အဓိပတိ(အဖြူရောင်) ယာဉ်လိုင်းမှ လူအုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန် လူနေရပ်ကွက် အတွင်း ၀င်ရောက်၍ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း

သို့

နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများ သိစေရန်

အကြောင်းအရာ။ ။ ဗန္ဓုလခရီးသည် သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းဖြစ်သော
အဓိပတိ(အဖြူရောင်) ယာဉ်လိုင်းမှ လူအုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန်
လူနေရပ်ကွက် အတွင်းဝင်ရောက်၍ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း တို့ကို တင်ပြ
အသိပေး တိုင်ကြားခြင်းကိစ္စ..

အထက်ပါ အကြောင်းရာ ကိစ္စနှင့်ပတ်သက်၍ (၄.၄.၂၀၁၂)ရက်နေ့ မွန်းလွဲ
(၁း၀၀)နာရီ အချိန်ခန့်တွင် ဗန္ဓုလ ခရီးသည်တင် ယာဉ်လိုင်းမှ
အဓိပတိ(အဖြူရောင်)ယာဉ်အမှတ် (၂ဂ/ ၅၃၅၄) ကားသည် သင်္ဃန်းကျွန်းမြို့နယ်၊
လေးဒေါင့်ကန်လမ်းမကြီး၊ ဘ၀မြင့် ကားမှတ်တိုင်အနီး လမ်းမကြီးပေါ်တွင်
ကားပျက်၍ ရပ်ထားခဲ့ပါသည်။ ကားပျက်သော်လည်း (၁)လမ်းဘေးသို့
ချ၍ရပ်မထားခြင်း (၂) ညဘက် လျှပ်စစ်မီး ပျက်နေသော်လည်း ကားမှာ
မီးမထွန်းထားခြင်းတို့ကို တွေ့ရှိရပါသည်။

၎င်းနေ့ည(၁၁း၀၀)ခန့်တွင် လေးထောင့်ကန် လမ်းမကြီးအတိုင်း အနောက်မှအရှေ့သို့
မောင်းနှင်လာ သောဂျစ်ကား အမှတ်(၃ဂ/၆၅၈၁) ကားမှာ ပျက်နေသော အ့ဓိပတိကားကြီး
နောက်မှ ၀င်ရောက် တိုက်မိခဲ့ပါသည်။ အရှိန်ပြင်းသောကြောင့်
ကားကြီးပေ(၅၀)ခန့်အကွာအဝေးသို့ေ
ရာက်ရှိပြီး ပလက်ဖောင်းပေါ်တွင်
စိုက်ထူထားသော အလင်းရောင် ဓါတ်ပုံ၊ စတူဒီယို ဆိုင်းဘုတ်ကိုပါကားကြီးမှ
ဝင်ရောက် တိုက်မိ၍ လဲပြိုခဲ့ပါသည်။ ဂျစ်ကား မောင်းလာသူမှာ ကားထဲတွင်
ညက်နေ၍ အနီးပတ်ဝန်းကျင် ရပ်ကွက်သူ ရပ်ကွက်သားတို့မှ ခက်ခဲစွာ ဆွဲထုတ်ယူ၍
နီးစပ်ရာစံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ည(၁၁း၃၀) နာရီတွင် လျှပ်စစ်မီးပြန်လာ၍ ၎င်းယာဉ်တိုက်မှုဖြစ်စဉ်ကို
ရပ်ကွက်သူရပ်ကွက်သားတို့က ၀ိုင်းအုံကြည့်ရှုနေစဉ် အဓိပတိယာဉ်လိုင်းမှ
တာဝန်ရှိသူ အသက်(၃၅)နှစ် ၀န်းကျင်ခန့် ရောက်ရှိလာပြီး မှတ်တမ်းတင်
ဓာတ်ပုံခြင်း၊ လက်ကိုင်ဖုန်း စကားပြောခြင်းတို့ ပြုလုပ်နေပြီး ရုတ်တရက်
လူပရိသတ် ဘက်လှည့်၍ “ မင်းတို့က ဘာကောင်တွေလဲ၊ မင်းတို့အလုပ်ဘာရှိသလဲ၊
မဆိုင်တဲ့ကောင်ပြန် “ ဟုမောက်မာစွာ ပြောဆိုခဲ့ပါသည်။ ကျွန်တော်တို့က “
ကျုပ်တို့ဟာ ရပ်ကွက်သားတွေ ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုမှာ ကူညီကြသူများ
ဖြစ်သည့်အတွက် မပြန်နိုင်ကြောင်း၊ မိမိအိမ်ရှေ့မှာ မိမိဘာသာ လွတ်လပ်စွာ
နေထိုင်နိုင်ခွင့် ရှိကြောင်း၊ ပြန်ပြောသည့်အခါ ထိုသူက “ ကျုပ်ဟာ
နိုင်ငံတော် ပြန်တမ်းဝင် အရာရှိ တစ်ယောက်ဖြစ်တယ် “ ၊ “ အဲဒါဆိုရင်
ခင်ဗျားကပိုလို့ နားလည်ရမှာ ဖြစ်ကြောင်း” ကျွန်တော်က ပြောပြခဲ့ပါတယ်။
ထိုသူက “ ထိုသူက သူမှားသွားကြောင်း ပြန်ပါအုံးမည်” ဟုပြောပြီး
ပေကြိုးတိုင်း၍ တာဝန် ထမ်းဆောင်နေသော ယာဉ်မှုစစ်အား “ဟေ့ကောင် မင်းလည်း
လုပ်စရာမလိုဘူးပြန် “ ဟုပြောပြီး ၎င်းစီးလာသော တက္ကစီအနီရောင်ဖြင့် ပြန်လည်
ထွက်ခွာသွားခဲ့ပါသည်။ ကျွန်တို့လည်း လူစုခွဲ၍ အိမ်သို့ပြန်ရောက်ပြီးမိနစ်
(၂၀) ခန့်အကြာ(၁၂း၃၀) နာရီခန့်တွင်လမ်းမတန်းမှ လူအုပ်စုအသံကြီးနှင့်
“ငါတို့ ဗန္ဓုလယာဉ်လိုင်းကို စော်ကားတဲ့ကောင်တွေ အကုန်ရိုက်”
အော်ဟစ်ဆဲဆိုပြီး ရပ်ကွက်အတွင်းသို့ ၀င်ရောက်ခဲ့ကြပါသည်။

