သုံးဆယ်မြို့ မှာ လျပ်စစ်မီးရရှိရေး ဖယောင်တိုင်ထွန်းပြီး ဆန္ဒပြသူတွေ ထိုးကြိတ်ခံရ

ပဲခူးတိုင်း သုံးဆယ်မြို့ မှာ လျပ်စစ်မီးရရှိရေး ဖယောင်တိုင်ထွန်းပြီး ဆန်ဒဖေါ်ထုတ်တဲ့ လူငယ်တွေကို စခန်းမှူးကိုယ်တိုင် ၀င်ရောက်ထိုးကြိတ်ခဲ့ကြောင်း အထိုးခံရတဲ့လူငယ်တွေက ပြောပါတယ်။

လူငယ်ငါးဥိး ဟာ မေလ(၂၄) ရက်နေ့ည ရှစ်နာရီခွဲလောက်က မီးထွန်းထားတဲ့ဖယောင်းတိုင်တွေ ကိုင်ဆောင်ပြိး သုံးဆယ်တံတားပေါ်မှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

သူတို့ကို ရဲတပ်ဖွဲ့ဝင် (၁၆) ယောက်က တားမြစ်ပြီး အရင်ထိုးကြိတ်ခဲ့တယ်လို့ ကာယကံရှင် ကိုအောင်မျိုးက ပြောပါတယ်၊ရဲအရာရှိ ဦးစိန်ထွေးနဲ့အတူ ပါလာ တဲ့ အရပ်ဝတ်တဦးကလည်း ၀င်ရောက်ထိုးကြိတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

 မြို့နယ်အဖွဲ့ချုပ် ခေါင်းဆောင် ဦးအောင်မြင့်ကတော့ မီးရရှိရေးဆန္ဒဖော်ထုတ်ခဲ့တဲ့လူငယ်တွေဟာ အန်အယ်ဒီအဖွဲ့ဝင်တွေ ဖြစ်တာကြောင့် အဲဒီကိစ္စကို အမှုဖွင့်တိုင်ကြားမယ်လို့ ပြောပြခဲ့ပါတယ်။

ဒီဗွီဘီ
သုံးဆယ်မြို့ မှာ လျပ်စစ်မီးရရှိရေး ဖယောင်တိုင်ထွန်းပြီး ဆန္ဒပြသူတွေ ထိုးကြိတ်ခံရ သုံးဆယ်မြို့ မှာ လျပ်စစ်မီးရရှိရေး ဖယောင်တိုင်ထွန်းပြီး ဆန္ဒပြသူတွေ ထိုးကြိတ်ခံရ Reviewed by သစ်ထူးလွင် on 23:23 Rating: 5

14 comments:

ဝေလင်း said...

အမောင်ဖွတ်ကြား တိုင်းပြည်အားကို
ဘာများမှာခဲ့လိုသနည်း
တောမှာမီးခွတ် မြို့မီးခွတ်နဲ့
မီဂ္ဂါဝှပ်များ ပိုလျှံပါ၍
ရောင်းစားခဲ့ကြောင်း
ပြောပါလေ

မိုးကြိုး မုန်တိုင်း said...

ဟာဟာဟ... ငြိမ်းချမ်းစွာဆန္ဒပြသူကို တိုင်လို့လားဟ.... မင်းတို့တွေက လုပ်ချင်တာပဲသိတယ်... ဒီဆန္ဒပြတယ်ဆိုတာ အားယားနေလို့ အလုပ်ပျက်အကိုင်ပျက်လုပ်တယ်ထင်နေလား... ဟင်
မလိုအပ်ဘဲနဲ့ ဘယ်သူမှ ဒီလိုရဲရဲဝံ့ဝံ့မလုပ်ဘူး....မင်းတို့လို ဘာမှမသိတဲ့ မတတ်တဲ့.. အမိန့်ဆိုတာကြီးကို အားရပါးရအလွဲသုံးစားလုပ်နေတဲ့ လူတွေ ဖမ်းမှာကို မကြောက်ဘဲ လုပ်နေတာ... လိုအပ်လွန်းလို့ကွ..
မင်းတို့ကော ၂၄ နာရီ မီးမရချင်ဘူးလား.... စဉ်းစားပေါ့

minsoeaung said...

မင်းလူမိုက်ဘဲစခန်းမှူးရေ
ဒါ မင်းအလုပ်လားကွာ။
စီမံခန့်ခွဲမှုပညာ မင်းမသင်ခဲ့ဘူးလား။
မင်းတာဝန်က စီမံ အုပ်ချုပ်မဟုတ်လား။
မင်းတော်တဲ့အတွက် ကချင်ပြည်နယ်သာသွားပါတော့
နော်။ဟဲ ဟဲ

မိုးကြိုး မုန်တိုင်း said...

အစိုးရအနေနဲ့ ဒီပုံစံမျိုးကိုင်တွယ်ဖြေရှင်းလို့ မရပါဘူး...
ဒါကိုသိရဲ့နဲ့ ဘာလို့ တိုင်ချင်တောချင်ရတာလဲမသိပါဘူး...
လိုအပ်လို့ မကြောက်မရွံ့ ဆန္ဒဖော်ထုတ်နေကြတာပါ... အားယားလို့ အပျင်းပြေလုပ်နေတယ်လို့များ ထင်နေကြလားမသိပါဘူး....
ခင်များတို့ စဉ်းစားပါ.. ၂၄ နာရီ မီးမရချင်ဘူးလား... အဲလိုမီးရခဲ့ရင် ခုဆန္ဒဖော်ထုတ်နေတဲ့ သူတွေပဲ မီးရမှာမဟုတ်ဘူး... ခင်များတို့ပါရမှာလေ..... လိမ္မာကြစမ်းပါ.. ကူညီပါ... ရုန်းရင်းဆန်ခတ်တွေ မဖြစ်ပါစေနဲ့...

hlawgyi said...

