ကျောင်းအပ် လက်ခံခြင်း အတိတ်က ငွေကြေး ရယူမှုကို မစွန့်လွှတ်လျှင် အရေးယူမည်

ကျောင်းသားသစ်များလက်ခံခြင်းအပါအဝင် မူလတန်းအဆင့်ကျောင်း အပ်နှံရာ၌ ငွေကြေးတောင်းခံပါက ထိရောက်သည့် အရေးယူမှု များပြုလုပ် သွားမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကြူက ပြောသည်။

ဒုတိယဝန်ကြီးက ''ယူ ရင်၊ သူ့လမ်း၊ သူရွေးတာမျိုးဖြစ် သွားမှာပေါ့'' ဟုပြောသည်။ပညာရေးဝန်ကြီးဌာန အနေ ဖြင့် ၂ဝ၁၁-၁၂ ပညာ သင်နှစ်မှ စ၍ အခမဲ့မူလတန်း ပညာရေးစနစ်ကို စတင်ခဲ့ပြီး ကျောင်းများ အား ငွေကြေး ကောက်ခံခြင်းမပြုရန် အသိ ပေးခြင်းနှင့် သတိပေးခြင်းများ ကိုသာ ပြုလုပ်ခဲ့သော်လည်း ယခုပညာသင်နှစ်မှစကာထိ ရောက် စွာဖြင့် ဆောင်ရွက် သွားမည်ဟု ဒုတိယဝန်ကြီးက ဆက်လက်ဆိုသည်။

''ကလေးပညာရဖို့ စာသင်ခွင့် ရဖို့အတွက် ငွေပေးနေရရင်ဘယ် ကောင်းပါ့ မလဲ။ ယူတဲ့သူလည်း မကောင်းသလိုပေးရတဲ့သူကလည်း နစ်နာ တယ်။ ကျောင်းလည်းသိက္ခာ ကျတယ်''ဟု ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒ ပညာရှင် ဒေါက်တာထွန်း ခင်က ပြောသည်။သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေး မြင့်က ပြင်ပမှ ထုတ်ဝေသည့ှ်Student's Guide များ၊မှတ်စုတိုများ၊ လေ့ကျင့်ခန်း စာအုပ်များ ရောင်းချ ခြင်းနှင့် အခြားခေါင်းစဉ် ဖြင့် ငွေကြေးကောက်ခံခြင်းတို့အား ရှောင်ကြဉ်ကာ ပညာရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသော ကျောင်းရန်ပုံငွေနှင့်ကျောင်း လခများ ကို သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံကြရန် မေ ၇ ရက်နေ့ က ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ဖောင် ကြီး၌ ကျင်းပသော အခြေခံပညာ ဆရာ/ဆရာမများ အထူးမွမ်းမံ သင် တန်းအမှတ်စဉ် ၈ဝ ဖွင့်ပွဲ၌ ထည့် သွင်းပြောကြားခဲ့သည်။မြန်မာနိုင်ငံမှ လက်ရှိ ကျင့် သုံးနေသော ပညာရေးစ နစ်အရ သူ ငယ်တန်းမှ စတုတ္တတန်းအထိ အခမဲ့သင်ယူနိုင်ပြီး ယခုနှစ် တွင် ကျောင်းသုံး စာအုပ် အပြည့်အစုံနှင့် ဗလာစာအုပ် ခြောက်အုပ်စီရ မည် ဖြစ်သည်။ပဉ္စမတန်းမှ တက္ကသိုလ်ဝင် တန်းအထိ ကျောင်းအပ်ခနှင့် စာအုပ်ဖိုးမှာ အများဆုံး ကျပ် ၄၅ဝဝ သာ ပေးရမည်ဟု ပညာရေးဝန် ကြီးဌာနမှ သိရ သည်။
 Popular Myanmar News Journal
ကျောင်းအပ် လက်ခံခြင်း အတိတ်က ငွေကြေး ရယူမှုကို မစွန့်လွှတ်လျှင် အရေးယူမည် ကျောင်းအပ် လက်ခံခြင်း အတိတ်က ငွေကြေး ရယူမှုကို မစွန့်လွှတ်လျှင် အရေးယူမည် Reviewed by သစ်ထူးလွင် on 15:29 Rating: 5

23 comments:

Anonymous said...

