မြင်းခြံမြို့ရဲ့ ရေနှင့် အမှိုက်ကားဆိုးဆိုးဝါးဝါးမလာ


ကိုးဆောင်ဘုန်းကြီးကျောင်းဘေးအမှိုက်ပုံ
ရေမလာပုံ

မန္တလေးတိုင်း မြင်းခြံမြို့ ဘုရားလမ်းနဲ့တကြောတဲ အောက်ဆန်တန်းရပ်ကို
ရေပေးရေးမှ ရေမလာတာ (၁၅) ရက်ရှိပါပြီ (၆-၅-၂၀၁၂)နေ့နောက်ဆုံးလာပါတယ်။

လာခဲ့တဲ့အချိန်တွေကလည်း  ည(၁၁)နာရီမှလွှတ်ပေးပါတယ်၊ လွှတ်ချိန်
 မိနစ်၃၀ပဲကြာပါတယ်၊ ပေးချိန်အတိအကျ သိခြင်လို့မေးတော့ မီးကိုအကြောင်းပြပါ
တယ်။ မြင်းခြံမြို့  မီးရှိရင် ရေပေးရေးမီးအမြဲလာပါတယ် မြင်းခြံပူပြင်းပုံကလည်း
တော်တော် ပြင်းထန်ပါတယ်၊ ရေကလည်းအမြဲရှိနေမှ မီးရေးကာကွယ်ဖို့အတွက်လို
အပ်ချက်တခုပါ ရေလွတ်ချိန်အတိအကျနဲ့(ဥပမာ၃၊၅ရက်ခြားတစ်ခါ နံနက်၈နာရီ၊
၁၀နာရီနေ့၁နာရီ၂နာရီ)အချိန်ပြောပြီးလွတ်သင့်ပါတယ်။ လကုန် လခတောင်းချိန်
တော့လွှတ်တယ်ဗျာ လခတောင်းခြင်တာကို။

အမှိုက်ကားလည်းမလာတာ ၂၉-၄-၂၀၁၂ နေ့နောက်ဆုံးပါ၊ မလာလို့ ကိုးဆောင်
ဘုန်းကြီးကျောင်းဘေး အမြဲလာသိမ်းတဲ့ ယခုပုံပါနေရာကို သယ်ပြီးပို့ရပါတယ်။
အောက်ဆန်တန်းနဲ့ မိုင်ဝက် လောက်ဝေးပါတယ်၊ မြင်းခြံတစ်မြို့လုံးအမှိုက်သိမ်း
ထွေလာလာတာ ကိုးဆောင်ဘုန်းကြီးကျောင်းဘေး၊ အထက(၁)မြောက်ဘက်နဲ့
မိထ္ထီလာလမ်း(မိန်းလမ်း)တို့ပဲလာပါတယ် သက်ဆိုင်တဲ့သူကို မေးကြည့်တော့
 အကြီးပိုင်းကနေ အောက်ပိုင်းအဆင့်ဆင့် ဖြတ်လိုက်တာ(ဥပမာ-ဒီဇယ် (၁)ဂါလံ
ထုတ်ပေးလိုက်ရင်တစ်စိတ်တစိတ်နဲ့ဖြတ်လိုက်တာ တခါတလေ ထော်လာ(အမှိုက်
သိမ်းကား)မောင်းတဲ့လူထံသို့ လုံးဝခွဲတမ်းရောက်မလာပါ။

