ရွှေဘိုမြို့ အမှတ် (၈) စခတက စစ်သည်ရဲမေတွေ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်မရှိ့ တပ်ရင်းမှုးကြီး ဗိုလ်မှုးကြီးဝင်း ဌေးရဲ မိသားစု စီးပွားရေးကို လုပ်ပေးနေရပါတယ်။
စစ်သည်မိသားစုများမှာ ဆင်းရဲငတ်ပြတ်နေပြီး တပ်ရင်းမှုးမှာတော့ တလလျှင်သိန်းပေါင်းများစွာ ၀င်ငွေကို ရရှိရန်အတွက် စစ်သည်ရဲမေတွေကို ခိုင်းစားနေကြပါတယ်။
သက်သာဆိုင်လုပ်ငန်းမွေးမြူရေး(ငါး၊၀က်၊ကြက်၊နွား၊ဆိတ်)၊လယ်လုပ်ငန်း၊အုတ်ဖုတ်လုပ်ငန်း၊တပ်ထောက်၊မော်တော်ယဉ်၊သင်တန်းတပ်ခွဲတွေမှ ရရှိတဲငွေကြေးတွေကို တပ်ရင်းရန်ပုံငွေအတွက် နည်းနည်းပြပြီး ကျန်တာတွေကို တပ်ရင်းမှုးကြီးမှ ကိုယ်ပိုင်ငွေအဖြစ်အသုံးပြုနေပါတယ်။
အခုဆိုရင် တပ်မှစစ်ကားများကို အသုံးပြုပြီး သစ်မျှောဝါးကို စစ်သည်များကို သုံးပြီးကိုယ်ကျိုးအတွက် အသုံးပြုနေပါတယ်။ခွင့်မဲစစ်သည်များအား အထက်သို့တင်ပြချင်းမရှိ့ဘဲ လစာ/ရိက္ခာများကို ဗိုလ်မှုးကြီးဝင်း ဌေးမှ ထုတ်ယူသုံးစွဲနေကြောင်း
အမှတ်(၈) စခတက မှ တပ်သားတဦးက သတင်းပေးပို့ ထားပါတယ်။
Myanmar News Now
စစ်သည်မိသားစုများမှာ ဆင်းရဲငတ်ပြတ်နေပြီး တပ်ရင်းမှုးမှာတော့ တလလျှင်သိန်းပေါင်းများစွာ ၀င်ငွေကို ရရှိရန်အတွက် စစ်သည်ရဲမေတွေကို ခိုင်းစားနေကြပါတယ်။
သက်သာဆိုင်လုပ်ငန်းမွေးမြူရေး(ငါး၊၀က်၊ကြက်၊နွား၊ဆိတ်)၊လယ်လုပ်ငန်း၊အုတ်ဖုတ်လုပ်ငန်း၊တပ်ထောက်၊မော်တော်ယဉ်၊သင်တန်းတပ်ခွဲတွေမှ ရရှိတဲငွေကြေးတွေကို တပ်ရင်းရန်ပုံငွေအတွက် နည်းနည်းပြပြီး ကျန်တာတွေကို တပ်ရင်းမှုးကြီးမှ ကိုယ်ပိုင်ငွေအဖြစ်အသုံးပြုနေပါတယ်။
အခုဆိုရင် တပ်မှစစ်ကားများကို အသုံးပြုပြီး သစ်မျှောဝါးကို စစ်သည်များကို သုံးပြီးကိုယ်ကျိုးအတွက် အသုံးပြုနေပါတယ်။ခွင့်မဲစစ်သည်များအား အထက်သို့တင်ပြချင်းမရှိ့ဘဲ လစာ/ရိက္ခာများကို ဗိုလ်မှုးကြီးဝင်း ဌေးမှ ထုတ်ယူသုံးစွဲနေကြောင်း
အမှတ်(၈) စခတက မှ တပ်သားတဦးက သတင်းပေးပို့ ထားပါတယ်။
Myanmar News Now
ရုံးပိတ်ရက်မရှိ့ စီးပွါးရှာနေတဲ့ တပ်ရင်းမှုးကြီး
Reviewed by သစ်ထူးလွင်
on
08:45
Rating:
15 comments:
တပ်တိုင်းမှာဒီလိုဘဲဖြစ်နေတယ်၊တပ်သားတွေကကိုယ်ရဲ.ခေါင်း
ဆောင်ကိုရွေးချယ်ခွင့်ပေးရပါမယ်၊အခုတော့အပေါ်က လုပ်သမျှခံနေရတာပေါ့
ဒီလိုပါဘဲစစ်တက်တွေကတပ်ရင်းမှူးအများအပြားကကိုယ်ကြိုးအတွက်ဘဲကြည့်တာများပါတယ်သူတို့ကိုဖါးနိုင်မှလည်းရာထူးကမြဲမှာဆိုတော့သူတို့ခိုင်းသမျှလုပ်ပေးနေရတာပြောလိုက်ရင်တပ်ရင်းသက်သာသက်သာနဲ့ငယ်သားတွေကတော့မသက်သာတဲ့အပြင်အသက်ပါပါတော့မှာ---
ရဲဘော်
ဆက်ကြိုးစားပါ။နာနာတိုင်ရင်မြန်မြန်ပြုတ်မှာပေါ့။
ဒါ၇ိုး၇ာအစဉ် အလာဖြစ်နေ ပြီ။ ပြောင်းလဲမဲ့ အချိန် သာစောင့်ပေတော့ ၇ဲဘော်လေးေ၇....