ကျေးဇူးတင်ပါတယ်။သို့သော်ကျောင်းတိုင်းကို
ထောက်လှမ်းသတင်းယူနိုင်အောင်သတင်းသမားမှန်းမသိအောင်
စုံစမ်းသင့်ပါတယ်။ဆရာမတွေကရင်းနှီးတဲ့မိဘတွေကို
သိမ်းသွင်းတော့မိဘတွေကိုသားသမီးမျက်နှာမငယ်အောင်
လိုက်လျောခဲ့တာတွေကြောင့်ငွေပေးပြီးကျောင်းအပ်၇တဲ့အဖြစ်၇ယ်
ဖတ်စာအုပ်ကအစ၀ယ်ယူတာတွေဖြစ်လာတယ်။
ဒုသမ္မတလာပြီးကျောင်းအပ်နှံရေးကိုလာရောက်ကြည့်ရူတာကို
တကယ်ကျောင်းအပ်တဲ့နေ့ကတနေ့
ဒုသမ္မတလာမည့်နေ့ကိုမိဘတွေဆီဖုန်းဆက်ပြီး
ကျောင်းအပ်နှံရေးကိုအခမဲ့ပုံစံရုပ်ရှင်ရိုက်ကွက်လို
ကျောင်းကိုထပ်မံလာပြီးကျောင်းအပ်တဲ့ပုံစံနဲ့မိဘတွေတရုန်းရုန်း
ကျောင်းအပ်ပြတယ်။လူကြီးတွေေ၇ာက်လာတော့
ကျောင်းသားမိဘတွေတယောက်စနှစ်ယောက်စကိုလိုက်မေးတယ်
ကျောင်းအပ်ရတာအဆင်ပြေလားပေါ့။
ငွေကြေးကုန်ကျမှုကောရှိလားဆိုပြီး
မိဘတွေကလည်းဒီမျက်နှာတွေနေ့တိုင်းမြင်နေရမှာကြောက်လို့
မပေး၇ဘူးဆိုပြီးအလိုက်သင့်ပါပဲ။
ဝယ်ထားပြီးသားဖတ်စာအုပ်တွေကိုလည်း
စားပွဲပေါ်တင်ပြီးအလကားပေးသလိုလိုနဲ့
ပြန်ထုတ်ပေးတဲ့ပုံစံနဲ့မျက်လှည့်ပြနေသလိုပါပဲ။
အထက်ကတာဝန်ရှိသူတွေကအောက်ခြေက၀န်ထမ်းတွေကိုပါ
အပြည့်အ၀ယုံကြည်မှုမပေးပဲ..တင်းကြပ်စွာအဆင့်ဆင့်ကို
သတိပေးစုံစမ်းစစ်ဆေးနေသင့်ပါတယ်။
မျက်ခြေမပြတ်ပါစေနဲ့...

Topsidon21 said...

အလှူငွေကောက်ခံခြင်းကိုသာ ထိရောက်စွာအရေးယူမှာပါ။
ရွှေဆွဲကြိုး၁ိသား တစ်ကုံးယူတာတော့ခွင့်လွတ်ထားပါတယ်။
TTC ၊ လသာ(၁) လသာ(၂) ၊ စိန်ပေါ ၊ စိန့်အောဂတ်စတင်း က ကျောင်းအုပ်တွေက ပိုက်ဆံမယူပါဘူး။ ရွှေဆွဲကြိုးသာလက်ခံတာပါ။
အခု သတိပေးကြေငြာချက်မှာမပါလို့ လွတ်လွတ်လပ်လပ် ယူနိုင်ကြပါတယ်။

kotunaung164@gmail.com said...

တကယ်ကောဟူတ်ရဲ့လားကျောင်းအပ်တော့မှတလွဲဖြစ်နေပါအုံးမယ်ဗျာ။

u zinn Chin said...

