လူ့အခွင့်အရေးချိုးဖောက်ခံရကြောင်း သတင်းမီဒီယာတွင် ခိုင်လုံစွာဖေါ်ပြထားပါက ကော်မရှင်မှ ၀င်ရောက်ဆောင်ရွက်မည်
မေလ ၄ ရက်၊ ၂၀၁၂ခုနှစ်-ကျော်စိုးလင်း (YPI)
မီဒီယာအသီးသီးရှိ သတင်းဖေါ်ပြချက်များတွင် လူ့အခွင့်အရေး အမှန်တကယ် ချိုးဖောက်ခံရကြောင်း ခိုင်လုံစွာ ဖေါ်ပြထားပါက ယင်းသတင်းပါကိစ္စများနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မရှင်၏ အတွင်းရေးမှူး ဦးစစ်မြိုင်ကပြောသည်။
၎င်းက ကော်မရှင်၏ သဘောထားကို ဥပမာပေး ရှင်းပြရာတွင် “ စ သုံးလုံးတိုက်ပေါ်က ပြုတ်ကျတဲ့အမှုဆိုပါတော့။ ပြုတ်ကျတာက စိတ်ဝင်စားဖို့ကောင်းတယ်။ သို့သော် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာမျိုး အန်ကယ်တို့ဆီကို တိုင်စာလည်းရောက်မလာဘူး။ သတင်းလည်း ရောက်မလာဘူး။ ကာယကံရှင်လည်း လာမတိုင်ဘူး။ တကယ်လို့ သတင်းမှာကိုက အကြမ်းဖက်လိုက်လို့၊ ဘာလို့ဆိုရင်တော့ အန်ကယ်တို့ဝင်မှာပေါ့။ မီဒီယာတွေမှာ လူ့အခွင့်အရေးချိုးဖောက်ကြောင်း ခိုင်လုံတဲ့သတင်းပါရင် လုပ်လို့ရတယ်” ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး အတွင်းရေးမှူးက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားလိုပါက ကော်မရှင်ဥက္ကဌနှင့် အတွင်းရေးမှူးတို့ထံသို့ လိပ်မူပြီး အဖြစ်အပျက်မှန်၊ အထောက်အထားအမှန်၊ မှတ်ပုံတင်မိတ္တူတို့ဖြင့် စာတိုက်မှ မှတ်ပုံတင်စာဖြင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ လာရောက်တိုင်ကြားနိုင်ကြောင်း၊ ကာယကံရှင် ကိုယ်တိုင်မဟုတ်သော်လည်း ကာယကံရှင်မှ လွှဲအပ်ထားသူတစ်ဦးဦးမှလည်း လာရောက်တိုင်ကြားနိုင်ကြောင်း YPI သို့ပြောသည်။
သို့သော် ထိုသို့တိုင်ကြားသည့် ကိစ္စရပ်များအနက် တရားရုံးတွင် စစ်ဆေးလျက်ရှိသော ကိစ္စရပ်များကို ကော်မရှင်မှ ၀င်ရောက်ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။
ယင်းကိစ္စနှင့်ပတ်သတ်ပြီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ယက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးမောင်မောင်လေးက “ တကယ်တော့ တိုင်ကြားထားတဲ့ကိစ္စ၊ စစ်ဆေးနေတဲ့ကိစ္စကို အရေးမယူဘူးဆိုတာ လူ့အခွင့်အရေး ကြေငြာစာတမ်းက အပိုဒ် ၇ ပိုဒ်လောက်ကို ဖယ်လိုက်သလိုပဲ။ လူတိုင်းက ဥပဒေရဲ့အဆုံးအဖြတ်ကို ညီတူညီမျှ ခံယူခွင့်ရှိရမယ်။ မဟုတ်ရင် အမှန်တရားက ပျောက်ကွယ်သွားနိုင်တယ်” ဟုပြောသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၁ ခုနှစ်စက်တင်ဘာလတွင် သမ္မတအမိန့်ဖြင့် စတင် ဖွဲ့စည်းခဲ့သည်။
