ဟိုတယ်ခမြင့်တက်မှုကြောင့် ခရီးစဉ် ဖျက်သိမ်းမှုများရှိလာ

မေလ ၃ ရက်၊ ၂၀၁၂ ခုနှစ်-ပိုင်ပိုင် (YPI)
 
ဟိုတယ်အခန်းခ ဈေးနှုန်းမြင့်တက်လာမှုကြောင့် လာမည့် ခရီးသွားရာသီအတွက် နိုင်ငံခြားခရီးသည်များ၏ ခရီးစဉ်တချို့ ဖျက်သိမ်းခဲ့ကြသည်ဟု ခရီးသွားလုပ်ငန်းဖြင့် အသက်မွေးသူများက ပြောသည်။

"ခရီးသည်တွေလာချင်တဲ့သူများတယ်။ ဒါပေမယ့် ဈေးနှုန်းပြဿနာဖြစ်နေတယ်။ ပထမလာမယ် လုပ်ထားတဲ့သူတွေက နောက်မှဈေးတွေ အရမ်းမြင့်လာတော့ ပြန်ရှောင်သွားကြတယ်"ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူ ဦးသန်းထွန်းဦးကပြောသည်။

ရန်ကုန်မြို့တွင် ဟိုတယ်ဈေးနှုန်းများ ယခင်နှစ်ထက် နှစ်ဆခဲ့မြင့်တက်ခဲ့သည်ဟု ခရီးသွားကုမ္ပဏီ အချို့က ပြောဆိုလျှက်ရှိသကဲ့သို့  ငွေဆောင်ဇုန်ရှိ ဟိုတယ်များတွင်မူ ယခင်နှစ် ဈေးနှုန်းထက် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာမှ ၂၀ ဒေါ်လာအတွင်းသို့ မြင့်တက်သွားခဲ့ကြောင်း ငွေဆောင်ကမ်းခြေရှိ Emerald Sea Resort ဟိုတယ်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်ထွန်းက ပြောသည်။

"ဈေးနှုန်းတက်တဲ့နေရာမှာ သင့်တင့်တဲ့နှုန်းနဲ့ အချိုးကျကျတက်စေချင်တယ်။ ရေရှည်မှာတော့ customer (ခရီးသည်တွေ)ကပဲ ဆုံးဖြတ်လိမ့်မယ်"ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမှ တာဝန်ရှိသူ ဦးသန်းထွန်းဦးက ဝေဖန်ပြောဆိုသည်။

အခြားဝါရင့် ဧည့်လမ်းညွှန်တစ်ဦးကလည်း"ဒီမှာ နှစ်ပတ်နေတဲ့စရိတ်က ဗီယက်နမ်မှာဆိုရင် တစ်လလောက်နေလို့ရတယ်"ဟု နှိုင်းယှဉ်ပြောဆိုသည်။

နိုင်ငံခြား ခရီးသည်ပါးသည့် ယခင်နှစ်များက တရက်လျှင် ၃၆ ဒေါ်လာဝန်းကျင်နှုန်းထား ရှိသည့် ရန်ကုန်မြို့မှ ဟိုတယ်တခုမှာ ယခုနှစ်ဆန်းပိုင်းတွင်  ဒေါ်လာ ၈၀ ၀န်းကျင်သို့ရောက်ရှိခဲ့သည်ဟု  အဖွဲ့အစည်းကိစ္စဖြင့် လာရောက်သူ နိုင်ငံခြားသား တဦးကပြောသည်။

ဟိုတယ်ဈေးနှုန်းများမြင့်တက်သွားရခြင်း အကြောင်းနှင့် ပတ်သက်၍ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုရာတွင် ၀င်လာသည့် ခရီးသည်အရေအတွက်နှင့် ရှိသည့်တည်းခိုခန်း အရေအတွက် မမျှခြင်း၊ ဟိုတယ်များတွင် လျှပ်စစ်မီး အချိန်ပြည့်မရရှိသဖြင့် ဒီဇယ်ဆီအစားထိုးရခြင်း၊ အလတ်စားနှင့်အသေးစား ဟိုတယ်များတွင် နိုင်ငံခြားသားများတည်းခိုရန် ခက်ခဲခြင်း စသည်တို့ကြောင့်ဖြစ်သည်ဟု ပြောသည်။

