နံနက် ၁၀နာရီခွဲ၊ မေလ ၂၂ ရက်၊ ၂၀၁၂ ခုနှစ် (YPI)
မန္တလေးမြို့၌ မေလ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့ညများက လျှပ်စစ်မီးရရှိရေးအတွက်
ဖယောင်းတိုင်များဖြင့် ဆန္ဒထုတ်ဖေါ်ခဲ့သူများထဲမှ ဦးဆောင်သူ ၁၉ ဦးကို
ရဲသတင်းတပ်ဖွဲ့က ယနေ့နံနက် ၆ နာရီမှ ခေါ်ယူစစ်ဆေးလျှက်ရှိရာ သတင်းရရှိချိန်
နံနက် ၁၀ နာရီထိ ပြန်မလာသေးကြောင်း ခေါ်ယူခံရသူ၏ မိတ်ဆွေတဦးက ပြောသည်။
၎င်းက “မနက်စောစောပိုင်းက လာခေါ်သွားတာ၊ မနေ့ညက ခင်ဗျားတို့ လုပ်ခဲ့တဲ့
ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်လို့ မေးချင်တာတွေရှိလို့ပါ ခဏလေးပါ” ဟု
ရဲသတင်းတပ်ဖွဲ့ (SB) မှ ပြောဆိုသွားကြောင်း ပြောသည်။
ယခုလို ခေါ်ယူရာတွင် ကောင်းကောင်းမွန်မွန် ပင်ပြောဆိုခဲ့သည်ဟု လည်းဖြည့်စွက်ပြောဆိုသည်။
ခေါ်ယူခံရသူများထဲတွင် စာရေးဆရာ ညီပုလေး (လူထုဒေါ်အမာ၏ သား) နှင့်
အခြားမန္တလေး အန်အယ်လ်ဒီအဖွဲ့ဝင်အချို့ နှင့် မေလ ၂၀ ရက်နေ့ည အရေးပေါ်
သတင်းစာရှင်းလင်းပွဲ တက်ရောက်သူ ဆန္ဒထုတ်ဖေါ်သူအချို့တို့ ပါဝင်သည်ဟု
သိရှိရသည်။ ။
YPI
14 comments:
သတင်းထူးရင်ဆက်တင်ပေးပါ၊သိချင်ပါတယ်၊မြန်မာပြည်မှာဥပဒေဆိုတာမရှိတော့ဘူးလားပြောပါ။အမှန်တရားကိုထုပ်ဖေါ်ပြောဆိုလို့မရသေးဘူးလားအရမ်းကိုသိချင်ပါတယ်၊ထူးရင်ထပ်တင်ပေးပါ။
ခုထက်ထိ မှန်တာပြော၊မှန်တာလုပ်၊မှန်တာကိုထောက်ပြ တာကို ဘာလို့လက်မခံ နိုင်သေးတာလဲ။
ပြည်သူတွေကို ကြောက်အောင် ခြောက်နေတာလား....ငါတို့ကြောက်စိတ်တွေ ကုန်ခဲ့တာကြာပြီ...
မဟုတ်သေးပါဘူး....အရင်အစိုးရအကျင့်တွေ ရှိသေးကြောင်း ကမ္ဘာက၊ နိုင်ငံတကာက သိသွားတာပေါ့ဗျာ......
ရန်ကုန်မြို့ မှပြည်သူများလည်း အားပေးကြပါ.....
ရန်ကုန်မြို့ မှပြည်သူများလည်းအားပေးကြပါ။
ဟုတ်လေလေကွာ...အစိုးရခေါင်ဆောင်များ ခင်ဗျားတို့ အိမ်တွေမှာ ၂၄ နာရီမီးတွေလင်းနေပေမဲ့ ...ညဘက်ရပ်ကွက်ကလေးတခုကို ထွက်ကြည့် လိုက်ပါဗျာ....လူဆိုတာ ကိုယ်ချင်စာနာစိတ်လေးရှိမှလူပါ....ပြောတော့ လျှပ်စစ်မီးတွေပိုလို့ ရောင်းစားနေရတယ်ဆို....ဘယ်မှာပိုတာလည်း..ခင်ဗျားတို့ အိမ်မှာပိုတာလား...
