နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့မှ နယ်လှည့် တရားဟောကြားတော်မူသော ဆရာတော်များအား
ဓမ္မာစရိယဘွဲ့ (သို့မဟုတ်) နိုင်ငံတော်မှ ပေးအပ်သောဘွဲ့တစ်ခုခုရရှိမှ ဟောပြောခွင့်ပြုရန်အမိန့်ကို
ခရိုင်အဆင့် သာသနာရေးဌာနမှ ဦးစီးမှူး ဦးသန်းထွန်း(ဟင်္သာတ) မှ အဆင်ပြေသော လူ၊ ပုဂ္ဂိုလ်များနှင့်ဆိုလျှင်ဘွဲ့မရသော ဘုန်းကြီးများကို ဟောခွင့်ပြုပြီး အဆင်မပြေသူများနှင့်ဆိုလျှင် အသေအချာစိစစ်ဟန့်တားမှုများ ပြုလုပ်နေပါသည်။
၅-၆-၂၀၁၂ ရက် ည ဟောကြားမည့် ဆရာတော်အရှင်အရှင်သဇ္ဇနသာရမှာ အကြီးတန်း မအောင်မြင်ပါ။ ၄င်းဘုန်းကြီးအား ပုဂ္ဂိုလ်ရေးရာ ရင်းနှီးမှုဖြင့်ခွင့်ပြုပြီး ဟင်္သာတ ပြည်လုံးချမ်းသာ ခန်းမ၌ ဟောခွင့်ပြုထားပါသည်။
မဟာနာယက ဆရာတော်များ၏ အမိန့်ကို အလွဲသုံးစား ပြုအပ်နေပါသည်။ သာသနာ အလွန်ထွန်းကားသော ဟင်္သာတအတွက်နစ်နာရမည်ကို သာသနာရေးဝန်ကြီးနှင့် မဟာနာယက ဆရာတော်များအား တင်ပြအပ်ပါသည်။
ဆွေကြီး(ဟင်္သာတ)
Myanmar News Now
ဓမ္မာစရိယဘွဲ့ (သို့မဟုတ်) နိုင်ငံတော်မှ ပေးအပ်သောဘွဲ့တစ်ခုခုရရှိမှ ဟောပြောခွင့်ပြုရန်အမိန့်ကို
ခရိုင်အဆင့် သာသနာရေးဌာနမှ ဦးစီးမှူး ဦးသန်းထွန်း(ဟင်္သာတ) မှ အဆင်ပြေသော လူ၊ ပုဂ္ဂိုလ်များနှင့်ဆိုလျှင်ဘွဲ့မရသော ဘုန်းကြီးများကို ဟောခွင့်ပြုပြီး အဆင်မပြေသူများနှင့်ဆိုလျှင် အသေအချာစိစစ်ဟန့်တားမှုများ ပြုလုပ်နေပါသည်။
၅-၆-၂၀၁၂ ရက် ည ဟောကြားမည့် ဆရာတော်အရှင်အရှင်သဇ္ဇနသာရမှာ အကြီးတန်း မအောင်မြင်ပါ။ ၄င်းဘုန်းကြီးအား ပုဂ္ဂိုလ်ရေးရာ ရင်းနှီးမှုဖြင့်ခွင့်ပြုပြီး ဟင်္သာတ ပြည်လုံးချမ်းသာ ခန်းမ၌ ဟောခွင့်ပြုထားပါသည်။
မဟာနာယက ဆရာတော်များ၏ အမိန့်ကို အလွဲသုံးစား ပြုအပ်နေပါသည်။ သာသနာ အလွန်ထွန်းကားသော ဟင်္သာတအတွက်နစ်နာရမည်ကို သာသနာရေးဝန်ကြီးနှင့် မဟာနာယက ဆရာတော်များအား တင်ပြအပ်ပါသည်။
ဆွေကြီး(ဟင်္သာတ)
Myanmar News Now
တရားဟောခွင့် ခရိုင်သာသနာရေးဦးစီးမှူးများပေါ်မူတည်
