၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၅ ခုအား စတင် သတ်မှတ် ပြဋ္ဌာန်း

Friday 11th May 2012
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၅ ခုကို ရှေးဟောင်း နေရာ တည်ရှိရာ ဇုန်နဲ့ ကာကွယ် ထိန်းသိမ်း ထားသော ဇုန်များ အဖြစ်
သတ်မှတ် လိုက်ကြောင်း သက်ဆိုင်ရာ ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို သတ်မှတ် လိုက်ရာမှာ ရှေးဟောင်း နေရာ တည်ရှိရာ ဇုန် AZ အဖြစ် သတ်မှတ်ရာ တိုင်းဒေသကြီး ကတော့ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ် တို့ဖြစ်ပါတယ်။

ကာကွယ် ထိန်းသိမ်း ထားသော ဇုန် PZ အဖြစ် သတ်မှတ် လိုက်တဲ့ နေရာတွေ ကတော့ မြောင်းမြ မြို့နယ်၊ မြောင်းမြ မြို့ဟောင်း၊ လောင်းလုံ မြို့နယ် မြို့ဟောင်း ကျေးရွာ အုပ်စု၊ သာဂရ မြို့ဟောင်း၊ မြောက်ဦး မြို့နယ် ဝေသာလီ ကျေးရွာနဲ့ သလ္လာဝတီ ကျေးရွာ ဝေသာလီ မြို့ဟောင်း၊ ကျောက်တော် မြို့နယ်၊ မဟာမုနိ ကျေးရွာ၊ ဓည၀တီ မြို့ဟောင်းနဲ့ ချောင်းဦး မြို့နယ် အတွင်းရှိ အမြင့်ရွာ ဒေသနှင့် သုံးပန်လှ အနိမ့် ရွာဒေသတို့ပဲ ဖြစ်ပါတယ်။

သတ်မှတ် ပြဋ္ဌာန်း ထားတဲ့ ဇုန်များ အတွင်း အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် များကို ထိခိုက် ပျက်စီး စေမည့် ဆောင်ရွက်မှုများ ဖြစ်တဲ့ လူနေအိမ်ခြေ အပါအ၀င် အဆောက်အအုံ သစ်များ ဆောက်လုပ်ခြင်း၊ ဆည်မြောင်း ကန်များ တူးဖော်ခြင်း၊ ဓာတ်တိုင်များ စိုက်ထူခြင်း၊ တာဝါတိုင် များစိုက်ခြင်း၊ လယ်ယာမြေများ ချဲ့ထွင်ပြီး ထွန်ယက် စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြေများ စိုက်ပျိုးခြင်း၊ ခြံစည်းရိုးများ ကာရံခြင်း၊ စက်ရုံ အလုပ်ရုံများ၊ ဟိုတယ်များ တည်ဆောက်ခြင်း၊ မြို့ရွာများ တိုးချဲ့ခြင်း၊ မြေကွက်များ ဖော်ထုတ် နေရာချခြင်း၊ ဓာတ်သတ္တု ပစ္စည်းများ တူးဖော်ခြင်း စသည့် ရှေးဟောင်း နေရာ၊ ဒေသ၏ အသွင်အပြင် ပျက်စီး စေမည့် ဆောင်ရွက်မှုမျိုး မပြုလုပ်ရန် ၁၉၉၈ ခုနှစ် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေအရ တားမြစ် ကန့်သတ် ထားပါတယ်။

အဆိုပါ ဒေသများ အတွင်း နေထိုင်သော ဒေသခံများ၊ ဌာနဆိုင်ရာများ အနေနဲ့ ယဉ်ကျေးမှု အမွေအနှစ် ဒေသ အတွင်း အထက်ပါ ကိစ္စ တစ်ခုခုကို ပြုလုပ်လိုပါက ယဉ်ကျေးမှု ၀န်ကြီး ဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနသို့ ကြိုတင် တင်ပြ ညှိနှိုင်းပြီး ခွင့်ပြုချက် အရသာ ဆောင်ရွက် ရမည်ဖြစ်ပြီး ခွင့်ပြုချက် မရှိဘဲ ဆောင်ရွက်ပါက တရား ဥပဒေနှင့် အညီ အရေးယူ ခံရမည်ဟု ယဉ်ကျေးမှု ၀န်ကြီး ဌာနက သတင်း ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။
MRTV-4
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၅ ခုအား စတင် သတ်မှတ် ပြဋ္ဌာန်း ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၅ ခုအား စတင် သတ်မှတ် ပြဋ္ဌာန်း Reviewed by သစ်ထူးလွင် on 06:24 Rating: 5

9 comments:

တန`င်္လာကိုကို said...