ဒီလို..မူလတန်းအဆင်ွှကနေ.အလယ်တန်းအဆင့်တွေ၊အထက်တန်းအဆင့်တွေပါ အခမဲ့ပညာရေးစနစ်ကိုကျင့်သုံးသွားဖို့လိုပါတယ်။ တကယ်တော့
မြန်မာနိင်ငံပညာရေးဟာ ဟိုးအောက်ခြေကိုရောက်နေတာပါ။
ဒီတော့ ပြီးတာတွေပြန်ပြောမနေတော့ပဲ မှားနေတာတွေပြင်ကာ၊လိုနေတာတွေကိုဖြည့်စွက်ရပါမယ်။အဓိက မျက်မြင်တွေ့နေရတာက အစိုးရကျောင်းများမှာ ပညာသင်နှစ်တစ်နှစ်အတွင်းမှာ
အပတ်စဉ်လိုပဲ သောက်ရေဖိုး၊သန့်ရှင်းရေးဖိုး၊ အာစရိယပူဇော်ပွဲဖိုး၊ပျော်ပွဲရွှင်ပွဲဖိုးတွေကို ကျသင့်တဲ့တန်ဖိုးထက် အဆမတန်ကောက်ခံကြတာတွေရယ်၊နောက် အတန်းတင်စာမေးပွဲနီးရင်
စာမေးပွဲမေးခွန်းခန့်မှန်းဆိုပြီးစာအုပ်တွေကို ကျောင်းသားတိုင်း မ၀ယ်မနေရ
ရောင်းစားကြတာတွေဟာ ကိုယ်ကျိုးရှာစီးပွါးရေးလုပ်စားနေကြတဲ့လုပ်ရပ်တွေပါ။
နောက်ထပ်အဆိုးဆုံးက အတန်းပိုင်ဆရာမနေရာရရင်၊ အတန်းပိုင်ဆရာမတွေဟာ ကျုရှင်လခတွေ တစ်လကိုကျောင်းသားတစ်ယောက်ကို သောင်းဂဏန်းအထိယူပြီးပြတာရယ်။
အဲ့ဒီ့ ၀ိုင်းကျူရှင်က ကျောင်းသားတွေကိုပဲ လစဉ်လပတ်စာမေးပွဲမေးခွန်းတွေအတိအကျပေးတာတွေ၊ ၀ိုင်းကျူရှင်က
ကျောင်းသားတွေပဲ လစဉ်စာမေးပွဲတွေမှာ အတန်းတွင်းမှာအဆင့်တစ်ကနေ
တစ်ဆယ်အတွင်းရနေကြတာတွေဟာ မြတ်ဆရာအမည်ခံသူတို့ရဲ့ အဂတိခြစားမှူ့တွေပါပဲ။ ဒါတွေကိုပညာရေး ၀န်ကြီးဌာနက တကယ်မသိတာလား၊မသိကျိုးကျွန်ပြုထားတာလားဆိုတာ.အမေးသာရှိ၊အဖြေမရှိပါ။ထိုကဲ့သို့ အကျင့်ပျက်ခြစားနေကြတဲ့ ကျောင်းဆရာမတွေနဲ့ ဝေစားမျှစားလုပ်နေကြတဲ့မြို့နယ်ပညာရေးမှူးများကို ထိထိရောက်ရောက်အရေးယူအပြစ်ပေးသင့်နေပြီဖြစ်ကြောင်းတင်ပြအသိပေးအပ်ပါတယ်..
(Aung Suu ပညာဒါန၊ ရွှေပြည်သာမြို့နယ်၊ရန်ကုန်)

မြတ်သုခ said...

သင်ထောက်ကူပစည်းနဲ့ လစာကို ပြည့်စုံလုံလောက်အောင်သာ
ပေးပြလိုက်စမ်းပါ။ ဘယ်ဆရာ၊ ဆရာမကမှ တပည့်ဆီကနေငွေ
မညှစ်ချင်ဘူး။

g man said...

ပိုက်ဆံမယူ၇င်မြို့နယ်မှုးတွေလာ၇င်ဘယ်ပိုဆံနဲ့ကျွေးမွေး၇မှာလည်း အောက်ခြေဘဲအတင်းဖိနှိပ်မနေသင့်ဘူး အထက်ကစပြီးအပြောင်းအလည်းလုပ်သင့်တယ်

Ramanya said...

သတ်မှတ်နှုန်းထားအတိုင်းသာ ကောက်ခံကြရန် မေ ၇ ရက်နေ့ က ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ဖောင် ကြီး၌ ကျင်းပသော အခြေခံပညာ ဆရာ/ဆရာမများ အထူးမွမ်းမံ သင် တန်းအမှတ်စဉ် ၈ဝ ဖွင့်ပွဲ၌ ထည့် သွင်းပြောကြားခဲ့သည် ဟုဆိုသော်ငြားလည်း အမှတ်(၁)အ.ထ.က ၊မုဒုံမြို့မွန်ပြည်နယ်။
သူငယ်တန်းကလေးကျောင်းအပ်နှံခွင့်ရရေးအတွက်ကျပ်ငွေ- ၆၀၀၀၀-ကျပ်တိတိကုန်ကျလျက်ရှိကြောင်းကျောင်းသားမိဘ
တစ်ဦးကဆိုသည်။

monyadanar said...

