ကချင်ပြည်နယ်ရှိ ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီများ အားလုံး ကျောက်စိမ်း ထုတ်ယူမှုကို ယာယီ ရပ်နားထားကြောင်း ကျောက်စိမ်း တူးဖော်ရေး စခန်းရုံး (လုံခင်) ထံမှ သိရသည်။
“ဒီလကုန် နောက်ဆုံးထားပြီး အကုန် သိမ်းဆည်းထားဖို့ ပါပါတယ်” ဟု ယင်းရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
ဖားကန့် အခြေစိုက် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီများသည် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲများ စတင်ပြီးနောက် လုပ်ငန်းခွင် လည်ပတ်မှု အပြည့်အဝ မရရှိသေးသည့် လက်ရှိ ကုမ္ပဏီသက်တမ်း သုံးနှစ်ကို ထပ်မံ တိုးမြှင့်ပေးရန် မျှော်လင့်နေချိန်တွင် လုပ်ငန်းခွင် ရပ်နားရန် ညွှန်ကြားလာကြောင်း ဖာကန့် မှော်စီစာ အခြေစိုက် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ဖားကန့်မှာ ကုမ္ပဏီတွေ အကုန် သိမ်းနေကြပြီ။ အရင်တစ်ခါလို ရုတ်ရုတ်သဲသဲ ဖြစ်နေကြပြီ” ဟု လုံးခင် ကျေးရွာမှ ကျောက်စိမ်းများကို ဝယ်ရောင်းနေသူ တစ်ဦးက ဆိုသည်။
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းကလည်း တိုက်ပွဲများကြောင့် ကျောက်မျက် တူးဖော်ရေး လုပ်ငန်းခွင်များ ရပ်နားခဲ့ရပြီး ဆက်သွယ်မှု လမ်းကြောင်းများ ဖြတ်တောက် လိုက်သဖြင့် အခြေခံ အလုပ်သမားများ ဖားကန့်မြို့ မှ နေ့စဉ် သောင်းချီ စွန့်ခွာခဲ့သည်။ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလတွင် ဖားကန့် မြို့ နယ်အတွင်း ရာချီရှိနေသော ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီများကို ကချင် လွတ်လပ်ရေး အဖွဲ့က နှစ်စဉ်ကြေး အခွန်အဖြစ် သိန်းပေါင်း ထောက်ချီကာ ကောက်ခံသည့်အပြင် ကျောက်စိမ်းဝယ်ရောင်း လုပ်ငန်းရှင်များမှ အစပြုကာ လမ်းဘေး ဈေးသည်အထိ အခွန်ကောက်ခံကြောင်း ဒေသခံများက တညီတညွှတ်တည်း ပြောကြားသည်။
“KIA က အခွန်ကောက်ထားတဲ့ ပိုက်ဆံတွေ အုတ်တံတိုင်းလိုပဲ စီထားတယ်။ တော်တော် များတယ်။ ကားတစ်စီးနဲ့ တင်တာတောင် မရဘူး” ဟု ၂၀၁၁ နှစ်ကုန်ပိုင်းက အခွန်ကောက်ခံမှု ရရှိခဲ့သည့် ငွေကို မြင်တွေ့ခဲ့ရသော အသက် ၃၆ နှစ်အရွယ် ယာဉ်မောင်း တစ်ဦးက ပြောဆိုသည်။
တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားမှုများမှာလည်း လာမည့် ဇွန်လဆန်းတွင် တစ်နှစ်ပြည့် တော့မည် ဖြစ်သည်။