ကျွုန်ပ်လည်း အသံကြား၍ ထွက်ကြည့်လိုက်ရာ နဖူးတွင်စွပ်ကျယ် အင်္ကျီကိုစည်း
ကိုယ်လုံးတွင် အင်္ကျီဗလာယူနီ ဖောင်းနက်ပြာ ဘောင်းဘီကို ဒူးအထိလိပ်
လက်ထဲတွင်လုံးပတ် တစ်လက်မ အရှည်တစ်ပေခွဲခန့် သံပိုက်လုံး ကိုယ်စီ
ကိုင်ဆောင်ပြီး မြင်မြင်သမျှ လိုက်လံရိုက်နှက် နေကြသဖြင့် ကျွန်ုပ်တို့
ရပ်ကွက်သားတို့မှာ မိမိတို့ အိမ်ထဲ ပြေးဝင်ရောက် ရှောင်ပုန်းခဲ့ကြပါသည်။
ရပ်ကွက်အတွင်းမှ မော်ခန်းဟု ခေါ်သော အသက်(၂၇)နှစ်အရွယ် လူငယ်၏ ညာပခုံးကို
တစ်ချက်ရိုက်မိခဲ့ပါသည်။ ရပ်ကွက်အတွင်းတွင် မင်းမဲ့ စရိုက်ဆန်ဆန်
ပြုမူကျင့်ကြံပြီး (၁၅) မိနစ်ခန့်အကြာတွင် ၎င်းတို့စီးလာသော
အဓိပတိ(အဖြူရောင်) ကားနှစ်စီးနှင့် လူအင်အား(၇၀)ခန့်မှာ ပြန်လည်ထွက်ခွာ
သွားခဲ့ပါသည်။ ၎င်းယာဉ်နှစ်စီး၏ နံပါတ်များမှာ (၃ဂ/၃၁၆၇) ၊ (၃ဂ/၃၈၈၁)
တို့ဖြစ်ကြပါသည်။

လူကြီးမင်းခင်ဗျား ယခုကျွန်တော် အစီရင်ခံအပ်သော ကိစ္စရပ်များမှာ တရားဥပဒေ
စိုးမိုးမှုအတွက်၎င်း၊ ရပ်ရွာအေးချမ်း သာယာရေးအတွက်၎င်း၊ များစွာသော
စိုးရိမ်ကြောင့်ကျ ဖြစ်ရပါသောကြောင့် လူကြီးမင်းမှ တစ်ဆင့်နိုင်ငံတော်
သမ္မတထံသို့ သိရှိနိုင်ပါရန် လေးစားစွာ တင်ပြတောင်းခံ အပ်ပါသည်ခင်ဗျား။

အကူအညီ တင်ပြတောင်းခံသူ

ဦးစိန်သန်း
၁၂/သဃက(နိုင်)၀၄၈၉၄၆
အမှတ်(၂၅၈/B) ပြည်တော်အေးလမ်း၊
လေးဒေါင့်ကန်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
အဓိပတိ(အဖြူရောင်) ယာဉ်လိုင်းမှ လူအုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန် လူနေရပ်ကွက် အတွင်း ၀င်ရောက်၍ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း အဓိပတိ(အဖြူရောင်) ယာဉ်လိုင်းမှ လူအုပ်စုဖွဲ့၍ မင်းမဲ့စရိုက် ဆန်ဆန် လူနေရပ်ကွက် အတွင်း ၀င်ရောက်၍ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း Reviewed by သစ်ထူးလွင် on 10:07 Rating: 5

52 comments:

Nay Nwaye said...

