ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း နဲ့ ဘီဘီစီ မေးမြန်းခန်း
ဉရောပ နိုင်ငံတွေရှိ အနောက်တိုင်း ပါလီမန် တွေ လေ့လာရအောင် လန်ဒန်မြို့ကို ရောက်လာတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း က ဘီဘီစီ မြန်မာ ဌာန ကိုသီးသန့် တွေ့ဆုံ မေးမြန်းခွင့် ပေးရာမှာ အနောက်တိုင်း ပါလီမန် တွေနဲ့ မြန်မာ နိုင်ငံက ပြည်သူ့လွှတ်တော် ကို နှိုင်းယှဉ် ပြတဲ့ အချက်တွေ ရှင်းပြ သွားပါတယ်။
ပါလီမန် ရဲ့ အခန်းကဏ္ဍ ဟာ အရေးကြီးတဲ့ အတွက် အခုလို အနောက်တိုင်း ပါလီမန် တွေ လေ့လာခွင့် ရတဲ့ အခါမှာ ပြည်သူ့လွှတ်တော် လုပ်ငန်းမှာ ပိုမို အဆင်ပြေမယ့် သင်ခန်းစာတွေ၊ ဗဟုသုတတွေ ရခဲ့လို့ မြန်မာနိုင်ငံ အတွက် အကျိုးများစွာ ရှိကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။
သင်ခန်းစာ ဆိုတဲ့ နေရာမှာ ဉရောပ နိုင်ငံတွေရဲ့ ပါလီမန် စနစ် တည်ဆောက်ရာမှာလည်း ကောင်းမွန်အောင်၊ ပြည့်စုံအောင် လုပ်ထားတဲ့ ကြားက လိုအပ်ချက်တွေ၊ အခက်အခဲ တွေ ရှိကြောင်း သက်ဆိုင်ရာ နိုင်ငံတွေ က ထုတ်ဖေါ်ပြောကြပုံ လည်း သူရ ဦးရွှေမန်း က ဘီဘီစီ ကို ပြောပါတယ်။
ဒါကြောင့်မို့ အရင်က ယူဆချက် တွေ အရ အနောက်တိုင်း ပါလီမန် တွေ အပေါ် ခန့်မှန်းချက် နဲ့ ကွာခြားချက် ဟာ သိပ်မကွာပဲ လုပ်နည်း ကိုင်နည်း ကွာတာသာ ရှိပုံလည်း ရှင်းပြပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ လူထုကိုယ်စားပြုတဲ့ ပါလီမန် ဖြစ်လာဖို့ ကတော့ အချိန် စောသေးကြောင်း၊ မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဉပဒေကို ၂ဝဝဂ ခုနှစ်က စတင် အသက်သွင်းပြီး၊ ၂ဝ၁၁ ခု နှစ် ကမှ လက်တွေ့ကျင့်သုံးတဲ့ အတွက် အချိန်ယူရဉီးမယ်၊ တွေ့ရှိချက်တွေ အပေါ် မူတည်ပြီး သက်ဆိုင်ရာ ပါလီမန် နဲ့ ပြည်သူ ရဲ့ အဆုံးအဖြတ် အပေါ် မူတည်ကြောင်း၊ အခြေခံ ဉပဒေ ကို ပြင်ဆင်ဖို့ ပြဌာန်းထားတဲ့ ဉပဒေ တွေလည်း ရှိပြီးသားမို့ ကျိုးကြောင်းညီညွတ်ရင် ပြင်ဆင်နိုင်တဲ့ အနေအထား ရှိပါတယ် လို့လည်း ဘီဘီစီ ကို သူရ ဦးရွှေမန်း က ပြောပါတယ်။
NLD နဲ့ ပူးပေါင်း ဆောင်ရွက်ရေး အပိုင်းမှာလည်း လွှတ်တော်ထဲမှာ ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်တဲ့ အယူဝါဒ ကို အဓိက မထားပဲ နိုင်ငံ အတွက် အကျိုးများ မယ့် လုပ်ငန်းတွေ အဓိက ထားကြမယ် လို့ ယုံကြည် ကြောင်း ပြောပါတယ်။တပ်မတော်သားတွေ ပါလီမန်ထဲ မပါဝင်ရမယ့် အချိန်ကို ပြောဖို့တော့ စောသေးကြောင်း ၊ စစ်တပ်ထဲမှာလည်း ဒီမိုကရေစီ အပြည့်အဝ ရှိကြောင်းတွေ ဘီဘီစီ ကို သူရ ဦးရွှေမန်း က ပြောပါတယ်။
ဘီဘီစီ

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း လန်ဒန်ရောက်
Reviewed by သစ်ထူးလွင်
on
20:14
Rating:
13 comments:
ကျေးဇူးကမ္ဘာ..
