မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်မှာ ဗုံးတစ်လုံးပေါက်ကွဲ

ဓါတ်ပုံ-Eleven Media Group
မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် ပြည်ထောင်စုလမ်းမကြီး အလယ်ကျွန်းပေါ်၌ ယနေ့နံနက် ၆ နာရီ ၁၀ မိနစ်အချိန်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။ အဆိုပါဗုံးမှာ သံဖြတ်စများထည့်၍ ခွဲခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

 ၆ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် အဆိုပါနေရာနှင့် ၁၀ ပေခန့်အကွာ ကုက္ကိုပင်အောက်မြှုပ်ထားသော မပေါက်ကွဲသေးသည့်ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့ရာ မိုင်းရှင်းအဖွဲ့မှ အသက်မဲ့အောင်ပြုလုပ်နိုင်ခဲ့ကြောင်း Eleven Media Group Facebook စာမျက်နှာမှာဖော်ပြထားပါသည်။
မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်မှာ ဗုံးတစ်လုံးပေါက်ကွဲ မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်မှာ ဗုံးတစ်လုံးပေါက်ကွဲ Reviewed by သစ်ထူးလွင် on 12:07 Rating: 5

12 comments:

nay lamin said...

သံဖြတ်စတွေ ထည့်ပြီးခွဲတယ်ဆိုတော့ ထိခိုက်မိရင် ဘယ်လိုပုံစံမျိုး ဖြစ်နိုင်ပါသလဲ။

ချစ်ဖူး said...

ဗုံးတွေလည်း တစ်လုံးပြီးတစ်လုံး ပေါက်ပေမဲ့ တရားခံမပေါ်ဘူး

anawmar said...

ယမ်းပေါက်ကွဲတဲ့အရှိန်နဲ့ သံစတွေ ပတ်ပတ်လည်လွင့်စင်ထွက်ပြီး ပတ်ဝန်းကျင်မှာရှိတဲ့လူ တွေ မှန်အောင်လုပ်တာပေါ့။ လမ်းပေါ်မှာဆိုတော့ ပြည်သူတွေသာ ထိခိုက်မှာမို့ သတ္တိမရှိ တဲ့လူယုတ်မာတွေရဲ့လုပ်ရပ်ပါ။ စစ်ဆိုတာ ရန်ဖြစ်တာပဲလေ။ ကိုယ့်ရန်သူကိုတိုက်ချင် တိုက်ပေါ့။ ကုလားမနိုင် ရခိုင်မဲ ဆိုသလို မဆိုင်တဲ့ဘေးလူ ပြည်သူကိုမဲတာတော့ လက်ခံလို့ မရတဲ့အဖြစ်ပဲ။ လူလူချင်းသတ်တဲ့လက်နက်တွေ မရှိခဲ့ရင်သိပ်ကောင်းမှာပဲ။ မနေနိုင်လို့ ဖြစ်ရင်တောင် လက်သီးချင်းထိုး ပါးရိုက်ကြရုံပဲ။

Unknown said...

အလိုလိုနဲ့မြို.ထဲထိရောက်လာတော့မှာ! :(

naythuya said...

ဗုံးခွဲတဲ့ ငမိုက်သားတွေ ခွဲချင်ရင် တရုတ်ကိုသွယ်ထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်း
တွေ တရုတ်နဲ့ စက်စပ်တဲ့ လမ်းကြောင်းတွေကိုခွဲရမှ အပြစ်မဲ့တဲ့ ပြည်သူတွေ
ထိခိုက်စေမယ့်နေရာမျိုးတွေမှာ လျှောက်ခွဲတာတော့ တော်တော်အရှက်တရား
မဲ့ အသိတရားမဲ့တဲ့ကောင်တွေလို့ပဲပြောလိုက်မယ်...

zaw said...

ပြည်သူတွေရဲ့မျက်နှာကို အမှန်တစ်ကယ်ထောက်ထားရင် ဒီလုပ်ရပ်မျိုး မလုပ်သင့်တဲ့ အလုပ်ပါ။

zaw said...

ဒီလုပ်ရပ်က မဆိုင်တဲ့သူတွေကို ဒုက္ခ ရောက်စေပါတယ်။
ပြည်သူတွေဘဲ ဒုက္ခရောက်ပါတယ်။
မဖြစ်သင့်ပါဘူး။

zaw said...

မေ ၂၇ ရက်
မိုးညှင်းဘူတာနဲ့ နမ္မားဘူတာကြားက လက်ပံတန်းရွာအနီးက ရထားလမ်းတံတားတွင် ည ၁၂ နာရီ လောက်တုန်းက မိုင်းပေါက်ကွဲခဲ့ကြောင်းကြားရပါတယ်။စိတ်မကောင်းဘူးဗျာ။ ဒုက္ခရောက်ကြရတဲ့ ခရီးသည်တွေကိုမြင်ယောင်မိတယ်။

zaw said...

ပြည်သူ့ဘဏ္ဍာတွေနှမြောတယ်ဗျာ။ မိုင်းပေါက်ကွဲမှုကြောင့် တံတားမှာ ပျက်စီး သွားခဲ့ပြီး သံလမ်းလဲ ပျက်စီးသွားပြီး ဇလီဖားတုံး တွေလဲပျက်စီးသွားတယ်တဲ့။

zaw said...

ပြည်သူတွေက ဒုက္ခ မျိုးစုံခံစားနေရပါတယ်။ ကချင်ပြည်သူတွေ ကောင်းစားရေးဆိုပြီးတော့ စစ်ရေးပစ်မှတ်နဲ့မဆိုင်တဲ့ အများပြည်သူသုံးနေတဲ့ ရထားလမ်းနှင့်တံတား၊ တာဝါတိုင်တွေကို ဖျက်ဆီးနေမှု၊ ရွာသားတွေသွားတဲ့လမ်းမှာ မိုင်းထောင် ထောင်ထားမှုတွေကြောင့် ကချင်ပြည်သူတွေက သောင်းကျန်းသူအဖွဲ့အပေါ် မုန်းတီးမှုတွေ တစ်စထက်တစ်စ ကြီးထွားလာနေပြီ။ သဘောပေါက်။

zaw said...

ရထားလမ်း၊ ကားလမ်း တံတားတွေ၊တာဝါတိုင်ကို ဖောက်ခွဲမှုကြောင့် ခရီးသွားတွေဒုက္ခရောက်၊ ပြည်သူတွေမီးမရနဲ့ ကုန်သည်တွေ နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်နေပြီ။ကုန်စည် စီးဆင်းမှု မှာမြန်ဆန်မှုမရှိဘဲ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေရပြီ။ ဝေဖန်ရေးသမားတွေ ဘာလို့ ငြိမ်နေကြတာလဲ။

zaw said...

ပြည်သူတွေရဲ့မျက်နှာကို အမှန်တစ်ကယ်ထောက်ထားရင် ဒီလိုဖေါက်ခွဲဖျက်ဆီးတာ မလုပ်သင့်တဲ့ အလုပ်ပါ။

Powered by Blogger.