မန်း/စည်ပင်အတွင်းရေးမှူးသား ထိုးကြိတ်မှု ဖြစ်ရပ်မှန်

သစ်ထူးလွင်မှာတင်ထားတဲ့ သတင်းနဲ့ပတ်သတ်ပြီး အားလုံးကလဲသိချင်ကြမယ်ထင်တဲ့ အမှန်တကယ်ဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုကိုပြောပြချင်ပါတယ်။

ဖြစ်ပုံကတော့ဒီလိုပါ။ အရိုက်ခံ၊အထိုးခံရတယ်ဆိုတဲ့ မထွယ်အောင် ရဲ့ညီမ မနူးနူးသော်ဆိုတာ မန်းစည်ပင်အတွင်းရေးမှူးရဲ့သား ချိုဌေးမောင်ရဲ့ ရည်းစားပါ။ ၃၁-၃-၂၀၁၂ နေ့ က မထွယ်အောင်နဲ့ညီမဖြစ်သူမနူးနူးသော်တို့စကားများ ကြပါတယ်။
စကားများရင်းကနေလက်ပါ ပါလာကြပြီး မထွယ်အောင်ကနေမနူးနူးသော်ကို ဆံပင်ဆွဲပါးရိုက်ပါတယ်။

အဲတာကိုမနူးနူးသော်ကမကျေနပ်လို့ ရည်းစားဖြစ်သူ ချိုဌေးမောင်ကိုဖုန်းဆက်ပြီးတိုင်ပါတယ်။အဲဒီမှာ ချိုဌေးမောင်က မထွယ်အောင်နဲ့ မနူးနူးသော် တို့ငှားနေတဲ့အိမ်ကိုရောက်လာပြီး မနူးနူးသော်နဲ့တွေ့ပါတယ်။ပြီးတော့အိမ်ထဲကပြန်အထွက် အပေါက်ဝရောက်တဲ့အချိန်မှာ မထွယ်အောင်နဲ့ ချိုဌေးမောင်တို့အပြန်အလှန်စကားများ ဆဲဆိုကြပြီး တစ်ယောက်နဲ့တစ်ယောက် လုံးထွေးသတ်ပုတ်ကြပါတယ်။

ချိုဌေးမောင်ကမထွယ်အောင်ကို လက်သီးနဲ့ထိုးသလို မထွယ်အောင်ကလည်း ချိုဌေးမောင်ရဲ့အင်္ကျီကိုဆွဲပြီး ဖိနပ်နဲ့ပါးရိုက်ပါတယ်။နောက်တော့ဘေးကလူတွေဝင်ဆွဲတာနဲ့ရန်ပွဲပြီးသွားပြီး တစ်ဖက်နဲ့တစ်ဖက်  အမှတ်(၉)ရဲစခန်းမှာ အပြန်အလှန် အပြန်အလှန် တရားစွဲကြပါတယ်။ဒီနေရာမှာသိစေချင်တာက ချိုဌေးမောင်ဘက်ကနေ အမှုဖွင့်ရာမှာသက်သေအဖြစ်နဲ့ လိုက်ပါတိုင်ကြားခဲ့တာက မထွယ်အောင်ရဲ့ ညီမ အရင်းဖြစ်တဲ့ မနူးနူးသော်ပါ။

တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အမှုဖွင့်တဲ့အတွက် နှစ်ဘက်စလုံးတရားလိုနဲ့ တရားခံတွေပါပဲ။အဲတာကြောင့်နှစ်ဖက်စလုံးကို ရဲတွေကအမှုနဲ့စစ်ဆေးပြီးနှစ်ဖက်စလုံးကို အာမခံနဲ့ လွှတ်ပေးပြီး အမှုကိုတရားစွဲတင်ဖို့ဆက်လက်ဆောင်ရွက်နေပါတယ်။သူတို့တွေဖြစ်တဲ့အမှုကလည်း အာမခံပေးရမယ့်အမှုဖြစ်တဲ့အတွက် အမှုအတောအတွင်းမှာ နှစ်ဖက်စလုံးကိုအာမခံနဲ့ လွှတ်ထားတာပါ။

            ဒီဖြစ်စဉ်ကိုပြန်ပြီးသုံးသပ်ရမယ်ဆိုရင် ဒီအမှုမှာ လူတင်ပါလို့နွားကျားကိုက်တယ် ဆိုတဲ့စကားပုံလို မနူးနူးသော်က ဖုန်းဆက်ပြီးရည်းစားကိုတိုင်တဲ့အတွက် ချိုဌေးမောင်က ညီအစ်မ နှစ်ယောက်ကြားမှာဝင်ပြီး သူရဲကောင်း လုပ်တာပါ။နှစ်ဖက်စလုံးကလဲ ဒေါသကိုရှေ့ထားပြီးဖြေရှင်းကြတဲ့အတွက် ဒီလိုအမှုအခင်းတွေ ဖြစ်ကုန်တာပါ။မထွယ်အောင်ပြောသလို အကျီရင်ဘတ်ကိုဆွဲပြီး ထိုးကြိတ်ရိုက်နှက်တာမှန်ပေမယ့် ဘာအကြောင်းမှ မရှိဘဲလုပ်တယ် ဆိုတာကတော့ မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းလဲတွေးမိမှာပါ။ချိုဌေးမောင်ဘက်က မိန်းကလေးတစ်ဦးကို ရိုင်းစိုင်းစွာ ထိုးကြိတ်ရိုက်နှက်ခဲ့သလို မထွယ်အောင်ကလည်း ပြန်ပြီးလက်တုန့်ပြန်ခဲ့ပါတယ်။

