ရှမ်းတပ်တွင် ဘုန်းကြီးတစ်ပါးက လယ်ယာမြေများ သိမ်းယူ၍သံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထား

ကောင်းမြတ်ဖြိုး ( မြစ်မခ )
မေ(၁၄)ရက်၊၂၀၁၂ခုနှစ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အုံးတောကျေးရွာအုပ်စုရှိ၊ ရှမ်းတပ်ကျေးရွားတွင်ဘုန်းကြီးတစ်ပါးမှ တောင်သူလယ် သမားတို့၏ လယ်ယာမြေများအားသိမ်းယူထားခြင်းကြောင့် တောင်သူလယ်သမားများမှ စစ်ကိုင်းတိုင်းသံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထားကြောင်း သိရသည်။

“ကျွန်တော်တို့ မေ(၁၂)ရက်နေ့က တိုင်ထားတာပါ၊ မြန်မာနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီးတော့ဘုန်းကြီး တစ်ပါးအနေနဲ့အဲ့လို
ဖြစ်ရပ်မျိုးတွေလုပ်နေတာ ဗုဒ္ဓဘာသာနဲ့မညီညွတ်တာတို့ဘာတို့ရှိနေတော့ကျွန်တော်တို့လည်း ဘုန်းကြီးကိစ္စတွေကို ဖြေရှင်ပေးတဲ့ သံဃာ့မဟာနာယကကိုတိုင်တာပါ” ဟုILO(International Labours Occupation) ၏ ကွန်ယက်မှ ကိုအေးသိန်းက ။ပြောသည်။

အဆိုပါကျေးရွာတွင် တောင်သူလယ်သမားတို့၏ ဓါးမဦးကျလုပ်ကိုင်ခဲ့သော်လယ်ယာမြေများအား၎င်းကျေးရွာ အတွင်းရှိ   ခြေရာတော်ကျောင်းမှ ဘုန်းကြီးဦးစန္ဒာသီရိမှ အတင်းအဓမ္မသိမ်ယူထားပြီးရွာသားများမှ တစ်ဧကလျှင် တစ်သောင်းကျပ် မှနှစ်သောင်းကျပ်အထိ ပေးမှသာလယ်ယာမြေများအားပြန်လည်လုပ်ကိုင်ခွင့်ပြုကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

“ဘုန်းကြီးကအဲ့ဒီလို မြေတွေကို ပိုက်ဆံနဲ့ပြန်ငှားနေတယ်လို့တော့မကြားဘူးဗျ၊ အဲ့ဒီမြေတွေကလည်းဘုန်းကြီး
ကို ဟိုးရှေးတုန်းက လှူထားတာလို့ကြားတယ်ဗျ၊ တောင်သူလယ်သမားတွေတောက်လျောက် လုပ်ကိုင်ခဲ့ တယ်ဆိုလည်း သူတို့မိဘတွေလုပ်ကိုင်ခဲ့တာနေမှာပေါ့” ဟု ရှမ်းတပ်ကျေးရွာ ဥက္ကဌ ဦးမောင်လွင်က ပြောသည်။

လက်ရှိတွင် ဘုန်ကြီးပိုင်မြေဟု သိမ်းဆည်းထားသော လယ်၊ မြေဧက (၄၀)ခန့်သည်မြေပိုင်ရှင်(၆)ဦးခန့် ပိုင်ဆိုင်သော မြေများဖြစ်သည်။

“ဘုန်းကြီးသိမ်းထားတာကြာတော့ကြာပြီဗျ၊ ဧက(၄၀)လောက်ရှိတယ်၊သူကကျွန်တော်တို့နဲ့အတွေ့မခံဘူးဗျသိမ်းထားတဲ့မြေက   ဧက(၄၀)လောက်ရှိတယ်” ဟု မြေအသိမ်းခံရသူတစ်ဦးဖြစ်သောဦးချစ်တင်ကပြောသည်။ အဆိုပါဒေတွင် ပဲ၊ နှမ်း၊ ဖရဲ၊ စပါး စသည်တို့စိုက်ပျိုးကြပြီးတောင်သူလယ်သမားများနေထိုင်သော ကျေးရွာဖြစ်သည်။