ဒီ ပါရမီ နဲ့ အဓိပတိ ယာဉ်လိုင်းတွေဖျက်သိမ်းသင့်နေပါပြီ ခရီးသွားတွေနဲ့ပြည်သူလူထုတွေလည်းသူတို့တွေကြောင့် စိတ်အနှောက်ယှက်ဖြစ်ရတာလည်းများနေပါပြီ ဒါမှမဟုတ်ရင်လည်း တာဝန်ရှိသူတွေအနေနဲ့ မိမိယာဉ်လိုင်းမှ ယာဉ်မောင်းနဲ့ စပါယ်ယာတွေကိုစနစ်တကျ လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။ တာဝန်ရှိလူကြီးတွေ ကိုယ်တိုင်က သင်ကြားပုံနည်းစနစ်တွေမသိခဲ့ဘူးဆိုရင် ဒီ website က နေတဆင့်အကူညီတောင်းလိုက်ပါ အမှန်တကယ်နားလည်တတ်ကျွမ်းသူတွေ လာရောက်သင်ကြားပေးပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီယာဉ်လိုင်းတွေကတော့ ပြန်လည်စီစစ်ဖို့လိုအပ်နေပါပြီ။

Unknown said...

ဒီကိစ္စကကြာနေပြီဗျ၊ ဂျာနယ်တွေမှာလည်းပါတယ်၊ အခုဒီကိုပေးစာအနေနဲ့
ထပ်ရောက်တယ်ဆိုတော့၊ ဘာအရေးယူမှုမှမရှိလို့နဲ့တူတယ်၊ ဒါဆိုပြည်သူ
တွေဘယ်သူ့အားကိုးရမှာလဲ၊ ကြည့်လုပ်ကြပါဦး၊ မင်းမဲ့စရိုက်ဆန်ဆန်ဗိုလ်
ကျတဲ့အဖြစ်တွေကတဖြည်းဖြည်းနဲ့ပိုများလာရင်ဘယ်လိုလုပ်ကြမလဲ၊ တစ်
ခုခုတော့အရေးယူဆောင်ရွက်ကြဖို့ကောင်းပါတယ်။ အဲဒီပြန်တမ်းဝင်အရာ
ရှိဆိုတာကလဲ ပင်စင်စားတွေပါ၊ အရပ်သားဖြစ်နေပါပြီ ဟိုတုန်းကအရာရှိ
ဖြစ်ခဲ့တာနဲ့ ဥပဒေဆိုတာသူတို့အတွက်အကျုံးမ၀င်တော့ဘူးလား။

myo kyaw said...

ဥပဒေ နှင့်အညီ အရေးယူရေးဖို့တောင်းဆိုပါတယ်...ဘာကြောင့် ဒီလိုမင်းမဲ့စရိုက် ဆန်ဆန် လုပ်ရသလဲ..

Anonymous said...

ဒီကောင်တွေ သူတို့ ကိုယ် သူတို့ ဘာထင်နေလဲ မင်းမဲ့စရိုက်ကျနေတာပဲ . . ဖွတ် မွေးထားတဲ့ စွမ်းအားရှင်တွေလား . . ဒီကိစ္စ သေချာ ရှင်းထုတ် ပေးပါ . . ပြည်သူတွေ အတွက် အေးချမ်းဖို့ လိုပါတယ် . . .

ကိုကို said...

ခွေးမသားအဓိပတိယာဉ်လိုင်းမှမိုက်ရိုင်းသူများသာ။
မင်းတို့လိုကောင်တွေကြောင့်တိုင်းပြည်ကြီးပျက်စီးနေတာ။ကိုယ့်ကိုယ်ကိုပြန်စဉ်းစားလည်းကြည့်ကြအုံး
ထမင်းစားတာလား? ဘာစားလဲဆိုတာ?

Anonymous said...

ဒါမဖြစ်သင့်ဘူး။ဘာလုပ်မှာလဲဦးသိန်းစိန်?အခွန်တစ်လကိုသိန်း၃၀၀၀ကျော်ဆောင်နေလို့လား

ကိုကို said...

ခွေးမသားအဓိပတိယာဉ်လိုင်းမှမိုက်ရိုင်းသူများသာ။
မင်းတို့လိုကောင်တွေကြောင့်တိုင်းပြည်ကြီးပျက်စီးနေတာ။ကိုယ့်ကိုယ်ကိုပြန်စဉ်းစားလည်းကြည့်ကြအုံး
ထမင်းစားတာလား? ဘာစားလဲဆိုတာ?

yangonthu said...

ဝန်ကြီး ဦးကျော်ဆန်း၏ လာဘ်ပေးလာဘ်ယူ ကိစ္စများ - အပိုင်း ၁

http://myanmarwhistleblower.blogspot.com/

အပိုင်း 2 နဲ့ 3 လာမည်

newman said...

ပြင်းပြင်းထန်ထန်အရေးယူသင့်ပါသည်။ ဒီလိုမင်းမဲ့စရိုက်ဆန်ဆန်အဖြစ်များမဖြစ်သင့်တော့ပါ။

N2N said...