စတင်ဖွဲ့စည်းချိန်မှ ယခုအထိ တိုင်ကြားစာပေါင်း ၂၀၉၄ မှုလက်ခံရရှိကာ ၁၃၂၂ မှုကို စိစစ်ပြီးဖြစ်သည်ဟု ကော်မရှင်၏ ပြောဆိုချက်အရ သိရှိရသည်။
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့်ပတ်သက်၍ အစိုးရနှင့် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းမဟုတ် ဆိုသည့် ဝေဖန်ချက်များ ရှိနေသည့်တိုင် မြန်မာနိုင်ငံတွင် နှစ်ပေါင်း များစွာအတွင်း ပထမဆုံး ပေါ်ထွက်လာသည့် အမျိုးသား လူ့အခွင့်အရေးကော်မရှင် တရပ်ဖြစ်သည်။ ။
Yangon Press International

Reviewed by သစ်ထူးလွင်
on
04:31
Rating:
13 comments:
သတင်းကလဲဟုတ်မလိုလိုနဲ့ ...... အဲဒါဆို ကို့မျက်စိရှေ့မှာ လူ့အခွင့်ရေးချိုးဖောက်ခံနေ ရတာကို လာမတိုင်တဲ့အတွက် ဘာမှလုပ်မပေးနိုင်ဘူးပေါ့........ဘာတဲ့ ( စသုံးလုံးတိုက်ပေါ်က ပြုတ်ကျတဲ့အမှူ့ဆိုပါတော့။ ပြုတ်ကျတာက စိတ်ဝင်စားဖို့ကောင်းတယ်။ သို့သော် လူ့အခွင့်ရေးချိုးဖောက်မှူ့ဆိုတာမျိုး အန်ကယ်တို့ဆီတိုင်စာလဲရောက်မလာဘူး။ သတင်းလဲရောက်မလာဘူး။ကာယကံရှင်ကလည်းလာမတိုင်ဘူး။ သတင်းမှာကိုက အကြမ်းဖက်လိုက်လို့တို့ ဘာတို့ဆိုရင်တော့ အန်ကယ်တို့ဝင်မှာပေါ့။မီဒီယာတွေမှာ လူ့အခွင့်ရေးချိုးဖောက်ကြောင်း ခိုင်လုံတဲ့ သတင်းပါရင် အန်ကယ်တို့လုပ်လို့ရတယ် ) သွားသေလိုက်ပါလား အဲဒီလောက်သတင်းပါလာတောင် ကံကောင်း စာပေစီစစ်ရေးက ဖြတ်ရတာနဲ့ စသုံးလုံးက သတင်းပိတ်ရတာနဲ့ အဲလောက်လေးသိရတာကို ကျေးဇူးတင်...... အန်ကယ်တို့ လုပ်စားလို့ရတယ်လို့ပြောစမ်းပါ ဦးစမ်းမြိုင်ရာ....... ( ထိုသို့တိုင်ကြားထားသည့် ကိစ္စရပ်များအနက် တရာရုံးကစစ်ဆေးလျှက်ရှိသောကိစ္စများကို ကော်မရှင်မှ ဝင်ရောက်ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်းကိုလည်း ဆက်ပြောသည်။ ) အဲဒါဆို ပဲခူးက တရားသူကြီးကတော်အမှူ့ကို တရားရုံးကစစ်ဆေးနေတယ်ဆိုရင် ဝင်ရောက်စစ်ဆေးလို့မရဘူးပေါ့ ...... တရားသူကြီးတို့ရဲ့ စားကျက်ကို ဝင်မလုဘူးဆိုပြီးပြောစမ်းဘာ....... ကဲကဲ အန်ကယ်ဦးစမ်းမြိုင် လူအခွင့်အရေးဆိုတာဘာတွေလဲ လို့ ကျွန်တော်တို့ သာမန် ပြည်သူတွေနားလယ်အောင် ပြောပြပါလားဗျာ.... လူ့အခွင့်ရေးကြေငြာစာတမ်း ဥပဒေ ဆိုပြီးရှိတယ်ကြားလို့............
