လန်ဒန်အိုလံပစ်ပွဲ မြန်မာ ဝင်ပြိုင်မည်

လာမယ့်​ ဇူလိုင်လမှာ ကျင်း​ပမယ့်​ ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အား​ကစား​သမား​တွေလည်း​ ပါဝင်ယှဉ်ပြိုင်ဖို့​ ပြင်ဆင်​နေကြပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့​မှာ လာမယ့်​ ဇူလိုင်လကျရင် ကျင်း​ပမယ့်​ အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံအ​နေနဲ့​ အား​ကစား​နည်း​ ၄ မျိုး​လောက်မှာ ဝင်​ရောက် ယှဉ်ပြိုင်ဖို့​ ပြင်ဆင်​နေတယ်လို့​ မြန်မာနိုင်ငံ အား​ကစား​နဲ့​ ကာယပညာဦး​စီး​ဌာနက စုံစမ်း​သိရပါတယ်။
မြန်မာယှဉ်ပြိုင်မယ့်​ အား​ကစား​နည်း​တွေက​တော့​ မြား​ပစ်၊​ ​သေနတ်ပစ်၊့​​ အ​နောက်တိုင်း​ ​လှေ​လှော် ကစား​နည်း​နဲ့​ ​ပြေး​ခုန်ပစ် ပြိုင်ပွဲ​တွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ကိုယ်စား​ပြု ယှဉ်ပြိုင်မယ့်​ အား​ကစား​သမား​တွေအနက် မြား​ပစ်မှာ ​နေမျိုး​အောင်၊​ ​သေနတ်ပစ်မှာ ​မောင်ကြူး​နဲ့​ အ​နောက်တိုင်း​ ​လှေ​လှော်ပြိုင်ပွဲမှာ မ​ရွှေစင်လတ်တို့​ ၃ ဦး​ ​သေချာ​ပေါက် သွား​ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့​ မြန်မာနိုင်ငံ အိုလံပစ်​ကော်မတီ အတွင်း​ရေး​မှူး​ ဦး​ခင်​မောင်လွင်က ​ပြောပါတယ်။
“ကျ​နော်တို့​က Qualification က​တော့​ သိပ်မမီဘူး​၊​ မမီ​တော့​ ဟိုဘက်က​နေ ​ပေး​တာ​တွေရှိ​တော့​ ကျ​နော်တို့​ ​သေချာတာ​တော့​ သုံး​ယောက်ပဲဖြစ်​သေး​တယ်။ မြား​ပစ်က ​နေမျိုး​အောင်၊​ ​သေနတ်ပစ်က ​မောင်ကြူး​၊​ ​လှေ​လှော်အား​ကစား​မှာ မ​ရွှေဇင်လတ်ပါ။”
မြား​ပစ်၊​ ​သေနတ်ပစ်နဲ့​ အ​နောက်တိုင်း​လှေ​လှော် ကစား​နည်း​အပြင် ​ပြေး​ခုန်ပစ် ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့​အတွက် မာရသွန် ပြိုင်ပွဲနဲ့​မီတာ ၄၀၀ ​ပြေး​ပွဲ​တွေမှာ ဝင်ပြိုင်မယ့်​ အား​ကစား​သမား​ ၂ ဦး​လောက်ကိုလည်း​ ​လေ့​ကျင့်​ပေး​ထား​တဲ့​အ​ကြောင်း​ ဒါ​ပေမယ့်​ အတည်​တော့​ မပြုနိုင်​သေး​ဘူး​လို့​ အိုလံပစ်​ကော်မတီက ​ပြောပါတယ်။
“ကျန်တာ​တော့​ ​ပြေး​ခုန်ပစ်က တ​ယောက်၊​ နီလာစမ်း​၊​ အမျိုး​သမီး​မာရသွန်နဲ့​ ​နောက်တခါ သက်​ဇော်ဝင်း​က မီတာ ၄၀၀ အ​ပြေး​ပြိုင်၊​ အဲဒါ​တော့​ ​စောင့်​တုန်း​ပဲ။ ပြန်မ​ရောက်​သေး​ဘူး​။”