မှတ်ချက်။ ။ တသက်......
အမိန့်နဲ့တာဝန် မခွဲခြားနိုင်သရွှေ့ ဒီလိုဖြစ်နေကြမှာပါ။
ကိုယ်လက်အောက်ငယ်သား စစ်သားတွေကို ကျွန်လို သဘေားထားတာပဲ၊ အဲလို တစ်ဘို့ပဲသိတဲ့ ခေါင်းဆောင်တွေကြောင့် ငါတို့တိုင်းပြည် စုတ်ပြတ်သတ်နေတာ...........
ပိတ်ရက်မရှိ အများပြည်သူကို မထိခိုင်စေတဲ့ စီးပွားရေးမျိုးကျတော့ အားပေးတယ်ဗျ၊ နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ အမေရိကန်ဆိုင်တွေရှိကြတယ်၊ ဖွင့်တဲ့နာရီကနေ ဘယ်တော့မှ မပိတ်တာပါ၊ SevenEleven (၇-၁၁) ဆိုင်ပါပဲ။ ရက်မပြောနဲ့ စက္ကန့်ကလေးတောင်မှ မပိတ်ပါဘူး။
ကဲဦးစမ်ဲးမြိုင် ဒါဟာလူ့အခွင့်ရေးချိုးဖောက်ခံ နေရတာမဟုတ်ဖူးလား....... အဲဒါကို ဘယ်လိုများ အန်ကယ်ဦးစမ်းမြိုင်တို့ လူ့အခွင့်ရေးကော်မရှင်ကနေ ဘယ်လိုများ အရေးယူဆောင်ရွက်ပေးနိုင်မလဲ ( ကာကွယ်ပေးနိုင်မလဲ ) ...... စစ်သားဆိုတာ တိုင်းပြည်ကာကွယ်ဖို့ ဗျ အထက်ကအရာရှိတွေရဲ့ စီးပွားရေးကောင်းဖို့ ခိုင်းချင်တာခိုင်းဖို့အတွက် နွားတွေမဟုတ်ဖူး.... ဗျ
တပ်မတော်မှာ အထက်လူကြီးထောက်ခံချက်ပဲရှိတယ် လက်အောက်ငယ်သား ဆန္ဒပြုထောက်ခံချက်ဆိုတာမရှိသဖြင့် ဒီလိုမျိုးလက်အောက်ငယ်သားကို ဖိနှိပ်ကိုယ်ကျိုးစီးပွားရှာ မတရားအမိန့်ပေးစေခိုင်းပြီး ရှာလို့ရတဲ့ပိုက်ဆံနဲ့ အထက်လူကြီးကို ဖားလိုက်တယ် အဲ့ဒေါ့ရာထူးတက်လာကြတယ် အထက်ဖားအောက်ဖိ စနစ်ဆိုးကြောင့်ပဲ
ရာထူးတိုးပေးရာတွင် အထက်လူကြီးထောက်ခံချက်သာမက လက်အောက်ငယ်သားဆန္ဒပြု ထောက်ခံချက်များပါမှ ရာထူးတက်စေရန်ဆောင်ရွက်သင့်ပါသည် ဒီလိုဆောင်ရွက်ရင်ဒီလိုမဖြစ်နိုင်တော့ပါဘူး
ဒါတွေက မပြောင်းကြသေးပါလား။
တပ်ရင်းမှူးတောင်ဒီလောက်လုပ်နေတော့
ဗိုလ်မှူးနေမင်းသူတပ်ပြောင်းသွားတော့
လောက်ကိုင်တပ်မှာ(ခါလီ)ပဲကျန်ခဲ့တယ်။
တပ်ရင်းမှူးနဲ့ မည်သို့ မည်ပုံရှင်းလိုက်သနည်းမသိရ။