ဆင်းရဲမွဲတေမူရဲ့ရလဒ်-ပြရုပ်-အဖြစ်...နေစဉ်နဲ့အမျှ BUS ကားစီးမြန်မာပြည်သူလူထူဟာ ...ရုံးဆင်းရုံးတက်ချိန်ဆိုလျှင်...စပယ်ယာများ...ဒရိုက်ဘာများရဲ့ အော်ဟစ်ကြိမ်းမောင်းမူကို အကြိမ်ကြိမ်သည်းခံရင်း...ပြွတ်ကျပ်နေသောကားများပေါ်တွင်...ရပ်စရာတနေရာရအောင် ၃၆-၄၀ ဒီဂရီ အပူရှိန်အောက်တွင်...အလုအယတ်..ရုန်းကန်နေလာခဲ့ကြပေသည်။ လွတ်တော်နှင်.အစိုးရအဖွဲ့အနေဖြင့်...ပြည်သူတို့၏အဓီကလိုအပ်ချက်ဖြစ်သော စား-၀က်-နေရေး အရေးသုံးပါးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများကို အထူးအလေးပေး ကြပ်မတ်ဆောင်ရွက်သင့်ပါသည်..
(၁)ကိုယ်ပိုင်မော်တော်ကားများ တင်သွင်းခွင်.ပေးခြင်း
(၂)မိုဘိုင်းတယ်လီးဖုန်များ ၂ သိန်းသို့ဈေးလျော့ရောင်းခြင်း
များမှာ အခြေခံပြည်သူများအတွက် အကျိုးသက်ရောက်မူ့အားနည်းလွန်းပါသည်... ထို့အစား
နေ့စဉ်ပြေးဆွဲနေသော BUS ကားများ အဆင့်မြှင့်တင်ခြင်း (ကြံခိုင်မူမရှိသော ယာဉ်အားလုံး BUS များ-BM များဖြတ်သိမ်းပြီး သင့်လျော်သော BUS များဖြင်.အစားထိုးသင်.ပါသည်) (BUS ကားများကိုလည်း စည်းကမ်းသေ၀ပ်ပြီး ခေါက်ရေမှန်-အချိန်မှန် ပြေးဆွဲနိုင်အောင် ထိုမှ စပယ်ယာမရှိသော BUS ကားများသို့ အဆင်.ဆင်.ထိထိရောက်ရောက်ကြီးကြပ်-ကြပ်မတ်ဆောင်ရွက်လျှင်...သာယာသောလူ့ဘောင့်သို့မကြာမီရောက်ရှိလာလိမ့်မည်ဟုယုံကြည်မိပါသည်..... (BUS ကားစီးပြည်သူများကိုကိုယ်စားပြုလျက်)

mad dog said...

အဓိပတိ ယဉ် လိုင်း ဟာ " ဦးပိုင် " ယဉ်လိုင်း ဆိုပြီး ၇မ်းကားတာ ဟိုးအ၇င်တည်းကပါ။

အမှန်တရားဘက်တော်သား said...

အဓိပတိ ကတော့ --ဘယ်လိုလူမျိုးတွေ များလဲနော်--ဒီလိုလူနဲ့ ဒီမိုကရေစီ နဲ့ကတော့--လားလားမျှ---

Anonymous said...

ကိုယ့်မှန်နေရင် ကြောက်စရာမလိုပါဘူး
ဒီကောင်တွေခေတ်ကုန်နေပြီဆိုတာ မသိသေးတဲ့ အရူးတွေပါ
ကျုပ်တို့ သမ္မတကူညီမှာပါ-

Maunglusoe said...

မြန်မာအစိုးရ ကနိုင်ငံတကာကိုနည်းမျိုးစုံနဲပေါင်း
ပြည်သူကိုနည်းမျိုးစုံနဲနှိပ်စပ်

Eric said...

ngar loe ma tharr tway .... lote chinn tine lote nay kya tal ....

aristhteinwin said...

ညံ့ပါ့ကွာ- ကိုယ့်ရပ်ကွက်ထဲ လာကျယ်တဲ့ ညစ်ကျယ်တွေကို ရပ်ကွက်သားတွေ ၀ိုင်းသမပြီးပညာပေးလိုက်။ အဓိပတိ ယာဉ်လိုင်း ကားကို မီးတင်ရှို့ လိုက်-ကိစ္စပြီးရော- နေရာတကာ သမတကြီး အားကိုး- တရားဥပဒေ မျှော်ကိုးနေရင် အမြဲခံနေရမယ်။ နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်-

seindiamond1 said...

မင်းမရှိတဲ့တိုင်းပြည်ထင်လို့လားကွ၊
ဒါတွေကိုလျော့တိလျော့ရဲလုပ်နေတော့၊
တရားဥပဒေမရှိတဲ့တိုင်းပြည်၊မင်းမရှိတဲ့တိုင်းပြည်နဲ့တူနေပြီနော်၊
ကြည်ပြီးထိမ်းကြပါအုံး၊
ထိထိရောက်ရောက်လည်းအရေးယူဖို့စဉ်းစားသင့်ပြီနော်၊
ဒီပုံအတိုင်းဆို၊လွတ်တော်ရှေ့တဲထိုးပြီးလွတ်တောကိုယ်စာ
လှယ်များကိုပါဆက်ကျေးတောင်း၊ဓမြတိုက်၊ရိုက်နှက်လုပ်
လာမယ်နော်။

Blogger said...

လေးစားပါတယ် ဦးစိန်သန်း

Kyaw Minn said...

အရေးယူပါ...ဆိုင်ရာများ

a said...