The Voice Weekly
--------------------------------------------------------------------------------------------
Myanmar News Now မှ ဖော်ပြခဲ့ပြီးတဲ့ ဖားကန့် ဒေသမှာ KIA ဆက်ကြေးကောက်နေတဲ့ သတင်းကို
အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ကချင်ပြည်နယ် ဖားကန့် ဒေသရှိ ကျောက်မျက်ကုမ္ပဏီများကို KIA တပ်ရင်း(၆)ကနေ
မေလ(၁)ရက်နေ့ ၂၀၁၂ မှစပြီ ဆက်ကြေးတောင်းခံတဲ့ စာများပေးပို့ ထားကြောင်းသိရပါတယ်။
KIA မှ တောင်းခံထားတဲ့ ဆက်ကြေးနှုန်းထားများမှာ --
၁။ ၆ ဘီး - ငါးရံခေါင်း(ဒမ်ထရပ်) = 1,500,000
၂။ ၁၀ ဘီးကား = 800,000
၃။ ၁၂ ဘီးကား = 1,000,000
၎။ Back Hole အား ၂၀၀ နှင့် ၃၀၀ ကြား = 1,000,000
၅။ Back Hole အား ၃၀၀ နှင့် ၅၀၀ ကြား = 1,000,000
၆။ Back Hole အား ၅၀၀ အထက် = 2,000,000
၇။ ကျင်းသား (တစ်ယောက်) = 2000
၈။ ကျောက်စိမ်းလုပ်ကွက် အခွန် = 5,000,000
၉။ ယူဒါ+Dozer = 200,000
၁၀။ ပါဂျဲရို+ဖိုးဝှီး+ထပ်ကား = 300,000
၁၁။ လုပ်ပိုင်ခွင့် = 3,000,000
စတဲ့ နှုန်းထားများသတ်တောင်းခံထားတာဖြစ်ပါတယ်။
အစိုးရနဲ့ KIA ငြိမ်းချမ်းရေးမလုပ်ခင်တုန်းကလည်း ဖားကန့် ဒေသရှိ စီးပွါးရေးလုပ်ငန်း
အားလုံးကနေ KIA က ဆက်ကြေးကောက်ခံခဲ့ဖူးပါတယ်။ အခုအစိုးရနဲ့ ငြိမ်းရေးပျက်ပျယ်
သွားပြီး တိုက်ပွဲပြန်ဖြစ်ပွါးလာချိန်မှာ KIA က ဆက်ကြေးပြန်ကောက်လာတာဖြစ်ပါတယ်။
ကျောက်မျက်လုပ်ငန်းတွေအပြင် လောင်းကစားဝိုင်းများနဲ့ တခြားစီးပွါးရေးလုပ်ငန်း
များကိုလည်း ဆက်ကြေးတောင်ခံစာပို့ ထားကြောင်း ဖားကန့် ဒေသခံတွေဆီကနေ
Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။

ကျောက်မျက်ကုမ္ပဏီတွေကို KIA မှာ ပေးပို့ ထားတဲ့ ဆက်ကြေးနှုန်းထားများဖြစ်ပါတယ်။ |
ကျောက်စိမ်း တူးဖော်ခြင်း ယာယီ ရပ်နားရန် ညွှန်ကြား
Reviewed by သစ်ထူးလွင်
on
06:34
Rating:
14 comments:
နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးဆိုတာ တကယ်လိုချင်ကြတာမဟုတ်ဘူး
အလကားဟန်ပြလုပ်နေကြတာ တိုင်းပြည်ကရှိရှိသမျှ သယံဇာတွေကို
လက်နက်အားကိုးနဲ့ အကုန်ရောင်းစား အဲဒီကရတဲ့ပိုက်ဆံနဲ့
သူနိုင်ကိုယ်နိုင်ဗိုလ်ကျဖို့ အာဏာထွားဖို့ အချင်းချင်း သတ်ဖြတ်နေကြ အထက်ပိုင်းလူတွေက ရတဲ့ပိုက်ဆံတွေနဲ့ ကိုယ်ကျိုးရှာသုံးဖြုန်း
နောက်ဆုံးခံရတာက ဒေသခံပြည်သူတွေပဲ
