ကွမ်းခြံကုန်းမြိုနယ်မှ အနှေးယာဉ် ဆိုက္ကားနင်းသူ ၇၀၀ ကျော် စည်ပင်မှ တာဝန်မဲ့
လုပ်ရပ်များနှင့် လိုင်စင်ခွန်များ အဆမတန် ကောက်ခံမှု ကြောင့် ဒုက္ခရောက်နေ
ကြပါတယ်။
ရန်ကုန်မြို.တော် စည်ပင် အတွင်းမြို.နယ်တွေက ဆိုက္ကားတစ်စီး ကို သက်တမ်းတိုး
လိုင်စင်ခ ကျပ်သုံးထောင် ၀န်းကျင် သာပေးဆောင်ရပေမဲ့ ၊ ကွမ်းခြံကုန်း စည်ပင်
ကတော့ ကျပ် ၁၃၀၀၀ (တစ်သောင်းသုံးထောင်) ချိန်ဆောင်ရမယ်လို.ပြောနေပါတယ်။
ဆိုက္ကား တစ်စီးတန်ဖိုး ချင်းယှဉ်လျှင် ကွမ်းခြံကုန်း မြို.က ဆိုက္ကားတွေက
ရန်ကုန် စည်ပင်ထဲက ဆိုက္ကားတွေထက် ဆယ်ဆ (၁၀ဆ) တစ်ဆ (၁ဆ) လောက်
ဈေးနိမ့်ကျနေပါတယ်။ ၄ ဆလောက်ပိုပြီး အခွန်ဆောင်ရတဲ့ ကွမ်းခြံကုန်း မြို.ဟာ
ဆင်းရဲ့တဲ့ နိမ့်ကျတဲ့ အခြေခံလူတန်းစားတွေအများစုနေထိုင်တဲ့ မြို့ ဖြစ်ပါတယ်။
ဒါအပြင် ကွမ်းခြံကုန်း မြို.ပေါ်မှာ ကားဂိတ်ဆိုတာ နေရာ သတ်မှတ်ချက်မရှိ ၊ကား၊
ထော်လာဂျီတွေ ၊ရပ်ချင်တဲ့နေရာ ရပ် ၊ ကုန်တင်ချင် ချချင်တဲ့နေရာ တင်ချ ၊ဈေးထဲ
အရောက်နေရာအနှံ.၀င်ထွက် ၊ လိုင်စင်မဲ့ ဆိုင်ကယ် ၊လိုင်စင်ရှိ ဆိုင်ကယ် ကယ်ရီတွေ
ကလည်း နေရာ အနှံ ပြေးဆွဲ ၊လိုင်စင်မဲ့ ဆိုက္ကားတွေ လည်း မနည်းမနော ၊ အခုဆို
သုံးဘီး ဆိုင်ကယ်တွေတောင် ရောက်လာနေပါပြီ။ ဖြစ်ချင် သလိုဖြစ်နေပြီး၊ ဘယ်သူ
ကမှလည်း အရေးမယူ ၊ဒါကြောင့် မို. တရားဝင်ဆိုက္ကား သမားများ လုပ်စားစရာ
နေရာမရှိ ဖြစ်နေရကြောင်း ကွမ်းခြံကုန်းမြို့ က ဆိုက်ကားသမားများက Myanmar News
Now ကိုပြောပြပါတယ်။

ကွမ်းခြံကုန်း ဆိုက္ကားသမားတွေ စည်ပင်ခွန်ကြောင့် ဒုက္ခရောက်နေ
Reviewed by သစ်ထူးလွင်
on
10:30
Rating:
6 comments:
စည်ပင်သာယာကလည်း ဆိုက်ကား သမားတွေ စည်းမဲ့  ကမ်းမဲ့  နင်းလို့  ၇ှင်းနေ၇တဲ့  ပြသနာတွေ ကြောင့် ဒုကေ၇ာက်နေပါတယ် ဆိုက်ကားသမားတွေ က လွတ်၇င်ကျော် တိုက်၇င်ေ၇ာဆိုတဲ့ ဆောင်ပုဒ်နဲ့ အလုပ်လုပ်စားနေကြတယ်