၂၀၁၂ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်နိုင်ရန် လမ်းညွှန်ထားသည့် ၄၅ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် တတိယနေရာတွင်ရှိကြောင်း New York Times သတင်းစာတွင်ဖော်ပြထားပြီး၊ အမေရိကန်အခြေစိုက် အာရှပစိဖိတ်ခရီးသွားလုပ်ငန်းကလည်း ၂၀၁၂ ခုနှစ်သည် မြန်မာခရီးသွားလုပ်ငန်း နံပတ်တစ်နေရာရောက်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ကြောင့် မြန်မာနိုင်ငံအား စိတ်ဝင်စားမှု မြင့်တက်လာခြင်းနှင့် ယခင်ကထက် ခရီးသွားဗီဇာရရှိရန် လွယ်ကူလာသည့် အချက်တို့က နိုင်ငံခြားခရီးသွား ၀င်ရောက်မှုများပြားလာစေသည်ဟု ခရီးသွားလုပ်ငန်းများမှ ကောက်ချက်ချ ပြောဆိုသည်။

ယခုနှစ် မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ရောက်မှုသည် ငါးသိန်းခန့်ရှိပြီး ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်းကျော်တိုးမြင့်လာခဲ့ကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာအရ ဟိုတယ် ၇၃၁လုံး၊ အိပ်ခန်းပေါင်း ၂၅၀၀၀ ကျော်ရှိကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့လာရောက်သူအများစုမှာ အရှေ့တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများမှဖြစ်ပြီး ပုံမှန်လာရောက်သူများနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် လာရောက် လေ့လာသူများဖြစ်ကြောင်း ဦးသန်းထွန်းဦးကပြောသည်။       ။
နိုင်ငံခြား ခရီးသွားများ စိတ်ဝင်စားရာ နေရာတခုဖြစ်သည့် ပုဂံမြို့ရှိဘုရားတဆူတွင် တွေ့ရသည့် နိုင်ငံခြားခရီးသည်များ
Yangon Press International
ဟိုတယ်ခမြင့်တက်မှုကြောင့် ခရီးစဉ် ဖျက်သိမ်းမှုများရှိလာ ဟိုတယ်ခမြင့်တက်မှုကြောင့် ခရီးစဉ် ဖျက်သိမ်းမှုများရှိလာ Reviewed by သစ်ထူးလွင် on 05:45 Rating: 5

19 comments:

Anonymous said...

နိုင်ငံခြားခ၇ီးသည်မလာတာဟောတယ်တွေတင်နစ်နာတာမဟုတ်
ဘူး ဆက်စပ်နေတဲ့ ပြည်တွင်းခ၇ီးသွားလုပ်ငန်းတွေ
စားသောက်ဆိုင်တွေ စတာတွေလဲ နစ်နာတယ်
ဟော်တယ်ခဈေးမတက်အောင်ဥပဒေနဲ့ ပြငှာန်းအေ၇းယူဆောင်
၇ွက်ဖို့ လိုတယ်

အောင်သာယာ said...

ကြည့်စမ်း ဒီအမဲမကြီး သာသနာ့နယ်မြေမှာ ဖိနပ်စီးသွားနေ တာ ငါ တို့ အဖြူ တွေပါ ရောပြီး ဝေဖန်ခံရတော့မယ်

kiddykid said...