ခေါင်းစဉ်အမျိုးမျိုးတတ်ပြီး ဖလားနဲ့အလှူခံတာတွေက ပိုပြီး ကုန်ကျပါသည်။

aungdin said...

ကျွန်တော်တို့ငယ်ငယ်ကဆိုခဲ့ကြတဲ့ ကဗျာပဲပြောရမလားမသိပါဘူး
ကျွဲကျွဲဘာလိုလူး ဖြုတ်ကိုက်လို့လူး ဖြုတ်ဖြုတ်ဘာလို့ကိုက် မိုးရွာလို့ကိုက် မိုးမိုးဘာလို့ရွာဖားအော်လို့ရွာ ဖားဖားဘာလို့အော် မြွေကိုက်လို့အော် မြွေမြွေဘာလို့ကိုက် ငါ့ဝမ်းပူဆာ မနေသာလိုကိုက် ဆိုတဲ့ကဗျာလေးကိုသတိရမိတော့တယ်ဗျာ။

naughty boy said...

အတိတ်ကငွေကြေးကိုတော့ မယူတော့ပါဘူး..
ပစ္စုပန်ငွေကိုပဲ အပီအပြင် ယူတော့မယ်..

မုဒုံသူလေး said...

ကောင်းပါတယ်။

greatlifeb211 said...

တကယ်ဘဲ ရေးယူပေးကြမှာလား အယုံအကြည်တော့လုံးဝမရှိပါ...........ကျန်ခဲ့ တဲ့တပတ်ကပဲ တူမလေးတယောက်သူငယ်တန်းတက်ဖို့ ကျောင်းအပ်တာအသိမရှိလို့ အပ်မရဘူး နောက်ဆုံး အ.ထ.က(၂) လသာမှာ ရတယ် ပိုက်ဆံ ၅သိန်း ပေးမှကျောင်းအပ်ခွင့်ရခဲ့တယ်...ဒါတောင်ကျောင်းအုပ်ကြီးအတွက်မပါသေးဘူးတဲ့ ၊ ဒဂုံ ၁ ဆိုရင် ၁၂ သိန်း တဲ့ ၊

lady said...

အော်ကျွန်တော်ရန်ကုန်မြို့လယ်ခေါင်မှာနေတာပါခင်ဗျာ။ ၀န်ကြီးပြောနေတာတွေက ဟုတ်ရဲ့လားဗျာ။ ဒဂုံတစ်တို့ ၊ ဘာတို့ကော ကျောင်းပဲလားဗျ။ ရှက်စရာတွေမပြောပါနဲ့။ ဆင်းရဲစုပါပျက်တဲ့ကျောင်းတွေပဲလား။ မြို့လယ်ခေါင်က လူတွေက ချမ်းသာလိုပေါ့နော်။

မြန်မာပြည်သား said...

နှစ် 30 လောက် ပျောက်ဆုံးနေတဲ့ စနစ်တစ်ခုကို မြင်ခွင့်ရမယ်ဆိုရင်တော့
နောင်လာမယ့် ခလေးများအတွက် ၀မ်းမြောက်စရာပါပဲ

ပြည်သူ said...

ဟားဟားဟား.... UNDPကထုတ်ပေးတဲ့စာအုပ်(ပုံနှိပ် မူလတန်း)တွေတော့ မန္တလေးဈေးချိုဈေးကွက်ထဲမယ်ဗျ ကျနော်ကိုယ်တိုင် ၀ယ်ခဲ့ပြီ နောက်နေ့မှ ဓါတ်ပုံရိုက်ပြီးကိုသစ်ဆီပို့လိုက်မယ်

thar said...

အလကားပါကွာ.....လူကြားကောင်းအောင်ပြောနေတာတွေ.....တကယ်လက်တွေ့ ပြလေ....မဖြစ်နိုင်တာတွေကို ပြောနေတာ....ဘာလဲ ထိရောက်တဲ့ အရေးယူမှုဆိုတာ....မသိချင်ယောင်ဆောင်ပြီး သူတို့ဆီက ကန်တော့တာကို စားနေတဲ့သူကများ ပြောနေသေးတယ်....အလကားလူတွေပါကွာ.......

bagothar85 said...