မသိလို့ မေးပါရစေဗျာ....NLD အဖွဲ့ ဝင်ဖြစ်မှ..တိုင်လို့ ရမှာလာ...သာမန်အရပ်သားတွေအဲလိုဆန္ဒပြပွဲလုပ်ရင်တိုင်တန်းဖို့ အစီအစဉ်မရှိဘူးဆိုတဲ့ သဘောလာ....

babyguy said...

ဒီကောင်တွေတော့လူမဟုတ်တော့ဘူ နိပ်စက်ဖို့ပဲသိနေကြတယ်တူပါရဲ့ ဘဘဦးသိန်းစိန်ကယ်ပါ

babyguy said...

ဒီကောင်တွေတော့လူမဟုတ်တော့ဘူ နိပ်စက်ဖို့ပဲသိနေကြတယ်တူပါရဲ့ ဘဘဦးသိန်းစိန်ကယ်ပါ

ko ko said...

ထိုးကြိတ်တဲရဲတွေရောမီးရရဲ.လား...အာဏာကိုဘဲမက်မောနေတာကိုယ်တိုင်ယူနီဖေါင်းဖာပြီးဝတ်နေရတာတော့မသိကြဘူး

king said...

ပွဲကတော့ ကောင်းလာပြီဟေ့... ဘာတွေဆက်ဖြစ်ကြအုံး မလဲတော့ မသိတော့ဘူး ..အကွက်ရွှေ့မှားရင် တကယ်စားမှာနဲ့ တူတယ်နော် ကြေးကြီးမယ် သတိထားနေကြဟေ့းးးးးးးးးးး

001komgmg222@gmail.com said...

သုံ့းဆယ်ကစခန်းမှူးကိုထိရောက်စွာအရေးယူပေးပါ၊ပြည်သူကျွေးတဲ့ထမင်းစားပြန်ကိုက်တဲ့သုံးဆယ်ကစခန်းမှူးကိုပြင်းပြင်းထန်ထန်ထောင်ချပြီးအလုပ်ဖြုတ်ပြစ်ပေးပါခင်ဗျာ။စောင်ကြည့်နေပမယ်။

ziwasoe144 said...

ကျွန်တော်ထိုးချင်လို့ထိုးတာမဟုတ်ပါ၊အထက်လူကြီးများသဘောကျပါက
ရာထူးတိုး၊နေရာကောင်းရ၊လိုင်းကြေးများများဝင်၊ကျွန်တော့မိသားစုလဲ
လူရာဝင်ပီပေါ့ဗျာ။အဲဒီလိုမှမလုပ်ရင်-ရာထူးကျ၊မဲဇာရောက်၊ကျွန်တော့
မိန်းမနဲ့သမီးဖါဖြစ်ပြီပေါ့ဗျာ။

MI 35 said...

လက်ရှိအစိုးရ လုပ်နေတဲ့ Project မှန်သမျှကန့်ကွက်ကြ )))))))
တာဝါတိုင်ဗုံးခွဲသော သောင်းကျန်းသူလုပ်ရပ်အား မသိချင်ယောင်ဆောင်ကြ))
ဖယောင်းတိုင် ထွန်းပြီးဆန်ဒပြကြ )))))))))))))
ညဘက်ပြတာ မလုံလောက်ရင်၊ နေ့ဘက်ပြကြ)))))))))))))
အရေးအခင်းကြီး ထပ်မကြုံချင်တဲ့
MI 35

Anonymous said...

အမေကို တကယ် ချစ်ကြတယ်ဆိုရင် ၊ စုဝေးတောင်းဆိုမှု တွေ ကြောင့် အ ကြိမ်ကြိမ်စတေးရတဲ့ အမေ ထပ်စတေးရမှ ရပ်တန်းကရပ်ကြမှာလားဟင်

ပုသိမ်သား...ဆင်မ ပြောတဲ့အတိုင်းတောင်းဆိုပရစေအမေစု

လုပ်ပါ အမေရယ် နဲနဲဝင်ထိန်းပေးပါ ၈၈၈၈ လိုရွှေဝါရောင်တို့လိုဖြစ်သွားမှာစိုးတယ် ကျနော်တိုနိုင်ငံကခုမှလဲနေ ရာကနေကုန်းထနေရတာ နောက်တကြိမ် နွံမနစ်ပါရစေနဲ့ အမေရပ်ဖို့ တိုက်တွန်း ပေးပါ အမေ

aung naing said...

အကြမ်းဖက်လာရင်ပြည်သူတွေကပိုမခံမရပ်ဖြစ်လာမှာပါ၊ငြိမ်းချမ်းတဲ့နည်းတွေနဲ့ဖြေရှင်းနည်းတွေကိုရဲတွေလေ့လာထားသင့်တယ်။ဒါမှကိုယ့်နာမည်ရမှာပါ။

Powered by Blogger.