တာချီလိတ်မြို့ က ဆိုင်ကယ်သူခိုးနှင့် ရဲ

ရှမ်းပြည်နယ် တာချီလိတ်မြို့ပေါ်တွင်လွန်ခဲ့သည့်ဧပြီလက ဆိုင်ကယ်ခိုးသူများများ
ဖမ်းဆီးရေးကို ခရိုင်ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ဇွဲလုံ့လစိုက်ထုတ်ပြီး ဖမ်းဆီးလိုက်လို့
သူခိုးတော်တော်များများ အချုပ်ထဲရောက်ခဲ့ပါတယ်။

သို့သော်လည်း ၄င်းသူခိုးများသည် ယ္ခုအခါ အပြင်တွင်ပြန်တွေ့နေပြီး ၄င်းတို့ခိုးယူခဲ့
သည့်ဆိုင်ကယ်များအား (ဒန) ဆိုသည့် ရဲများက စီးနေကြပါသည်။

အဆိုပါကိစ္စနှင့် ပါတ်သတ်လို့ တာချီလိတ်မြို့ ခံတဦးက "တကယ်ဆိုသူခိုးများထောင်ထဲ
ရောက်လို့ ဆိုင်ကယ်များ ပိုင်ရှင်ထံပြန်ပေးရမှာမဟုတ်ဘူးလား သူခိုးများဖမ်းတယ်
ပြောပြီး ဆိုင်ကယ်ယူပြန်လွှတ်ပေးနေသလား၊နှစ်စဉ် ဆိုင်ကယ်ပျောက်မှုပေါင်း
 တာချီလိတ်တွင် ရာဂဏန်းရှိပါတယ် အမှု့ ပေါ်တာရှိသလို မပေါ်တာလည်းရှိပါတယ်။
 ဒါပေမယ့် ခုလိုသူခိုးတွေဖမ်း ဆိုင်ကယ်တွေယူ ပြီးပြန်လွှတ်နေတာတော့ မကောင်းဘူး
လို့ ကျနော်တို့ယူဆပါတယ်။ ပိုင်ရှင်တွေလည်း စိတ်ကောင်းမယ်မထင်ပါဘူး။
ဘာကြောင့်ဒီလိုလုပ်ရတယ်ဆိုတာ ပြည်သူများနားလည်အောင်
ရှင်းပြသင့်တယ်လို့ထင်ပါကြောင်း"  Myanmar News Now ကို ပြောပြပါတယ်။
တာချီလိတ်မြို့ က ဆိုင်ကယ်သူခိုးနှင့် ရဲ တာချီလိတ်မြို့ က ဆိုင်ကယ်သူခိုးနှင့် ရဲ Reviewed by သစ်ထူးလွင် on 07:50 Rating: 5

27 comments:

ချစ်ဖူး said...

ရဲတပ်ဖွဲ့ကို ဖျကိပြီးတော့ အသစ်ပဲ ပြန်ဖွဲ့လိုက်ပါတော့

tharsein said...

သူခိုးလက်မှရဲကလုယူစီးနေတဲ့သဘော
ဒါဆိုရဲကဓါးပြလိုဥပဒေမဲ့လုပ်နေပြီပေါ့။

National said...

သူခိုး လက်ထောက်ချ၊ လိုင်စင်ရ သူခိုးလက်ခံ

66koaungaungtun@gmail.com said...

ဘယ်လိုပြောမလဲကွာ၊စစ်အာဏရှင်လက်ထက်ကရဲဆိုတော့ဘယ်လိုလုပ်ပြည်သူအတွက်ဖြစ်မလည်းကွာ၊အောက်ခြေအထိရောက်အောင်ပြည်သူကိုယ်စားလှယ်တော်ကြီးများဆောက်ရွက်ကြပါအုန်း။

မင်းဦး said...

ကျွန်တော်လည်းခံရတဲ့ပြည်သူပါ

mad dog said...

ဆိုင်ကယ်၇ဲသူခိုးပေါ့။

ထားဝယ်သား said...

ဟဟ...ရဲကဓါးပြဖြစ်နေတာအခုမှမဟုတ်ပဲ့....ကြာပြီလေ
အဲဒီအပြင်ရဲကဆက်ကြေးတောင်းတဲ့.....သူပုန်၊
မိုက်ကြေးခွဲတဲ့.....လူမိုက်
နိုင်ငံပိုင်ပစ္စည်းခိုးတဲ့.....သူခိုး
ချဲဒိုင်၊ ဘောလုံးဒိုင်၊ မာဆတ်၊ ဖာအိမ်တွေမှာလိုက်တောင်းတဲ့....သူတောင်းစား
ကုန်ကုန်ပြောမယ်ကွာ.....ယုတ်မာ၊ကောက်ကျစ်၊စဉ်လဲနည်းအကုန်လုပ်တဲ့ မျိုးမစစ်မသားတွေဆိုတာ သိဖို့ကောင်းနေပြီ မြန်မာနိုင်ငံသားအပေါင်းတို့.....

kyaw kyaw said...