နာမည်ကျော်သိန်းစိန်ရေပြောင်းလဲတယ်ဆိုတာပြည်သူအတွက်လားမင်းတို့အတွက်လား၊မင်းတို့ရဲ့အောက်ဆုံးအဆင့်ကကောင်တွေတောင်ပြည်သူကိုလုပ်ချင်တိုင်းလုပ်နေတာမင်းတို့မညွှန်ကြားပဲဘယ်သူမှမလုပ်ရဲဘူးဆိုတာအားလုံးသိတယ်၊လက်နက်ကိုင်အဖွဲ့အစည်းနဲ့ပါတ်သက်တဲ့ကောင်တွေကိုပြည်သူတွေကြောက်နေအောင်စနစ်တကျမင်းတို့လုပ်ထားတာ။ပြည်သူကိုဗိုလ်ကျတာတွေဘာမှမပြောင်းသေးဘူး။ဒီဟာကအရေးယူဖို့သိပ်ခက်နေလို့လား။(မင်းကတော့နိုင်ငံကျော်ပဲ။(အပြောနဲ့အလုပ်မတူတဲ့နေရာမှာ)၊ဒီလိုအေေ၇းမယူတာလဲပြည်သူ့အတွက်ပဲလား။

Ko Nyo Khant ( Mdy university.) said...

အဓိပတိကကောင်တွေမိုက်ရိုင်နေတာကြာပြီ၊ဦမြင့်ဆွေတိုင်းမှူးဘ၀ထဲကသောကြာနေ့တိုင်းမထသအစည်းဝေးမှာစည်းကမ်းချက်အမျိုးမျိုးထုတ်ပြန်သော်လည်း စစ်တပ်ကထောင်ထားတဲ့ကားအသင်းကစည်းကမ်းလိုက်နာမှုမရှိပါဘူး၊ကားတစီနှ့င့်တစီးပြိုင်မောင်းခြင်း၊အချိန်ကြာမြင့်စွာလူစောင့်ခြင်း၊ခရီးသည်ပိုမိုတင်ဆောင်ခြင်းများကိုမထိမဲ့မြင်လုပ်ဆောင်ကြပါသည်။ယာဉ်လိုင်းအသစ်စတင်ဖွင့်ကာစသာစည်းကမ်းသေ၀ပ်သရောင်ရှိပါသည်။နောက်ကြာသောခွေးမြီးကောက်ကျဉ်တောက်စွတ်သာဖြစ်ပါသည်။

jaithein said...

ဒီမိုကရေစီအနှစ်သာရစပြီ........

ကိုကို said...

ခွေးမသားအဓိပတိယာဉ်လိုင်းမှမိုက်ရိုင်းသူများသာ။
မင်းတို့လိုကောင်တွေကြောင့်တိုင်းပြည်ကြီးပျက်စီးနေတာ။ကိုယ့်ကိုယ်ကိုပြန်စဉ်းစားလည်းကြည့်ကြအုံး
ထမင်းစားတာလား? ဘာစားလဲဆိုတာ?

kaungkin said...

လေးစားပါတယ်ဗျာ၊ ဦးစိန်သန်းလို မဟုတ်တာမခံ တင်ပြရဲတဲ့သူတွေ
ကျွန်တော်တို့နိုင်ငံမှာ အများကြီးလိုတယ်၊ ဒါမှနေရာတိုင်းမှာ အာဏာ၊ငွေကြေး၊ အုပ်စု အားကိုးပြီး ဗိုလ်ကျစိုးမိုးမှုတွေ နည်းပါးသွားမှာ။ အဲဒီလို
လူတွေက ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လာကြတာ တော်တော်ကြာပြီလေ။

zmt said...

ဖြစ်မှဖြစ်ရလေ ဗျာမြန်မာပြည်တောင်မပြန်ရဲတော့ဘူး ... i pay စနစ်ပေါ်နေလို့တိုးတက်နေပီးထင်နေတာ အခုတော့ အုပ်စုဖွဲ့ပီးပြည်သူတွေကို လိုက်ကိုက်နေပါရောလား.... တိုးတက်ခြင်းအစ လားဗျာဒါက မြန်မာပြည်ကောင်းစားမှ ပြန်တော့မယ့် ကျနော့် ခံယူချက်ကြောင့် ဒီတစ်သက်မပြန်ရတော့ဘူး ထင်တယ်ဗျာ.....

Anonymous said...

သမတကြီးရေဘာလုပ်မှာလဲ?ပါရမီကအခွန်မရမှာကိုစိုးရိမ်နေတာလားဟင်

honey said...

ဒို့တိုင်းပြည်မှာစစ်တပ်ထဲကလူတွေကတော့
နာမည်ဆိုးနဲ့နာမည်ပျက်နေတော့
လူမိုက်လက်သတ်မွေးပြီးသေနတ်နဲ့မပစ်တော့ဘူး။
ဒုတ်တွေသံပိုက်တွေနဲ့ရိုက်သတ်အုံးမှာပဲလားမသိဘူး။
စစ်တပ်လူထွက်တွေလည်းပါဝါကိုပြလွန်းတယ်

aye min said...