အမှိုက်အတွက် စည်ပင်ခွန်ကသပ်သပ်ဆောင်ရသလို လုပ်ငန်းရှင် အသေးလေး
တွေကို တရက် ၅၀ိ/နှုန်းကောက်ပါတယ် ကောက်တဲ့နေ့တော့လာတယ် လုပ်ငန်းရှင်
တွေရှေ့မှာပဲရပ်တယ်ခင်ဗျ ကျန်တဲ့လူတွေ(ပြည်သူ)မှာတော့ အပြေးအလွှားလိုက်ပြီး
အမှိုက်ပြစ်ရတာ ဆိုင်ကယ်တိုက်မှု၊ စက်ဘီးနဲ့တိုက်မှုတွေဖြစ်လောက်အောင်ကိုပဲ
 ထော်လာဂျီကမြန်ပါတယ် မမှီလိုက်ရင် သူတို့လုပ်ငန်းရှင်တွေထံ ငွေကောက်မဲ့နေ့
ပြန်ဆောင့် အယ်လိုနဲ့ သံသရာလည်နေတာ အမှိုက်အိတ်တွေလည်းပုံနေပြီ ဖြစ်
ကြောင်း မြင်းခြံမြို့ အောက်ဆန်တန်းရပ်က ပြည်သူတွေက Myanmar News Now
ကိုပြောပြပါတယ်။
မြင်းခြံမြို့ရဲ့ ရေနှင့် အမှိုက်ကားဆိုးဆိုးဝါးဝါးမလာ မြင်းခြံမြို့ရဲ့ ရေနှင့် အမှိုက်ကားဆိုးဆိုးဝါးဝါးမလာ Reviewed by သစ်ထူးလွင် on 10:05 Rating: 5

4 comments:

minsoeaung said...

အမှိုက်ကားဆဆိုတာကအစုတ်အပ်ြတ်ကား။အလုပ်လုပ်
ဘို့ကစိတ်မဝင်စား။ ဓါတ်ဆီခိုးဘို့ကိုသာအရေးထား။
ပြည်သူ့အတွက်ဆိုလက်သုံးစကား။မယားငယ်များအတွက်သာသူတို့ကြိုးစား
အဲ့ဒါပြည်သူ့ဝန်ထမ်းခေါ်ရမလား
ပြောကြပါတော့ဗျား။

Diamond said...

ဟုတ်တယ်ဗျ.. မြင်းခြံ ကိုးဆောင်တိုက်ဆိုတာ မြို့လယ်မှာ ရှိတာဗျာ။ ဘုန်းကြီးကျောင်းဘေး စာသင်ကျောင်းဘေး ဒီအမှိုက်ပုံကို စည်ပင်က သေချာပြင်ဆင်ထားသလားတောင်ထင်ရတယ်။ မိုက်ရိုင်းတဲ့စည်ပင်ဒီအမှိုက်ပုံကိုတောင်ရှင်းအောင် မလုပ်နိုင်ပဲ ဘယ်လိုများ အလုပ်ကြီးအကိုင်ကြီးလုပ်နေလဲ မသိပါဘူး...တော်တော်ကို ကျက်သရေတုံးတဲ့မြင်းခြံစည်ပင်သာယာပါဗျာ.....။ နောက်တစ်ခုက အဲ့ဒီအမှိုက်ပုံနဲ့မျက်စောင်းထိုးမှာ မြင်းခြံ NLD ရုံးရှိတယ်ဗျ... အမှိုက်နဲ့ ဘုန်းကြီးကျောင်းရော NLD ရုံးကိုရောပါ...ဖုံးသွားစေချင်တာလား မသိဘူး....နော်..... ကြည့်လုပ်ကြပါဦးဗျာ............။

Thurein said...

အမှိုက်ကားကတော့ ပြောမနေနဲ့။ ကျနော်တို့ရပ်ကွက်မှာဆို အမှိုက်ကား ဒီတစ်ခါလာရင် ဓါတ်ပုံရိုက်ထားရမယ်။ ဘယ်လိုပုံစံလည်းဆိုတာတောင် မေ့နေလို့။ ပြောင်းတယ်ဆိုပြီး ဘာမှလည်းမပြောင်းသေးဘူး။ အရင်ကအတိုင်းပဲ။

www.academicmedicines.blogspot.com

ပြည်သူ said...

21-5-2012ညက ဘုရားလမ်း၊ အောက်ဆန်တန်းမှာ ည7နာရီကရေစလွတ်တယ် စည်ပင်ဝတ်စုံတွေနဲ့ရေလွတ်တာကိုဓါတ်ပုံရိုက်ကြတယ် ဒါပေမဲ့ဆန်တန်းက ရေပိုက်တွေကမလွှတ်တာကြာတော့ ရေကပိတ်နေလို့ လက်သန်းဖျားလောက်ပဲလာတဲ့အချိန်ပေါ့ ဘယ်လိုတွေလုပ်ပေးမလဲမသိဘူး ဆန်တန်းကလူတွေက ဆက်မျော်နေရဆဲပါ သူတို့ပြင်မှရမှာပါ

Powered by Blogger.