မီးလောင်မှု မြင်ကွင်း (ဗွီဒီယို)
၂၀၁၂ မေလ ၁၈ ရက်နေ့  ညနေ ၃ နာရီ ၃၀ မီနစ်ခန့် မှာ
သင်္ဃန်းကျွန်းမြိုနယ် သုဝဏ္ဏ ၂၄ ရပ်ကွက် သံသုမာလမ်းမပေါ်မှ ပန်းခြံအိမ်ရာ
သုံးထပ်တိုက်တန်းရှိ အပေါ်ဆုံးထပ်မှာ မီးလောင်းကျွမ်းမှု ဖြစ်ပွါးခဲ့ပါသည်။
အဆိုပါအခန်းမှာ ငွေဝသုန်ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီလီမီတက် ၏
အမွှေးတိုင်နှင့် ဖယောင်းတိုင်များသိုလှောင်ထားသည့် အခန်းဖြစ်ပါသည်။
မီးလောင်းမှုကို မီးသတ်ကား(၃၅)စီးနှင့် မီးသတ်အင်အား ၅၀ ကျော်တို့က
ဝိုင်းဝန်းမီးငြိမ်း သတ်ခဲ့ရာ ၄း၁၅ မိနစ် လောက်မှာ မီးကိုထိမ်းသိမ်းနိုင်ခဲ့ပါသည်။
မီးသတ်အဖွဲ့ မှ အခြား အဆောက်အဦးများ ကို မပြန့်ပွားစေရေးကို ဦးစားပေး
လုပ်ဆောင်ခြင်းကြောင့် အဆိုပါ စတင်လောင်ကျွမ်းသည့် အဆောက်အဦးတစ်ခု
တည်းသာ လောင်ကျွမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ဒေသခံများပြောပြ
ချက်အရ သိရပါသည်။
Myanmar News Now

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့ မီးလောင်ကျွမ်းမှု နောက်ဆက်တွဲ
Reviewed by သစ်ထူးလွင်
on
07:47
Rating:
3 comments:
မီးဘေး အထူးဂရုပြုကြပါခင်ဗျာ ။ မြန်မာပြည်ကမီးသတ်တပ်ဖွဲ့ကြီးလဲ
ခောတ်မှီသော မီးသတ်တပ်ဖွဲ့ကြီးဖြစ်ပါစေခင်ဗျာ
မီးသတ်ကားက ၃၅ စီး၊ မီးသတ်ဝန်ထမ်းက ၅၀ ဆိုတော့ မီးသတ်ကားတစီးမှာ ၀န်ထမ်း ၂ဦးတောင် မရှိတဲ့သဘောပေါ့။ ဘယ်လိုစီမံလုပ်ကိုင်ကြလဲမသိဘူး။ မီးသတ်ကားလဲမောင်းရ မီးလဲငြိမ်းသတ်ရနဲ့ တော်တော်ပင်ပမ်းမယ်။ အော် တို့မြန်မာပြည်ကြီးကလဲ ထူးဆန်းတာတွေချည်း မြင်နေ ကြားနေရပါလားနော်။ စွမ်းရည်ပြည့်ဝတဲ့ မီးသတ်ဝန်ထမ်းများနဲ့ ခေတ်မီမီးသတ်ယဉ်များ မြန်မြန်ဖြည့်ကြဘို့လိုနေပါတယ်။ နေ့တိုင်း ဟိုနေရာမီးလောင် ဒီနေရာမီးလောင်နဲ့ ကြာရင် မြန်မာပြည် ပြာပုံဖြစ်တော့မယ်။
nannyuntwai မသိတာလား မသုံးသပ်တတ်တာလား ဋုံးတာလားကွ .. မီူသတ်ကား 35 စိးဆိုတာ သူ့ကားမှာ သူ့လူနဲ့သူပါပြီးသားကွ မီးသတ်ဝန်ထမ်း 50 ဆိုတာ သတ်သတ် ရှိတယ် .. မင်းနားမလည်ပဲနဲ့ ရှောက်ပြောမနေနဲ့ ..
_စွမ်းရည်ပြည့်ဝတဲ့ မီးသတ်ဝန်ထမ်းများနဲ့ ခေတ်မီမီးသတ်ယဉ်များ မြန်မြန်ဖြည့်ကြဘို့လိုနေပါတယ်။ နေ့တိုင်း ဟိုနေရာမီးလောင် ဒီနေရာမီးလောင်နဲ့ ကြာရင် မြန်မာပြည် ပြာပုံဖြစ်တော့မယ်။_ အဲလို မဖြစ်စေချင်ရင် မင်းကိုယ်တိုင်မီးသတ်ထဲ ၀င်လိုက်ပါလား ..
Post a Comment