မြန်မာ့ဆက်သွယ်ရေးဂြိုဟ်တု ၂ဝ၁၅ တွင် လွှတ်တင်ရန် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးနေ

ရန်ကုန်၊ မေ ၁၄
 ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရန်အတွက် တရုတ်၊ အီးယူတို့နှင့် စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
 ”လောလောဆယ် ဆွေးနွေး နေပါတယ်။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်လို့ထင်ရင် လွှတ်တင် မယ်။ အကျိုးမရှိဘူးထင်ရင် ငှားသုံး သွားမှာပါ”ဟု မြန်မာ့ဆက်သွယ်   ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပိုင်  ဆက်သွယ်ရေးဂြိုဟ်တုအား ၂ဝ၁၅ ခုနှစ်တွင် လွှတ်တင်သွားရန် စတင် အကောင်အ ထည်ဖော် ဆောင်ရွက် နေကြောင်း၊ ယင်းသို့ ဂြိုဟ်တု လွှတ်တင်ဖြစ်ပါက နိုင်ငံ၏ ဂုဏ် သိက္ခာတက်လာမည့်အပြင် ဝေးလံ သည့် ဒေသများကို အဆိုပါ ဂြိုဟ်တုမှ တစ်ဆင့်ဆက်သွယ်ပြော ဆိုနိုင်မည်ဖြစ်ကြောင်း ၄င်းကပြော သည်။”မြို့ကြီးတွေကတော့ ဖိုင်ဘာ ဆက်သွယ်မှုကိုပဲ အသုံးပြုသွားမှာ ပါ။ နယ်စွန်၊ နယ်ဖျားတွေ ပင်လယ် ထဲက ကျွန်းတွေအတွက်ပဲ ဂြိုဟ်တု ကို အသုံးပြုသွားမှာပါ”ဟု ၄င်းက ဆက်လက်ပြောသည်။ ပြည်တွင်း၌ ဖုန်းဆက်သွယ်မှု များအတွက် ဖိုင်ဘာကွန်ရက်ကို သာ အဓိ ကထား ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖိုင် ဘာဆက်သွယ်မှုဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း လာ မည့် နှစ်အတွင်း  နိုင်ငံတစ်နိုင်ငံလုံးနီးပါး ဖိုင်ဘာကွန်ရက်လွှမ်းခြုံနိုင်ရန် အတွက်လည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောသည်။လက်ရှိ တိုးချဲ့ဆောင်ရွက်နေ သည့် ဖိုင်ဘာဆက်ကြောင်းမှာ မန္တလေး-မုံရွာဆက်ကြောင်း၊ မုံရွာ- ရွှေဘိုဆက်ကြောင်းနှင့် ရွှေဘို- မြစ်ကြီးနားဆက်ကြောင်းတို့ဖြစ်ပြီး ၄င်းဆက်ေ ကြာင်းများပြီးစီးပါက လားရှိုး-မန္တလေးဆက်ကြောင်းကို ဆက်လက်ချိတ်ဆက်သွားမည်ဖြစ် ကြောင်း၊ ဖိုင်ဘာကေဘယ်လ်များ ဖောက်လုပ်ရာတွင်လည်းအချိန်နှင့်ငွေ   ကြေးများစွာ ကုန်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ သိရသည်။
အောင်ဇော် 
Popular Myanmar News Journal
မြန်မာ့ဆက်သွယ်ရေးဂြိုဟ်တု ၂ဝ၁၅ တွင် လွှတ်တင်ရန် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးနေ မြန်မာ့ဆက်သွယ်ရေးဂြိုဟ်တု ၂ဝ၁၅ တွင် လွှတ်တင်ရန် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးနေ Reviewed by သစ်ထူးလွင် on 12:02 Rating: 5

27 comments:

ngaba said...