ဟုတ်တယ်...ဒီနိုင်ငံက ဟိုတယ်ခတွေက တော်တော်ကိုဈေးကြီးတာ...Thailand ကို ခဏခဏသွားဖူးတယ်...လုံးဝကိုကွာဟမှုတွေရှိတယ်..ဥပမာ..တလောကပဲ..အင်းလေးကိုသွားဖြစ်တယ်...အင်းထဲမှာပဲအိပ်ဖြစ်တယ်...နေခဲ့တဲ့ ဟိုတယ်က...အလယ်တန်းထဲမှာပါတာပေါ့..ပေးခဲ့ရတဲ့...တည်းခိုခနဲ့..ရတာတွေက..လုံးဝကို မတန်ဘူး..ဒါတောင်.နိုင်ငံသားနော်.မြန်မာငွေပဲပေးခဲ့ရတာ..အဲဒီ
လောက်ပေးခဲ့ရတဲ့ငွေနဲ့...BKK သွားနေရင်တောင်..အဆပေါင်းများစွာသာအောင်ရတာပေါ့..
တခုခုတော့လုပ်သင့်နေပြီလေ...ခရီးသွားတွေဆိုတာ...အလွှာပေါင်းစုံကလာကြတာကို တာဝန်ရှိသူတွေက သဘောပေါက်ရမှာပေါ့..အရမ်းချမ်းသာတဲ့သူတွေအတွက်ကတော့..တစ်ည ကို $400 ဆိုလည်းပေးသွားမှာပဲလေ..အဲဒီ..ဈေးများတယ်ဆိုတဲ့ကိစ္စက.တော်
တော်ကိုအပြောများနေပြီ.

beautymyanmar said...

အော ..အဲ့ဒါမြန်တွေလေ။။။ အခွင့်အရေးလေးရရင် လက်တစ်ဆုံးယူမယ်...
တစ်ခါစားကြံမယ်...အဲ့စောင့်ကျင့်တွေ ရှိနေသရု ကာလ ဘယ်တော့ ဒီမိုကရေစီ ရလာမှာမဟုတ်ဘူး...........

ဦးစားကြီး said...

လောဘတွေလျှော့ကြပါ။ ရေရှည်ကို ကြည့်ပါ။ ဗမာပြည်သားထဲမှာ လောဘ သိပ်ကြီးတဲ့သူတွေ များတယ်

ဖိုးတောက် said...

တက်မယ် ဆိုတာချည်းပဲ....
နဲနဲတော့ လျော့ကြပါဦး....

mad dog said...

im totally agreed with သစ်မဒန်း said...
ဟိုတယ်ခ၇ီးဝန်ကြီး ဒီကိစ္စကို အမြန် ကိုင်တွယ်သင့်ပါတယ်။ ဟိုတယ်တော်တော် များများက season တခုချင်းစီ ဈေးတက်တာမျိုးမဟုတ်ပဲ ဧည့်သည်ဝင်၇င်ဝင်သလို တက်နေတာ service ကလည်းအလွန်ညံ့

luck said...

ပုံမှာ ဖိနပ်စီးတာတာတွေ့ရတယ်.. ကျန်တဲ့သူအကုန်လုံးဖိနပ်ချွတ်ထားတာ ပုံကိုကြည့်ရတာတော့ ဖိနပ်ကိစ္စပြောနေတာလားမသိဘူး.. ခရီးသွားများလာတာကောင်းပေမယ့် ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းပြောရမှာပါဘဲ..စောင့်ရှောက်ရမှာအားလုံးတာဝန်ပါဘဲ..

Wunna said...

ဒီလိုဟိုတယ်ကတွေဈေးတက်ချင်တိုင်းတက်နေတော့ ဘယ်နှိင်ငံခြားသားမှ လာတော့မှာ မဟုတ်ဘူး။ ကိုယ်ရဲ့ အိမ်နီးနားခြင်းနှိင်ငံတွေကို အတုယူဖို့ကောင်းတယ်။ Bali လိုကမ်းခြေနေရာကို ၇ ရက်သွားပြီး လေယာဉ်ခ ဟိုတယ်စရိတ် မနက်စားတွေပါတာတောင် US$၈၀၀လောက်ပေးရတာ။ Singapore လိုနှိင်ငံကို ၄ရက်ကို စရိတ်ရိမ်း US$500 လောက်နဲ့သွားလိုရတယ်။ ပြီခဲ့တဲ့နှစ်တွေကထက် နှစ်စလောက်တက်ရအောင် ဟိုတယ်အခြေအနေက ပိုကောင်းလာလို့လား ဒါမှမဟုတ် မီးတွေထိန်းထိန်းလင်းပြီး ဟိုတယ်ကို ဟိုတယ်နဲ့တူအောင် တစ်နှစ်တစ်ခါ ဆေးသုတ် သန့်ရှင်းအောင်လုပ်လိုလား။ သူတို့ ဟိုတယ် website က ဓါတ်ပုံတွေထဲကနဲ့ အပြင်မှာဖြစ်နေတာတစ်ခြားဆီပဲ။ ငါတို့နှိင်ငံမှာဖြစ် လေယာဉ်စရိတ် ကလည် ကမ္ဘာတောင်လှည့်လိုရတယ်။ ပြောရင်လည် ကိုယ်ပေါင်ကိုယ်လန်းထိုးသလို ဖြစ်နေတယ်။

ပုသိမ်သား...ဆင်မ said...