Reviewed by သစ်ထူးလွင်
on
09:19
Rating:
16 comments:
မဟာနာယက ဆရာတော်များ၏ အမိန့် ကို အလွဲသုံးစားပြုအပ်နေပါသည်တဲ့-- မဟာနာယက ဆရာတော်များက ဘုရားရှင်၏ ၀ိနည်းတော်သိက္ခာပုဒ်တွင် မပညတ်ခဲ့သော စည်းကမ်းတို့ ကို သတ်မှတ်ခဲ့သည် မဟုတ်ပါလော-ဓမ္မာစရိယ အောင်မှ တရားခွင့်ပြုရမည်ဟု ဘုရားရှင်၏ ၀ိနည်းသိက္ခာပုဒ်များတွင် မပါရှိပါ။
မဟာနာယက ဆရာတော်တွေလည်း မှားယွင်းစွာ ၀ိနိစ္ဆယအဆုံးအဖြတ်မရှိရလေအောင် ဓမ္မာစရိယ အောင်မှ လုပ်ရမယ်လို့ ကန့်သတ်လိုက်ပီးရော . . :P
ဓမ္မာစရိယအောင်မှ တရားဟောရမည်ဟု ပညတ်ချက်မရှိသော်လည်း ဓမ္မကထိက ဂုဏ်အင်္ဂါဆိုတာ ဝိနည်းပညတ်တော်မှာရော အဘိဓမ္မာတရားတော်များ၌ ဓမ္မကထိကပုဒ်အဖွင့်တို့၌ ဖွင့်ဆိုထားသည်များကိုတော့ ကွန်မင့်ထ် ပေးတဲ့သူတွေအနေနဲ့ လေ့လာထားသင့်တယ်။ ဓမ္မကထိကဆရာတော်တပါးဟာ ဇာတ်မင်းသားတလက်လိုတော့ မဖြစ်သင့်တာအမှန်ပါဘဲ သတိထားပါလေ
ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားခဲ့သောတရားတော်စစ်မစစ်ကပိုအရေး
ကြီးသည်ဟုထင်ပါသည်.တရားတော်စစ်စစ်ဟောကြားသောသံဃာတော်များများ
ပေါ်ထွက်လာပါစေဆုတောင်းလျှက်
ဘုရားရှင်တော်မြတ်သည် သာသနာထွန်းပြန်ပွားရန် ရှင်သာမဏေမှစတင်ကာ နိုင်ရာတာဝန်ဝန်ကို ထမ်းဆောင်ခွင့်ပြုခဲ့ပါသည်..။ ထိုသို့သောအကြောင့် ယခု ဖြစ်နေသာ အရာများသည် သာသနာဝန်ကို ထမ်းချင်သော ရဟန်းသာမဏေများသည် မည်ကဲ့သို့သာသနြာ့ပုကြပါမည်နည်း..။
တရားတော်နာယူကြပါ ဆိုတာ တရားတော်ကို နာ ပီး ကိုယ့်အတွက်ရအောင် ယူ တတ်ဖို့ ပြောတာပါ၊ တရားတော်ကို နားထောင်ပီး နာ နေတတ်တဲ့သူတွေက တရားဟောတဲ့ပုဂ္ဂိုလ်တွေကို ဟိုလိုမဟောနဲ့ ဒီလိုမဟောနဲ့ဆိုပီး လိုက်တားမြစ်နေတာဗုဒ္ဓဘာသာဝင်ကောင်းမဟုတ်လို့ ဆိုတာ အားလုံးက သိပီးမုန်းနေကြပီ သံသယာမှာ အပါယ်လေးဘုံးကို အမြန်ဆုံးနည်းနဲ့ ဒဲအိုးစီးပီးသွားရမယ်ဆိုတာသာမှတ် ဒါဘဲ
တ၇ားရေးကိတ်စတွေမှာတော့ လွယ်လွယ်ကူကူနဲ.ကွန်.မှန်.မပေးကြပါနဲ...အလကားနေရင် အကုသိုလ်ရနေပါလိမ့်မယ်..