တကယ့်တမ်းအမှန်အကန် ပြောရရင်..
သူတို့အိပ်ထဲ ပိုက်ဆံဝင်တဲ့ နည်းကိုပဲ အသုံးပြုမယ်။ ကျန်တာတွေက အပိုတွေ ပြောနေတာ။

linn said...

ဒီလို project မျိုးအတွက်ငွေကြေးသုံးဘို့ budget တင်တဲ့အခါ လွှတ်တော်အနေနဲ့ သေချာစီစစ်သင့်ပါတယ်။ လွှတ်တော်က budget ပေးမှ executive (၀န်ကြီးဌာနက သုံးခွင့်ရှိမှာပါ)။ ပြီးလွှတ်တော်က ခွင့်ပြုလို့ သုံးရင်တောင် ကုန်ကျစရိတ်က ကုန်သင့်တာထက်ကုန်နေရင် လွှတ်တော်က ရေးရာကော်မတီဖွဲ့စစ်တာ၊ လွှတ်တော်မှာ လာပြီး ၀န်ကြီးကိုခေါ်ရှင်းခိုင်းတာတွေ လုပ်လို့ရပါတယ်။ ၀န်ကြီးကို လွှတ်တော်က check and balance လုပ်တာပါ။ တစ်ခုပဲရှိတာက လွှတ်တော်ထဲမှာလည်း အမတ်အများစုက ကြံ့ဖွံ့က ၀န်ကြီးကလည်းကြံ့ဖွံ့ကဆိုတော့ ဒီ check and balance ရှိပါ့မလား၊ ရှိတောင် အားပျော့မလား ကြည့်ရပါမယ်။ ဒါကြောင့် အတိုက်အခံဆိုတာ လိုတာပါ။ အတိုက်အခံကောင်းမှာ အစိုးရကောင်းပါမယ်။ ဒါမှ စီးပွားရေးအရမကိုက်တဲ့ အလှအပ project နဲ့ ပြည်သူ့အတွက်အကျိုးမရှိပဲ ကန်ထရိုက်နဲ့ ကန်ထရိုက်ချပေးသူတွေသာ အကျိုးရှိပြီး နိုင်ငံ့ဘဏ္ဏာပြုန်းတီးစေမဲ့ project တွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ စေတနာအမှားများကိုလည်း ၀ိုင်းဆွေးနွေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

minsoeaung said...

very good .
ပြည်သူအကျိုးရှိတာတွေလုပ်ရင်ထောက်ခံတယ်ဗျို့။မြန်
မြန်လေး လုပ်ကြပါ။

KZLM said...

မြန်မာနိုင်ငံပိုင် ဂြိုလ်တုကိုယ်ပိုင်ရှိမှ နိုင်ငံ့အတွက် တကယ်ကိုအကျိုးကျေးဇူး
ရှိတာပေါ့ ... ခွေးမသား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကကောင်တွေရဲ့

Myat Min said...

သိဘူးလေ ... ဟုတ်ရင်လဲ ဟုတ်မှာပေါ့ ...

aristhteinwin said...

တရုပ် မပါ မလုပ်တတ်တော့ဘူးလား မသိဘူး။ တရုပ်ပစ္စည်းတွေက အရည်အသွေး မမှီတာတွေ များတယ်။ ဖြစ်နိုင်ရင် အီးယူနဲ့ ဘဲ လုပ်စေချင်ပါတယ်။

Unknown said...