နီကတိုးမ ဘုရားပေါ် ဖိနပ်နဲ့ နော်...ပသိမ်သားတို့ နဲ့ တွေရင်တော့ ပွဲသိမ်းပဲ...

Anonymous said...

ဝန်ဆောင်မှူကောင်းရင် မ များပါဘူး။

win said...

မြန်မာပြည်မှာ ဒါဖြစ်ရိုးဖြစ်စဉ်တခုလို ဖြစ်နေပြီ..
နာမည်ကြီးမည့် ဘုရားပွဲလိုမျိုး အခါရက်တွေလိုမျိုးဆိုရင် အကုန်ဈေးလိုက်တက်ကြတယ်။။။။
မမျှတတာပြော ပါတယ်။။
တကယ်ဆို ကားခဈေးကစပြောရရင် ပွဲဈေးနှုန်း နဲ့ကောက်တာပဲ
များပြီးသားနော်...
မိဘတွေက သားသမီးတွေပျော်စေချင်တာရယ် လေကျောမရှည်ချင်တာနဲ့
ထုတ်ပေးရပြန်ရော....
စည်းကမ်းဗျာ အရေးကြီးတာကိုကျတော့ အလွယ်လုပ်ပြစ်လိုက်တယ် နောက် သူများကိုလေးစားရကောင်းမှန်းလည်းမသိဖြစ်ကုန်ရော...

အခုကိစ်စနဲ့ နည်းနည်းစပ်စပ်ပြရရင်
2012 နိုင်ငံတော် အပြောင်းအလည်းကြောင့် ခရီးသွားတွေအုံနဲ့ကျင်းနဲ့ ၀င်လာခဲ့ပါတယ်..
အောက်ဆုံး မြင်းလှည်းသမားမနေ ထိတ်ဆုံး နိုင်ငံတော်ဝမ်းထိဖြည့် တင်းခဲ့မှာပါပဲ
အခု ရာသီကုန်ခါနီးမှ ဒီလိုဖြစ်တယ်ဆိုတာ..
ကျွန်တော် ထင်မြင်သုံးသပ်ချက်ကို ပြောရရင်..
ဒါဟာ ခရီးသွားအေးဂျင့်တွေ နဲ့
ဟိုတယ် လုပ်ငန်းရှင်တွေ
ပို့ဆောင်ရေး မှာသုံးနေကြတဲ့ယာဉ်တွေ (ကား ၊ လေယာဉ်စသည်)
နဲ့ လည်းကောင်းတို့ အားကိုးရတဲ့ ဆီဈေးတွေရဲ့ မတည်ငြိမ်မှု့နဲ့
သက်ဆိုင်နိုင်ပါတယ်။။။
နိုင်ငံတော်အစိုးရသာ သတ်မှတ်ချက်တခုထုတ်ပြန်ပြီး
ဒီစီးပွားရေးလုပ်ငန်းကို ဥပဒေဘောင်ထဲကနေ သာတူညီမျှ စိတ်ထား ပြီး အောက်ခြေထိ ရှိလာနိုင်မယ့် အကျိုးအမြတ်ကို ပြသရှင်းလင်းနိုင်ခြင်းအားဖြင့် နိုင်ငံတော်စေတနာကို ပြသရာရောက်ပါတယ်။။
ယဉ်ကျေးမှု့ ကောင်းကိုမြတ်နိုးတဲ့ မြန်မာမြေကိုလာတဲ့ လာမယ့်သူတွေဟာ လွတ်လပ်မှု့ကို သူများနိုင်ငံတွေမှာ အပြည့် အသုံးချချင် ချမယ့်သူတွေလည်းဖြစ်တယ်ဆိုတာ သတိချက်ဖိုနဲ
့ခေတ်မီတိုးတက်လာသည့် အလျှောက် မြန်မာ တွေ အကျင့်ဆိုးတွေပြင်ပြီး ကာကွယ် ပြင်ဆင်မှု့နဲံ့ မိမိတို့ ဓလေ့စရိုက် မပျောက်အောင်စောင့်ရှောင့်သင့် ပါတယ်...
အဆင်ပြေမှု့တွေကို လုံ့လ မထုတ်လိုပဲ အလွယ်လိုက်ရင်တော့
အခု ယိုးဒယားမြို့လည်ကောင်မှာ ဖာတွအပြည့်ရှိနေတယ်ဆိုတာ
ဘာကြောင့်ရှိလာကြရတယ်ဆိုတာ စဉ်းစား ရင်း
မိသားစုနဲ့ ချစ်ချစ်ခင်ခင်ပျော်ပျောင်ရွှင်ရွှင်နေတတ်ကြတဲ့
ကျွန်တော်တို့ မြန်မာလူမျိုးတို့ရဲ့ ချစ်ဖွယ် ဓလေ့လေး ဟာ အခု ဖွံဖြိုးတိုးတက်လာနေတဲ့ ခရီးသွားလုပ်ငန်းနဲ့ ပြောင်းလည်းမှု့များစွာ ဖြစ်လာနိုင်တယ်ဆိုတာ စိုးရိမ်လာခဲ့ရင်း ကြိုတင် ပြင်ဆင်မှု့များ (အထူးသဖြင့် လူထုပညာပေးလှုပ်ရှားမှုများ) များစွာလိုအပ်နေပါတယ်...
မိမိတို့ရဲ့ ချစ်ဖွယ် ညီမ အမ တိုရဲ့ မြန်မာအလှများ ပျောက်ပျက်သွားမှာစိုးသည့် အတွက် တက်သမျှ စဉ်းစားရေးသားပါတယ်။။။

