မေလ ၂၇ ရက်၊ ၂၀၁၂ ခုနှစ်-YPI
လျှပ်စစ်မီးမှန်ရေးအတွက် ဖယောင်းတိုင်ထွန်းညှိကာ ဆန္ဒထုတ်ဖေါ်ကြသည့်
ပုသိမ်လူထု၏ တတိယမြောက်နေ့ လှုပ်ရှားမှုမှာ ၈နာရီ ၁၅ မိနစ်ဝန်းကျင်က
ငြိမ်းချမ်းစွာပြီးစီးသွားသည်ဟု သိရသည်။
မြို့ထဲမှ လာရောက်သည့် လူအုပ်ကြီးနှင့် အပင်နှစ်ဆယ်ဘက်မှ လာရောက်သည့်
လူအုပ်တို့ ပေါင်းဆုံပြီး ရွှေစည်းခုံဘုရားတွင် ဖယောင်းတိုင်
ထွန်းညှိပူဇော်ပြီးနောက် ဆန္ဒထုတ်ဖေါ်ပွဲကို အဆုံးသတ်လိုက်ကြသည်။
ပုသိမ်မြို့တွင် ယနေ့ ပြုလုပ်သည့် လှုပ်ရှားမှုစတင်စဉ်က လူ ၅၀၀ ၀န်းကျင်ဖြင့်စတင်လိုက်သော်လည်း နောက်ပိုင်းတွင် လူထောင်နှင့်ချီပါဝင်လာကာ ၃ ရက်အတွင်းလူအများဆြုံး ဆန္ဒထုတ်ဖေါ်ပွဲဖြစ်သည်ဟု ပုသိမ်မြို့ခံများက ပြောသည်။
Yangon Press International
လူထောင်ချီပါဝင်သည့် ပုသိမ်မြို့ ဖယောင်းတိုင် လှုပ်ရှားမှု ငြိမ်းချမ်းစွာပြီးစီး
Reviewed by
သစ်ထူးလွင်
on
11:24
Rating:
5
5 comments:
မြန်မာပြည်သူပြည်သားများ
ငြိမ်းချမ်းစွာနဲ့ဘဲ ဆန္ဒပြကြပါ
စစ်အာဏာရှင် အစိုးရက တိုင်းပြည်ကို ဆူပူအောင်အကွက်ဆင်လုပ်ကြံပြီး
စစ်အုပ်ချုပ်ရေးပြန်ဝင်ဘို့ ကြိုးစားနေတာပါ
ဒါကြောင့်မို့
စည်းကမ်းရှိရှိ ငြိမ်းချမ်းစွာနဲ့ဘဲ
ဆန္ဒပြကြပါရန်
တိုက်တွန်းအပ်ပါသည်။
လူ အချင်းချင်း လှည့်ပတ် ခြင်း ကင်းရှင်းကြပါစေဗျာ.. စားပြီးသား (ရထားပြိးသား) လူတွေ ကလည်း ခဏလောက် လက်ရှောင်ပေးလိုက်ကြ
ပါဦးဗျာ နောက် မှာ လူတွေ အဆင်မပြေ တွေ ဖြစ်ကုန်ကြပြီ.. တစ်ချို့ တွေ
စား စရာ မရှိနေစရာ မရှိနဲ့ ဖြစ်ကုန်ကြပြီ ဗျာ..ခင်ဗျားတို့ ပါးစပ်ပေါက် က မြို ဆို့ 
တာလေးတွေ ခဏလောက် နားကြပါဦးလား...စီမံကိန်းတွေ အတင်းလုပ်
နိုင်ငံပိုင် ပိုက်ဆံတွေကို ကိုယ်ပိုင် ဖြစ်အောင်လုပ် စိမံကိန်းတွေက အကုန် လုံး
ပျက်ဆီး တာနဲ့ ကောင်းစွာ အလုပ် မဖြစ်တာနဲ့  အဲ့လိုမျိုးတွေ ရပ်ကြပါတော့ဗျာ..
တကယ် အကျိုးရှိမယ့် လုပ်ငန်းတွေကို တင်ပြပြီး တက်နိုင် သမျှ နိုင်ငံတော် ရန်ပုံငွေလေး သက်သာ အောင် ခဏလောက်သည်း ခံပြီးလုပ်ကြပါဦးလို့ ..
အားလုံးကို တောင်းဆိုလိုက်ပါတယ်ဗျာ...
ဟုတ်ပါတယ်၊ ငြိမ်းချမ်းစွာပဲ ဆနပြုကြပါ။ အစိုးရကို နည်းနည်းယုံကြည်လာရပေမယ့် နီးရာဓားကပိုဆိုးနေတယ်။ ကိုယ့်လူထဲမှာ ဆူပူမယ့်လူတွေပါလာရင် ၀ိုင်းဝန်းထိန်းကြပါ။ ဆနပြုတာကိုလည်း တစ်ခုတည်း ပြီးပြတ်အောင်လုပ်ကြစေချင်တယ်။ အခြားရည်ရွယ်ချက်တွေ ရောမလာပါစေချင်ဘူး။ တစ်ခုတောင်မအောင်မြင်သေးဘဲ နောက်တစ်ခုကို ထပ်မတောင်းဆိုစေချင်ဘူး။ ဘုန်းကြီးအရေးအခင်းကို သတိရကြပါ။ စတင်တောင်းဆိုတုန်းကတစ်ခုထဲ၊ နောက်တော့ ရည်ရွယ်ချက်တွေထွေပြားကုန်လို့ မအောင်မြင်ခဲ့ဘူး။

ဟုတ်ပါတယ်..စည်းကမ်းရှိရှိသေသေ၀ပ်ဝပ်..လုပ်ကြပါခင်ဗျာ..သူတစ်ပါး
လှည့်ကွက်ထဲရောက်မသွားစေချင်ပါ...
Post a Comment