အစိုးရ အနေနဲ့  KIA ကို လိုက်နာရမယ် အချက်တွေ ပေးပြီး ညှိနှိုင်းပေါ့ မလိုက်နာရင် အပြုတ်တိုက်ပြစ်လေ မွေးပြီး စစ်ရေးလေ့ကျင့်သလို လုပ်နေတော့ ကြားက ပြည်သူတွေ ဒုက္ခရောက်နေကြရတာပေါ့။ တရုတ်ကလဲ KIA ကိုမွေးပြီး သူတို့ နယ်စပ်ကို ကာထားတယ်နဲ့ တူတယ်။
၁၉၉၁ ၀န်းကျင်လောက်က ဖားကန့်ဘက်ကို ရောက်ဖူးတယ်။ အဲဒီတုန်းက
ကျင်းပိုင်နဲ့တော(တောခိုတဲ့သူတွေကိုခေါ်တဲ့အခေါ်)၊တောနဲ့စစ်အစိုးရ ရေရှည်
စားလို့ရအောင် ဟထားသလိုပဲ။ ပင်းစားနေကြတာ။ ကျုပ်ကကျင်းသားဗျ။
တကယ်တန်းခံရတာကတော့ ကျင်းသား/အလုပ်သမား/မရှိဆင်းရဲသား
လူတန်းစားတွေပေါ့ဗျာ။ အဲဒီတုန်းကလက်တွေ့ပါ။ အကုန်ကြောက်ရတာ။
လူသတ်မှု/လူသေမှုကလည်း ပေါမှပေါပဲ။ အခုတော့မပြောတတ်ဘူး။
ကျီးလန့်စာစားပေါ့ဗျာ။ ဘာရလို့လည်းဆိုတော့ ဘာမှလည်းမရဘူး။
အဲ...ပဲပြုတ်နဲ့ထမင်းဆားနယ်စားရတာကလွဲရင်ပေါ့။ ၈၈ အရေးအခင်းအပြီး
သုံးလေးနှစ်လောက်အကြာဆိုတော့ အလုပ်ကမယ်မယ်ရရမရှိဘူးဗျ။
အရွယ်ကလည်း ၂၀-ကျော်ဆိုတော့ အင်မတန်တက်ကြွတုန်းလို့ဆိုရမှာပေါ့။
ကျောင်းတက်ဖို့စရိတ်ရှာဆိုပြီး သွားခဲ့တာ ၆-လကြာတယ်။စရိတ်တော့မရဘူး
(အိမ်ပြန်စရိတ်တောင်မရတဲ့အခြေအနေပါ။)ငှက်မိပြီးပြန်ခဲ့ရတာ
မသေလို့ကံကောင်းပဲ။ ကြာတော့ကြာခဲ့ပြီလေ။ နောက်အခြေအနေပေးရင်
အဲဒီအကြောင်း သိ/တတ်သလောက်ရေးဦးမှပဲ။
မူဆယ် လားရိုး ကားလမ်းလဲ ပိတ်ပီ
ဟုတ်တယ် မိတ်ဆွေဆို လက်တွဲလိုက် ရန်သူဆို အပြတ်ရှင်းလိုက် ရိုးရိုးလေးပဲကောင်းပါတယ် လက်နက်ကိုင်ထားရင်ချော့ပေါင်းပြီး အားနည်းသူဆို ဖိထောင်းတာမျိုးတော့ မလုပ်ပါနဲ့တော့ ဗျ
စစ်ရေးကိုစစ်ရေးနည်းနဲ့ဖြေရှင်းလို့ရတာမှန်ပေမယ့်နိုင်ငံရေးနဲ့အများကြီးဆက်နွယ်နေတဲ့အတွက်ကိုယ့်ထက်ခေါင်းကြီးတဲ့တာဝန်ရှိသူတွေဆုံးဖြတ်ပါလိုက်မယ်။နိုင်ငံတကာကတိုက်ဖို့/မတိုက်ဖို့မျက်ကွယ်ပြုချိန်မှာဒါတွေဆုံးခန်းတိုင်သွားပါလိုက်မယ်...(တိုင်းရင်းသားတိုင်းရဲ့သာတူညီမျှမှုမရှိ၊ လူ့အခွင့်အရေးချိုးဖောက်ကာအစုလိုက်အပြုံလိုက်သတ်တယ်ဆိုခဲ့ရင်..ဘယ်လိုဖြေကြမှာလဲ...တစ်နှစ်သားဒီမိုကရေစီအစိုးရဆိုပြီးနိုင်ငံတကာကစောင့်ကြည့်နေတာမဟုတ်လား)