အိမ်းဘယ်လိုလုပ်အင်ဂျင်နီယာချုပ်ဖြစ်လာသလဲမသိ၊ ခေတ်နဲ့ရင်ဘောင်တန်း
နေတဲ့အချိန်မှာရှေ့ကိုဒီလိုITနည်းပညာတွေနဲ့ဆက်သွယ်ရေးကရှေ့ဆုံးရောက်
လာမယ့်ဟာအကျိုးမရှိစရာကြောင်းကိုမရှိဘူး၊ ပြီးတော့ဆက်သွယ်ရေးအနေနဲ့
ဲဂြိုလ်တုတင်လို့အကျိုးယုတ်စရာအကြောင်းမရှိတာလူပြိန်းတောင်သိတယ်၊ ဘယ်
တော့မှချောချောမွေ့မွေ့နဲ့အဆင်ပြေတယ်မရှိဘူး၊ ပြောစရာဖြစ်အောင်ပြော၊
ပြောစရာဖြစ်အောင်နေ ပြီးတော့မှ Media တွေကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ထုံးစံပဲ။

Nay Nwaye said...

ဖွတ်...ရွတ်...ဖလွတ် ဆိုပြီး အိန္ဒိယသမုဒ္ဒရာ ထဲကြသွားပါအုံးမယ်။

Bryanbwa said...

ကမ္ဘာ မှာ တို့ မြန်မာနိုင်ငံကို ဘယ်နိုင်ငံကပဲ ခေါ်ခေါ် ဈေးအကြီးဆုံး ဖြစ်နေတာ ကို စဉ်းစားကြည့်ဖို့  လိုနေပါတယ်။
၁၀ ဒေါ်လာ နဲ့  တရုတ်ပြည်ကို မိနစ် 400 လောက်ရပေမဲ့ တို့ နိုင်ငံ ကြတော့ 28 မိနစ် 49 မိနစ်လောက်ပဲ ရ နေတယ်......

minnwe said...

အခုမှဂြိုဟ်တုလာလုပ်နေတယ်စားလု့်ဝမှအစတုံးကလည်းဘာလို့ မလုပ်တာလည်း

san san said...

မြန်မာအစိုးရ ဘာလုပ်လုပ်တရုတ်မပါလို့မရဘူးလား။တယုတ်ဆိုတာ ဘာလုပ်လုပ်သူအကျိုးမပါရင်လှည့်တောင်အီးမပေါက်တတ်တဲ့ကောင်တွေ။တရုတ်နဲ့ဝေးလေကောင်းလေ။ခုတောင်မြန်မာပြည်မှာယဉ်ကျေးမှု့တွေတရုတ်ဖျက်ဆီးနေပြီး။မြန်မာ့အရေး ရင်လေးသေး

သုတမောင် said...

ပြောတော့လည်းမင်းတို့ပါဘဲ

မောင်မောင် said...

တ၇ုတ်ကို ထည့်မတွေးစမ်ပါနဲ.

Anonymous said...

ကိုယ်တိုင်ပဲလွှတ်လွှတ် ငှါးပဲသုံးသုံး အကျိုးရှိတာချည်းပဲပေါ့ကွာ
မင်းတို့ပညာရှိတွေရှင်းမှပဲ ရှုပ်ကုန်တာ ဒီမယ် တယုတ်နဲ့ဆိုလို့ကတော့
ဘာတစ်ခုမှကို အားမပေးတာ တာဝန်ရှိလုပ်ပိုင်ခွင့်ရှိသူတွေနဲ့ လက်ဝါးရိုက် မစို့မပို့လဒ်ထိုးပြီး နောက်ဆုံး ပြည်သူတွေဆီက လှီးယူသွားတာ ငွေပေါင်းလည်းမနဲ နှစ်ပေါင်းလည်းမနဲ့ အဲဒီကောင်တွေ အလကားလုပ်ပေးတောင် မယူဘူးကွာ

Thurein said...

လွှတ်တာတော့ လွှတ်သင့်ပါတယ်။ နိုင်ငံအတွက်လည်း အများကြီး အကျိုးရှိစေမှာပါ။ ဒါပေမယ့် EU နဲ့ပဲ လွှတ်စေချင်ပါတယ်။ တရုတ်ပစ္စည်းကတော့ သိတဲ့အတိုင်းပဲ။

www.academicmedicines.blogspot.com

66koaungaungtun@gmail.com said...