မောင်မောင်(ကိုရီးယား)
ကျေးဇူးပါဦးရွှေမန်း
အဘဦးရွှေမန်း
ရောက်တုန်းလေးစုံအောင်လေ့လာခဲ့ပါ။
ကျွန်တော်တို့အတွက်အမွေခံကောင်းများချန်ထားဘို့
ခုလို့အပင်ပန်းခံကြိုးစားပေးတာကိုကျေးဇူးများစွာတင်
အပ်ပါကြောင်း ။အဘကျန်မာပါစေ။
ဦးရွှေမန်း တကယ်လုပ်ရင်တကယ်ဖြစ်တယ်ဆိုတဲ့ မူကို ဆွဲကိုင်ကိုင်ရင် မဖြစ်နိုင်စရာမရှိပါ။ တပ်မတော်သား တွေပါဝင်နေတဲ့ လွတ်တော်ကို အားလုံးက အယုံကြည်မရှိဘူးဆိုတာ တပ်မတော်သားတွေလဲအသိဘဲ့။ မြန်မာပြည်သူတွေကိုတကယ်စေတနာထားရင် ယ္ခု ဦးရွှေမန်း ရယူထားတဲ့ လုပ်ပိုင်ခွင့်ကနေ အောက်ကနေ အပေါ်ထိပြောင်းလဲလို့ရတယ်။ တပ်မတော်သားတွေကလည်း ပြည်သူလူထုကပေါက်ဇွားလာတဲ့ ပြည်သူသားသမီးတွေပါ။ ပြည်သူသာ အမိ ပြည်သူသာအဖဆိုတဲ့ မူကို နှလုံးသွင်းနိုင်ရင် အရာရာအားလုံး ချောမွေ့သာယာ အေးချမ်းတဲ့နိုင်ငံဖြစ်လာမယ်။
"ပြောင်းလဲဖို့ ပြုပြင်ဖို့"ပြောလာရင်
ဝါဒစွဲကင်းပြီး ပြည်သူအကျိုးအတွက်ဆိုရင် ပြင်ပေးမယ်ဆိုကတည်းက
သူတို့လက်ထဲမှာ ပြုပြင်ပြောင်းလဲ"လုပ်ပိုင်ခွင့်"ကို
အခိုင်အမာ ဆုပ်ကိုင်ထားလျှက်ရှိ ကြောင်းသက်သေပြနေသလို
ပြည်သူအတွက်အကျိုးရှိတဲ့ ကိစ္စဆိုတာလဲ
သူတို့စိတ်တစ်ခုထဲမှာ အသိအမှတ်ပြုမှ ပြည်သူအတွက်အကျိုးရှိတဲ့ ကိစ္စလိုဆိုနိုင်တာ
လူထောင်နဲ့ချီ လမ်းမပေါ်ထွက် ဆန္ဒပြနေတာတောင်
ဒါဟာ ပြည်သူတွေ ဆန္ဒထုတ်ဖေါ် နေတာပဲလို့ မမြင်နိုင်သေးသ၍
သူတို့ပြောတဲ့ " ပြည်သူအကျိုးရှိမယ်ဆိုရင်တော့" ဆိုတဲ့စကားဟာ
စစ်တပ်အာဏာစိုးမိုးမှုကို ထိခိုက်နိုင်တဲ့ တောင်းဆိုမှုတွေအတွက်
ရေလဲသုံးနေတဲ့ ရိုးသားမှုမရှိတဲ့ ကြားကောင်းအောင်ပြောနေတဲ့
"လမ်းလွှဲ ဆင်ခြေ" တစ်ခုသာဖြစ်ပါတယ်
ကျေးဇူးပါဘဲ. . . ဥက္ကဌကြီးရယ်