ကျွန်တော့်အမြင်ကတော့ ချိတ် ချိတ်ချင်းမို့ညှိကြတာပါ။မထွယ်အောင်ပြောသလို အကြောင်းမဲ့သက်သက်ဝင်ရိုက်တယ်ဆိုရင်ရပ်ကွက်ကလဲ ဒီအတိုင်းကြည့်နေမှာ မဟုတ်ပါဘူး။ နောက်ပြီး မထွယ်အောင်ပြောသလို အထက်က ဖိအားပေးလို့ အမှုမှန်ပေါ်ရေးအတွက် အနှောက်အယှက် အဟန့်အတားဖြစ်တယ်ဆိုတာ ကလည်း အခြေအမြစ် မရှိဘူးလို့ထင်ပါတယ်။ဒီအမှုဟာ ဆားပုလင်းနှင်းမောင်တို့ ၊ စုံထောက်ကြီးရှားလော့ဟုမ်း တို့ ၀င်စစ်ရလောက်မယ့် လျှို့ဝှက်နက်နဲတဲ့အမှုလည်းမဟုတ်ပါဘူး။ဒီဖြစ်ရပ်ကိုအကုန်မြင်တဲ့ သက်သေတွေလည်း ရှိပါတယ်။

မထွယ်အောင်က ရဲစခန်းကိုသွားမေးတော့ ဘယ်ရဲအရာရှိက အဲလိုပြောလိုက်တာလဲ။ဘယ်နေ့ကပြော လိုက်တာလဲ ။ တကယ်သွားမေးတာရောဟုတ်ရဲ့လား။ကိုယ့်စကားကိုယ် ဘယ်လောက်အထိတာဝန်ယူနိုင်သလဲ။ဒီလိုပြောနေလို့ကျွန်တော့်ကိုလည်း ဓားခုတ်ရာလက်ဝင်လျှိုတယ်မထင်ပါနဲ့။ကျွန်တော်ဘယ်ဘက်နဲ့မှ အမျိုးမ တော်ပါဘူး။

မထွယ်အောင် ထိုးကြိတ်ရိုက်နှက်ခံရတာမှန်ပါတယ်။ဒါပေမယ့် သူပြောသလို အကြောင်းမဲ့တော့မဟုတ်ပါဘူး။ သူပြောသလို ထိရောက်မှန်ကန်စွာအရေးယူပေးရန်နှင့်အများပြည်သူသိစေရန် ဆိုတဲ့နေရာမှာ သူကိုယ်တိုင်ကလည်း အများပြည်သူကို ပွင့်ပွင်းလင်းလင်း ရိုးရိုးသားသား ပြောပြဖို့လိုပါမယ်။ ချိုဌေးမောင်ကို အာမခံနဲ့လွှတ်ထားသလို မထွယ်အောင်ကိုလည်း အာမခံနဲ့ လွှတ်ပေးထားတာပါ။ငါ့စကား နွားရ ဆိုတဲ့ပုံမျိုးနဲ့ ပြည်သူကို အမှန်အတိုင်းမပြောဘဲ ရေးချင်ရာရေးလို့ပြီးရောလား။ဒီအမှုမှာ ချိုဌေးမောင် အပြစ်ရှိသလို မထွယ်အောင်မှာလဲအပြစ်ရှိပါတယ်။မထွယ်အောင်ဘက်ကလည်း  ရိုးသားမှုရှိစေချင်ပါတယ်။နှစ်ဦးနှစ်ဖက်စလုံး တရားရုံးမှာဥပဒေအတိုင်း ရင်ဆိုင်ရမှာပါ။တရားကိုနတ်စောင့်ပါတယ်။

အဖြစ်မှန်သိရှိသူတဦး ရေးသားပေးပို့ ထားတာပါ
Myanmar News Now
မန်း/စည်ပင်အတွင်းရေးမှူးသား ထိုးကြိတ်မှု ဖြစ်ရပ်မှန် မန်း/စည်ပင်အတွင်းရေးမှူးသား ထိုးကြိတ်မှု ဖြစ်ရပ်မှန် Reviewed by သစ်ထူးလွင် on 20:40 Rating: 5

32 comments:

htoominnaing said...

မှန်ပါတယ်ချိတ် ချိတ်ချင်းမို့ညှိတာပါ

minsoeaung said...

ကြိုက်တယ်ဗျာ
အားလုံးမှာဒီလိုပွင့်လင်းရင် အနာဂတ်ကအမှန်တကယ်
လှပလာမည်ဟုယုံကြည်လျက်။

66koaungaungtun@gmail.com said...