ဝိနည်းမှာ ကျွမ်းကျင်မှု (ဗျတ္တ, ပဋိဗလ)စတဲ့ ဂုဏ်အင်္ဂါရပ်များရှိမှ သူတပါးအား ဟောကြားရမယ်လို့တော့ မိန့်မှာချက် ရှိပါတယ်။
အဲ့ဒီလို အတို အရှည်တော့လုပ်တာမကောင်းပါဘူး။တိကျတဲ့ပြတ်သားတဲ့ဥပဒေတော့ ထားသင့်ပါတယ်။
ဘယ်အဆင့်ကိုရောက်မှနယ်လှည့်တရားဟောခွင့်ရှိတယ်
လို့သတ်မှတ်သင့်ပါသည်။ကျောင်းတွင်းမှာမှားတာဘာမှ
မဖြစ်ပေမဲ့ပြင်ပမှာ ဘုရားဟောမဟုတ်တာကိုဘုရား
ဟောဆိုပြီးအလွဲဟောမိရင်အားလုံးလွဲမှာစိုးရိမ်မိပါ၍
တိကျစွာလုပတာကိုထောက်ခံပါသည်။
မဟန ရဲ့websiteရှိရင်ပြောကြပါအုံး ဘာသာရေးနဲ့ပတ်သက်ပြီး ဘာလုပ်နေလဲ သိချင်လို့ပါ လူတွေက သံဃာ့နာယက အဖွဲ့ကို အထင်လွဲမှားမှုတွေဖြစ်နေပြီ
ရှင်းလင်းချက်တွေ ထုတ်သင့်ပြီ နောင်သာသနာရေးအတွက်ရင်လေးစရာတွေများနေပြီ ဘာမှမလုပ်နိင်ရင် လုပ်တတ်တဲ့လူတွေကို လုပ်ခိုင်တာက ပိုပြီးသင့်တော်မယ်ထင်တယ်
သာသနာကို ပျက်အောင်လုပ်နေသလိုပဲ.....သူတို့နဲက အဆင်ပြေတဲ့သူပဲ ဟောခွင့်ရတယ်ဆိုတာ မဖြစ်သင့်ဘူး...ဆရာတော် ဦးသုမင်္ဂလ ကိုလဲ ပိတ်ထားတာ မဖြစ်သင့်ဘူး....
မဟာနာယက ဆရာတော်များ၏ အမိန့် ကို အလွဲသုံးစားပြုအပ်နေပါသည်တဲ့--
မဟာနာယက ဆရာတော်များက ဘုရားရှင်၏ မျက်နှာကိုမကြည့် ဘုရားရှင်က ကျွေးထားသည်ကို မထောက်ထားဘဲ အစိုးရ အလိုတော်အတိုင်း အစိုးရရဲ့ အလိုတော်ရိ တပည့်နောက်လိုက် ဖြစ်မှန်းမသိ ဖြစ်နေကြပါသည်..... သိက္ခာဆို ဝိနည်းဆိုသည်မှာ..အဘယ်နည်း.....အစိုးရ၏ အမိန့်သည် ဝိနည်းဖြစ်မှန်းမသိ ဖြစ်နေကြပါသည်.......တကယ်တမ်းဆိုရသော် သာသနာတော်သည် ဘယ်တိုင်းပြည်နေနေ အစိုးရ၏ အမိန့်ဖြင့်အုပ်ချုပ်၍ မရစကောင်းပါ....
မဟာနာယက ဆရာတော်များ.....ဗုဒ္ဓဘုရား၏ မျက်နှာကိုသာကြည့်ကြပါရန်...