ရန်ကုန် အင်း​ယား​လမ်း​ မြန်မာနိုင်ငံ ​လှေ​လှော်အဖွဲ့​ချုပ်မှာ​တော့​ အိုလံပစ်ပွဲအတွက် ရည်ရွယ်ပြီး​ မ​ရွှေဇင်လတ်နဲ့​ ကိုဝင်း​ထိုက်တို့​ကို ​လေ့​ကျင့်​ပေး​ထား​တယ်လို့​ ​လှေ​လှော် အဖွဲ့​ချုပ်က ​ပြောပါတယ်။
အ​နောက်တိုင်း​ ​လှေ​လှော်ပြိုင်ပွဲမှာ ဝင်ပြိုင်မယ့်​ မ​ရွှေစင်လတ်ဟာ ပြီး​ခဲ့​တဲ့​ ဧပြီလက ​တောင်ကိုရီး​ယား​နိုင်ငံမှာ ကျင်း​ပခဲ့​တဲ့​ ​လှေ​လှော်ပြိုင်ပွဲ အရည်အချင်း​စစ်ပြိုင်ပွဲမှာ ၁၆ နိုင်ငံမှာ အဆင့်​ ၇ ရပြီး​နောက် ခုလို လန်ဒန်အိုလံပစ်ပွဲမှာ ဝင်ယှဉ်ပြိုင်ခွင့်​ရတာလို့​ မြန်မာနိုင်ငံ ​လှေ​လှော်အဖွဲ့​ချုပ်က ​ဒေါက်တာ ​ဒေါ်ခင်မိုး​မိုး​က ​ပြောပါတယ်။
“​လော​လောဆယ်​တော့​ ​ရွှေစင်လတ်ကို ​လေ့​ကျင့်​ပေး​နေတယ်။ ပြိုင်မှာက မိန်း​က​လေး​က ​ရွှေစင်လတ်၊​ အား​လုံး​ကျမတို့​ဆီမှာ သုံး​မျိုး​ရှိတာကို၊​ အခု​လော​လောဆယ် ၂ မျိုး​အတွက်ကို တင်ထား​ပါတယ်။ အမျိုး​သား​က ဝင်း​ထိုက်။ ​ရွှေစင်လတ်က​တော့​ ​တောင်ကိုရီး​ယား​မှာ အရည်အချင်း​စစ်ပြိုင်ပွဲမှာ ၁၆ နိုင်ငံမှာ ၇ ဝင်တယ်။ ပုံမှန်က​တော့​ အဆင့်​ ၅ ဝင်ရတယ်။ ဒါ​ပေမယ့်​ နိုင်ငံအလိုက် ​တောင်း​လိုက်​တော့​ ခွင့်​ပြုချက်ရတယ်။ ပြိုင်ဘက်​တွေက​တော့​ နိုင်ငံအများ​ကြီး​လာမှာဆို​တော့​ ဆုတံဆိပ်က မှန်း​ဖို့​မလွယ်ဘူး​။ ဒါ​ပေမယ့်​ ကြိုး​စား​ရမှာ​ပေါ့​။”
အလား​တူ မြန်မာနိုင်ငံ မြား​ပစ်အဖွဲ့​ချုပ်ကလည်း​ ကို​နေမျိုး​အောင် အပြင် ကို​ဇော်ဝင်း​ထိုက်ကိုလည်း​ ​လေ့​ကျင့်​ပေး​ထား​တယ်လို့​ ​ပြောပါတယ်။
ပြီး​ခဲ့​တဲ့​ ၂၀၀၈ ​ဘေဂျင်း​အိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက မြား​ပစ်၊​ ​ရေကူး​၊​ ​ပြေး​ခုန်ပစ်နဲ့​ ​လှေ​လှော်ပြိုင်ပွဲ​တွေ သွား​ရောက်ယှဉ်ပြိုင်ခဲ့​ပေမယ့်​ ဆုတံဆိပ်ရခြင်း​တော့​ မရှိပါဘူး​။
၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲကို ဇူလိုင်လ ၂၇ ရက်က​နေ ဩဂုတ်လ ၁၂ ရက်ထိ ကျင်း​ပမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ကမ္ဘာ့​နိုင်ငံ​ပေါင်း​ ၂၀၀ ​ကျော်က အား​ကစား​သမား​ ၁ ​သောင်း​ကျော်ဟာ အား​ကစား​အမျိုး​အစား​ ၂၆ မျိုး​လောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ 
ပီတာအောင် - ဒီဗွီဘီ
လန်ဒန်အိုလံပစ်ပွဲ မြန်မာ ဝင်ပြိုင်မည် လန်ဒန်အိုလံပစ်ပွဲ မြန်မာ ဝင်ပြိုင်မည် Reviewed by သစ်ထူးလွင် on 16:15 Rating: 5