ဟုတ်ပါတယ်အွန်းလိုင်ပေါ်တင်လို့ရတယ်ဆိုပြီးခုတုံးမလုပ်ပါနဲ့

maungmin said...

လူတွေကလဲ သူ့ဖာသာသူ ဖြစ်တာကို မန်း/စည် တွင်းမှူးသားဆိုတော့ပုံကြီးချဲ့ကြတာပဲ... အလကား အရင်ပို့စ်တုန်းက ကွန်မန့်ပေးတဲ့သူတွေဘယ်ရောက်ကုန်ကြပြီတုန်း.. သေကုန်ကြပလားး ကိုယ်ပိုင်အတွေမရှိပဲ.. သူများပြောတိုင်း ယုံတဲ့သူတွေ... ဒီပို့စ်မှာတောင် ဒီလောက်လွဲနေရင် အရင်တုန်းကပို့စ်တွေ နောက်ဆက်တွဲမရှိတဲ့ သတင်းတွေဆိုဘယ်လောက်များမှားနေမလဲ.. ဦးနှောက်နဲ့စဉ်းစားကြည့်ကြပါဦး..

ko ko said...

နောက်ဆုံးတော့မောင်နှမလင်လုပွဲဘဲ....

chawthu said...

ဒီသတင်း တက်လာတာက တကယ့်ဖြစ်ရပ်ကို ဖော်ပြဖို့ထက် စည်ပင်အတွင်းရေးမှုးသာ အနိုင်ကျင့်တယ် ဆိုပြီးပဲ အသားပေး ထားတာ....။ အခုလို အဖြစ်မှန် သိရတော့ ပိုပြီး ပြည့်စုံသွားတာပေါ့ဗျာ......။ ဘယ်သူ့သား ဘယ်သူ့သမီးပဲဖြစ်ဖြစ် မတရားတာ လုပ်ရင် မတရားကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြကြပါ......

မိုးတိမ် said...

အဲဂလိုလုပ်စမ်းပါဟ။အကြောင်းမရှိဘဲ အကျိုးမဖြစ်နှိုင်ပါ။
နှစ်ဘက်စလုံးမှားနေတာကို၊ တစ်ဘက်သတ် စွပ်စွဲတဲ့ခောတ်က
internet လောကမှာမရှိတော့ပါဘူး။လာလုပ်လဲစောက်ရူးပဲ။
လူတိုင်းမှာ ဦးဏှောက်ကိုယ်စီရှိပါတယ်။ဘာကြောင့်ရန်ဖြစ်ရတာလဲ
ဆိုတဲ့အကြောင်းသိရရင်တော့ ပိုပြည့်စုံတာပေါ့ဗျာ။

ုkyaw said...

တကယ်တော့ရပ်ကွက်အဆင့်နဲ့ဖြေရှင်းရမဲ့ကိစ္စကို အင်တာနက်ပေါ်ထိတင်တာကိုကမှားတယ် အင်တာနက်ဆိုတာလူအများအကျိုးရှိမဲ့ကိစ္စတွေကိုပဲတင်တာကောင်းပါတယ်ခွေးကိုက်တာကအစလိုက်တင်နေရင်တကယ့်နိုင်ငံရဲ့အရေးကြီးတဲ့ကိစ္စတွေတင်ဖို့အတွက်အနှောက်အရှက်ဖြစ်သွားနိုင်ပါတယ် တစ်ချို့အရေးကြီးတဲ့သတင်းတွေဆိုပြောတဲ့လိပ်စာအတိုင်းပို့ပေးလိုက်ပါသော်လည်း ဘာအကြောင်းကြောင့်လဲမသိဘယ်တော့မှလိုင်းပေါ်မတက်လာပါဘူး ဒီဘာမဟုတ်တဲ့သမီးရည်းစားလို တိတ်တိတ်ပုန်းလိုကိစ္စတွေကြတော့ထိပ်ဆုံးကကိုတက်နေတယ် ဒါဟာမဖြစ်သင့်တဲ့ကိစ္စပါ ကိုယ်ချင်းမစာလို့မဟုတ်ပါဘူး အဓိကနဲ့ သာမညကိုကွဲပြားအောင်မလုပ်ကြလို့ပါ ရပ်ကွက်ထဲမှာအရာရှိသားမဟုတ်တဲ့လူတွေအုပ်စုလိုက်အနိုင်ကျင့်တာတွေကိုလိုက်တင်နေရင်ရောဒီလိုမျိုးအရေးတစ်ယူလုပ်ပြီးတင်ပေးမှာလား ဒါဆိုနောက်တစ်ခါထီဆု(စုငွေ)တွေလိမ်ပြေးတဲ့ကိစ္စတွေပါရေးပြီးတင်ခိုင်းရမှာလား ပြည်သူအတွက်တန်ဖိုးရှိတဲ့သတင်းတွေပဲတင်တာကောင်းပါတယ်။အာဏာပိုင်အချို့ကလုပ်စားလိုက်၊နိုင်ငံရေးသမားအချို့ကလုပ်စားလိုက်၊သတင်းသမားအချို့ကလုပ်စားလိုက်နဲ့ပြည်သူတွေမှာခုချိန်ထိဂျာအေးသူ့အမေရိုက်ဇါတ်လမ်းကနေကိုမတက်နိုင်ဘူးဖြစ်နေရပြီး။

မောင်မောင် said...