tkm said...

ရေရှည်အတွက်စဉ်းစားကြပါ.
သနပ်စားဥာဏ်မလုပ်ကြပါနဲ့

sean said...

တိုင်းပြည်ဘာ ဖြစ်ဖြစ် ငါချမ်းသာရင် ငါ့ဆွေမျိုးချမ်းသာရင် ပြီးရော ငါလုပ်ချင်သလိုလုပ်ပြီး ငါပြောသလိုသာ မင်းတို့ လုပ်ကြ့ ဆိုတဲ့ လူရမ်းကား တွေရဲ့ ဘေး ကအမိမြန်မာပြည်ကြီးလွတ်မြောက်ပါစေ...
ဦးနေဝင်း ဦးသန်းရွှေ တို့ က ဒီပုံဘဲ...

Unknown said...

ဘုရားပရဝုဏ်ထဲ ဖိနပ်စီးသင့် မစီးသင့်ကတော့ ဆရာတော်ကြီးတွေနဲ့ တိုင်ပင်ပြီး ပြင်ဆင်နိုင်ရင် ပြင်ဆင်သင့်တယ် ထင်ပါတယ်။ တချို့ဘုန်းကြီးကျောင်းတွေ အများအားဖြင့် ရိပ်သာတွေမှာ ကျောင်းဝင်းထဲ ဖိနပ်စီးခွင့် ပေးထားပါတယ်။ ကျောင်းဝင်းထဲမှာ ပေးစီးထားခြင်းအားဖြင့် ကျောင်းပေါ်တက်တဲ့အခါ ခြေထောက်မှာ ဖုန်တွေသဲတွေ ကပ်ပါမလာနိုင်တော့လို့ ကျောင်းပေါ်မှာလည်း သန့်သန့်ရှင်းရှင်း ထိုင်ရပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ အထူးသဖြင့် မိုးတွင်းဆို ပိုဆိုးပါတယ်။ ကျောင်းဝင်းထဲ ဖိနပ်မစီးရလို့ ခြေဗလာနဲ့ လာပြီး ကျောင်းပေါ်ရောက်တဲ့အခါ ခြေဘယ်လောက်ပဲ သုတ်သုတ် ရွှံ့ကတော့ကျောင်းပေါ်အထိ ပါလာတာပါပဲ။ မြန်မာ ကျောင်းတွေ ဘုရားတွေဆိုတာကလဲ ကြမ်းပြင်ပေါ်မှာပဲ ထိုင်ရတာဆိုတော့ ကြမ်းပေါ်မှာ ပေကျံနေရင် မကောင်းပါဘူး။ ဘုရားတွေမှာလဲ အခုပုံထဲက ဈေးတန်းလိုမျိုး ဘုရားပုရဝုဏ်အတွင်းမှာတော့ ဖိနပ်ပေးစီးသင့်ပြီး ဘုရားရင်ပြင်တော်ပေါ် တက်တော့မှ ဖိနပ်ချွတ်ခိုင်းစေသင့်တယ်လို့ ထင်ပါတယ်။ ဒီလိုနေရာတွေမှာ ခြေဗလာနဲ့ သွားလာနေတာ မြန်မာတွေအနေနဲ့ မထူးဆန်းပေမယ့် နိုင်ငံခြားသား အမြင်မှာ အင်မတန် ညစ်ပတ်ပါတယ်။ ဘက်တီးရီးယားပိုးတွေ အများကြီးကူးစက်နိုင်ပါတယ်။ ကျန်းမာရေး ရှုထောင့်ကကြည့်ရင်လည်း မသင့်တော်ပါဘူး။ မိုးတွင်းအခါဆိုရင်တော့ ပိုဆိုးပါတယ်။