တရားဟောတာပဲဗျာ စာတင်နေရမှာလား
ဘုရားသာသနာပါ။ သမ္မတသာသနာမဟုတ်ပါဘူးခင်ဗျာ။ သာသနာရောင်ဝါထွန်းလင်းအောင်၊တည့်တံ့အောင်၊ ပြန့်ပွားအောင်သာ အစိုးရက တတ်နိုင်တဲ့ဘက်က ကူညိရမှာ။ တားဆိးပိုင်ခွင့်မရှိပါဘူး။ သံဃာနာယက အဖွဲ့သာသနာပိုင်က လုပ်ရမဲ့အလုပ်ပါ။ သံဃာအလုပ်ကို လူက ၀င်ရှုပ်တော့ ကမောက်ကမဖြစ်ကုန်တာပေါ့နော့၊ တားချင်ရင် နည်းမှန်လမ်းမှန်နဲ့အထောက်အထားတင်ပြပါ
တကယ့်စစ်ဘုရင်ကြီး ဂျိန်းဘာသာကိုးကွယ်သူ အာသောကကို ဗုဒ်ဓဘာသာဝင်ဖြစ်လာအောင် တရားပြစည်းရုံးခဲ့တာ နိဂြောဒသာမဏေ လေးပါ။ ကိုရင်အရွယ်လေးရဲ့ တရားတွေက အလွန်တရာကြမ်းတမ်းခက်ထန်တဲ့ စစ်ဘုရင်တစ်ပါးရဲ့ စိတ်တွေပြောင်းလဲစေနိုင်ခဲ့တယ်။ အဲဒီသာမဏေလေး ဓမ္မာစရိယမအောင်ပါဘူး။ အာသောကဘုရင် ဗုဒ္ဒဘာသာဝင်ဖြစ်သွားရတာဟာ သာသနာတော်ရဲ့ကြီးမားတေသာ ဒေါက်တိုင်ကြီးသဖွယ် အားထားခဲ့ရပါတယ်။ ၉တိုင်း၉ဌာန သာသနာပြုစေလွှတ်ရင်း သထုံ၊ သုဝဏဘူမိ စတဲ့နိုင်ငံတွေကို ဗုဒ္ဒသာသနာ စတင်ပျံ့နှံ့ရောက်ရှိခဲ့ရတယ်။ အဲဒီကနေပြီး ရှင်အရဟံ ဟောတဲ့တရားကို အနော်ရထာနာယူပြီး အနော်ရထာဟာ ထေရ်ဝါဒဗုဒ္ဒဘာသာဝင် စစ်စစ်ဖြစ်ခဲ့ရပြီး သထုံပြည်က ပိဋကတော်များကို စစ်ခင်းရယူခဲပြီး ပုဂံနေပြည်တော်ကြီးမှာ ထေရ၀ါဒသာသနာတော်ကြီး အကြီးအကျယ် ထွန်းကားလာခဲ့လို့သာ ကျွန်တော်တို့တတွေ ဒီနေ့ခေတ်မှာ ဗုဒ္ဒဘာသာဝင် ဖြစ်ခွင့်ရ၊ ဘုရားအဆုံးအမတွေကို သိရှိလိုက်နာခွင့် ရနေတာပါ။ ဆိုလိုတာက မြန်မာနိုင်ငံတော်ကြီးမှာ စစ်မှန်တဲံ ဗုဒ္ဒဘာသာ ပျံနှံထွန်းကားဖို့အတွက် အဓိကအရင်းအမြစ် ပုဂ္ဂိုလ်တွေတဲ့ နိဂြောဒသာမဏေ၊ ရှင်အရဟံ တို့ဟာ ဓမ္မာစရိယအောင်တဲ့ကိုတော်တွေ မဟုတ်ကြပါဘူး၊ ဘုရားရှင်လက်ထက်ကလည်း တရားဟော ဧတဒဂ် ရယူတွေဟာ သာသနာရေးအလိုကျ မဟနက ကန့်သပ်ထားတဲ့ အချက်အလက်တွေ မရှိခဲ့ပါဘူး။
ဘုရားရှင်ရဲ့ ၀ိနည်းဥပဒေတွေဟာ အလုံးစုံပြီးပြည့်စုံပြီး ဖြစ်ပါတယ်။ ဒီဘုရားဥပဒေတော်ကြီးကို ဘယ်..လူလုပ်ဥပဒေ၊ ရဟန်းလုပ်ဥပဒေ ကမှ ကျော်လွန်သတ်မှတ်ခွင့် မရှိပါဘူး။ အဲလို ကျော်လွန်သတ်မှတ်ခဲ့ရင် အဲဒါဟာ မဟာယနဗုဒ္ဒဘာသာ ဖြစ်သွားပါပြီ။