ကြောက်ဖို.ကောင်းလိုက်တာ..ညီမဖြစ်သူက ချစ်သူဘက်က သက်သေအဖြစ်လိုက်ပေးတယ်တဲ့..အံအောပ...နှာခေါင်းရှိလို.တော်သေးတယ်..

Henart Toe said...

ငယ်ရွယ်သူ မလိမ်မိုးမလိမ်မာမို့ ဆိုပေမဲ့ မိန်းမ တစ်ယောက်ကို ထိုးကြိတ်ဝံ့တဲ့ သတ္တိ ကိုတော့ မလေးစားမနေနိုင်အောင်ဖြစ်မိတာတော့ အမှန်ပါဘဲဗျာ။ လက်ဖျားခါလောက်ပါပေတယ်။ အမိအဖ ကို ဂုဏ်ကျက်သရေ တိုးပွားစေတာ ဒီလို သားကောင်းသားမွန်လေး မျိုးပါဘဲ။
အနာဂါတ်မှာ ထွန်းတောက်လာမဲ့ အာဇာနည် ကြယ် တစ်ပွင့်ဘဲ ဆိုတာ မြေကြီးလက်ခတ်မလွဲ ပြောနိုင်ပါတယ်။
ဒါကြောင့် -
မိဘအုပ်ထိန်းအောက်မှမကင်းလွတ်သေးသော အသိဥာဏ် မပြည့်စုံသေးသူ လူမမယ် မန်း/စည်ပင်အတွင်းရေးမှူး၏ အမျိုးကောင်းသား ပူတူတူး မောင်ချိုဌေးမောင်ကလေးက ၎င်း၏ လက်ဆုပ် သေးသေးလေးဖြင့် အသာကလေး ဖွဖွကလေး ထိမိသည်ကို
လေးလုံးခြောက်ဖက် ဂေါ်ဇီလာ ဒိုင်နိုဆော အရွယ်ထက် မငယ်သော မထွယ်အောင် က ၎င်း၏ ဘူဒိုဇာဂေါ်ပြား အရွယ်ခန့်ရှိသည့် ဧရာမ ယုံနိုင်ပေါင် အရွယ် လက်ဝါးကြီးဖြင့် ရက်ရက်စက်စက် ယုတ်ယုတ်မာမာ ပြင်းထန်စွာ ထိခိုက်နာကျင်ပြီး လူဖြစ်ရှုံးသည်အထိ နစ်နာစေလိုသော ရည်ရွယ်ချက်ဖြင့် ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သည်မှာ
နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကို ထိခိုက်ပျက်ပြားစေခြင်း ကြောင့် ပြင်းထန်၍ မှတ်လောက်သားလောက်အောင် နောက်တခါ မော်မဝံ့အောင် တစ်ချီထဲ နှင့် လက်စတုံးမည့် ပြစ်ဒဏ်မျိုး ချမှတ်သင့်ကြောင်း ဖေါ်ပြပါရှိသည့် လွန်စွာမှ တရားမျှတပြီး တော်တည့် ဖြောင့်မတ် မှန်ကန်သည့် စီရင်ချက်မျိုးကို ကြိုတင် ကောင်းချီးသြဘာ ထောပနာ ပေး၍ ကြိုဆို လိုက်ရပါကြောင်း
ထို့အပြင် တမုံ့
မန်း/စည်ပင်အတွင်းရေးမှူး၏ အမျိုးကောင်းသား ပူတူတူ လေး မောင်ချိုဌေးမောင်၏ အမှုမှန်ပေါ်ပေါက်ရေးအတွက် မိမိ အသက်ကိုမျှ ပဓါန မထားဘဲ သက်စွန့်ဆံဖျား သတင်းမှန်ကိုဖေါ်ထုတ်ပေးသည့် အမျိုးမတော်သူ မောင်မင်းစိုးအောင်သည်လဲ သီရိသုဓမ္မပျံချီ မဟာ သရေစည်သူဘွဲ့ အမှန်တကယ် အပ်နှင်း ချီးမြှင့် မြှောက်စားထိုက်သူ အဖိုးတန်အမျိုးမှန်ယောင်္ကျားကောင်း ယောင်္ကျားမြတ် စင်စစ်ဧကန် အမှန် ဖြစ်ပါကြောင်း ထပ်လောင်းဖြည့်စွက် ဖေါ်ပြလိုက်ရပေသည်။

ဆုလာဘ် said...

အမှန်တ၇ားကိုလိုချင်ပါတယ် ဘယ်သူကိုမှမနစ်နာစေချင်ဘူး

ဆုလာဘ် said...

အမှန်အတိုင်းေ၇းတာကောင်းပါတယ်

sliver said...