လူ့အခွင့်အရေးချိုးဖောက်ခံရကြောင်း သတင်းမီဒီယာတွင် ခိုင်လုံစွာဖေါ်ပြထားပါက ကော်မရှင်မှ ဝင်ရောက်ဆောင်ရွက်မည်........
မဟုတ်ကြောင်း ဦးစမ်းမြိုင်မှ ပြောကြားခြင်း......
ယုံကြည်ပါတယ်ခင်ဗျားးးးးးးးး
ဥပဒေတ၇ပ်၇ပ်ကိုသပဒေကိုလိုက်နာ၇မည့်တစ်စုံတယောက်က
မလိုက်နာဘဲကျူးလွန်၇င်လူ့အခွင့်အေ၇းဖေါက်တာပေါ့။၇ဲတိုင်
လို့၇တာတိုင်ပေါ့။ကော်မ၇ှင်ကအားးလုံးPresidentကိုယ်စား
စစ်ဆေးမှာ၇ဲတိုင်လို့FIR(တိုင်ချက်)မ ဖွင့်၇င်လူ့အခွင့်အေ၇း
ဖေါက်တယ်ပြောလို့၇ပါတယ်။ကောင်းမြတ်သော၇ဲမျာပါတယ်
မကောင်းတာကနေ၇ာတိုင်းမှာ၇ှိတတ်ပါတယ်။ဝန်ထမ်းကပြည်
သူ့အကျိုးပြု၇မယ်။ဝန်ကြီးကဥပဒေအတိုင်းဖြစ်မဖြစ်စိစစ်၇မယ်။
အောက်ဝန်ထမ်းမမှန်၇င်ဝန်ကြီးေ၇ှင်မထွက်ပါနဲ့။ဓီမိုကေ၇စီမျှဝေခြင်း
ကိုခံစားနိုင်ကြပါစေ။
တစ်ပြည်လုံးလဲ စစ်တပ် ဘောင်းဘီချွတ်တွေ သိမ်းမိနေပါဘီ။ဘာ ဒီမိုကရေစီလဲ
ဗျာ။ခုပြောတဲ့ လူကလဲ စစ်တပ်ကလူ ဗျောင်လိမ် ဗျောင်စားမဲ့ အဖွဲ့တွေ။
အကုန်လုံးက အဘကြီး အကိုကြီး ညီလေး တွေဖြစ်နေကြတာ။
ခင်ဗျားတို့ ဘဲ လုပ်ချင်ရာ လုပ်ကြပါတော့။
တော်တော် တရားကျစရာကောင်းလွန်းတဲ့ မောင်စစ်မြိုင်ဘဲ။
လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတာ ဘယ်လိုဖြစ်ရပ်မျိုးတွေကို ပြောတာလဲ.......
