မန္တလေး လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့ ဆန္ဒပြပွဲမှ ပြည်သူတွေနဲ့ ဆရာတော်ဦးဝိရသူ (ရုပ်/သံ)

လျှပ်စစ်မီး  ပြတ်တောက်မှုကြောင့် စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေတဲ့ မန္တလေး မြို့တော်မှာ လျှပ်စစ်မီး ရရှိရေးအတွက်  မေလ ၂၁ ရက် ဒုတိယနေ့ မှာလည်း ဆက်လက် ဆန္ဒပြခဲ့ပါတယ်။

ည ၆ နာရီ အချိန်ကစပြီ ဆီဒိုးနား ဟိုတယ်ရှေ့ မှာ ဆန္ဒပြသူများနှင့် ဆန္ဒပြသူများကို လာရောက် ကြည့်ရှုကြသူများ ခန့်မှန်းခြေ ထောင်ကျော် ရှိကြောင်းမြို့ ခံများကပြောပါတယ်။  ဆန္ဒပြသူများက  ဖယောင်းတိုင်မီး တစ်ဖက်၊ လျှပ်စစ်ဓာတ်အား ပေးဝေးမှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော် ရေးသားထားသည့် စာရွက်များ တစ်ဖက် ကိုင်ဆောင်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြပွဲကို လာရောက်အားပေးတဲ့ ဆရာတော်ဦးဝိရသူ ကတော့ ဆန္ဒပြသူတွေနဲ့ အပြန်အလှန်ပြောဆိုရာမှာ လျှပ်စစ်ဝန်ကြီး
ဦးဇော်မင်း ကို ကချင်ပြည်နယ်ပို့ ပြီး KIA နဲ့ သွားတွေ့ ရမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆရာတော်ဦးဝိရသူ ရဲ့ ပြောဆိုချက်ကို
ဗွီဒီယို ဖိုင်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဗွီဒီယိုဖိုင်မှာ ဖုန်းနဲ့ လျှပ်တပျက်ရိုက်ပြီး ပြည်သူတဦးက ပေးပို့ ထားတာဖြစ်လို့ 
အဆင်မပြေမှုလေးတွေကို နားလည်ကြည့်ရှုပေးကြပါခင်ဗျာ။

Myanmar News Now

ဆရာတော်ဝိရသူနှင့် မန္တလေး ပြည်သူများ အီးပီစီရုံးရှေ့ ဒုတိယညမှာတွေ့ ရစဉ်



မန္တလေး လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့ ဆန္ဒပြပွဲမှ ပြည်သူတွေနဲ့ ဆရာတော်ဦးဝိရသူ (ရုပ်/သံ) မန္တလေး လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့ ဆန္ဒပြပွဲမှ ပြည်သူတွေနဲ့ ဆရာတော်ဦးဝိရသူ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 06:31 Rating: 5

8 comments:

bluetooth said...

တစ်ယောက်တစ်ပေါက်ပြောနေကြတာပဲ...Hoooooooooooooo :(

မြောက်ကျွန်းသူ said...

အယူအဆလွဲပြီး..နည်းလမ်းမှားနေကြပါသည်။

Unknown said...

ကျွန်တော်သာအတော်ဆုံး,ကျွန်တော်လောက်သိတဲ့လူမရှိဘူး ဆိုတဲ့ ၀န်ကြီးဇော်မင်း...ရှက်တက်ရင် ရာထူးက ထွက်ပါ။ အရည်အချင်း မရှိ ဘဲနဲ့….. တွင်း ထဲကဖါး…………………….

wi wi said...

ပြည်သူ့များ၏အမိန်.ထုတ်ပြန်ချက်
ဖွဲ့စည်းပုံအခြေခံဥပဒေအရထုတ်ပြန်အပ်ပါသည်
ဝန်ကြီးဇော်မင်းနှင့်တိုင်ဒေသလျှပ်စစ်ဝန်ကြိးများသည်တာဝန်များကြေပွန်စွာမထမ်းဆောင်နိုင်ပါသဖြင့်ရာသက်ပန်ယင်းရာထူးများမှအနားယူခွင့်ပြုလိုက်သည်
ပုံ
ပြည်သူများ
မှက်ချက်-မလိုက်နာပါကခေါင်းဖြတ်သတ်စေ

Human Right said...

ကျွန်တော် လျှပ်စစ်ဝန်ကြီးဦးဇော်မင်းကို တစ်ခုတောင်းဆိုလိုပါတယ်။ ဒါကတော့ ပြည်သူဆန္ဒကို မလိုက်လျောနိုင်ရင် ပြည်သူ့အစိုးရဆိုတဲ့ခေါင်းစဉ်အောက်ကနေ ထွက်လိုက်ပါတော့ ဆိုတာပါပဲ။

Anonymous said...

ကျွန်တော်တို့ရွာမှာ ဖယောင်းတိုင်တွေဈေးတက်သွားတယ်
မန္တလေးက ဖယောင်းတိုင်အ၀ယ်လိုက်သွားလို့တဲ့
နေရာတိုင်းမီးပျက်နေတော့ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြကြရင် ဖယောင်းတိုင် ဈေးကတာဝိံသာရောက်သွားနိုင်တယ်

anyarthar said...

ဝန်ကြီးဦးဇော်မင်း ရာထူးက နုတ်ထွက်ဖို့ အားလုံးတောင်ဆိုကြစို့ဗျာ...

kyawairkbz said...

ရာထူးအဆင့်ဆင့်တက်လာပြီး ၀န်ကြီးဖြစ်တဲ့ကောင် တစ်ကောင်မှ မရှိဘူး။ သူ့အဖေတွေကို နည်းမျိုးစုံနဲ့ဖားပြီး ဖြစ်တဲ့ကောင်တွေချည်းဘဲ။ ဘယ်မှာလဲ အရည်အချင်း၊ အရည်အသွေး။ ဒီကောင်တွေလုပ်နေလို့ တိုင်းပြည်ပျက်နေတာ။ အမေစုပြောထားတယ်လေ `` တိုင်းပြည်က မဆင်းရဲဘူး သယံဇာတပေါတယ်၊ ပြည်သူတွေက ဆင်းရဲနေတာ´´

Powered by Blogger.