နတ်မောက်မြို့ နယ်မှာ လေပြင်မုန်တိုင်းကြောင့် အပျက်အစီးများပြီး လူတဦးသေဆုံး

မကွေးတိုင်း နတ်မောက်မြို့ နယ်တွင် ၂၀၁၂ မေလ (၁၅)ရက်နေ့ က လေပြင်းမုန်တိုင်း
ညနေ ၃ နာရီ ၃၀ မီနစ်ခန့် က တိုက်ခတ်ခဲ့ပါသည်။

လေပြင်းဒဏ်ကြောင့် စိုင်းကောင်းကျေးရွာ၊ သာယာအေးကျေးရွာ၊ ရွာသစ်ရွာ၊ နဘူးကွဲရွာ
ကံလှရွာ၊ သရက်ချောင်းရွာ၊ ကွင်းကြီးရွာ၊ သီးချောင်းရွာများမှ အဆောက်အဦးများပြိုကျ၍
အမိုးများကွာကျခဲ့ပါသည်။

အိမ်ခြေ(၅၈)ပျက်စီးပြီး ခန့် မှန်တန်းဖိုးကျပ်(၉၃)သိန်းကျော်ဖိုးခန့် ပျက်စီးခဲ့သည်ဟု
သိရပါသည်။ ဒေသခံရွာသားများကတော့ ဒီထက်ပိုနိုင်သည်ဟု ပြောပါသည်။

စန်းကန်၊ ကွင်းကြီးနှင့် သီးချောင်းရွာများရှိ အ.မ.က ကျောင်းများနှင့် စိုင်းကောင်းရွာ
ရှိ အ.လ.က ကျောင်းများလဲ ပျက်စီးခဲ့ပါသည်။

အဆိုပါလေပြင်မုန်တိုင်းကြောင့် ထိန်ပင်ကုန်းတဲတိုက်မှ ဒေါ်ကြင်အေး အသက်(၆၂)
သေဆုံးခဲ့ကြောင်း နတ်မောက်မြို့ မှ  ဒေါက်တာခင်မောင်အေး က သတင်းပေး
ပို့ ထားပါသည်။

Myanmar News Now






လေပြင်မုန်တိုင်း ဒဏ်ကြောင့် နတ်မောက်မြို့ နယ်မှ အပျက်အစီးများကိုတွေ့ ရစဉ်
နတ်မောက်မြို့ နယ်မှာ လေပြင်မုန်တိုင်းကြောင့် အပျက်အစီးများပြီး လူတဦးသေဆုံး နတ်မောက်မြို့ နယ်မှာ လေပြင်မုန်တိုင်းကြောင့် အပျက်အစီးများပြီး လူတဦးသေဆုံး Reviewed by သစ်ထူးလွင် on 11:05 Rating: 5

5 comments:

Si said...

ဗိုလ်ချုပ်တို့မြို့နယ်ဘဲ . ဖြစ်မှဖြစ်ရလေ .....

အမြင်သစ် said...

ဝိုင်းဝန်းကူညီကြပါခင်ဗျာ ။

Unknown said...

ခုချိန်ထိခြောက်သွေ့နေတာဘဲ မိုးရွာစေချင်ဘီ

Anonymous said...

ကိုကြီးခင်မောင်အေး ဆင်သေကန်ရွာကော ဘယ်လိုနေလဲ စုံစမ်းပေးပါအုံး

Anonymous said...

ကိုကြီးအေး ဒီသတင်းသေချာလိုက်ပေးပါအုံး

Powered by Blogger.