ပိုက်ဆံမယူနဲ့လို့သာ ပြောကြတယ်... မြန်မာနိုင်ငံရဲ့ ကျေးလက်တောရွာက ကျောင်းအများစုဟာ ယခုပုံမှာ ပြထားတဲ့အတိုင်း ဓနိမိုး၊ ထရံကာကျောင်းတွေသာ များကြပါတယ်။ အဲဒီကျောင်းတွေမှာ မိုးယိုမယ်၊ ထရံတွေ ပေါက်ပြဲမယ်၊ ခြံဝန်းကို ကာဖို့လိုလာမယ်... အဲဒါတွေကို ဘယ်က ပိုက်ဆံနဲ့ လုပ်ကြရမှာလဲ မသိ? အဲဒီလိုဖြစ်လာယင် ဘယ်မိဘကမှ အလိုက်တသိနဲ့ မသိတတ်ကြပါဘူး။ ဆရာ၊ဆရာမတွေသာ ဦးနှောက်ခြောက်ခံပြီး ဖြစ်သလိုနည်းတွေနဲ့ အဆင်ပြေအောင် လုပ်နေကြရတာပါ... မရှိမဲ့ရှိမဲ့ အိတ်ထဲကလည်း စိုက်ကြရတာပေါ့ဗျာ... ပညာရေးမှူးရုံးကို တင်ပြလို့ရတယ်လို့ ပြောကြမယ်။ ဟုတ်ပါတယ်... အဲဒီလိုစာတင်တာကို နှစ်နဲ့ချီပြီး ကြာပါတယ်၊ နောက်တစ်ခါ အဲဒီတာဝန်ရှိသူတွေက လာရောက်စစ်ဆေးကြည့်ရှုဖို့ကို နှစ်နဲ့ချီပြီး စောင့်ရပါတယ်။ လာရောက်စစ်ဆေးပြီးလို့ ပြုပြင်ဖို့ ငွေကျလာပြီလို့ မထင်ပါနဲ့ဦး.. အထက်အဆင့်ဆင့်က ခွင့်ပြုချက်ရဖို့ကို နှစ်နဲ့ချီပြီး စောင့်ရပြန်ပါတယ်။ အဲဒီတော့..... တကယ်တမ်းတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဝန်ထမ်းတွေထဲမှာ ဆရာ၊ဆရာမတွေလောက် အလုပ်လုပ်ကြရတဲ့ ဝန်ထမ်း၊ ဦးနှောက်ခြောက်ရတဲ့ ဝန်ထမ်းတွေ တခြားဌာနတွေမှာ ရှိမယ်လို့ မမြင်မိပါ... အဲ လစာကျတော့... ။ တွေ့မြင်ခံစားခဲ့ရတာလေးတွေကို ပြောပြတာပါ....

honey said...

လုံလောက်တဲ့လစာနဲ့ဘ၀အာမခံချက်တွေကို
အစိုးရကအခွင့်အလမ်းတွေပေးထားရင်
ဆရာမတွေအဆင်ပြေမှာပါ။
ကျောင်းကိုလည်းအဆင့်မှီအောင်လုပ်ဆောင်ရမှာအစိုးရရဲ့တာဝန်ပဲ။
နိုင်ငံတော်ငွေနဲ့ကျောင်းတွေကိုတနှစ်တခါပြုပြင်လို့ရပါတယ်။
ကျောင်းတကျောင်းဟာအုပ်ချုပ်တဲ့ကျောင်းအုပ်ကစည်းကမ်း၇ှိမယ်။
စနစ်တကျကိုင်တွယ်မယ်။စာအသင်ပြကောင်းမယ်ဆိုရင်
ကျောင်းသားမိဘတွေအပြင်ကျူ၇ှင်စရိတ်သက်သာလို့က
ကျောင်းကိုအလှူတွေထည့်ကြပြီးသား။
ကျောင်းကလည်းစာတက်အောင်မသင်ပေး
အပြင်ကျူရှင်တွေကလည်းဈေးခေါင်ခိုက်
ကောက်လိုက်တဲ့အကြောင်းပြချက်နဲ့ငွေတွေကဘယ်လိုနေရာဘယ်လိုသုံးသလဲ
ဆိုတာလည်းမထောက်ပြနိုင်တော့
ကျောင်းသားမိဘတွေစေတနာမသန့်ရှင်းတော့ခြင်းပါ။
စီးပွါးရေးဆိုတာလည်းကျောင်းသားမိဘတိုင်းက
အိုခေနေကြခြင်းမဟုတ်။စားဝတ်နေရေးလုံးပမ်းနေရတော့
အဖက်ဖက်ကကုန်ကျစရိတ်တွေနဲ့မိဘတွေငြိုငြင်မှုဖြစ်လာသောကြောင့်
နိုင်ငံတော်မှဆရာဆရာမတို့ဂုဏ်သိက္ခာကိုထိန်းသိမ်းသောအားဖြင့်
ပြန်လည်ပြုပြင်ပြောင်းလဲရေးစနစ်ကိုပညာရေးတွင်ထိထိရောက်ေ၇ာက်
လုပ်ဆောင်ပေးပါလို့တိုက်တွန်းပါတယ်။

ranong said...