ယိုးဒယားမှာတော့ မြဘုရားထဲက စေတီရင်ပြင်မှာတောင် ဖိနပ်ပေးစီးထားပါတယ်။ (အဲလောက်ကြီးအထိကတော့ ခွင့်မပြုသင့်ဘူးလို့ပဲ ယူဆပါတယ်။) မြဘုရားရှိတဲ့ ကျောင်းတိုက်ထဲဝင်မှ ဖိနပ်ချွတ်ရတာပါ။

ကာလနဂါး said...

ParkRoyal Hotel က ဒီထက်ဆိုးပါတယ်၊ ကျနော် ကိုယ်တွေ့ပါ ။ အရင်နှစ်တွေက USD 55 တန် အခန်းကို ၊ ၂၀၁၂ အစမှာ USD 150 ပေးရပါတယ်၊ နိုင်ငံခြားသားတွေတောင် မျက်လုံးပြူးစေတဲ့ ဈေးနုန်းခုန်တက်မူ မျိုးပါ...

travelburma said...

ဟိုတယ်ခရီးဝန်ကြီးရုံး က အခွန်ရုံးကိုမလွန်ဆန်နိုင်ဘူးလေ လုပ်ငန်းဖြစ်တယ်မဖြစ်တယ်မသိဘူး ဟိုတယ်ခရီးလုပ်ငန်းနဲ.မပတ်သတ်နဲ.လာထားအခွန်ဆောင်ဆိုတာကြီးဘဲ ဆိုတော.ဟိုတယ်တွေကလည်းဈေးတွေတက် မကျွမ်းကျင်တဲ.၀န်ထမ်းတွေနဲ.လည်ပတ် နောက်ဆုံးဒီလိုနဲ.အစပိုင်းမှာ သက်ဆိုင်ရာဝန်ကြီးရုံးတွေက ခုချိန်မှာသေချာမထိန်းပေးနိုင်ရင် မြန်မာပြည်ကို လာလည်ချင်သူတွေစိတ်ပျက်သွားကြလိမ်.မယ် ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ.လည်ဝန်ဆောင်မှုမှာရော ၀န်ထမ်းခန်.ထားရာမှာရော သက်သာရင်ပြီးရောမလုပ်ဖို.လို.တယ်။နိုင်ငံတော်လူကြီးတွေကလည်းသေချာကြီးကြပ်မှန်မှန်ကန်ကန်လမ်းညွှန်ပြီးလုပ်ရင် နောင် ၂ နှစ်အတွင်းမြန်မာ ပြည်ခရီးသွားလုပ်ငန်းဟာ အာရှမှာ ထိပ်မှာ ရှိနေရမယ်။

Anonymous said...