ကဲ ဘယ်လို အရေးယူမှာလဲ။ ဒီလို အမှုတွေကို ဒီလိုပဲမျက်နှာလွှဲထား ကြမှာလားအရေးယူခွင့်ရှိတဲ့သူတွေများ အဲဒီအဖွဲ့အစည်းထဲမှာ ရှယ်ရာပါထားသလားအမျိုးတော်သလား. ဒီအတိုင်လွတ်ထားရင် နောက်ဆို ဒိထက်ပိုဆိုးလာမယ်ဆိုစာ သိရင် ထိထိရောက်ရောက်အရေးယူပါ. ဘယ်လိုအရေးယူတယ်ဆိုတာ အများသိအောင် သတင်းစာ ဂျာနယ်တွေမှာတင်ပြပေးပါ ။ဒါတောင် လိုင်းကားပေါ်မှာ ခရီးသည်တွေကို မချေမငံဆက်ဆံတဲ့ စပါယ်ရာတွေက ဒုနဲ့ဒေး ခရီးသည်တွေက သူတို့ထက် စိတ်ထားမြင့််လို့ ယှင်ပီးမဖြစ်ချင်တာက တစ်ကြောင်း ဝမ်းရေအတွက်ရုန်းကန်နေရလို့ အချိန်မပေးနိုင်တာကတစ်ကြောင်းနဲ့မို့ အောင့်အီးသည်းခံနေကြတာ ခင်ဗျားတို့ သိစေချင်တယ်၊

ပုသိမ်သား...ဆင်မ said...

အော်ဒုက္ခ..အော်ဒုက္ခ...

thingyan minthar said...

သက်ဆိုင်ရာက မှန်ကန်စွာ စစ်ဆေးပြီး အရေးယူပေးစေလိုပါတယ်။

မြန်မာခေတ်ပြောင်းတော်လှန်ရေး said...

ဒီကောင်တွေကိုဥပဒေအရအရေးမယူနိုင်ယင် ကျုပ်တို့ ပြည်သူလူထုကလည်း အကြမ်းနည်းနဲ့ အဓိပတိကားတွေကိုအကုန်ရိုက်ဖျက်ပစ်ကြတာပေါ့ ဗျာ။ သူသေကိုသေအုပ်စုဖွဲ့ ပြီးချကြတာပေါ့ ။

သီဟ ကျော် said...

၈၈-မျိုးဆက် ညီကို မောင်နှမတို့ရေ၊ တနေရာထဲကို အတူတကွ သိပ်တွဲမသွားကြ စေချင်ပါ၊ ဒီပြဿနာမျိုး ဒီပဲယင်းလို လုပ်ကြံမှုမျိုး ဖြစ်နိုင်ချေ ရှိမရှိတော့ အဆိုးမမြင်လိုပေမယ့် အက်ဆီးဒင့် တခုခု ဖြစ်ခဲ့သော် ပြည်သူ့ အာဇာနည်တွေ တပြုံကြီး ဆုံးရှုံးခံလိုက်ရမှာမျိုး တွေးကို မတွေးချင်လို့ပါဗျာ။ သီဟ ကျော်

Wunna Ko Ko said...

များနေပြီ။ တာဝန်ရှိသူတွေ ထိန်းသိမ်းပေးကြပါ။

gwantaylay said...

လူမိုက်လုပ်မှာလား စပယ်ယာလုပ်မှာလား..

Irrawaddy Myanmar said...

ရပ်ကွက်ထဲမှာ အိမ်တစ်အိမ်က ခွေးတစ်ကောင် ဆိုးသွမ်းပြီး လမ်းပေါ်ထွက်ကိုက်ရင် အိမ်ရှင်တာဝန်ယူရတယ်။ အဓိပတိ(အဖြူရောင်) ယာဉ်လိုင်းရဲ့အုပ်ချုပ်သူအကြီးအကဲကဘယ်သူလဲ။
အကယ်၍ တာဝန်မယူရင် အိမ်ရှင်က ခွေးကို လမ်းပေါ်ထွက်ကိုက်ရှူးတိုက်ပေးထားလား။ ဒါဆို ရပ်ကွက်ထဲမှာ အဲအိမ်ကိုခဲနှင့်ပေါက်လေ့ရှိတယ်။
ယာဉ်နှစ်စီး၏ နံပါတ်များမှာ (၃ဂ/၃၁၆၇) ၊ (၃ဂ/၃၈၈၁)

u kyawkyaw said...
This comment has been removed by the author.
u kyawkyaw said...
This comment has been removed by the author.
ဖိုးသား said...

စစ်တပ်က လာတဲ့ကောင်တွေဆိုတော့လဲ သိကြတဲ့အတိုင်းပဲလေ ............ တို့နိုင်ငံကြီးက ပါးစပ်ကပဲပြောင်းနေတာပါ တကယ်တမ်းကြတော့ တရားဥပဒေက အရင်အတိုင်းပဲရှိပါသေးတယ် .............လုပ်ကြပါဦး တာဝန်ရှိသူတို့ .............

ကောင်းကောင်း said...