အဲဒီ မထွက်အောင် သူသာ မန်းစည်းပင် လူကီး သမီးဆိုရင် ကိုချိုးဌေးမောင်
တော့ မလွယ်ဘူး..အဲဒီမိန်းမ ဘယ်လောင်ဘလဲတတ်တတ်မိန်းမ ခံရတာ
တောင်နည်းသေးတယ်..

GuGu said...

ရည်းစာဘ၀နဲ့ တောင်ရှုတ်နေတာပဲ.........
ဒီခေတ်ကြီးမှာ အနေထိုင်လေး ကောင်းမှ ကိုယ့် အဖေ နာမည်မထွက်မှာ...

Thet said...

သတင်းမှန် ရေးသားပေးပို့သူကို ကျေးဇူးတင်ပါတယ်။

min kyaw said...

ဖြစ်စဉ်ကို သိမှ အမှုကပို ရှင်းလာပါတယ်။ကျွန်တော် ဥပဒေပညာရှင်တစ်ဦး တော့မဟုတ်ပါဘူး။ဒါပေမဲ့အများအမြင်က ပြစ်မှုတစ်ခုကိုအကြောင်းတစ်ခု ပြပြီင်္းကျုးလွန်ရသလိုဖြစ်နေပါတယ်။ ပြစ်မှုကပြစ်မှုပါ။ကျုးလွန်ခြင်းရှိမရှိဆိုတာအဓိကပါ၊ ပြစ်မှုစီရင်သောအခါမှသာဘာ့ကြောင့်လဲဆိုတာသုံးသပ်ပြီး ပြစ်အလေးအပေါ့စဉ်းစားရတာပါ။သို့သော်မြန်မာ့ဥပဒေမှာတစ်ချို့ကဏ္ဍများမှလွဲပြီး မည်သည့်ပြစ်မှုမှ မည်သူမဆိုမည်သည့်အကြောင်း
နှင့်မကျုးလွန်ရပါ၊ ပိုင်နက်ကျုးလွန်ပြီး ရိုက်မှုသည် အပြစ်ကြိးပါတယ်။ မိန်း
ခလေးကို ယောကျာင်္းလေးရိုက်နှက်မှုသည် အပြစ်ကြိးပါသည်။ တစ်ခြားနေ
ရာထက်မျက်နှာကို ရိုက်နှက်မှုသည် အပြစ်ကြီးပါသည်၊ ချက်ချင်းဖမ်းချုပ်
ပြီးတရားရုံးမှသာ အာမခံပေးရမည့် အမှုကြီးဖြစ်ပါသည်။ ဆဲဆိုပြီး မိန်းခ
လေးတစ်ဦးက ယောကျာင်္တစ်ဦးကိုဖက်လုံးသောအမှုသည် အမှုသေးပါ။
ရဲမှ အာမခံပေးလို့ရပါတယ်။ တရားလို တရားခံနှစ်ဦးဖြစ်လို့နှစ်ဦးနှစ်
ဖက်မှာ ဖြစ်နေကြလို့ဆိုပေမဲ့ ပြစ်မှုဥပဒေ ပုဒ်မ မတူပါ။ ဥပဒေနှင့်အညီ
မဆောင်ရွက်ပါက မတရားမှုဆိုတာဖြစ်မှာပါ။ ဥပဒေပညာရှင်များမှ တရား
သဖြင့်စီရင်ကြမှာပါ။ နိုင်ငံသားများအမြင်ကိုတော့ ကြည်လင်စေချင်ပါတယ်

Thurein said...

ထင်တော့ထင်ပါတယ်။ ဘာအကြောင်းမှမရှိဘဲတော့ မဖြစ်လောက်ပါဘူးလို့။ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ မိန်းကလေးကို ထိုးတာကတော့ သိပ်မကောင်းဘူးပေါ့။ မှန်တယ်ထင်သလို အဖြေထွက်လာမှာပေါ့လေ။ တိုင်တဲ့မိန်းကလေးက သူ့ဘက်ကဘာမှ မလုပ်သလိုမျိုးနဲ့ အသားလွတ်ကြီးပဲ ၀င်ထိုးသလိုမျိုးကြီးတိုင်တာတော့ မရိုးသားရာကျပါတယ်။

www.academicmedicines.blogspot.com

MI 35 said...

အဖေက ဆိုက်ကားသမားဆိုရင်၊ ဒီအမှု အင်တာနက်ပေါ်ရောက်လာမှာမဟုတ်ဘူး.. လူတွေရဲ့မသိစိတ်ကကိုက ထစ်ခနဲရှိ ဌာနဆိုင်ရာ အကြီးအကဲနဲ့ ပတ်သက်တာ၊ ဘယ်ကောင်ကြီးကဘယ်လို၊ မနာလိုစိတ်နဲ့ ဟုတ်ဟုတ်မဟုတ်ဟုတ် ပြသနာတက်အောင် အော်လိုက်ရမှ... ဘယ်လူတန်းစားမဆို အမှားမကင်းဘူး...ဌာနဆိုင်ရာအကြီးအကဲဆိုတာလည်း ဘိုးဘွားပိုင်ရာထူးမဟုတ်ဘူး.. သူကြိုးစားလို့သူရတာ။ သစ်ပင်မြင့်တော့ လေများများတိုက်ခံရတဲ့သဘောပါပဲ..