ဝမ်းသာလိုက်တာဗျာ။ တကယ်ကိုမ`င်္ဂ္ဂလာရှိတဲ.သတင်းပါ။
ဒီလိုဖြစ်မြောက်အောင်ကြိုးစားအားထုတ်ခဲ.တဲ.ပုဂ္ဂိုလ်အားလုံးကိုကျေးဇူး
တင်ပါတယ်ခင်ဗျာ။

The Nature Myanmar said...

ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ ဖြစ်လည်းဖြစ်သင့်ပါတယ်...ဒါပေမယ့်Top Down ပုံစံ ဖြစ်နေတုန်းပဲ...ဥပဒေအရ တားမြစ်တယ်ဆိုတော့ ဒေသခံတွေ အတွက် Rights ဘယ်လိုပေးမလဲ...ဒေသခံတွေ တကယ် ပူးပေါင်းပါဝင်မှ၊ ရည်ရွယ်ချက်ကို တကယ်နားလည်မှ စီမံကိန်းတိုင်း ရေရှည်အောင်မြင်တယ်...
ပြည်သူအတွက် ထည့်မစဉ်းစားတဲ့ စီမံကိန်းတိုင်း ဘယ်တုန်းကမှ အောင်မြင်တာ မတွေ့ ဘူးဖူး...
ဆိုလိုတာက ပြောင်းလွယ်ပြင်လွယ်လေး ရှိစေချင်တာကို ပြောတာပါ...
အဆိုးမြင်တာ မဟုတ်ပါဘူး...လိုအပ်လာရင် ပြင်ပေးစေချင်တဲ့ သဘောပါ...လှေနံဓားထစ် မဖြစ်စေချင်တာပါ...

Thurein said...

ကောင်းပါတယ်။ ဒီလိုမျိုး မပျက်ဆီးသင့်တဲ့နေရာတွေကို ထိန်းသိမ်းစောင့်ရှောက်တာ ဖြစ်သင့်နေတာကြာပါပြီ။

www.academicmedicines.blogspot.com

ZAWAUNG said...