တရားပွဲတစ်ပွဲလုပ်မယ်ဆိုရင် ရပ်မိရပ်ဖတွေက ဘယ်ဆရာတော်ပင့်မယ်ဆိုပြီး အရင်ဆုံး ဆွေးနွေးတိုင်ပင်ကြတာပါ။ အရည်အချင်း အစစ်အမှန်မရှိရင် ဘယ်သူကမှ တရားဟော မပင့်ပါဘူး။
အခုသာသနာရေးဝန်ကြီးဌာနဟာ သာသနာအဓွန့်ရှည်တည်တံရေးထက် သာသနာကွယ်ကြောင်းတွေကိုပဲ လုပ်နေတာ ဗုဒ္ဒဘာသာကို လေးလေးနက်နက် ကိုးကွယ်ကြသူတိုင်းသိပါတယ်။ မဟနကိုလည်း သူတို့ရဲ့ လက်ကိုင်တုတ်သဖွယ် အသုံးပြုစေခိုင်းနေတာပါ။
နိုင်ငံတော်မှ ပေးအပ်တဲ့ဘွဲ့ဆိုတာလည်း ပိုက်ဆံနဲ့ပေးပြီးဝယ်ယူလို့ရနေတာ ဘုန်းကြီးတိုင်းသိနေတာပါပဲ။ တရားတစ်ပုဒ်မှ မဟောဘူးသူကို တရားဟောနဲ့သက်ဆိုင်တဲ့ ဘွဲတံဆိပ်ကပ်၊ တရားစခန်းလည်းမဖွင့် သူ့ဖာသာ လူကြီးကိုးကွယ်တဲ့ အရှိန်နဲ့ အေးအေးဆေးဆေး နေနေတာကို.. ကမ္မဌာနာစရိယဘွဲ့တံဆိပ်တွေကယ်လို့ကပ်နဲ့ .. ဇောက်ထိုးတွေကြီးပါပဲ။
အခုလည်း သာသနာတော်ကွယ်ကြောင်း အလုပ်တွေကို စနစ်တကျ လုပ်နေပြန်ပါပြီ။ ဘုရားက သံဃာတော်တွေကို သာသနာတော်ပျံပွားဖို့အတွက် ရောက်လေရာမှာ တရားဟောရမယ်လို့ ပညတ်ခဲ့တယ်။ တစ်နေရာတည်းမှာ တရားဟောသူတွေ စုပြုံနေရင် နေရာမပျံ့နှံ့မှာစိုးလို့ တရားဟောမယ့်နေရာကို တပြိုင်ထဲ နှစ်ပါးမသွားရဘူး။ တစ်ပါး တစ်နေရာစီ ဟောရမယ် စသဖြင့် သာသနာတော်ကြီး ပျံ့နှံ့တည်တံ့ဖို့ စည်းကမ်းချက်တွေ သတ်မှတ်ပေးခဲ့တယ်။ ဓမ္မကထိကသုတ္တံလိုမျိုး ဟောပြောပြီး တရားဟောမယ့် ဆရာတော်တွေအတွက် လိုအပ်ချက်တွေကို စနစ်တကျ ဆုံးမသွန်သင်ခဲ့တယ်။ ဘုရားရဲ့ ၀ိနည်းစည်းကမ်းတွေဟာ ဘက်ပေါင်းစုံက လိုလေသေး မရှိအောင်ကို ပြည့်စုံလွန်းလှပါတယ်။ ဒါကြောင့်မြတ်ဘုရားရဲ့ မဟာဖွဲ့စည်းပုံဥပဒေတော်ကြီးဟာ ပြင်ဆင်ခြင်း၊ ဖြည့်ဆွက်ခြင်း၊ နှုတ်ပယ်ခြင်း ၊ပြုပြင်ခြင်း အလျှဉ်းမရှိပဲ နှစ်ပေါင်း ၂၆၀၀ ထိ မပျက်မစီး တည်မြဲခဲ့တာဖြစ်တယ်။ သာသနာရေးကတော့ သူတို့အမြင်ကပ်သူတွေကို တရားမဟောရအောင် ဘုရားဥပဒေတော်ကို ကျော်လွန်ပြီး ကန့်သပ်ချက်အမျိုးမျိုးတွေထုတ်ခဲ့တယ်။ မဟနကလည်း သိသိကြီးနဲ့ အာဏာရှင်တွေ အလိုကျ ဖော်ဆောင်ပေးရတယ်။ သူတို့တရားမဟောအောင် ရည်ရွယ်ကန့်သပ်ခံရသူ ဆရာတော်တွေအားလုံးဟာ အမျိုး၊ ဘာသာ၊ သာသနာအပေါ်မှာ စစ်မှန်တဲ့ စေတနာနဲ့ ပရဟိတလုပ်ငန်းတွေမှာပါ တက်ကြွစွာလုပ်ကိုင်နေကြတဲ့ ဘုန်းကြီးတွေ ကြီးပါပဲ။ သူတို့ရဲ့ သာသနာတော်အတွက် အကျိုးယုတ်စေတဲ့ လုပ်ရပ်ကို ထောက်ပြပြောဆိုသူ မှန်သမျှကို ရန်သူသဖွယ်ကျင့်သုံးတော့တာပါပဲ။ မဟန ဆိုတာကလည်း တစ်ချို့သောကိစ္စတွေမှာ ဘုရားရဲ့ဝိနည်းဒေသနာကို ဆန့်ကျင်ကျော်လွန်ပြီး သာသနာရေးဝန်ကြီးဌာနရဲ့ အလိုကျ ထုတ်ပြန်လုပ်ဆောင်ပေးနေရတာတွေဟာ နောင်လာမယ့် ဆယ်စုနှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ သာသနာအပြီးတိုင် ကွယ်ပျောက်သွားအောင် စနစ်တကျ လုပ်နေသလားတောင် ထင်မှတ်ရပါတယ်။ ဒီနေ့ သာသနာရေးဝန်ကြီးဌာနမှာ နေရာရနေသူတွေဟာ အခြားဘာသာများက ဗုဒ္ဒဘာသာကို ဖြိုခွင်းဖို့ စနစ်တကျ အချိန်ယူလွှတ်ထားတဲ့ စပိုင်တွေလို့တောင် ယုံကြည်နေသူတွေ အတော်များလာပါပြီ။ သူတို့ရဲ့ လုပ်ရပ်တွေဟာ အာဏာကို လိုသလို အသုံးချပြီး သာသနာကွယ်ကြောင်းတွေကို စနစ်တကျ လုပ်နေတာ တစ်နေ့ထက်တစ်နေ့ သိသာလာပါတယ်။ သာသနာအဒွန့်ရှည် တည်တံ့ ခိုင်မြဲဖို့ ဗုဒ္ဒဘာသာဝင်တိုင်းမှာ တာဝန်ရှိပါတယ်။ ရပ်ကွက်ထဲမှာ သာသနာမကွယ်ဖို့ အသံမဆဲပဌာန်းပွဲတွေ ကျင်းပနေယုံနဲ့ မလုံလောက်တော့ပါဘူး။ ပြည်သူ့အသံတွေ လွှတ်တော်ထဲရောက်ဖို့ လိုနေပါပြီ။
(တချို့စာလုံးပေါင်းတွေ မှားနေတာ ကီးဘုတ်လက်ကွက်က ရိုက်မရလို့ပါ)
သာသနာရေးက ထုတ်ပြန်ချက်မှာ ဓမ္မကထိကတစ်ပါးမှာ ရှိရမယ့် ဂုဏ်အရည်အချင်းလို့ပဲ ပါပါတယ်။ ယင်းအချက်အလက်များ မပြည့်စုံပါက တရားဟောခွင့်မပြုလို့ တိကျစွာ မပြဌာန်းထားပါဘူး။ မပိတ်ပင်ထားပါဘူး။
ရပ်မိရပ်ဖများနဲ့ သက်ဆိုင်ရာ သာသနာရေးအရာရှိက သဘောတူရင် တရားပွဲ ကျင်းပလို့ရပါတယ်။
အဲဒီအချက်ကို ရှင်းလင်းစွာ မသိကြတော့ တချို့လူတွေက အကြောက်လွန်ပြီး တရားပွဲမပင့်ရဲတာတွေ ဖြစ်ကုန်ကြတာပါ။ တကယ်တော့ တာဝန်ယူသူရှိရင် မည်သည့်ဆရာတော်မဆို တရားဟောပင့်၊ တရားပွဲကျင်းပခွင့်ရှိပါတယ်။ ဒီအချက်ကို နီးစပ်ရာကို အသိပေး လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါ။ သာသနာပြုခြင်း တစ်မျိုးပါပဲ။
ဆရာတော်တပါးပြောသလို ဘုရားတရားတော်တွေဟောဖို့ဘုရားဆီကခွင့်မ တောင်းရဘူး ဘုရားထက်ကြီးတဲ့ဘုရားလူကြီးဆီမှာခွင့်တောင်းရတယ်ဟေ့
Post a Comment