ဖိုးဖိုးကြီး said...

ဥပဒေဆိုတာရှိပါတယ်။ ဘယ်သူမှန်လည်း-ဘယ်သူမှားလည်းဆိုတာ-လာတ်မစားသည့်တရားရေးဝန်ထမ်းဖြစ်သည့်တရားသူကြီး၊တာဝန်မှူးအမှု့
စစ်နှင့်ခရိုင် ရဲတပ်ဖွဲ့မှူး တို့က အမှန်အကန် ဆုံးဖြတ်ပေးဖို့လိုပါတယ်။ မန်း/စည်ပင်အတွင်းရေးမှူးရဲ့သားဆိုပြီးတဖက်သတ်တော့မဆုံးဖြတ်ပါနဲ့။ယခု ပြောင်းလဲနေတဲ့ခေတ်မှာ ချ စားမှု့တွေလူကြီးသားမို့လို့ဆိုတဲ့အတွေး
တွေနဲ့ဥပဒေတွေကို ပြောင်ပြန်တော့မလုပ်လောက်ဘူးလို့ယုံပါတယ်။ တရားသဖြင့် လုပ်ကြပါ။ ပြောတိုင်းလည်းမယုံကြပါနဲ့။သေချာစုံစမ်းပါ။

Show said...

အရင်ထဲကပြောသားပဲ
အကြောင်းမရှိပဲဘယ်သူမှအဲလိုမလုပ်ရဲပါဘူးလို့
ဘာမှသေချာမသိပဲနဲ့commentရေးပြီးတဖက်သတ်ဆဲတဲ့ကောင်တွေ
ဘာထပ်ပြောအုံးမလဲ
မင်းတို့ကိုပြန်ဆဲဖို့ပဲကျန်တော့တယ် အလကားကောင်တွေ

ကျော်ထူး (စောဌက်) said...

ကွန်မန့်ပေးသူ အတော်များများရဲ့ အမြင်ကတော့ စိတ်ပျက်စရာပါပဲ။
အပေါ်က min kyaw ပြောသလို အချက်အလက်နဲ့ မဟုတ်ရင်လည်း ရင့်ကျက် မျှတတဲ့အတွေးနဲ့ ပေးတဲ့မှတ်ချက်မျိုး ရှားပါးတာဟာ အားလျော့စရာ ကောင်းပါတယ်။

"သူက လက်သီးကြီးနဲ့ထိုးလို့ ကျွန်တော်က ဒါးကလေးနဲ့ တွတ်လိုက်ရတာပါ"
"မုဒိမ်းကျင့်တာ အစပိုင်းပဲရုန်းပြီး နောက်ပိုင်းမှာ ငြိမ်နေလို့ မုဒိမ်းကျင့် ခံရသူလည်း အလိုတူအလိုပါပဲ" လို့ လိုရာဆွဲ ထင်မြင်ချက်တွေလို မလုပ်ကြပါနဲ့။ ကိုယ်က လက်လွတ်စပယ် မှတ်ချက်ပြုလိုက်ပေမဲ့ အခြားသူတွေအပေါ်ပါ သက်ရောက်မှု ရှိနိုင်တယ်ဆိုတာ စိတ်ကူးထဲ ထည့်ထားသင့်ပါတယ်။ ကိုယ့်တာဝန် ကိုယ်ယူကြရပါမယ်။

ရည်းစားဆိပ်တက်နေတဲ့ ညီမကြောင့် "မ"စိတ်နဲ့ မွန်ထူနေသူရဲ့ သူတပါးပိုင်နက်မှာ ကိုယ်ထိလက်ရောက် ကျူးလွန်တာဟာ အားပေးစရာ မဟုတ်ပါဘူး။ စာပို့သူကိုယ်တိုင် အမျှတဆုံးဖြစ်အောင် ရေးပြတာတောင် ကိုယ်လိုရာဆွဲပြီး အားနည်းပြီး ဥပဒေနဲ့ အကာကွယ်ပေးရမယ့် မိန်းမသားဖက်ကို ဖိပြောတာမျိုးတွေဟာ မဖြစ်သင့်ပါဘူး။

မရဏမင်း said...

