တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း တောင်ကုန်းမြေမြင့်ဒေသဖြစ်တဲ့
ဂန်ဆုပြည်နယ် (Gansu Province) မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မေလ ၁၀ ရက်နေ့
ညပိုင်းက စလို့ မုတ်သုန်မိုး မုန်တိုင်းကျရောက်ပြီး ဂေါက်သီးဘောလုံးအရွယ်
မိုးသီးတွေ ကြွေကျခဲ့တာကြောင့် လူ ၃၇ ဦး သေဆုံးပြီး ၁၈ ဦး
ပျောက်ဆုံးနေပါတယ်။
ဒီမုန်တိုင်းဒဏ်ကို မနေ့က သောကြာနေ့ညမှာ လူပေါင်း သုံးသိန်းခြောက်သောင်း ခံခဲ့ကြရပြီးတော့ လူပေါင်း သုံးသောင်းကို ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။ လူပေါင်း ၄၀ လောက်ဟာလည်း ဒဏ်ရာတွေရပြီး ဆေးရုံ တက်နေကြရပါတယ်။
ဒီမုန်တိုင်းဟာ သီးနှံစိုက် ဧကပေါင်း တစ်သောင်းခုနှစ်ထောင်ငါးရာ ကို ဖျက်ဆီးပစ်လိုက် ပြီးတော့ အိမ်တွေ ပြိုကျပျက်စီးတာ လမ်းပန်းအဆက်အသွယ် ပြတ်တောက်တာနဲ့ လျှပ်စစ်ဓါတ်အားလိုင်းတွေ ပြတ်တောက်တာတွေ ဖြစ်ခဲ့ပါတယ်။ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army – PLA) တပ်ဖွဲ့ဝင်တွေက မုန်တိုင်းကြားမှာ ပိတ်မိနေကြတဲ့ ရွာသူရွာသားတွေနဲ့ သူတို့ရဲ့ ရိက္ခာတွေ ဖြစ်ကြတဲ့ မွေးမြူရေး ကြက် ဘဲ ၀က် တိရစ္ဆာန်တွေကို သယ်ယူ ရွှေ့ပြောင်းပေးနေကြပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)

တရုတ်ပြည် မိုးသီးမုန်တိုင်း လူ လေးဆယ်နီးပါး သေဆုံး
Reviewed by သစ်ထူးလွင်
on
10:46
Rating:
7 comments:
ဒီတရုတ်တွေသေတာတောင်နဲ့သေး....မြန်မာနိုင်ငံလို ဆင်းရဲပြီး မကောင်းတဲ့မင်းတွေအုပ်ချုပ်တဲ့နေရာက ပြည်သူ့သယံဇာတတွေကို ဂုတ်သေးစုပ်ချယ်လှယ်....အိမ်နီးချင်းနိုင်ငံတွေက ရေမြေတောတောင်တွေလု မကောင်းမှုမှန်သမျှအကုန်လုပ် အမျိုးရုတ်တရုတ်တွေ မသာထာရေစာတွေအများကြီးစား....စပိုးနစ်ပြီးအကုသိုလ်နဲ့များများသေ..နောက်တခါဆို စူနာမီ ရှယ် ဟဲဗွီးကြီး တနိုင်ငံလိုး အလုံးလိုက်ဝင်ပါစေသား....
ကောင်းတယ် သူ့အကုသိုလ် သူပြန်ခံရတာပဲ သူတို့က ခွေးသားတွေစားတယ်လေ...တခြားပေါက်ပေါက်ရှာရှာတွေလဲ လုပ်စားတယ် မကောင်းတဲ့ဟာတွေ အပြစ်ရှိသမျှခံရမှာပဲ....
သူငယ်ချင်းတို.ရေ ဒို.များဗုဒ္ဓကမေတ္တာ ဂရုဏာ မုဒိတာ တရားတွေလက်ကိုင်ထားကြဖို.မှာခဲ.တယ်နော် အားလုံးကိုဝါးလုံးရှည်နဲ.မရမ်းကြပါနဲ. ဒုက္ခသယ်တွေအပေါ်မေတ္တာထားလို. ဂရုဏာပွားပေးကြပါ လူသားချင်းစာနာကြပါ ကျေးဇူးတင်ပါတယ်
မိုးနတ်မင်း က ဒဏ်ခတ် တာ။ မြစ်ဆုံ စီမံကိန်း ကြောင့် သဘာဝဓာတ်ငွေ့ ကြောင့်။။။။။။
မြန်မာပြည်ကိုစိုးမိုးဘို့ကြံတဲ့တရုတ်ဒီနှစ်သဘာဝဘေးဘယ်လိုဖြစ်မလဲဆိုတာစောင့်ကြည့်လိုက်
ဒုက္ခရောက်နေသူတွေကို ကူညီတာ ကောင်းပါတယ်
သင်ပြုသမျှကံ သင့်ထံပြန်လာမည်။
Post a Comment