တရုတ်ကြီးနဲ့ပေါင်းရင်တော့ပျက်စီးဘို့များပါတယ်(ဆသရ)ကြီးရယ်မင်းကိုကအမှတ်မရှိတာကွ၊သေမှမှတ်မဲ့ကောင်တွေပါလား

ရွှေမိုးကြီး said...

ဒီလိုဂျူိုတုလောက်တော့အသေးအမွှားပါတင်နိုင်ပါတယ်။တကယ်တော့ ဖိုင်ဘာကေဘယ်ဆက်ကြောင်းကုန်ကျတယ်ဆိုတာလဲမပြောပလောက်ပါဘူး
ဦးသန်းရွှေ၊ဒေါ်ကြိုင်ကြိုင်တို့သူတို့မြေးမုန့်ဖိုးပေးသလောက်တောင်မကုန်ကျ
ပါဘူး

maungmin said...

ကိုယ်ပိုင်ဂြိုလ်တုရှိရင်တော့အကောင်းဆုံးပေါ့ဗျာ...

Min Lu said...

တိုင်ထောင်တာတောင် ဖုန်းတန်ဖိုးက သိန်းနဲ့ချီပေးနေရတာ ဂြိုလ်တု ပါလွှတ်
ရင် ဖုန်းတစ်လုံးဘယ်လောက်တောင်ဖြစ်မှာလည်းမသိဘူး။ ၅၀၀၀ တန်ဖုန်းဆို
တာ ဒေါ်လာ လား၊ ကျပ်ငွေလား။

Unknown said...

ဆက်သွယ်ရေးကကောင်တွေအလားကောင်တွေ ကိုယ့်အတွက်မကျန်မလုပ်ဘူးဆိုတဲ့ကောင်းတွေကြည့်ပဲ
လစာစားပြီး နိုင်ငံတိုးတက်ဖို့တွေးတဲ့တောင် တကောင်တောင်ရှိမှာမဟုတ်ဘူး
ပြောလိုက်တော့ မိုးကြီးလေကြီး လုပ်လိုက်တော့ တခုမှ မဟုတ်ဘူး...........

forall said...

တယုတ် မပါရင် အလုပ်မဖြစ်ဘူးလားကွ.....တောက်....

Anonymous said...

မြန်မာနိုင်ငံပိုင် ဂြိုလ်တုကိုယ်ပိုင်ရှိမှ နိုင်ငံအတွက် တကယ်ကိုအကျိုးကျေးဇူး
ရှိပါတယ်၊ ဒါပေမဲ့ ဂြိုလ်တုတင်ဖို့ဆိုရင် မြန်မာ့ဆက်သွယ်ရေးက အောက်ခြေ၀န်ထမ်းတွေနဲ့ ဘယ်လိုမသက်ဆိုင်ပါဘူး၊ မဆဲဆိုသင့်ပါဘူး၊ ဒါဟာ နိုင်ငံတော်အကြီးအကဲတွေ နဲ့ဘဲဆိုင်တယ်၊ ကျွန်တော်ပြည်သူတွေ အနေနဲ့ ဂြိုလ်တုတင်ဖို့ ဘယ်လိုမြန်ဆန်အောင် ကူညီသင့်တယ်၊ ကျွန်တော်ပြည်သူတွေဘက်က ဘယ်လိုကူညီရရင်ကောင်းမလဲဆိုတာကို စဉ်းစားသင့်တယ်၊ ဒါပေမဲ့ ခင်ဗျားတို့က အကူအညီမရတဲ့ အပြင် ဘယ်လို လှောင်ပြောင်ရမလဲဆိုတာဘဲတွေးနေတယ်၊ ခင်ဗျားတို့အိမ်မှာကော ခင်ဗျားတို့ ဘယ်လောက် အရေးပါသလဲ၊ ခင်ဗျားတို့ အမိအဖတွေ့ကို လုပ်ကိုင်ကျွေးဖူးသလား၊ ဘာမှစောက်သုံးမကျဘဲနဲ့ သူများတွေကို ဝေဖန်မနေနဲ့၊

Unknown said...

