ထာဝရ ငြိမ်းချမ်းရေး ၆၇

လူငယ်တွေနဲ့ ဖွဲ့ စည်းထားတဲ့ (GW)ခေါ် မျိုးဆက်သစ်လူငယ်အဖွဲ့ က တိုင်းရင်သားတွေ အချင်းချင်းကြားဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဌိပက္ခရပ်ဆိုင်းပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ‘ထာဝရ ငြိမ်းချမ်းရေး ၆၇ ’ ဆိုတဲ့ လှုပ်ရှားမှုကို ဒီကနေ့ စတင်လိုက်တာပါတယ်။

ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်ရဲ့ သိရိခန်းမမှာ ဒီကနေ့ ဖွင့်ပွဲ အခန်းအနားပြုလုပ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ထိုးလှုပ်ရှားမှုတွေ ပြုလုပ်သွား မှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည်မွေးနေ့ကို၇ည်ညွန်းပြီး လက်မှတ် ပေါင်း 676767 ခြောက်သိန်းခုသောင်းခြောက်ထောင်ခုနှစ်ရာခြောက်ဆယ်ခုနှစ်အထိ ရရှိအောင်စုဆောင်းမှာဖြစ်ပြီး ရရှိလာတဲ့ လက်မှတ်တွေကို ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒ်ါအောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည်မွေးနေ့မှာ ပေးအပ်မှာဖြစ်သလို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တိုင်းရင်း သားခေါင်းဆောင်တွေဆီကို ပေးပို့သွားမယ်လို့ သိရပါတယ်။


 အဆိုပါ အခန်းအနားကို ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင် ၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင် ၊ မမီးမီးတို့လည်း တတ်ရောက်ကြတယ်။NLD လွတ်တော်အမတ်ထဲကဆို ကိုဖြိုးဇေယျာသော် လည်းတတ်ရောက်ပါတယ်။ လူမှုရေးအသင်းတွေက ဒေါ်သန်းမြင့်အောင်တို့ ကိုဆောင်ဦးလှိုင်တို့လည်း တတ်ရောက်ကြတယ်။ ကိုရဲလွင် တို့အဖွဲ့ကလည်း ငြိမ်းချမ်းရေးသီးချင်းတွေနဲ့ ဧည့်ခံဖျော်ဖြေပေးသွားကြပြီး တတ်ရောက်လာတဲ့ ပရိတ်သတ်ကတော့ (၂၀၀)နှစ်ရာကျော်လောက်ရှိတယ်လို့ သိရပါတယ်။
Myanmar News Now

ဓါတ်ပုံများကို မေမေ့သား လင်းဆက် မှာ ရိုက်ကူးပေးပို့ ထားတာပါ။














ထာဝရ ငြိမ်းချမ်းရေး ၆၇ ထာဝရ ငြိမ်းချမ်းရေး ၆၇ Reviewed by သစ်ထူးလွင် on 22:28 Rating: 5

9 comments:

jake taw said...

လက်မှတ်ထိုးပေးချင်ပါတယ်ဘယ်လို ဆက်သွယ်ပြီးထိုးပေးရမလဲ ဆိုတာပြောပြပေးပါ

moethout said...

မွေးနေ့အတွက်လူအယောက်ခြောက်သိန်းကျော်ကိုလက်မှတ်လိုက်ထိုးခိုင်းပြီးအဲလက်မှတ်ထိုးထားတဲ့စာ၇ွက်ကိုမွေးနေ့မှာပေးမယ်တဲ့လား။ဒီလိုမွေးနေ့လက်ဆောင်မကြားဘူးသေးဘူ။ကိုယ်ကတောကျတာလဲပါမယ်ထင်တာဘဲ။

skyworld said...

ဟုတ်ပါတယ် ကျနော်က တာမွေမှာပါ ။ ဘယ်မှာ လက်မှတ်ထိုးလို့ ရလဲ
ကျနော်ထိုးပေးချင်ပါတယ် ။ တိုက်ဆိုင်တာတစ်ခုက ကျနော်က 67 ဘွန်းပါ။
ခင်ဗျားတို့ ပြုလုပ်တဲ့  ထာဝရငြိမ်းချမ်6း7 ကိုကြိုဆိုတယ် ထောက်ခံတယ်။
အမေစုကိုလက်ဆောင်ပေးတဲ့ အထဲမှာလဲ ပါချင်တယ် ၊ကျနော့မွေးနေ့ 
အတွက်လဲ အမှတ်တရပေါ့။ငြိမ်းချမ်းရေးကို ဦးတည်ထားတဲ့ အတွက် ပိုလို့ 
စိတ်ဝင်စားပါတယ်။

ကိုမြိတ်မောင် said...

အမေ့အတွက်အမှတ်တရ လက်မှတ်ထိုးချင်တယ် ဘယ်လိုဆက်သွယ်ရမလဲ အကြောင်းပြန်ပေးပါ (သစ်ထူးလွင်ကနေတဆင့်ပေါ့)၊ ငြိမ်ချမ်းရေးကိုဦးတည်ချက်ထားတာအရမ်းကောင်းပါတယ်။

Nay Nwaye said...

ကြိုဆိုပါတယ်..ထောက်ခံပါတယ်..အခြေနေပေးရင် လက်မှတ်ထိုးပေးချင်ပါတယ်။

WTN said...

ကြိုဆိုပါတယ်..ထောက်ခံပါတယ်

junethitsar said...

ထောက်ခံပါတယ်။ အင်မတန် စိတ်ဝင်စားပါတယ်။ အမေ့အတွက် မွေးနေ့အမှတ်တရ လက်မှတ်ထိုးပေးချင်ပါတယ်။ ဘယ်လိုဆက်သွယ်ရမလဲ။ ကိုသစ်ရေ ပြောပြပေးပါဦးနော် ။
ကျေးဇူးပြု၍ မေးလ်ပို့ပေးပါနော်။ junethitsar@gmail.com သို့

SOE TINT said...

ဒီကော့မက်မှာနတ်ဆိုးဘယ်ရောက်နေလဲ အသံကြားချင်ပါတယ်ဗျာ

tapaungthi said...

လက်မှတ်ရေးထိုးချင်ပါတယ် ကိုသစ်ရေ အကြောင်းပြန်ပေးပါဦးနော်
မြန်မြန်လေးပေါ့။

Powered by Blogger.