ကွမ်းခြံကုန်းက လိုင်းကား,Taxi, ဆိုက်ကား
တစ်ခုမှစည်းကမ်းမရှိဘူး
မောင်းချင်သလိုမောင်းတယ်
ခရီးသည်တွေအပေါ် လုံးဝဂရုမစိုက်ဘူး
သူတို့ကားထွက်ချင်တဲ့အချိန်မှထွက်တယ်
လူမပြည့်ရင် ပိုက်ဆံပိုပေးရင် ထွက်တယ်
မပေးရင်တော့ စောင့်ဖို့သာပြင်ပေတော့
ဘယ်နှစ်ရီ တစ်စီးထွက်ရမယ်လို့သတ်မှတ်မထားဘူး
ဆိုက္ကားသမားတွေ စည်းကမ်း မရှိတာ က တပိုင်း စည်ပင် အခွန်တွေများတာက တပိုင်း သူအပိုင်းသူ အရေးယူရင် ကောင်မယ်ထင်တယ်။
ဆိုက်ကားနင်းသားကလည်းစည်းကမ်းလိုက်နာတာအား
နည်းတယ်။စည်ပင်ကလည်းဥပဒေကိုတိဆိကျကျမလုပ်။
ဟုတ်တော့ဟုတ်နေဘီ။
နိုင်ငံတော်ကြီးခေတ်မီတိုးတက်ချင်ရင်အားလုံးဥပဒေဘောင်ထဲမှာရှိနေရမယ်နော်။လူတစ်ဦးခြင်းရဲ့စိတ်ဓါတ်တွေပြင်ကျ
ပါ။စည်းကမ်ရှိကြပါ။တာဝန်ကိုယ်စီယူတတ်အောင်ကြိုးစား
ကြပါလို့သာအကြံပြုလိုက်ပါသည်။
ကားဟောင်းတွေ အပ်ခိုင်းတဲ့ အထဲမှာ ဆိုက်ကားဟောင်းတွေ ပါ အပ်ခိုင်းပြီး ဆိုက်ကား သမားတွေ ကို ကားပါမစ်တွေ ပေးလိုက်၇င် ဆင်းရဲ နွမ်းပါးမှု့  တိုက်ဖျက်ေ၇း၇ဲ့  တစ်စိပ်တပိုင်း ဖြစ်သွားမှာပါ အခုက အထက် ချပေးတဲ့ အခွင့် အေ၇းမှန်သမျှ အခြေခံ လူတန်းစာတွေ ဆီ ကျ ကျ မလာဘူး ဘာလုပ်ပိုင်ခွင့် ပေးလိုက်ပြီဆို၇င်လည်း သူတို့  ပဲ ဟို အခွင့်ေ၇းချပေးလိုက်ပြန်ပြီ ဆို၇င်လည်း သူတို့  တွေ ပဲ ၇နေတာတွေ့ ၇နေ၇တယ်
မှန်ပါတယ်ဗျာ ကွမ်းခြံကုန်းစည်ပင်လုပ်စားချက်ကတော့ အများကြီးပါပဲ။ အထူးသဖြင့် ပိုက်ဆံတောင်းဖို့အတွက် ဘောင်ချာစာရွက်တွေက စည်ပင်ရုံးချုပ်က ထုတ်ပေးထားတာမဟုတ်ပဲ ကိုယ်ဖာသာကိုယ်ရိုက်ထားတဲ့စာရွက်တွေနဲ့ တောင်းနေပါတယ်။ ကိုယ့်ဖာသာကိုယ် ရိုက်ထားတဲ့ဘောင်ချာ အမျိုးအစားပေါင်း ၅မျိုးလောက်ရှိပါတယ်။
Post a Comment