13 comments:

AungNaingThu said...

အားကစားသီချင်းတစ်ပုဒ် ရှိပါတယ်
အာရှမှာ မြန်မာ ကသာ အနိုင်ယူ ဘိုဆွဲပြမည်-----
မျိုးချစ်စိတ်ဓါတ် ကမ္ဘာမသိဟန် မြန်မာ ငပိသံ အောင်နိုင်သလိုလို လွင့်လိုက်မည်-------

Thurein said...

ကောင်းပါတယ်ခင်ဗျာ။ ၀င်ပြိုင်သင့်ပါတယ်။ ဆုရရ မရရပါ။ လုံးဝမပြိုင်တာထက်စာရင် ၀င်ပြိုင်တာက ပိုပြီး ဂုဏ်သိက္ခာရှိပါတယ်။

ဆေးပညာနှင့်ပတ်သက်ပြီး သိလိုရာမေးမြန်းနိုင်ပါသည်။ www.academicmedicines.blogspot.com အကူအညီလိုသူများကို မျှဝေပေးပါခင်ဗျာ။

kotunaung164@gmail.com said...

ဒို့မြန်မာပြန်ပြီသီးချင်နားထောင်ရအုန်းမှာပါလားဗျာ

shingyi said...

အော်လံပစ်ကော်မတီအတွင်းေ၇းမှုးကဦးသောင်းထိုက်ဖြစ်ပါတယ်။
ဦးခင်မောင်လွင်လေပစ်တာများတယ်။အားကစားကိုနှစ်ပေါင်း ၂၅
လောက်နိမ့်စေခဲ့သောသူထဲမှာပါတယ်။နားပါတော့။

ဇာမဏီ said...

ငွေကုန် လူပန်း ဗျာ။ ပြိုင်မနေပါနဲ့။ ဟုတ်တာလဲ မဟုတ်ဘူး ။
မြန်မာ့ (အာစကား) ကမ္ဘာကို လွှမ်းစေရမည် ။

3H said...

စစ်မရောက်ခင်မြှားကုန်နေတယ် ဘေးထိုင် ဘုပြော တကယ်တမ်းကျ ဘာမှလဲ အသုံးကျတာမဟုတ်ဘူး ဇာမဏီ မင်းကိုပြောနေတာ မင်းလိုကောင်မျိုးတွေ ရှိနေလို့ ငါတို့နိုင်ငံ မတိုးတက်တာ

ဇာမဏီ said...

ဟဟ အေးကြည့်လိုက်အုံးမယ်ကွာ ။ မင်းတို့လိုကောင်တွေလဲ ဘယ်လောက်
တိုင်းပြည်တိုးတက်အောင်လုပ်နိုင်လဲလို့ ...စစ်မရောက်ခင်မြှားကုန်တာ
မဟုတ်ဘူးကွ ။ မြန်မာပြည်မှာ မြှားကိုမရှိတာ ။မင်းနားလည်လား ။
ဘယ်လောက်ထူးချွန်တဲ့ အားကစားသမားတွေရှိရှိ တိုင်းပြည်ရဲ့အုပ်ချုပ်ပုံ
စနစ်က မြောင်းထဲမှာ ။ စီမံခန့်ခွဲမှုက ညံ့ဖျင်း ။ plan ကဘာမှမရှိတဲ့
အရည်အချင်းမရှိတဲ့လူတွေ ခေါင်းဆောင်ပီး ၀င်ခဲ့သမျှပြိုင်ပွဲတွေ ဘယ်တုန်း
ကမျက်နှာကောင်းရဖူးလို့လဲ မစ္စတာ သရီးအိပ် ရဲ့ ။ မင်းတို့လို နလဗိန်း
ဒုန်းတွေရှိနေလို့ ဒီလို လူတွေဆက်ပီး အုပ်ချုပ်နေနိုင်တာကွ နားလည်လား။

zmt said...

