအမွေအနှစ်အတွေကိုပြန်ဖေါ်ထုတ်သင့်ထုတ်ရမယ်။ ရှေးမြန်မာယောကျာင်္းများနားကပ်ဝတ်ကြောင်းပါ။
Post a Comment