ဦးစမ်းမြိုင်၇ယ် ပေါက်က၇ တွေ လျှောက်ပြော မနေပါနဲ့။ မင်းတို့အလုပ်က တိုင်သည်ဖြစ်စေ မတိုင်သည်ဖြစ်စေ လူ့အခွင့်အေ၇းနဲ့ ဆိုင်တယ်ထင်၇င် သွားစုံစမ်း၇မယ် ဟုတ်နေ၇င် အေ၇းယူ ၇ မယ် ။ အဲဒါမင်းတို့ အလုပ်ပဲ။
သေတဲ့လူက သေတာတောင် ဆွေမျိုးမဲ့ဆို မီဒီယာမှာ တိတိကျကျပါနိုင်ပါ့မလား အဖိုးကြီး ငတုန်းကြီးရ
ခင်ဗျာ့ အမျိုးတွေကျမှ မီဒီယာမှာအပါစောင့် တာဝန်ထမ်းဆောင်တယ်ဆိုတာ မိမိတာဝန်လို့ သတ်မှတ်ပေးထားသမျှ အားလုံးမှာ ဘယ်သူပြောပြောမပြောပြော ခိုင်းခိုင်းမခိုင်းခိုင်း လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းထားတယ်ဆိုတာ ခင်ဗျားက နားမလည်ဘူးလား
တိုင်ခိုင်းတာကတော့ဟုတ်ပါပြီး တိုင်ပြီးရင် တိုင်တဲ့လူရဲ့လုံခြုံရေးကိုရောကာကွယ်ပေးနိုင်မှာလား လောလောဆယ်နှစ်ပေါင်းများစွာဖိနှိပ်ထားတဲ့ပြည်သူတွေရဲ့ကြောက်လန့်စိတ်ကြောင့်ကိုယ့်ရဲ့အကူအညီတောင်းခံမှုဟာ ကိုယ့်အပေါ်အမှုပြန်ပါတ်နေရင်ရောဘယ်လိုကာကွယ်ပေးမှာလဲပြည်သူတွေကတည်ဆဲဥပဒေဆိုတာကြီးနဲ့အမြဲအနိုင်ကျင့်ခံနေရတယ် ဒါကြောင့်ဘယ်လိုတိုင်ရမလဲ ဘယ်ကိုပို့ရမလဲတိုင်တဲ့အတွက်ရှေ့နေခလိုမျိုးရောပေးရမှာလားဆိုတာတိတိကျကျပြောစေချင်တယ် တော်ကြာတိုင်ပြီးမှဘာမှမပေးလို့ဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်ရောဘယ်လိုလုပ်မှာလဲ အကူညီပေးမှာလား ဒါမှမဟုတ်အကျိုးတော်ဆောင်လိုမျိုးလုပ်စားမှာလားဆိုတာကွဲပြားအောင်ပြောပြပေးပါ ။
အန်ကယ်ကြီးရာ...လျှောက်ပြောမနေပါနဲ. အန်ကယ်ကြီးတို. ဘာမှလုပ်ရဲကိုင်ရဲ ရှိတာလည်းမဟုတ်ပါဘူး..လုပ်ခဲ့တာလည်းမရှိဘူး..လာတိုင်တာတောင် ဘာမှမလုပ်တာကို လူကြားလို.ကောင်းအောင် လာပြောနေသေးတယ်..ကိုင်းကြီးကြီးမှာ နားလိုက်တော့..
မောင်မောင်(ကိုရီးယား)
ဥပဒေအပေါ်မှာမြန်မာဗိုလ်ချုပ်တွေရှိတယ် ဆိုတာ ခင်ဗျားနားမလည် ဘူးလား။ ခင်ဗျားက (မရက)သန်းရွှေလား။
မီဒီယာအသီးသီးရှိ သတင်းဖေါ်ပြချက်များတွင် လူ့အခွင့်အရေး အမှန်တကယ် ချိုးဖောက်ခံရကြောင်း ခိုင်လုံစွာ ဖေါ်ပြထားပါက ယင်းသတင်းပါကိစ္စများနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း. . . .
ဒါမှ ဂွင်လေး၊ဘာလေးရှာပြီး ပိုက်ဆံလေးဘာလေးရတော့မှာပေါ့။ budget ကလဲချမပေးထားဘူးလေ။
ဦးဌေးဦးတို့အပါတ်စဉ်ကလူတွေကတော့ဒီတိုင်းချည်းပါဘဲ၊ဟုတ်မလိုလိုနဲ့အဖျား
ရှုးသွားကြတယ်။ရေလိုက်ငါးလိုက်သမားတွေများပါတယ်။ OTS (43)ကပါဗျာ။
ရပ်တည်လို့ရအောင်လျှောက်အော်နေတာလားမသိဘူး။
ဥပဒေ အပေါ်မှာ မြန်မာဗိုလ်ချုပ်တွေရှိတယ် ၊ မြန်မာဗိုလ်ချုပ်တွေ အပေါ်မှာ ဗိုလ်ချုပ်မယားတွေရှိတယ် ။
Post a Comment