လမ်းမမှာခွေးတွေဟောင်နေတယ်၊ ကိုက်နေတယ် သတိထားဟေ့၊
အဲဒီမြို့နယ်က ရဲတွေဘာလုပ်နေကြလဲ။
စောင့်ဆံတောင်းဖို့လောက်ပဲ ကြည့်နေကြတယ်။ အရိုက်ခံရတဲ့သူက သူတို့ သားသမီးသာဆိုရင် သူတို့ဘာလုပ်မှာလဲ။

ကိုစော said...

အဲဒီ လူတွေက Zombie သာသာ လူစားတွေပါ ဦးနှောက် မပါဘဲ အထိန်းအကျောင်းခံ တွေပါ။
ပြန်တမ်းဝင် အရာရှိ ဆိုသူ က စတာပါ။ ဖွတ် မိကျောင်း ဖြစ် တပြည်လုံး မချမ်းသာ။

kyawminsoe said...

အဆင့်မရှိတဲ့ ခွေးသားတွေ မင်းတို့လိုလူတွေကြောင့် တိုင်းပြည်ပျက်စီး နေတာ။

fortuneleader said...

ရပ်ကွက်ညီရင်တစ်ကြိမ်ပဲအစော်ကားခံရမယ်။
ရပ်ကွက်မညီရင်အကြိမ်ကြိမ်အစော်ကားခံရမယ်။
ပြည်သူတွေစည်းလုံးညီညွတ်ကြပါ။

unyan80 said...

အိမ်တိုင်း လေးဂွနဲ့ လောက်စာလုံးတွေတော့ ရှိထားသင့်တယ်ထင်တယ်...
:) လိုအပ်ရင်သုံးရတာပေါ့...

Unknown said...

အဓိပတိလိုင်းပါရမီဥက္ကဌကဗိုလ်မှူးကြီးမျိုးမြင့်(အလုပ်သင်-၁)ကပါ။ဒါရိုက်တာက
ဒုဗိုလ်မှူးကြီးသိန်းထွန်းဝင်း(DSA-၂ဝ)ကဖြစ်ပြီးဒုဒါရိုက်တာကဗိုလ်မှူးလေးမြတ်(OTS-၉၄) တို့(၃)ယောက်အုပ်ချုပ်ပါတယ်။ဗိုလ်မှူးကြီးမျိုးမြင့်ကဘာပြောပိုင်ခွင့်မှမရှိ
ဘူး၊သိန်းထွန်းဝင်းဆိုတဲ့ကောင်ကတော့အင်မတန်မိုက်ရိုင်းတဲ့ကောင်ပါ။ပါရမီတက်စီလိုင်းမှာတပ်ထဲတုန်းကဘာမှခိုးခွင့်မရခဲ့လို့စားရမဲ့မဲ့နဲ့သူတို့မျက်နှာ
ကြည့်ပြီးကားမောင်းနေရတဲ့စစ်သည်ဟောင်းတွေသာမက အရာရှိအဆင့်မှာလည်းဗိုလ်ကြီးဗိုလ်မှူးတွေနဲ့ဗိုလ်မှူးကြီးအဆင့်နဲ့ထွက်ခဲ့သူတွေ
သုံးယောက်လောက်ရှိပါတယ်။သူတို့လည်းသိန်းထွန်းဝင်းရဲ့အဆိုအဆဲခြိမ်းခြောက်ညစ်ပတ်တာတွေကိုခံရပါတယ်။လေးမြတ်ဆိုတဲ့ကောင်ကတော့သိန်းထွန်းဝင်းပေးတာယူကြွေးတာစား
ယာဉ်မောင်းတွေဆီကဆက်ကြေးကောက်၊ကင်းကြေးတောင်းစားနေသူပါ။
ဒီလိုမိုက်ရိုင်းတဲ့ကိုယ်ကျိုးရှာသမားတွေကိုလိုင်းကြေးကောင်းကောင်းပေး
ထားတဲ့ယာဉ်မောင်းတွေဆိုရင်အပြင်မှာဗိုလ်ကျရဲပါတယ်။သိန်းထွန်းဝင်းက
နောက်ကွယ်ကနေဦးပိုင်ဥက္ကဌဒုဗိုလ်ချုပ်ကြီးခင်ဇော်ဦးနာမည်သုံးပြီးလိုက်
ဖြဲပေးလို့သူ့တပည့်တွေကခုလိုပြည်သူကိုဗိုလ်ကျပြီးအစွမ်းကုန်မိုက်ရဲနေတာ
ပါ။ဒီလူမိုက်နဲ့တွေနဲ့လူမိုက်သားရမ်းကားတွေသက်ဆိုးရှည်နေတာဗိုလ်ချုပ်
ကြီးတင်အေးလက်ထက်ထဲကပါ။(၁၅)နှစ်လောက်စားထားလို့ထားစရာနေရာ
မရှိအောင်ချမ်းသာနေပါပြီ။သူတို့ကိုဖယ်ရှားပစ်ဖို့လိုပါတယ်။နောက်လာတဲ့မောင်ပလဲကလဲဒိုင်းဝန်ထက်ကဲမဲ့ကောင်တွေချည်းပဲမို့ဒီမိုက
ရေစီခေတ်မှာလူတစုတဖွဲ့ထဲအတွက်ဖွဲ့ထားတဲ့ဦးပိုင်အဖွဲ့ကိုလုံးဝဖျက်ပစ်
သင့်ပါပြီ။

ကိုကြီးကျော် said...