လောက်ကိုင်တပ်တွင်းရံပုံငွေထပ်မတိုးလာပေ။
ဗိုလ်မှူးနေမင်းသူ(ကြည်း-၃၂၉၂၉) ကတော့
တပ်သစ်(ကော့ကရိတ်တပ်)
ကိုသွားတာငွေလွှဲတဲ့သူပြောသလို
ရန်ကုန်ကို သိန်း-၂၀၀ လွှဲလို့ ဝယ်ထားတဲ့ 
ကားသစ်ကြီးအဖြူရောင်နဲ့ ငြိမ့် လို့ ။
သူ့ မိန်းမ မစုစုမာ(တောသူ)အမျိုးကပဲချမ်းသာ
ပြီးဝယ်သလိုသတင်းလွှင့်ထားတာဇာတ်မြစ်စုံစမ်းကြည့်ပါ။ ဗိုလ်မှူးတို့ တော်ချက်က ရောက်တဲ့ နေရာ
ဂွင်ဘယ်လိုဖန်ရပ။ရဲဘော်တွေစုတ်ပြတ်ပြီးကျန်ခဲ့ တာ၊
ရဲဘော်မျက်ရည်တွေရဲ့ ပိုက်ဆံတွေနော်။
ငါ့ မိန်းမ ငါ့မိသားစုအတွက်လုပ်လိုက်အုန်းပေါ့။
ထင်သလိုလဲမဟုတ်လောက်ပါဘူး။ အဲဒီဘက်ရောက်ဖူးပါတယ်။ ၁ လ သိန်းပေါင်းများစွာဝင်တဲ့လုပ်ငန်းမရှိပါဘူး။ ကြားဖူးနားဝနဲ့ ရမ်းတုတ်တာဖြစ်နိုင်တယ်။ သေချာလေ့လာဖို့တော့လိုမယ်ထင်တယ်။ မလိုတဲ့သူတွေလည်းဖြစ်နိုင်တာပဲ။ သေချာလေ့လာဖို့ပြောတာပါ။
အများကောင်းကျိုးရွက်သယ်ပိုးက၊ ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း၊ မဖယ်စကောင်း ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင့်လော့
ရွှေဘို ပခန်းဆရာတော်ကြီး ရဲ့ ဆုံးမစာလေးပါ...
စစ်တပ်က အကျင့် မပျောက်သေးတဲ့ စစ်သားလူထွက်ကြီးလုပ်ငန်ရှင်ကြီး များလည်း ထိုနည်းတူ ပိတ်ရက်မရှိ အတင်းစေခိုင်းမူရှိနေပါတယ်
အမှန်တွေဆိုတာသေချာပါတယ်။ ဘာလို.လဲဆိုတောစခတ(၈)မှာ သူငယ်ချင်းအရာရှိတွေရဲဘော်တွေရှိပါတယ်။ သူတို.ပြောပြချက်အရတပ်ရင်းမှုးကတော်ကရှမ်းလို.သိရပါတယ်။ကတော်ကြီး နဲ.ပြေလည်တဲ.ရဲမေလောက်တာအိမ်လာလို.ရတာပါတဲ.။မေမြို.ကတပ်ရင်း မှုးခြံစောင်.ဖို.တပ်ကဆရာတယေက်မေမြို.ဆိုက်ဘာစီးတီးတက်နေတဲ.သားအတွက်ကားမောင်းဖို.ဆရာတယောက်သွားနေရတာတဲ.။နိုင်ငံတာဝန်ထမ်းရမဲ.ရဲဘော်တွေကတပ်ရင်းမှုးရဲ.ကိုယ်ပိုင်လုပ်ငန်းတွေလုပ်ပေးရတာမှန်ပါတယ်တဲ.ခင်ဗျား..............
Post a Comment