“ကျွန်မတို့မြေတွေကတော့ ၁၉၇၉ ခုနှစ်လောက်က စစ်တပ်က သိမ်းထားတာ၊စစ်တပ်လည်းပြောင်းသွားရော ဘုန်းကြီးက ဧက(၄၀)လောက်ကိုကျောင်းမြေဆိုပြီးသိမ်းလိုက်တာကိုကြားတယ်၊ သိမ်းတယ်ဆိုတဲ့မြေတွေကလည်း အခုလက်ရှိ စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့မြေတွေ၊ ကျွန်မတို့မြေတော့ဘုန်းကြီးယူတဲ့ မြေထဲမှာ မပါဘူး” ဟု အဆိုပါရွာသူဖြစ်သော
ဒေါ်ခင်မိုးမိုးကပြောသည်။
 Shwe Myitmakha Media Group
ရှမ်းတပ်တွင် ဘုန်းကြီးတစ်ပါးက လယ်ယာမြေများ သိမ်းယူ၍သံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထား ရှမ်းတပ်တွင် ဘုန်းကြီးတစ်ပါးက လယ်ယာမြေများ သိမ်းယူ၍သံဃာ့မဟာနာယကအဖွဲ့သို့ တိုင်ကြားထား Reviewed by သစ်ထူးလွင် on 11:39 Rating: 5

6 comments:

ကိုခန့် said...

ဘုန်းကြီး ကတော့မတရားမလုပ်လောက်ပါဘူး လူတွေ က ဘုန်းတော်ကြီးဆီက တစ်ခု ခု ယူထားလို့ ဖြစ်ပါလိမ့်မယ် ..

aristhteinwin said...

တခြားသူ တယောက်ယောက်က သေခါနီးမှာ သူပိုင်ဆိုင်တဲ့ မြေကို ဘုန်းကြီးကို လှူခဲ့သလား။ အဲဒီလို မဟုတ်ဘဲ လယ်မြေက ကိုယ်တကယ်ပိုင်ဆိုင်တဲ့မြေ ဆိုရင် ဘုန်းကြီးကို ဂရုစိုက်စရာ မလိုဘူး။ ဘုန်းကြီးမှာ သေနတ်မရှိဘူး- ကိုယ့်လယ်ယာကို ကိုယ်လုပ်နိုင်တယ်။ ဘုန်းကြီးက လယ်ကွင်းထဲဆင်းပြီး လာရိုက်လျှင် ပြန်ရိုက်လိုက်- ဘယ်အဖွဲ့ မှ တိုင်မနေကြနဲ့ - တိုင်ရင် ကြားထဲက စားဘို့ သောက်ဘို့ ပေးရဦးမယ်။

minsoeaung said...

ကျိုက်လတ်မြို့မှာဖြစ်ပျက်ခဲ့တာတင်ပြလိုပါသည်။
မိဘများလက်ထက်ကဘုန်းကြီးကိုစာချူုပ်နှ်ဲှူ့
လှူတယ်။စာချုပ်မှာဆရာတော်တစ်သက်လှူဒါန်းသည်လို့ရေးထားပါသည။ ဘူန်းကြီးပျံလွန်တော်မူတဲ့အခါမှာသားသမီးတွေကစါချုပ်
ပါအတိုင်းတရားစွဲတောင်းတာ ပြန်ရခဲ့ဘူးတာရှိပါသည်။
နီးစပ်ပါကသုံးရန်တင်ပြအပ်ပါသည်။

HAN MYO said...

တိုင်ကြားထားသူများ၏လက်ဝယ်တွင်ထိုမြေဧက၄၀၏ပိုင်ဆိုင်မှုတ စုံတရာအထောက်အထားရှီနေသလား။ ဘုန်းကြီးမှတောင်သူလယ်သမားတို့၏မြေကိုသိမ်းယူထားခြင်းဆို သည့်တိုင်ကြားစာအတွက်သေချာရေရာမှုရှီစေလိုပါသည်။ဘုန်းကြီး ကိုလှူတန်းထားသောမြေဖြစ်နေမည်ဆိုပါကတိုင်ကြားသူများ၏ လုပ်ဆောင်ချက်မှန်/မမှန်။

ဘ၀အလင်းရောင် said...

အဲ ဒီဘုန်းကြီး တောထွက်ဘုန်းကြီးပဲ ဖြစ်လိမ့်မယ် ... တောထွက်ဆိုတော့ ၀ိနည်းလည်းနားမလည်ဘူး ဒီလိုလုပ်တာ ဘုရားဝိနည်းတော်အရ အလွန်အပြစ်ကြီးပါ တယ် တန်းဖိုးလိုက် ပြီး ပါရာဇိကအထိ ရောက်နိုင်တယ်ဆိုတာ အဲဒီဘုန်းကြီးမသိလေရောသလား.. သာသနာ သိက္ခာကျတယ် .. ဒီလိုမကောင်းတဲ့ ဘုန်းကြီးတွေ သာသနာမှာမရှိသင့်ဘူး ...သံဃာ့မဟာနာယက ဆရာတော်ဘုရားများ ဘုရား ၀ိနည်းတော်အတိုင်းဆောင်ရွက်ကြပါဘုရား...။

ချစ်ဖူး said...

ရှုပ်နေတာပဲ။ သိပ်မရှင်းပါ

Powered by Blogger.