သူတို့ကိုယ်တိုင်မှ အမှန်တရားမရှိတာ.....လူလူချင်းစာနာမှုကင်းပြီး မတရားဖမ်းဆီးသူများ ကျန်းမာပါစေ၊ချမ်းသာပါစေ.....မိုးကြိုးပစ်မခံရပါစေနဲ့
ဒီ-=ဒီ --မို - မို ---ကရေ --စီ နိုင်ငံသစ်ကြီးကို တည်--တည်--ဆောက် ----နေ --ပါတယ်---ခင်---ဗျာ။
နောက် ---ကို --ပြန် -ပြန်---မ ဆုတ်--ပါ---ဘူး ခင်---ဗျာ။
မှန်ကန်ရင်ကွဲတယ်လို့အကိုဇာဂနာပြောခဲ့တာကိုမှတ်မိသေးတယ် အခုထိစစ်အစိုးရစနစ်အောက်ကမလွတ်သေးဘူးလား ဒီမိုကရေစီစနစ်နဲ့နိုင်ငံတော်ဖြစ်နေပြီဆိုတာလက်မခံသေးဘူးလား ဖမ်းထားတဲ့လူတွေကိုအမြန်ဆုံးပြန်လွတ်ပေးပါ တစ်နိုင်ငံလုံးပါလာရင်မကောင်းဘူး မီးမမှန်တာမန္တလေးတစ်ခုတဲမဟုတ်ဘူး လျှပ်စစ်ပိုနေပါတယ်ဆိုတဲ့ ပြည်ထောင်စုဝန်ကြီးဘာလုပ်နေတာလဲ ပိုနေတဲ့လျှပ်စစ်တွေလွတ်ပေးပါတော့လား လျှပ်စစ်တွေမလွတ်ပေးနိုင်ရင်ရာထူးကထွက်လိုက်ပါတော့လား ဘုန်းကြီးဝတ်ပြီးရာဒြာချေလဲမကျေပါဘူးမအေးစိန်ရယ်လို့ဘဲ့ပြောချင်တယ်။
ပြောင်းနေပြီ......ပြောင်းနေပြီ......ပြောင်းနေပြီ........ပြောင်နေပြီ....ပြောင်နေပြီ
အော်အော်ဟုတ်ပါလဘား
မှန်တာကိုပြောတာ ဘာလို့ အရင်တုန်းက အချိုးတွေအတိုင်း လုပ်နေကြသေးတာလဲ၊ ဟိုတစ်နေ့  က ရွေတိဂုံဘုရား ကိုသွားတုန်းက ဘုရားပေါ်မှာတောင်မီးပြတ်သွားတယ်၊ မှောင်မဲ သွားပြီးတော့ ဆလိုက်မီးတောင်မထိုးနိုင်တော့ဘူး။ နိုင်ငံခြားသား တွေလည်းရှိတော့ မြန်မာနိုင်ငံဟာ ဘယ်လောက်သိက္ခာကျသွားသလဲ၊ မီးကိုတာင်မှန်အောင်မပေးနိုင်ဘဲ ဟိုစီမံကိန်း ဒီစီမံကိန်း တွေလုပ်မနေစမ်းပါနဲ့ 
မြန်မာပြည်မှလျှပ်စစ်ပေါလို့ ရောင်းစားတယ်ဆိုပြီးပြည်သူတွေကိုအမှောင်ချပြီးအမေရိကန်ကပြန်ဝယ်ပေးရတယ်..တဲ့တိုင်းပြည်အရှက်ခွဲတဲ့လျှပ်စစ်မှာတော်ပြီးတက်နေတဲ့ဝန်ကြီးဇော်မင်းကိုဘာလို့ ရာထူးမဖြုတ်..သေဒဏ်မပေးရတာလဲ..သမတကြီးခင်ဗျား...အဲထဲမှာသမတကြီးကောပါနေပါသလားခင်ဗျား...ပြည်သူတွေနဲ့ ၁ထပ်တည်းဆိုရင်တော့ဇော်မင်းကိုသေဒဏ်ပေးပါခင်ဗျားးးးးးးးးးးးးးးးးးးးးအဲလိုမှမပာုတ်ရင်တိုင်းပြည်ကြီးတိုးတက်ရမည်ဆိုတဲ့အိမ်မက်ဖျက်လိုက်ပါတော့လိုပြောချင်ပါတယ်းးစင်ကာပူလိုလဲဖြစ်လာမှာမပာုတ်ပါဘူးးးးးးးကဲတိုင်းပြည်တိုးတက်ချင်မြန်မာပြည်ကို၂၄နာရီမီးပေးပါလို့ တောင်းဆိုချင်ပါတယ်..သမတကြီးခင်ဗျား.....ကျွန်တော်တို့ မြင်းခြံမြို့ မှာမီးကို၁ရပ်ကွပ်ထဲမှာတောင်မှာ..၁၀မိနစ်အလည်နဲ့ ပေးနေပါတယ်...မီးလာချိန်ဆိုမမှန်မီးပျက်ချိန်မတိုင်ခင်၁နာရီခွဲလောက်စောပျက်ပါတယ်...CDMAဖုန်းတွေကလဲ၁နေကုန်လောက်ပျက်ပါတယ်ညအချိန်မတော်မှပြန်ဖွင့်ပါတယ်....
မြန်မာပြည်နဲ့ မြန်မာပြည်သူပြည်သားအားလုံးကိုသမတကြီးသနားညှာတာပါလို့ မေတာရပ်ခံပါတယ်........
စုံးလုံးကန်းမျက်လုံးနဲ့ မအုပ်ချုပ်ဘဲ
ပညာရှိမျက်လုံးနဲ့ အုပ်ချုပ်ပေးပါလို့ လေးစားစွာပန်ကြားအပ်ပါတယ်....
မြန်မာပြည်ချစ်သောမြန်မာ.......
Post a Comment