ရဲတွေကဘာတွေလုပ်နေကြတာလဲနားမလည်တော့ဘူး...ကူညီပါရစေဆိုတာက ယူပါရစေဖြစ်နေပြီ...ပြည်သူတွေရဲ့ဆိုင်ကယ်တွေကို သူခိုးတွေကိုယူခိုင်းနေတာဖြစ်နေပြီ..သမ္မတကြီးခများရဲတွေကိုလည်းကြည့်ဆုံးမလိုက်ပါအုံးလို့ပြောပါရစေ

ArtistMgMyint said...

အဲဒါ မြန်မာစကားပုံ ရှိတယ်လေ သူခိုးလက်က သူဝှက်လုတယ်ဆိုတာ

lwannaymie said...

မိမိဆိုင်ကယ်ဖြစ်ကြောင်းအသိအကြ သိရင် တိုင်းအဆင့်ကိုတိုင်လို့ရပါတယ်။ ရဲတွေတော်တော်များများအောက်တန်းကျတာတော့ အမှန်ဘဲ။ (ရဲစခန်းနဲ့ပတ်သက်တာမှန်သမျှ ကိုယ်မှန်လဲဘဲ၊ရုံးကိစ္စလဲဘဲ၊ပိုက်ဆံတောင်းတယ်။ သူတောင်းစားတွေလား။) ဒါပေမဲ့သူတို့ကိုပြန် ထိမဲ့စားဂွင်ကို သူတို့မစားကြပါဘူး။ ရဲဆိုတာအထက်ဖား၊အောက်ဖိပါ။ (သူခိုးက လိုင်စင်မဲ့ဆိုင်ကယ်ကိုခိုးတာဆိုရင်တော့ ရဲအကြိုက်ပေါ့၊
ပိုင်ရှင်မှားရပြီ)။

အိတုတ် said...

ဘယ်လိုကြီးလည်း ရဲက သူတို့စီးဖို့ဆိုင်ကယ်ခိုးခိုင်းနေသလိုဖြစ်နေတာပေါ့

Nay Nwaye said...

သူခိုးလက်က သူဝှက်လု ဆိုတာဒါမျိုးပေါ့။ကြီးပွားအုံးမယ့်လူတွေလေ။

tno said...

သူခိုးတွေမိတာကကောင်းတာပေါ့
သူခိုးတွေ အင်အားလျော့သွားတော့
စိတ်ချမ်းသာပါတယ်။

ဥုံဖွ said...

လိုင်စင်ရ ဓါးပြတွေပေါ့ ချီးခြောက်ကိုနေလှန်းစားတယ်ဆိုတာ
ဒီလိုကောင်မျိုးတွေနေမှာ ထွီ.............

ko ko chit said...

သူခိုးလေးနဲ့သူခိုးကြီးပေါ့။

david said...

အဲ့ဒီ သူခိုးတွေက ကူညီပါရစေ အဖွဲ့က မွေးထားတဲ့ လူတွေများဖြစ်နေမလားနော်.... အများကြီး မစဉ်းစားနဲ့....

ဒီမိုအောင် said...

ဒို့မြန်မာနိုင်ငံရဲတွေရဲ့အောက်တန်းကျမှုကတော့ကမ္ဘာမှာပြိုင်စံရှား ပါပဲ.နိုင်ငံတကာမှာရဲဆိုတာပြည်သူတွေကိုကူညီနေတာ.အဲ့ဒီလို ကူညီခွင့်ရဖို့ကိုအောက်ကျို့ပြီးနေနေရတာ.ဒို့မြန်မာရဲများကတော့
ကူညီဖို့နေနေသာသာခေါင်းကျက်တစ်ကိုယ်လုံးစား.အမြီးကျက်တစ်ကိုယ်လုံးစားပဲ. ဒါကလည်းရဲယူနီဖောင်းဝတ်ထားတဲ့လူနဲ့တော့ မဆိုင်ပါဘူး.စနစ်ကြောင့်လူတွေပါပျက်စီးနေရတာပါ.ဒါကြောင့် မှားနေတဲ့ဒီစနစ်ဆိုးတွေကိုပြုပြင်နိုင်မှသာလူတွေရဲ့အကျင့်ဆိုးတွေ လညးတဖြည်းဖြည်းကွယ်ပျောက်သွားနိုင်မယ်လို့ထင်မိတယ်ဗျာ.

Anonymous said...

ရဲစခန်းမှာသက်သေခံသိမ်းထားတဲ့ကားဆိုရင်၊ မြို့နယ်မှူးတို့၊စခန်းမှူးတို့
ရဲ့ကိုယ်ပိုင်ပစ္စည်းပါပဲ။ ကိုယ်တိုင်လဲစီး၊ကတော်တွေလဲယူစီးနဲ့ဆိုတော့
အတင်ပြေကြတာထုံးစံပါပဲ။ “ကူညီပါရစေ” တွေရဲ့ကူညီမှုပါ။

san san said...

အဲ့ဒါနေရာအနှံဘဲ။နယ်မှာဆိုဒီလိုဘဲ။မြန်မာပြည်ရဲ့တရားရေးနဲ့ဥပဒေကတော့ ဇီးရိုးဘဲ

♥အချစ်ပါတီ...♥ said...