တချက်လောက် စောင့်ကြည့်ကြပါ။ နိုင်ငံအစိုရက ဘာမှဆောင်ရွက်မပေးနိုင်ဘူးဆိုရင် ပြန်သာချပေတော့။ တွေ့တဲ့နေရာမှာ တွေ့သလိုသာစော်တော့။ တရားတာ မတရားတာ မရှိတော့ဘူး။ အင်အားမမျှရင် ချောင်ရိုက်ကြ။ အဲဒီ ကောင်တွေကို။

Anonymous said...

ဒီလိုင်းတွေဖျက်လည်းနောက်အသစ်မှာဒီကောင်တွေပါအုံးမှာပဲ။ ဒီကောင်တွေကိုမှတ်လောက်သားလောက်အောင်ဆုံးမမှ ငြိမ်မှာ။ ယာဉ်လိုင်းကကောင်တွေ မင်းတို့မိဘ သား၊ မယားမိသားစုတွေ မင်းတို့တွေဦးနှောက်မဲ့လို့ဒုက်ခ မရောက်စေနဲ့၊ ဟိုအရာရှိဆိုတဲ့ကောင်က တကယ်ဖြစ်လာရင် မင်းတို့ရှေ့ မှာရှိမှာမဟုတ်ဘူး ကိုယ်ဖြစ်ကိုယ်ခံဘဲဆိုတာသဘောပေါက်

cherish said...

အကျိုး၊အကန်း မသန်မစွမ်းတွေကို နေရာပေးထားတာလေ။ သူတို့ဆီက ကြီးကြပ်ရေးမှူးဆိုတာတွေက နေ့စဉ်ဝင်ငွေ၊ ထွက်ငွေ စာရင်းကိုပဲ အာရုံစိုက်တာလေ။ တနေကုန် လက်ဖက်ရည်ဆိုင်ထိုင်၊ ညနေဘီယာဆိုင်ထိုင်ပြီး စည်းစိမ်ခံစားနေတာ။ ယာဉ်ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ ကားအောက်ဝင်စစ်ဖို့နေနေသာသာ၊ ကားပေါ်တောင် တက်မကြည့်ဖူးဘူး။ ခုံကျိုးနေတာ၊ တန်းတွေမရှိတာ သူတို့နဲ့ဘာမှ မဆိုင်ဖူးလေ။ ယာဉ်မောင်း/နောက်လိုက်တွေ စည်းကမ်းပျက်လေ (တိုင်စာများများတင်လေ) သူတို့အတွက် ဒဏ်ကြေးများများဝင်လေ လို့သတ်မှတ်ထားတာလေ။ ယာဉ်မောင်း/နောက်လိုက်တွေကလဲ ပိုက်ဆံဆောင်ရင် ပြီးသွားတာပဲဆိုတဲ့ အတွေးအခေါ်တွေ စွဲသွားပြီး မူဝါဒ၊ အစီအမံတွေ အားနည်းတဲ့ အကျိုးဆက်ကြောင့် နောင်မဖြစ်အောင် ဘယ်လိုရှောင်ကြဉ်ရမယ်ဆိုတဲ့ စိတ်ဓါတ်တွေ ပျောက်ဆုံးကုန်ပြီလေ။

skkt said...

ိဒီကောင်တွေဖအေအားကိုးနဲ့စည်းမရှိကမ်းမရှိမောင်းချင်သလိုမောင်းပြီးရပ်ချင်သလိုရပ်နေကြတဲ့ခွေးသတောင်းစားတွေ။သူတို့ကြောင့်မဆိုင်တဲ့ခရီးသွားပြည်သူတွေယာဉ်တိုက်မှုဖြစ်ပြီးသေသွားကြတာခွေးသတောင်းစားတွေကြောင့်ဒီကောင်တွေပြင်းထန်စွာကျွန်တော်တို့ခရီးသွားညီအစ်ကိုမောင်နှမတွေရှံ့ချသင့်ပြီ...

ချစ်ဖူး said...

သိကြားမင်းလည်း သောတာပန်ဖြစ်သွားပြီလေ။

ass said...

ပညာမှ မတတ်တာ မိုက်ရိုင်းတော့မှာပေါ့

ass said...

ပညာမှ မတတ်တာ မိုက်ရိုင်းတော့မှာပေါ့

PwaG said...

တိုင်တဲ့သူကမှတ်ပုံတင်၊နေရပ်လိပ်စာနဲအတိကျတိုင်တာတောင်အခုထိအရေးမယူသေးဘူးဆို တော့ လုပ်ကြံပြီးတိုင်တယ်လို့ထင်နေတာလားတာဝန်ရှိသူများခင်ဗျား။ဒါမှမဟုတ်ရင်စစ်တပ်နောက်ခံအဖွဲ့စည်းဖြစ်လို့အရေးယူတာမလုပ်ရဲတာလား၊ ပြည်သူတွေရဲ့လုံခြုံရေးကိုတာဝန်ယူတဲ့အဖွဲ့စည်းများကြည့်လည်းလုပ်ကြ ပါ

Powered by Blogger.