မှန်ပါတယ်ဆပ်ကြေးတောင်းတယ်ဆိုတာ။ဒီကောင်တွေတော်တော်လွန်ပါတယ်။ကျွန်တော့်အသိကဖားကန့်မှာလက်ဖက်ရည်ဆိုင်ထိုင်ရင်းငွေသိန်းသုံးလေးဆယ်တန်လေးတွေဝယ်နေတာကိုလက်ဖက်ရည်ဆိုင်ထဲထိကိုလိုက်တောင်းတာကေအိုင်အေက။သူတောင်းစားတွေပါပဲရှင်းရှင်းလေးပြောရရင်။ရဲတို့၊စစ်တပ်တို့ကလဲသူတို့အခြေအနေကိုစောင့်ကြည့်နေတာ။ဒါပေမယ့်ဒီကောင်တွေကဘယ်ကောင့်မှကိုဆောက်ဂရုမစိုက်တာ။ဖြစ်နိုင်ရင် ကေအိုင်အေကိုအပြုတ်ကိုတိုက်စေချင်တာ။ကျွန်တော်လဲကျောက်ဝယ်ေ၇ာင်းလုပ်နေတာပါပဲ။ဆပ်ကြေးတောင်းလို့ ပြန်ဆင်းလာခဲ့ရတယ်။ကေအိုင်အေကဘယ်လိုခြိမ်းခြောက်သလဲဆိုရင်အလှူငွေထဲ့ပါ။မထဲ့ပါကအိမ်အပြန်လက်ဆာင်ကိုကောင်းကောင်းပေးလိုက်မယ်လို့ပြောပါတယ်။ဖားကန့်မှာရှိတဲ့ရဲတို့၊စစ်တပ်တို့ကဒါမျိုးမတောင်းဘူး။ကျွန်တော်ဘယ်သူ့ဘက်ကမှလိုက်ပြောတာမဟုတ်ဘူး။မှန်တဲ့ဘက်ကလိုက်ပြောတာ။ကျောက်စိမ်းလောကမှာကချင်ပြည်နယ်ကထွက်တဲ့ကျောက်စိမ်းတွေဟာဒုတိယထိပ်တန်းပဲ။ဒါကြောင့်ကချင်တွေဟာဒီဂွင်ကိုချောင်းနေတာ။အရမ်းလဲဆိုးပါတယ်။စစ်တပ်များ။အာဏာပိုင်များအမြန်ဆုံးတိုက်ကြပါ။အပြုတ်တိုက်ကျပါလို့တောင်းဆိုပါရစေ။ဒါမှအလုပ်လုပ်လို့ကောင်းမှာ။ထောက်ခံပါတယ်။
ကိုယ်ကျိုးအတွက်မဟုတ်ပဲ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် တကယ်တိုက်ပွဲဝင်တာမှန်ရင် လက်ရှိထွက်ပြေးနေကြရတဲ့ ကိုယ်ဒေသခံပြည်သူတွေရဲ့ ဒုက္ခကိုမမြင်သေးတာ တ်ာတော်ဆိုးတာပဲ...
နှစ်ဖက်လုံး တကိုယ်ကောင်းစိတ်တွေဖျောက်နိုင်မှ ငြိမ်းချမ်းတဲ့ ကာလတခု
အမြန်ရောက်မှာ...
အစိုးရစစ်တပ်ဘက်ကလည်း တိုက်တယ်.. ကေအိုင်အေ က အလုပ်ကို လက်ကြောတင်းအောင်းမလုပ်ဘဲ သူများရှာတဲ့ပိုက်ဆံကို အလကားလိုချင်တယ်. ကေအိုင်အေက တကယ်အလုပ်လုပ်ချင်ရင် ပိုက်ဆံရှာချင်ရင် သူတို့တွေ စခန်းချတဲ့နေရာတွေမှာ ကျောက်စိမ်းကြောတွေ ရွှေကြောတွေမှ အများကြီး..အခုတော့ အလုပ်လည်းမလုပ်ချင်ဘူး..နိုင်ငံရေးခံယူချက်ကလည်း ဟုတ်တိပတ်တိရှိတာမဟုတ်ဘူး..လူမျိုးရေးကောင်းစားဖို့လည်းမဟုတ်ဘူး..အစိုးရနဲ့မပြေလည်တာကို ဗန်းပြပြီး လူသတ် ဆက်ကြေးတောင်း ခေတ်သစ် ကွန်မြူနစ်လုပ်ချင်နေတယ်.ခံယူချက်မရှိတဲ့အကောင်တွေ.သူများရှာတဲ့ပိုက်ဆံကို မတရားလိုချင်နေတယ်...စစ်တပ်က တိုက်ရင်လည်း မြန်မြန်တိုက် အမြစ်ပြတ်ချေမှုန်း...ဒါမှ ပြည်သူတွေလည်း ကောင်းကောင်းမွန်မွန်လုပ်ကိုင်စားလို့ရမှာ .ဖားကန့်ဒေသကို မှီပြီးလုပ်ကိုင်စားသောက်နေတဲ့ တိုင်းရင်းသား မြန်မာလူမျိုးတွေ ၀မ်းရေးအတွက် စိုးရိမ်နေရပြီ..စစ်တပ်ကလည်းတိုက်တာတော့တိုက်..အပြစ်မဲ့ ကလေး လူတွေကိုတော့ မသတ်နဲ့ပေါ့.မြန်မြန် ညှိစရာရှိလည်း ညှိကြ..