ဂုဏ်ယူစရာ လုပ်ရပ်တွေပေါ့ဗျာ. ( ဒါမျိုးကြီးလဲဖြစ်တတ်၏...)

Zaw lin said...

ကျတော်တို့ လည်းတစ်စီးပြောက်တယ်။သိပ်မကြာဘူးသူခိုးတွေမိတယ်တဲ့ 
အဲ့ တာနဲ့ ပြည်သူစစ်ကပြောတယ်မင်းတို့ ဆိုင်ကယ်စခန်းမှာတဲ့ သွားကြည့်တော့မ၇ှိဘူး။

Unknown said...

ကျွန်တော်တို့မူဆယ်မှာ အဲဒီထက်ဆိုးတာပေါ့ဗျာ
ဒီမှာနေ့တိုင်းဆိုင်ကယ်ပျောက်တယ်၊ မပျောက်တဲ့နေ့ဆိုတာမရှိသလောက်ပါပဲ၊ ရဲသွားတိုင်တော့လဲအပိုပါပဲ။ ကိုယ့်ဆိုင်ကယ်အပြင်မှာပြန်တွေ့လို့ ရဲသွားတိုင်ရင် ရဲစခန်းကိုပိုက်ဆံပေးမှပြန်ရတယ်၊ ပြီးတော့တရားရုံးရောက်တော့လဲ ငွေပေးမှ ဆိုင်ကယ်ပြန်ထုတ်ခွင့်ရတာ။ တကယ်တော့ မူဆယ်ကရဲတွေက ဘယ်သူတွေသူခိုးတွေဆိုတာသူတို့သိတယ်။ ဘယ်အိမ်တွေမှာအပေါင်ခံထားတယ်ဆိုတာကအစသူတို့သိကြတယ်။ ဆိုင်ကယ်ပျောက်လို့ ရဲကဖမ်းပေးလို့ ပြန်ရတဲ့ဆိုင်ကယ်ဆိုတာ တစ်စီးမရှိခဲ့ဖူးပါဘူးဗျာ။ သူခိုးဆီမှ ဆိုင်ကယ်ပြန်ရလို့ ရဲစခန်းမှာအကြာကြီးထားတယ်ဆိုရင် သတိသာထားပေတော့ ။ ရဲတွေက ဘက်ထရီဖြတ်လဲတယ် ကောင်းတာတွေဖြုတ်ထားတယ်။ မူဆယ်မှာ လုယက်မှု၊ ခိုးမှုတွေခဏခဏဖြစ်တယ်၊ ဖြစ်တိုင်းလဲ ဖမ်းမိတယ်ဆိုတာ မရှိခဲ့ဘူးပါဘူး။ ရဲနဲ့တရားခံပေါင်းစားနေတာကို အထက်လူကြီးတွေမသိတာလား၊ သိရက်နဲ့မသိချင်ယောင်ဆောင်နေတာလား။ ဒီခေတ်မျိုးမှာ ဒီလိုအကျင့်တွေကို မရှိသင့်တော့ပါဘူး။ ရဲဆိုတာ ပြည်သူ့ကိုကာကွယ်စောင့်ရှောက်ရမယ့်ဟာကို ခုတော့သူခိုးနဲ့ပေါင်းစားနေတော့ သူခိုးတွေပေါများနေတာမဆန်းပါဘူး။ ပြည်သူတွေကိုတကယ်ချစ်တယ်ဆိုရင် အားလုံးပြင်သင့်ပီ။

na min said...

တာချီလိတ်ကလူတွေစီးနေတာကိုက လိုင်စင်မဲ့ဆိုင်ကယ်တွေကိုး ဘယ်လိုလုပ်ပြန်ပေးမှာလည်း အကောက်ခွန်မဲ့ဆိုင်ကယ်ဆိုမှတော့သိမ်းလိုက်ပီပေါ့

Soe said...

မြန်မာနိုင်ငံ၇ဲ့ ဆိုး၇ွားလှတဲ့ စစ်တပ်၇ဲ့ ဖိနှိပ် အုပ်ချုပ်ေ၇း ကြောင့်
ဝန်ထမ်း တွေ အဖွဲ့အစည်းတွေ အားလုံး နီးပါး အကျင့်တွေပျက်
လာဒ်စား ပြည်သူတွေ၇ဲ့ဘဝဟာ မလုံခြုံ ခဲ့ပါဘူးပေဖြစ်တုန်း တော့ ခံပေတော့

kyi thar soe moe said...

မဟုတ်သေးဘူးထင်တယ်နော် ။ သတင်းက ဖမ်းထားတဲ့ဆိုင်ကယ်ဆိုတာ လိုင်စင်ဘီးလား ၊ without လားဆိုတာမပါဘူး ။ တစ်ဖက်သက်ကြီးဖြစ်နေသလိုဘဲ

ထက်ထက်ထွန်း said...

ဒါဆို သူခိုးက ရဲမှရဲပေါ့ဗျာ

kaungmyatsan said...

သူခိုးကရဲမှ ရဲ မှရဲလေ

Powered by Blogger.