ကောင်းပါတယ်။ဒါမှမျက်နှာပွင့်တာပေါ့ဒါမှမလုပ်နိုင်ရင်တော့သူများဆီမှာပဲတစ်သက်လုံးငှားသွားရမှာပေါ့။ဟုတ်ဘူးလား။အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သင့်ပါတယ်။

heaven born said...

အကျိုးမရှိဘူးဆိုတာ သူတို့လိုလူတွေအတွက် အကျိုးမရှိတာ၊ သူတို့ဗိုက်မဖောင်းကားမှာ ကိုပြောတာနေမှာပါ။

ကေါင်းကေါင်း said...

ကေါင်းပါတယ်. လုပ်သင့်တာနှစ်၂၀ကျော်လောက်နောက်တောင်ကျနေပြီ မြန်မြန်လုပ်ပါ. ဒါမေမဲ့. တရုတ်နဲ့တော့မလုပ်ပါနဲ အမှီးကျက်အမှီးစားဂေါင်းကျက်ဂေါင်းစား. စိတ်ဓါတ်အောက်တန်းကျတဲ့တရုတ်နဲ့မပတ်သက်ပါနဲ့အမေရိကန်. နာစာနဲ့ဆောင်ရွက်ပါ

Myo Thaw said...

အထွေထူးတော့ သိပ့်ပြီးတော့ မပြောလိုပါ .... ကိုယ်ပိုင်ဂြိုလ်တု တင်ဖိုးအတွက် ကြိုဆိုပါတယ် .... ဒါပေမဲ့ ... ကိုယ်ပိုင်ဂြိုလ်တုမရှိဘဲ နဲ့ နိုင်ငံအတွင်ဆက်သွယ်ရေးတွေကောင်းလာအောင် လုပ်လို့မရဘူးလား ... ဘာလို့လဲ ဆိုတော့ တချို့နိုင်ငံတွေမှာ ကိုယ်ပိုဂြိုလ်တုမရှိဘဲ နဲ့ ဆက်သွယ်မှုတွေကောင်းလွန်းနေတာတွေ့ရတယ် .. အခုလိုအခြေအနေမျိုးမှာ ခဏရပ်ဆိုင်းပြီး နိုင်ငံအတွက်အဓိက လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားနိုင်ရင်မကောင်းဘူးလား ...

MT said...

မြန်မာနိုင်ငံ မတိုးတက်သေးတာအဲဒါတွေလဲပါတာပဲ တစ်ခုခုဆိုပက်ရမ်းဖို့လောက်နဲ့ အကောင်းဘက်ကမမြင်တတ်တာတွေပဲ မင်းတို့မိဘတွေထဲမှာ ၀န်ထမ်းမပါရင်တောင် မင်းတို့အမျိုးတွေထဲမှာတော့ ၀န်ထမ်းဆိုတာပါမှာပဲ အောက်က၀န်ထမ်းဆိုတာ ဘာမှရတာမဟုတ်ဘူး သူတို့လုပ်ချင်တိုင်းလဲလုပ်မရဘူး အဓိကကအထက်လူတွေလုပ်မှပဲရတာ မြန်မာနိုင်ငံဆိုတာဆင်းရဲတဲ့နိုင်ငံထဲပါတာပဲ ချက်ချင်းတော့ ၀ုန်းဒိုင်းဆို မတိုးတက်နိုင်သေးဘူး ဖြေးဖြေးချင်းပဲတိုးတက်အောင်လုပ်ယူလို့ပဲရမှာ..မင်းတို့က သူများဟောင်ရင်လိုက်ဟောင်နေကြတာ ဘာမှနားမလည်ဘူး...

Powered by Blogger.