ကိုမင်းကျော်ပြောသလိုပါဘဲ အမျိုးသမီးကစမှားနေလဲ အပြစ်ကြီးနေသူက အမျိုးသားဖြစ်နေပြီလေ...ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ ချိုဌေးမောင်လို့ဘဲပြောဆိုသုံးနှုန်းသင့်ပါတယ်..တစ်ခုခုဖြစ်တာနဲ့ဘယ်သူရဲသားသမီးဆိုပြီးမရှိရှိတာရှာကြံပုံကြီးချဲ့တာတွေရပ်သင့်နေပါပြီ..သားသမီးမကောင်းမိဘခေါင်းဆိုတာတော့မှန်ပါတယ်..ဒါပေမယ့်တွေ့ရသမျှတော့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့အကြီးအကဲတွေကိုစစ်တပ်အသွင်ပြောင်းတွေထင်ပြီးတွေ့တာနဲ့ရမ်းတင်/ရေး/ပြောနေတာတွေတော့မကောင်းပါဘူး..လုပ်သက်နှင့်မှန်ကန်စွာရပ်တည်လာကြတဲ့အချို့အချို့တွေအတွက်နည်းနည်းတော့စဉ်းစားသင့်တာပေါ့..သတင်းဆိုတာမှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ။ဆီလျော်သည်ဖြစ်စေ၊ဆီလျော်ခြင်းကင်းမဲ့သည်ဖြစ်စေအနည်းငယ်တော့စဉ်းစာတွေးတော(ကောမန့်)ပေးစေချင်ပါတယ်..ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုအကြံပြုတဲ့အနေနဲ့ရေးသားခြင်းသာအကောင်းဆုံးပါ..အချင်းချင်းခွပ်နေကြရင်ဘယ်လိုမျိုးတွေဖြစ်နေလဲတွေးသင့်တာပေါ့..

kay kay said...

မှားတာက တော့ 2 ယောက်လုံးတစ်မျိုးစီ မှားကြပါတယ်
ဒါပေမယ့် ချိုဌေးမောင် က ယောင်္ကျား ရင့်မကြီး ဖြစ်ပြီး မိန်းကလေးတစ်ယောက်ကို ရိုက်နှက်တာတော့ ရှုပ်ချပါတယ်

thar said...

နှစ်ဖက်စလုံးမှားနေရင်တောင်မှ ယောင်္ကျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုကို show နဲ့ ယောင်္ကျားလေးဖက်က မှန်တယ်လို့ပြောနေတဲ့သူတွေ....မင်းတို့နှမတွေကို အဲလိုလုပ်ရင်ရော မင်းတို့ဘယ်လိုပြောမလဲ....အေး မှန်တယ်ထင်ရင် မင်းတို့ နှမတွေကို အိမ်ပေါ်တက်ပြီး အရိုက်ခံရမှ ပြောတော့.....

နတ်ဆိုး said...

ညီမဆိုတာက ခုချိန်မှာဆိုင်လည် ဆိုင်ပါတယ် ပိုင်လည်ပိုင်ပါတယ်
ရည်စားဆိုတာက အိမ်က ဘယ်လောက်သဘေားတူတူ သူတိုချင်ဘယ်လောက် ပဲနာလည်မှုရှိပါစေ လက်မထပ်ရသေးသရွှေ့တော့ သစိမ်းပါပဲ ပြီတော့ နောက်ပိုင်မှာလည် မခေါ်ခြင်လိုရတယ် မတော်ချင်လိုမရပါဘူး ဒါကြောင်နောက်ပိုင် ဒီလိုမျိုးဖြစ်မျိုတွေကြားမှာ ညီမ ချင်းပဲရှင်းသင့်ပါတယ်

zayzay said...

စာတင်တဲ့လူနဲ့ comment ရေးတဲ့သူအများစုကတပြိုင်တည်းညှိလုပ်ထားတာပါ့လား?
အွန်လိုင်းထဲမှာ အကောင့်နာမည်အမျိုးမျိုးနဲ့အောက်တန်းစားတပ်မတော်အလိုရှိများ အများအပြားရှိတာကို ပြည်သူတွေသိထားစေချင်ပါတယ်။။

Save said...

နှစ်ဖက်မျှတွေးကြပါဗျာ.... ပြီးတော့ စိတ်မဆိုးနဲ့ ကျွန်တော်ပြောတာ မဟုတ်ဘူး ဘုရားဟောတာ “သူများမဝေဖန်ခင် ကိုယ်ကိုကိုယ် အရင်ဝေဖန်တဲ့”..
လူတစ်ဖက်သားကို နစ်နာအောင် သေချာမသိဘဲ comment အရမ်းမပေးကြ
ပါနဲ့ ပြီးတော့ ဆန္ဒပြတာတွေရပ်ပါတော့ ...လူကြီးတွေလည်း ခေါင်းတော်
တော် ရှုပ်နေပြီ..ကျွန်တော်ဘယ်သူနဲ့မှ အမျိုးမတော်ဘူးနော်..

MK GYI said...

သမ္ဘာရင့်

ညီလေး
မင်းက ညီအစ်မနှစ်ယောက်ရဲ့ ရန်ပွဲသွားဝင်ပါတာကိုး .. သူတို့ဟာ သူတို့သတ်သတ်သေသေ
ပေါ့ကွာ၊ သတ်တဲ့သူကကြိုးစင် သေတဲ့သူက သုသာန်၊ မင်းကနောက်ထပ်အသစ်တစ်ယောက်
နဲ့ငြိမ့်၊ ဒီထက်ကောင်းတာ ဘာရှိအုံးမလဲ၊ မှတ်ထားနောက်တစ်ခါ ရန်ပွဲကနေလှမ်းခေါ်ရင်
ဘယ်တော့မှ ပြေးမသွားနဲ့၊ ဝေးဝေးမှာသွားနေ ဓါးခုတ်နေတဲ့လူနှစ်ယောက်ကြား လက်သွား
မရှိုနဲ့၊ မအနဲ့၊ မင်းကငယ်သေးတယ်။ ငါ့ဆုံးမစကား ဘယ်တော့မှ မမေ့နဲ့၊ ဒါမင်းဘ၀တစ်ခု
လုံးအတွက် ငါ့ရဲ့အမှာစကားဘဲ၊ တိတိကျကျ လိုက်နာ ဒါဘဲ ..