နောက်ဆုံး အဲဒီ ကေအိုက်အေဆိုတဲ့ကောင်တွေကို မှတ်ချက်ပေးလိုက်မယ်
ေ.ာက်ပျင်တွေ..ငဒူတွေ..လက်ကြောမတင်းတဲ့ကောင်တွေ..လက်နက်အားကိုးပြီး ပြည်သူတွေကို နှိပ်စက်တဲ့ကောင်တွေ..နိုင်ငံရေးခံယူချက်မရှိတဲ့ကောင်တွေ..သုံးစားမရတဲ့ကောင်တွေ...ဒါဘဲ
မြန်မာ့တပ်မတော်က အထူးတိုက်ခိုက်ရေး ကွန်မန်ဒိုတပ်ဖွဲ့ တွေနဲ့ KIA တွေကို အပြတ်တိုက်သင့်နေပါပြီဗျာ။ ရှေ့ တန်းရောက် မြန်မာ့တပ်မတော်သားများကိုလည်း နောက်ကနေ လိုလေသေးမရှိ ပံ့ပိုးကူညီပေးပါခင်ဗျား။
KIAဟာတရုတ်ဝမ်းသာအောင်လုပ်နေတယ်။တရုတ်မြောက်ပေးတိုင်းလျှောက်လုပ်နေတယ်။ဘယ်မလဲကချင်ပြည်သူကိုချစ်တာ။သူတို့ကြတော့တရုတ်ပြည်မှာဇိမ်ကြနေတယ်။တကိုယ်ကောင်းအတ္တသမားKIA
ကျောက်စိမ်းကြောင့်ကချင်ပြည်နယ်ကြီးဘာတွေတိုးတက်လာလို့လဲ ကျောက်တူးတဲ့ကုမ္မဏီထဲမှာ ကချင်ပိုင် ဘယ်နှခုပါလို့လဲ ကိုယ့်ပြည်နယ်ကထွက်တဲ့ကျောက်ကိုကချင်ပြည်နယ်မှာ မသွေးနိုင်ပဲ ဘာမှမဆိုင်တဲ့ မန်းလေးကို ဆင်းသွေးရတာ ၂၀၁၂ ခုနှစ်ထိ ပျက်ဆီးသွားတဲ့ သဘာဝပတ်ဝန်းကျင် ကိုဘဒူက ပြန်လျော်ပေးမှာလဲ ဒါနဲ့များကေအိုင်အေ အခွန်ကောက်တာကို အရိုးများသလေးချီးခါးသလေး လုပ်ကြတယ် ခင်ဗျားကို ရန်ကုန်မန်းလေးမှာ အခွန်ဆင်းကောက်နေလို့လား သူများနေရာကို လာပြီးဂုတ်သွေးစုပ် တန်ရာတန်ကြေးမပေးချင် အောက်ကြေးနဲ့နှိုက်ချင်တဲ့ကောင်တွေကို သိန်းကိုသိန်းနဲ့ချီပြေီးကောက်သင့်တာ ရသွားတာဒေါ်လာသန်ရာချီပြီးရနေတာ ကိုတော့ထဲရေးပါအုံး....ကျောက်စိမ်းကြောင့် ရတဲ့ပိုင်ဆံတွေကော....ဘယ်ရောက်ကုန်တာလဲ...
ပိုက်ဆံမပေးရင်အိမ်ပြန်လက်ဆောင်ပေးမယ်ဆိုတဲစကားကတော့လွန်ပါတယ်ကျေက်စိမ်းကသူတို့ဆီမှာထွက်တာမှန်ပေမယ့်လွယ်လွယ်ကူကူရတာမဟုတ်ပါဘူးသူတို့အရည်ချင်းရှိရင်တူးလေရသင့်သလောက်ရနေတာကိုတရုတ်စုတ်မြှေက်ပေးတိုင်းလုပ်နေတာ
မိန်းမတွေကိုအလုပ်ခိုင်းသူတိုကျတော့ဘိန်းရှုကျေက်စိမ်းမင်းတို့ဆီကထွက်တယ်ဆိုရင်အလုပ်လုပ်ကျပါလားလက်ကျောမတင်းတဲ့ကောင်တွေ
Post a Comment