ဥက္ကဋ္ဌကြီးပြန်လာ၇င် လန်ဒန် မြေပဲယိုလေး အပြန်လက်ဆောင် အဖြစ် ၀ယ်ခဲ့ပေးဖို့ မှာ ချင်ပါတယ် ၀န်ထမ်းလုပ်လာတဲ့ သက်တမ်းတလျှောက် လန်ဒန်မြေပဲယို မစားဖူးလို့ ပါ ပြည်ပ ကလည်း တခါမှမေ၇ာက်ဖူးဘူး ပင်စင်လစာထုတ်တဲ့  အခါ လစာ ထဲက ပြန်ဖြတ်ပါဗျာ
ဦးရွှေမန်းခင်ဗျားပြည်သူတွေစားဝတ်နေရေးဒုက္ခရောက်နေတာကိုလွှတ်ကိုအချိန်ပြည့်ခေါ်နေရမှာလေ၊၊ဥပဒေတွေအမျုားကြီးလုပ်ရအုံးမယ်လေ၊ဥပမာ တိုက်ခန်း၊ကွန်ဒိုတွေဥပဒေမရှိသေးဘူး၊ခင်ဗျားခမီးခမက်ဦးခင်ရွှေလယ်ယာမြေတွေသိမ်းတာလဲထိုင်ကြည့်နေတာဘဲ၊ခင်ဗျားလဲဒီပုတ်ထဲကဒီပဲပါဘဲ။
"မြန်မာနိုင်ငံမှာ လူထုကိုယ်စားပြုတဲ့ ပါလီမန် ဖြစ်လာဖို့ ကတော့ အချိန် စောသေးကြောင်း" ဆိုတော့ဘယ်တော့မှအချိန်ကျမှာလဲ။ ဘယ်တော့မှ လူထုကို အကျိုးပြုတဲ့ ဥပဒေတွေပေါလာမှာလဲ။ ပြည်သူလူထုတရပ်လုံး မွဲပြာကျပြီး နိုင်ငံတစ်ခုလုံး ကုန်းကောက်စရာမရှိတော့မှလား။ အကုန်လုံးခိုးထားကြလို့လဲ တိုင်းပြည်ကဘာမှမရှိတော့ပါဘူး။ ကျန်တဲ့အရိုးအရင်လေးနဲ့ ကျမတို့နောင်လာနောက်သားတွေ ကြိုးစားပြီး တည်ထောင်ပါရစေတော့။ ကျေးဇူးပြုပြီး အမြန်ဆုံး စစ်မှန်တဲ့ ဥပဒေတွေရေးဆွဲကြပါတော့။ အပြောတွေနဲ့ ဘဲ လုပ်မနေကြပါနဲ့တော့။ ဆင်းရဲသားတွေရဲ့ဘ၀ကိုစာနာပေးကြပါတော့။
(ဦး)ရွှေမန်းဆိုတာကတော့အငိုအပြောမှာထိပ်တန်းနံပါတ်တစ်ဘဲ..(ဇတ်သဘင်လောကမှာပြောပါတယ်)
အထက်ကို သိပ်မကြည့်ပါနဲ့ ဘဘ ဦးရွှေမန်း -- အမှန်တကယ် ဆင်းရဲ နေတဲ့ ပြည်သူတွေ ကိုကြည့်ပါ။ ကိုလိုနီစရိုက်နှင့် လဒ်စားတာ မပျောက်သေးတဲ့ အောက်ခြေက အစိုးရ လက်နက်ကိုင် ၀န်ထမ်းတွေကို ဖယ်ရှားပါ။ ဒါဆို ပြည်သူလူထုက ဘဘကို ချစ်ခင်မြတ်နိုးယုံကြည်လာလိမ့်မယ်။
ဦးသန်းရွှေဘယ်မှမရောက်ဖူးပါ။စစ်အာဏာရှင်လူမိုက်၊သူခိုးမို့
ဘယ်နိုင်ငံမှလက်မခံပါ။စောက်ရှက်မရှိဦးသန်ရွှေ၏နိုင်ငံခြားခရီး
စဉ်များစာအုပ်ထွက်လိုက်သေးသည်။ကမ္ဘောဒီးယား၊လာအို၊
ဘင်္ဂလားဒေ့ရှ်၊ထိုင်း တဲ့။မရှက်ဖူးလား။တိုင်းပြည်အတွက်သာမက
