ဖိလစ်ပိုင် သမ္မတ Benigno Aquino က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ်အတွင်း လာရောက်ဖို့ ဖိတ်ကြားချက်ဟာ
သင့်တော်ကောင်းမွန်တဲ့ အချိန်ကောင်း ဖြစ်တယ်လို့ ဖိလစ်ပိုင် မနီလာတိုင်းမ်
သတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။
ဖိလစ်ပိုင် လွတ်လပ်ရေးနေ့ အခါသမယဖြစ်တဲ့ ဇွန်လ ၁၂ ရက်နေ့၊ ဒါမှမဟုတ် အဲဒီမတိုင်ခင် လာရောက်မယ်ဆိုရင် ဒါဟာ နှစ်နိုင်ငံအကြား သမိုင်းဝင်ပြီး အနှစ်သာရရှိတဲ့ ခရီးစဉ်ဖြစ်လိမ့်မယ်လို့ မနီလာတိုင်းမ်မှာ ရေးသားထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်သွားရောက်မယ့် ပထမဆုံး အာဆီယံ ဒီမိုကရေစီနိုင်ငံ ဖြစ်လိမ့်မယ်လို့လည်း ရေးပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဘက်က သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးကို တတ်တတ်ကြွကြွ ထောက်ခံအားပေးခဲ့တဲ့ အာဆီယံနိုင်ငံ ဖြစ်ပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)

ဒေါ်စု ဖိလစ်ပိုင် လွတ်လပ်ရေးနေ့ တက်ရောက်ဖွယ်ရှိ
Reviewed by သစ်ထူးလွင်
on
17:23
Rating:
2 comments:
နိုင် ငံ အနှံ့ ၇န်ကုန်အနှံပြား၇ုံးဖွင့် ပွဲတွေ တက်ေ၇ာက်နေသူ မီး ဒီနေ့ လောင် နောက်နေ့  ချက်ချင်းသွားပြီး ကူညီဆောင်၇ွက် ပေးသူ ယနေ့  ယူကြုံးမ၇ အပူလုံးကြွနေတဲ့ အခက်ခဲ၇ှိစက်မှု့ ဇုန်အလုပ်သမားတွေ ဆီ ဘယ်နေ့ လောက် သွားနိုင်မလဲ အခုကတော့  အစိုး၇ဘက်ကပဲ သွားပြီး ကူညီ ဖြေ၇ှင်းနေတာ တွေ့ ၇ပါတယ်
မသိနားမလည်သော
သင်္ကေတ
အဖြူတစ်စက်ရဲ့တန်ဘိုး
အနက်ထက်ဝက်ခန့်ရောမွှေလည်း
အပြာရောင်မီးခိုး ငွေ့လည်းဖြစ်နိုင်တယ် ။ ။
အနီကိုခရမ်းပေါက်
အ၀ါခြောက်လေးနဲ့လည်း
တွဲစပ်ကြည့်သင့်တယ်။ ။
အစိမ်းရယ်၊အညိုရယ်
အပြာရင့်လို့ အနီတို့
ညှိစို့စို့နဲ့
ပုပ်စေတယ်။ ။
မကွေးဘကျော်
Post a Comment