အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်တွေကို တောင်းဆို ဆန္ဒပြနေတဲ့
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုံမှာ ရှိတဲ့ Yangon
Crown ရန်ကုန်သရဖူ သံမဏိစက်ရုံက အလုပ်သမားတွေကို ရွှေည၀ါဆရာတော်က တနေ့
ထမင်းနှစ်နပ်စာ ဒီနေ့လည်း ဆက်လက်လှူဒါန်း ပါတယ်။
RFA-Burmese
အခြေခံလစာ နည်းနေတာ ပြန်ညှိနှိုင်းဖို့၊ အချိန်ပိုလုပ်အားခ
သတ်မှတ်ပေးဖို့၊ ခွင့်ရက်နဲ့ ပိတ်ရက်တွေ ညှိနှိုင်းပေးဖို့၊ အစိုးရ
ရုံးပိတ်ရက်တွေကို အလုပ်ပိတ်ရက် သတ်မှတ်ပေးဖို့ အပါအ၀င် အချက် ၁၃ ချက်ကို
အလုပ်သမားတွေ စတင်တောင်းဆို ဆန္ဒပြတဲ့ မေလ ၂၁ ရက် ကတည်းက အခုလို
သူကလှူဒါန်း နေတာဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။
တိုက်ကြီးမြို့ MGE အထည်ချုပ်စက်ရုံက ဆန္ဒပြ အလုပ်သမားတွေကိုတော့ အရင်နေ့တွေမှာ ဆရာတော်က ထမင်းနှစ်နပ် လှူဒါန်းနေပြီး တခြား အလှူရှင်တွေက ဒီနေ့ လှူဒါန်းတယ်လို့ သိရပါတယ်။
Yangon Crown စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေ တောင်းဆိုတာကို ဆက်လက် ငြင်းပယ်တာကို တုန့်ပြန်တဲ့အနေနဲ့ အလုပ်သမား ခေါင်းဆောင်တွေ မနေ့က စတင်ပြီး အစာငတ်ခံ ဆန္ဒပြနေပါတယ်။ ရေရှည်မှာ ကျန်းမာရေး ထိခိုက်ပြီး အလုပ်သမားအရေး ဆက်လက် လုပ်ဆောင်ရာမှာ ထိခိုက်မှာကို စိုးရိမ်ရတဲ့အတွက် အစာငတ်ခံ ဆန္ဒပြတာကို ရပ်ဆိုင်းလိုက်ဖို့ အစီအစဉ်တွေကိုလည်း ညှိနှိုင်းနေတယ်လို့ ဆရာတော်က မိန့်ပါတယ်။

ရွေညဝါ ဆရာတော် အလုပ်သမားတွေကို ဆက်လက်ကူညီ
Reviewed by သစ်ထူးလွင်
on
08:37
Rating:
3 comments:
ဆန္ဒဖော်ထုတ်တာကို လက်ခံပါတယ်... အစာငတ်ခံဆန္ဒပြတာက ဒီနေရာမှာမထိရောက်ပါဘူး....မလုပ်ကြပါနဲ့... အရင်တိုင်းဘဲဆက်သွားကြပါ... ခေါင်းဆောင်များ.. ခင်ဗျားတို့က အစာငတ်ခံဆန္ဒပြလို့ ကျန်းမာရေးထိခိုက်သွားရင် ကျန်နေတဲ့ အလုပ်သမားများကို ဘယ်သူက ဦးဆောင်မှာလဲ ... ထဲ့ပြီးစဉ်းစားပြီးသားတော့ ဖြစ်မှာပါ... ဒါပေမယ့် ကျွန်တော်တို့ လူမျိုးတွေက သိပ်ပြီးစွဲလမ်းကြီးတာနော်... ဒီတစ်ယောက်ဆို ဒီတစ်ယောက်ပဲ.. နောက်တစ်ယောက်ပြောင်းသွားရင် အရင်တစ်ယောက်လိုသိပ်ပြီးလက်ခံချင်ကြတာမဟုတ်ဘူး
သာဓုပါဘုရား ဒီလို ပရဟိတအလုပ်ကို ဦးဆောင်သည့်အတွက် သာဓုပါ.လူတိုင်း ဆရာတော်ကို အတုယူပြီး အပြောနဲ့တင်အချိန်ကုန်မခံပဲ လက်တွေ့ ကူညီမှုကို ပေးသင့်တယ်
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုယခုမှလာတာမဟုတ်.စစ်အစိုးရအချိန်ကတဲကတရုပ်တွေမဝရေစာလုပ်ခလေးနဲ့ဒို့ပြည်သူအလုပ်သမားတွေခံလာခဲ့ကြရတာရသင့်တဲ့အခွင့်အရေးမရရအောင်တောင်းဆိုရမှာတရားတယ်။
Post a Comment