တကမ္ဘာလုံးအတွက်လူရာမ၀င်ပါ။နွားခြေရာကွက်တွင်ပင်လယ်
ထင်သောလူ့ငနွားပင်ဖြစ်သည်။
တော်တော်ဟာသလုပ်တဲ့ ဦးရွှေမန်းပဲဗျ........ ဟဟားးးးးးးး ကျွန်တော်တွေးမိတာလေးတစ်ခုကို ညီအကိုတို့နဲ့ အမြင်ချင်းဖလှယ်ချင်ပါတယ်.... တကယ်လို့ ဦးသန်းရွှေ သေသွားရင် ဒီမိုကရေစီစံနစ်မှာ သူလုပ်ထားခဲတဲ့ ပြစ်မှူတွေက အရေးယူလို့ရသေးလား သူ့ရဲ့ပိုင်ဆိုင်မှူ့ ကိုသိမ်းယူတာမျိုးပေါ့.... နောက်ပြီး အမေစုသာ သေသွားရင် နိုင်ငံအတွက် စွမ်းစွမ်းတမံ လုပ်ပေးနိုင်မယ့် ဦးဆောင်နိုင်မယ့် သူကို မရှာတော့ဘူးလား..... အမေစုနေရာမှာ အပြည့် အဝမဟုတ်တောင် ၉၀ရာနှုန်းလောက်ကို လုပ်နိုင်နေတဲ့သူတွေကို ကြိုပြီး မရှာကြတော့ဘူးလား..... တကယ်လို့ ဒီမိုကရေစီ စံနစ်မှာ ရှေ့ကလုပ်သွားခဲ့တဲ့ အရာတွေကို လုပ်တဲ့သူသေသွားရင် အရေးယူလို့ မရဘူးဆိုရင် စောင့်နေရတော့မယ် ဒီမိုကရေစီဆိုတာကြီးကို.. ဦးသန်းရွှေ ။ ဦးမောင်အေး တို့စပြီး နောက်လိုက် နောက်ပါ အများကြီးသေတဲ့အထိ.... တကယ်လို့ အရေးယူလို့ရသေးတယ်ဆိုရင် အခုချိန်များ အမေစုသာ လုပ်ကြံခံရရင် ကြောင်းကြောင်းကြောင့် သေသွားခဲ့ရင်.... ခုနကပြောတဲ့ ဒုတိယခေါင်းဆောင်ဆိုတာကို အဲချိန်ကြမှ ရှာမှာလား.... ကျွန်တော်တွေးမိတာလေးပါ.... ဘာလို့လဲဆိုတော့ အခုလက်ရှိဝန်ကြီးဆိုတဲ့လူတွေက အပြောများပြီး လက်တွေ့က ဘာမှဖြစ်မလာသေးလို့ပါ.... ဦးသိန်းစိန် သမ္မတအဖြစ်တာဝန်ထမ်းဆောင်တာ ၁ နှစ်ကျော်ရှိပြီ.... ကျွန်တော်တို့ပြည်သူတွေအတွက် ထိရောက်တဲ့ ကာကွယ်မှူ့တွေ အကျိုးဖြစ်ထွန်းမှူ့တွေ မရှိသေးလို့ပါ.... အရင်တုန်းက သတင်းစာကိုင်ရင် ဓတ်ပဲလိုက်တာ... အခုတော့ ဓတ်လိုက်ယုံတင်မဟုတ်ဘူး အေးချမ်းလွန်ပြီးလက်ကို ရေခဲရိုက်ထားသလိုဖြစ်နေလို့ပါ..... အမြင်မတူတဲ့တုန့်ပြန်ချက်တွေကိုလဲ မျှော်လင့်နေပါတယ်ခင်ဗျာ.....
Post a Comment