မြန်မာအစိုးရကို အခုလို သမိုင်းအမွေအနှစ်တွေကိုစောင့်ထိန်းပေးတဲ့အတွက်
အထူးကျေးဇူးတင်ပါတယ်.ဒါတွေဟာ တစ်ယောက်အားနဲ့လုပ်လို့ရတဲ့ကိစ္စတွေ
မဟုတ်ပါဘူး..အစိုးရတစ်ရပ်အနေနဲ့ လုပ်မှသာလျင် အဆင်ပြေနိုင်မယ့်ကိစ္စတွေ
ပါ..အရင်အစိုးရအဆက်ဆက်မှာ အခုလို လုပ်ဆောင်ပေးခဲ့တာတွေ အားနည်း
တာတွေအများကြီးတွေ့ခဲ့ရပါတယ်..အထူးသဖြင့်ရခိုင်ဒေသတွေမှာဆိုရင်ပိုဆိုး
ဝါးပါတယ်..ဒေသခံပြည်သူလူထုက ကုန်းကောက်စရာမရှိအောင်ဆင်းရဲတွင်း
နက်တော့ မရေမတွက်နိုင်အောင်များပြားလှတဲ့ မြောက်ဦး ၊ဝေသာလီ ၊ဓည၀တီ
လေးမြို့ အစရှိတဲ့ရှေးဟောင်းနယ်မြေတွေက ဘုရားတွေ အဆောက်အဦးနဲ့
မြို့ပြတွေဟာ အုပ်ရိုးပုံတွေအဖြစ် မြင်မကောင်းအောင်ရှိခဲ့တာပါ..
ဒါတွေကိုအစိုးရတစ်ရပ်အဆင့် ဘက်ဂျက် ချထားပြုပြင်ထိန်းသိမ်းမှသာ
တည်တန့်နိုင်မှာပါ..တကယ်တော့ဒါတွေဟာရတနာတွေပါ..လူသမိုင်းဖြစ်သ
လို.ကမ္ဘာမှာ ရခိုင်လူမျိုးတွေအတွက်တောင်မက မြန်မာလူမျိုးအားလုံးအ
တွက်ဂုဏ်ယူဝင့်ကြွားစရာပါ..နိုင်ငံခြားမှာနေဖူးတဲ့သူတွေပိုသိပါမယ်..
နိုင်ငံခြားသားတွေဟာ ရခိုင်မြန်မာ ကရင်ကချင်ဆိုပြီးခွဲခြားသိတာ ဆက်ဆံ
တာ မရှိသလောက်ပါပဲ..မြန်မာပြည်က လာတယ်ဆိုရင်မြန်မာ နိုင်ငံသားတွေ
အဖြစ်ပဲ ဆက်ဆံကြတာပါ..ဆိုလိုတာက မြန်မာပြည်ရဲ့ဘယ်နေရာမှာပဲရှိရှိ
အခုလိုသမိုင်းအမွေတွေဟာ မြန်မာအားလုံးကိုကိုယ်စားပြုပြီး မြန်မာတွေအား
လုံးအတွက်ဂုဏ်ယူစရာပါ..ဒီကျောက်တော်မြို့နယ် မဟာမုနိရွာနားမှာရှိတဲ့
ဓည၀တီမြို့ဟောင်းဟာဆိုရင် ရခိုင်ဘုရင်မာရာယု ကတည်ထောင်ခဲ့ပြီး
ဘီစီ၃၃၂၅မှာစတင်တည်ဆောက်ခဲ့တဲ့နန်းတော်တွေနဲ့ခေတ်မှီလှတဲ့ မြို့ပြနိုင်
ငံတော်တစ်ခုဖြစ်ပါတယ်..ပထမဆုံးမြန်မာနိုင်ငံရဲ့အကြီးကျယ်ဆုံးမြို့ပြနိုင်ငံ
ဖြစ်သလို အထောက်အထား အတိအကျနဲ့ကမ္ဘာကိုတင်ပြနိုင်တဲ့အနေအထား
ရှိပါတယ်..လက်ရှိမြင်နေရတဲ့ မြို့ရိုးတွေနန်းတော်ရာတွေ တံတိုင်းတွေ
ဟာဆိုရင်နိုင်ငံခြားသားတွေ တွေ့လိုက်ရင် ရင်သတ်ရှူမောအံ့သြမှာအသေအချာပါ.
သူတို့ပြန်သွားရင် ဒီလောက်ရှေးကျတဲ့မြို့ပြနိုင်ငံ မင်းတို့မြန်မာပြည်မှာ
ရှိပါလားဆိုပြီး မြန်မာတစ်မျိုးသားလုံးရဲ့ မြင့်မားတဲ့ယဉ်ကျေးမှုကို သူတို့သတ်
မှတ်ကြမှာအမှန်ပါပဲ..ဒီလိုဘီစီသုံးထောင်ကျော်က တည်ဆောက်ခဲ့တဲ့ မြို့ပြ
နိုင့်ငံရယ်လို့ အရှေ့တောင်အာရှမှာလည်းမရှိခဲ့သလို အာရှမှာလည်း အဆင့်
မြင့်တဲ့ လူမျိုးတစ်ရပ်ရှေးကျတဲ့လူမျိုးတစ်ရပ် သမိုင်းကြီးမားတဲ့လူမျိုးတစ်ရပ်
ရယ်လို့ ရခိုင်တစ်မျိုးသားလုံးကတောင်မက မြန်မာတစ်နိုင်ငံသားလုံးကပါ
ကမ္ဘာအလယ်မှာ ဂုဏ်ယူဝင့်ကြွားနိုင်ကြမှာပါ..

Tin Zaw Htun said...

ကောင်းတဲ့အစီအစဉ်ပါဗျာ သာမန်လူတွေအတွေအတွက် ဘာမှမဟုတ်တဲ့ကုန်း မြေ၊အုတ်ပုံနဲ့ရှေးမြို့ဟောင်းနေရာတွေဟာ သမိုင်းနဲ့နိုင်ငံအတွက်အဖိုးမဖြတ်နိုင် တဲ့နေရာတွေဆိုတာပြည်သူတွေသိအောင်လဲကြိုးစားရပါမယ်လိုအပ်လျှင်မူလတန်းအလယ်တန်းသင်ရိုးတွေမှာကထဲကစွဲသွားအောင်ထည့်သင်သင့်ပါတယ်။အတိတ် မှာအဆင့်အတန်းမြင့်တဲ့မြို့ပြနိုင်ငံတွေရှိခဲ့တယ်ဆိုတာဂုဏ်ယူစရာပါ။တရုပ်မှာနှစ် ပေါင်းထောင်သောင်းချီပြီးမင်းဆက်သမိုင်းထင်ရှားစွာမှတ်တမ်းတွေကျန်ခဲ့ပါတယ် ကျွန်တော်တို့မြန်မာမှာတော့ဘယ်မှာလိုက်ရှာကြည့်ရမှန်းတောင်လူတိုင်းမသိပါဘူး။ခုအော်သံကြားနေတဲ့မြောက်ဦးကိုအမြန်ထိန်းသိမ်းဘို့လုပ်ပါအုံး။ဗမာတစ်ဦးပါဗျာ။