ပြိုင်ပွဲတိုင်း ၀င်ပြိုင် ရမယ်လေကွာ ဒါမှကလေးတွေ အားကစားစိတ်ရှိလာမှာပေါ့ကွာ ဥာဏ် ဘယ်လောက်ကောင်းကောင်းတစ်ခါမှမသုံး၇င်တော့ တုံးသွားတာ လိုမျိုးပေါ့

3H said...

ထားပါတော့ ငါ က နလဗိန်းဒုန်း ပေါ့ ... ဒါပေမယ့် .. ဘာမှ မတတ်ပဲ လူတတ်ကြီး လုပ်ပြီး ပြောနေတာ ထက်စာရင်တော့ တော်သေးတာပေါ့ .. မင်းကို ငါပြောပြီးသားပဲ ဘေးထိုင် ဘုပြော ပါလို့ .. နောက်တစ်မျိုးထပ်ပြောရရင် .. ဂဏာန်းလိုကောင်လေ.. ရှေ့ က သွားပါဆိုတော့လဲ မသွားနိုင် .. နောက်က လိုက်ဆိုတော့လဲ မလိုက်ချင်နဲ့ .. သူများလုပ်သမျှ တစ်ခုမှ အကောင်းမမြင်နိုင်ပဲ .. လိုက်ပြီး ဘုဂလန့်လုပ်နေတဲ့ ကောင်တက်တော့ .. သာပါသေးတယ် .. ကိုယ့်ကိုကိုယ်လဲ ပြန်မေးကြည့်ပါ .. ငါရော ဘယ်လောက် တတ်နေသလဲ လို့ လေ.. ပျက်အစဉ်ပြင်ခဏတဲ့ကွ .. ပြင်နေတာကိုလက်ခံပြီး .. အချိန်အတိုင်းအတာ တစ်ခုအထိစောင့်ကြည့်ရမှာပဲ .. တကယ်တမ်း စစ်အစိုးရလက်ထက်တုန်းကများ မင်းတို့ လို ကောင်တွေ အသံတောင် ထွက်ရဲ တာ မဟုတ်ပဲ ..ခုမှ အသံကောင်းဟစ်မနေနဲ့ 

Anonymous said...

SEA GAME အတွက် မြန်မာအားကစားသမား အများအပြား နေပြည်တော်မှာ camp သွင်းမည်ဆိုသဖြင်. အရွေးမခံကြပါ ၊ ရန်ကုန်မှာ CAMP သွင်းသင်. ၊ အိပ်ထဲကမစိုက်နိုင်ကြ ။

စိုင်းမြတ်ဦး said...

နီးစပ်ရာလူ မကင်းရာမကင်းကြောင်းလူ အဲဒီလူတွေခေါ်မသွားပဲအမှန်အကန်လူရွေး လေ့ကျင့်ပေးပြီး ၀င်ပြိုင်မယ်ဆိုရင် ငါတိုမြန်မာတွေမညံ့ပါဘူး...

ဇာမဏီ said...

ဟဟဟ ရီရတယ်ကွာ ။ ငါတို့တိုင်းပြည်အနာဂါတ် နလဗိန်းဒုန်း များ
ပပျောက်၍ ၊ ချီးထုပ်ခေါင်းဆောင်များ ဝေးလွင့်ကြစေသော်...........

mad dog said...

ဝင်ပြိုင်ဖြစ်အောင်သာပြိုင်ပါ ။အကောင်းဆုံးလေ့ကျင့်မှုနဲ့သာပြိုင်ပါ။

Powered by Blogger.