မြန်မာပြည်က ဟိုတယ်တွေ ဈေးတက်တယ်ဆိုတာနဲ့ ဘာမသိညာမသိ ၀ိုင်းအော်ကြတာဘဲ. ဒီဈေးဟာ လွန်ခဲ့သော ၁၉၉၄-၅ ၀န်းကျင်က ဈေး ပြန်မရောက်သေးပါဘူး။ အဲ့ဒီ့ အချိန်လောက်တုန်းက Summit Parkview Hotel ဘယ်ဈေးလဲ သိကြရဲ့လား မြရိပ်ညို ဘယ်လောက်ယူလဲ သိကြရဲ့လား ..
ခရီးသွားနဲ့ ဟိုတယ် အချိုးမညီရင် တက်တာ နိုင်ငံတစ်ကာမှာလည်း ဒီအတိုင်းပါဘဲ ..
အဲ အခန်းတွေများပြီး လူဝင်နည်းစဉ်အခါက ဟိုတယ်တွေ ဘယ်လိုခံခဲ့ ရသလဲ. ဘယ်ဈေးဘဲ ရခဲ့သလဲ ..
အဲ့ဒီ့ အချိန်တုန်းက ခရီးသွား လုပ်ငန်းသမားတွေက ဟိုတယ်တွေပေါ် ဘယ်လို ခေါင်းပုံဖြတ်မိုက်ရိုင်းပြီးဘယ်လိုအနိုင် ကျင့်ခဲ့ သလဲ ။ ဧည့်လမ်းညွှန် တွေ ဘယ်လိုမိုက်ရိုင်းခဲ့သလဲ။
US ဈေးတက်ရင် FEC နဲ့ လှည့်ပေး ၊ FEC ဈေးတက်ရင် US နဲ့ လှည့်ပေး ။ မယူချင်နေ ဆိုပြီး ပြောခဲ့ကြတဲ့ ခရီးသွားကုမ္မဏီများ ၊ စားသောက်ဆိုင်တွေ ၊ ကျောက်သံပတ္တမြား ရောင်းတဲ့ဆိုင်တွေက နေ အနည်းဆုံး ၂၀% တင်ရိုက်နေတဲ့ လူလိမ်လူယုတ်မာ ဧည့်လမ်းညွှန်တွေ ၊ကားသမားတွေ ခရီးသွားကုမ္မဏီတွေ အခုမှ တင်ရိုက်လို့ မလွယ်တော့လို့ အသံတွေ မထွက်ပါနဲ့ ။
သူတို့တင်ရိုက်တဲ့ ရာခိုင်နုန်းတွေ ဟိုတယ်တွေ ဆိုင်တွေက ပြန်လည် သိမ်းပိုက်လိုက်တာဘဲ။
ဒေါ်လာ သန်းတစ်ရာကျော်ရင်းထားတဲ့ ဆီဒိုနားဟိုတယ် ၊ဘယ်လောက်ပြန်ရပြီးပြီလဲ။ ဘယ်နှစ်နှစ်ဘဲ ကျန်တော့လဲ ။ သူရအောင်ပြန်ရှာတော့မှာဘဲ ။
နိုင်ငံခြားက ဟိုတယ်တွေနဲ့ လာမယှဉ်ပါနဲ့ ။ နိုင်ငံခြားမဟုတ်လို့ပါ ။ လာတဲ့ သူတွေက မြန်မာပြည်ကိုလာချင်လို့ လာတာပါ ။ ပေးနိုင်ရင် လာလိမ့်မယ် ။ မပေးနိုင်လို့ မလာတော့ရင် ဟိုတယ်တွေ ဈေးပြန်ချပေးလိမ့်မယ် ။ လောဘ ကြီးတယ် စွတ်ပြောနေကြတယ် ။ အရင်းရအောင်တောင် ဟိုတယ်တွေရှာနိုင်သေးရဲ့လား မေးကြည့်ကြပါဦး ။

win said...

အဲဒီလူတော်တော်စွာတယ်
အနာပေါ်တုတ်ကျသလိုပဲနော်

Powered by Blogger.