ngaba said...

ယဉ်ကျေးမှု အမွေအနှစ် အမှန်တကယ် ထိရောက်စွာ ထိမ်းသိမ်းရမယ့်ကိစ္စက မြန်မာနိုင်ငံမှာ တကယ်ကို အရေးတကြီးလိုအပ်နေတဲ့ ကွက်လပ်ကြီးပါ။ ရှေးဟောင်းအမွေအနှစ်တွေရဲ့ တန်ဖိုးကို မသိ၊ တန်ဖိုးချင်း နှိုင်းယှဉ်မစဉ်းစားတတ်ပဲ လူတစ်စုရဲ့ အကျိုးအမြတ်နဲ့ တစ်လမ်းသွားအမြင်တစ်ခုတည်းနဲ့ လုပ်နေတဲ့ လုပ်ရပ်တွေ မြင်ရတိုင်း ရင်ထုမနာ ဖြစ်ရပါတယ်။ အခု တကယ်ထိထိရောက်ရောက် လုပ်မယ်ဆိုရင် အတိုင်းမသိ ၀မ်းသာပီတိ ဖြစ်ရပါတယ်။

ဇော်ဂျီဖို said...

ကောင်းပါတယ်၊ မာစတာပလန် ချပြီး သေသေချာချာ ပညာရှင်တွေနဲ့ ထိမ်းသိမ်းရင် ထိရောက်ပါမယ်။ ဘတ်ဂျက်လဲ လိုမှာပေါ့။

ုaiezoe said...

ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ (၄၂)ခုကို ဇုန်နယ်မြေသတ်မှတ်ပြီး ဖြစ်ပါတယ် .. ယဉ်ကျေးမှုအမွေအနှစ်ဆိုတာ တန်ဖိုးဖြတ်လို့မရတဲ့ အရာပါ..
နိုင်ငံတော်က ယဉ်ကျေးမှုကန္ဒမြှင့်တင်နေသလို .. ပြည်သူ လူထုရော ယဉ်ကျေးမှုကန္ဒကို အလေးထားနေကြပါပြီ ... ဒါဟာ ၀မ်းသာစရာပါ .. ထုတ်ပြန်ထားတဲ့ ဥပဒေကို .. အများလေးစား လိုက်နာတယ် ဆိုတာနဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ခြင်းပါပဲ ...

ုaiezoe said...

ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံက ရှေးဟောင်းဒေသ (၄၂)ခုကို ဇုန်နယ်မြေ သတ်မှတ်ပြဌာန်းပြီး ဖြစ်ပါတယ် .. ယဉ်ကျေးမှုအမွေအနှစ်တွေဆိုတာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းရဲ့ တန်ဖိုးဖြတ်လို့မရနိုင်တဲ့ ရှေးဘိုး၊ ဘွား၊ ဘီ၊ ဘင် တွေ ထားခဲ့တဲ့ အမွေအနှစ်တွေဖြစ်ပါတယ် .. ဒါတွေကို ကာကွယ်တယ် ထိန်းသိမ်းတယ်ဆိုတာ အင်မတန် ၀မ်းမြောက်စရာပါ .. ဥပဒေကို ပြဌာန်းသလို ဥပဒေကို လေးစားလိုက်နာရပါမယ် ..
လေးစားလိုက်နာတယ် ဆိုကတည်းက ယဉ်ကျေးမှုအမွေအနှစ် ကို ကာကွယ်ထိန်းသိမ်းရာ မြောက်ပါတယ် .. ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အကြောင်း စိတ်ဝင်တစား ဆွေးနွေး လာကြတာတွေ့ရလို့ အလွန်ဝမ်းသာပါတယ်...

Powered by Blogger.