အစိုးရ မထောက်ပံ့ နိုင်တာကို အကြောင်းပြပြီး ကလေးတွေကို အနိုင်ကျင့်တာ မတရားဘူး။မဟုတ်တဲ့ ဟာကို ခိုင်းနေသော အထက်လူကြီးကိုသာ ပြန်လည်ပြောဆိုသင့်ပါတယ်။လဒ်ပေးလဒ်ယူကို ကလေးဘ၀စာသင်ကျောင်းကနေစပြီးသင်ကြားပေးနေတယ်လို့ယူဆပါတယ်။

သူ၇ိယ said...

နားရှိလို့သာကြားရတာပါ..သူကငွေလမ်းကိုဘဲရွေးပါတယ်ခင်ဗျ..

pusuuma said...

အပေါ်မှာ ရေးထားတဲ့ဆရာ ကြီးကလည်းခုတော့ ပြော နေပီပေါ့နော် .သူလက်ထက်တုန်းကတော့ ကျူ၇ှင် သင်ရင် အလွှာကိုလိုက်ပီး ပိုက်ဆံတောင်းတာလေ။ပထမထပ်ဆို တစ်ဈေး။အပေါ်ဆုံးထပ်ဆို တစ်ဈေး။သူလာလာချင်းလည်း အဆင့်သင့်လုပ်ထားမှ။ဒါမှမဟုတ်ရင် ချက်ချင်းပြန်သွားတာလေ
မေ့နေပီထင်တယ်နော်။ ဒဂုံ၁ကကျောင်းအုပ်ရော။လသာ၂က ကျောင်းအုပ်ဆရာ မကြီးလည်း ကိုယ် အကြောင်းကိုယ်သိပါ။ မပြော ချင်လို့သာနေနေတာ။အကုန်ဖွင့်ထုတ်လိုက်လို့၇တယ်။ဇာတ်ကြောင်းတွေကို။

ကြည်နူး said...

ပိုက်ဆံမယူနဲ.လို.သာပြောကြတာပါကျွန်မရဲ.လက်တွေ.မြင်ခဲ.ရတာအထက(၂)စမ်းချောင်းမှာကျောင်းတက်ရင်ဆရာမကြီးအတွက်က(၂)သိန်း၊အလူငွေက(၁)သိန်း၊လုပ်ပေးတဲ.ဆရာမက(၁)သိန်း၊ကြားပွဲစားက(၅)သောင်းတောင်းနေတာကျွန်မလည်းအသိတယောက်နဲ.လိုက်သွားတော.တွေ.ခဲ.ရတာတကယ်တမ်းမပေးနိုင်တဲ.မိဘတွေဆိုရင်ကိုယ်.သားသမီးကိုဒီအတိုင်းကြည်.နေရမလားဒီခေတ်ပညာရေးကငွေအဓိကဖြစ်နေပြီးနောက်ထပ်ကျောင်းကလည်းအထက(၂)ကမာရွတ်ကလည်းတောင်းတာ(၁၂)သိန်းလို.ကြားရတယ်နာမည်ကြီးကျောင်းတွေရဲ. တောင်းဆိုချက်တွေကအပြင်စီးပွားရေးတစ်ခုလုပ်စား၇င်ရတဲ.ငွေပမာဏတစ်ခုပါ အဲဒါကြောင်.ပညာရေးဝန်ကြီးတွေကတင်းတင်းကျပ်ကျပ်ဆောင်ရွက်သင်.တယ်လို.တင်ပြပါရစေရှင်.

Blogger said...

ဒဂုံ(၁)မှာ ဒုဝန်ကြီးလက်မှတ်ပါမှ အပ်လို့ရမယ်တဲ့ဗျို.။ ဒုဝန်ကြီးကတော်နဲ့ ခင်တဲ့သူကို ချဉ်းကပ်ကြပါ။

Powered by Blogger.