MK GYI said...

သမ္ဘာရင့်

ညီလေး
မင်းက ညီအစ်မနှစ်ယောက်ရဲ့ ရန်ပွဲသွားဝင်ပါတာကိုး .. သူတို့ဟာ သူတို့သတ်သတ်သေသေ
ပေါ့ကွာ၊ သတ်တဲ့သူကကြိုးစင် သေတဲ့သူက သုသာန်၊ မင်းကနောက်ထပ်အသစ်တစ်ယောက်
နဲ့ငြိမ့်၊ ဒီထက်ကောင်းတာ ဘာရှိအုံးမလဲ၊ မှတ်ထားနောက်တစ်ခါ ရန်ပွဲကနေလှမ်းခေါ်ရင်
ဘယ်တော့မှ ပြေးမသွားနဲ့၊ ဝေးဝေးမှာသွားနေ ဓါးခုတ်နေတဲ့လူနှစ်ယောက်ကြား လက်သွား
မရှိုနဲ့၊ မအနဲ့၊ မင်းကငယ်သေးတယ်။ ငါ့ဆုံးမစကား ဘယ်တော့မှ မမေ့နဲ့၊ ဒါမင်းဘ၀တစ်ခု
လုံးအတွက် ငါ့ရဲ့အမှာစကားဘဲ၊ တိတိကျကျ လိုက်နာ ဒါဘဲ ..

MK GYI said...

သမ္ဘာရင့်

ညီလေး
မင်းက ညီအစ်မနှစ်ယောက်ရဲ့ ရန်ပွဲသွားဝင်ပါတာကိုး .. သူတို့ဟာ သူတို့သတ်သတ်သေသေ
ပေါ့ကွာ၊ သတ်တဲ့သူကကြိုးစင် သေတဲ့သူက သုသာန်၊ မင်းကနောက်ထပ်အသစ်တစ်ယောက်
နဲ့ငြိမ့်၊ ဒီထက်ကောင်းတာ ဘာရှိအုံးမလဲ၊ မှတ်ထားနောက်တစ်ခါ ရန်ပွဲကနေလှမ်းခေါ်ရင်
ဘယ်တော့မှ ပြေးမသွားနဲ့၊ ဝေးဝေးမှာသွားနေ ဓါးခုတ်နေတဲ့လူနှစ်ယောက်ကြား လက်သွား
မရှိုနဲ့၊ မအနဲ့၊ မင်းကငယ်သေးတယ်။ ငါ့ဆုံးမစကား ဘယ်တော့မှ မမေ့နဲ့၊ ဒါမင်းဘ၀တစ်ခု
လုံးအတွက် ငါ့ရဲ့အမှာစကားဘဲ၊ တိတိကျကျ လိုက်နာ ဒါဘဲ ..

MK GYI said...

သမ္ဘာရင့်

ညီလေး
မင်းက ညီအစ်မနှစ်ယောက်ရဲ့ ရန်ပွဲသွားဝင်ပါတာကိုး .. သူတို့ဟာ သူတို့သတ်သတ်သေသေ
ပေါ့ကွာ၊ သတ်တဲ့သူကကြိုးစင် သေတဲ့သူက သုသာန်၊ မင်းကနောက်ထပ်အသစ်တစ်ယောက်
နဲ့ငြိမ့်၊ ဒီထက်ကောင်းတာ ဘာရှိအုံးမလဲ၊ မှတ်ထားနောက်တစ်ခါ ရန်ပွဲကနေလှမ်းခေါ်ရင်
ဘယ်တော့မှ ပြေးမသွားနဲ့၊ ဝေးဝေးမှာသွားနေ ဓါးခုတ်နေတဲ့လူနှစ်ယောက်ကြား လက်သွား
မရှိုနဲ့၊ မအနဲ့၊ မင်းကငယ်သေးတယ်။ ငါ့ဆုံးမစကား ဘယ်တော့မှ မမေ့နဲ့၊ ဒါမင်းဘ၀တစ်ခု
လုံးအတွက် ငါ့ရဲ့အမှာစကားဘဲ၊ တိတိကျကျ လိုက်နာ ဒါဘဲ ..

Ma Ma Hnin ze said...

သောက်ကျိုးနဲ လင်လူပွဲကို အရင်ထဲက တစ်ဘက်သက်ကြီးဖြစ်နေတယ်လို ပြောသားပဲ။ လင်တာရှုးတာပဲညီမလုပ်သူက ရှက်ရင်ဒီအထိတောင်ရောက်မလာဘူး

Powered by Blogger.