ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရှိတဲ့ မှော်ရွာတွေမှာ ရေရှာပါးလာနေလို့ ဒေသခံ ပြည်သူတွေမှာ မသန့်ရှင်းတဲ့ရေတွေကို သုံးစွဲနေရပါတယ် ။ဥရုချောင်းအတွင်းကရေတွေကလဲ သဲဇာတွေ ချောင်းအတွင်း စွန့်ပစ်တာရယ် ရွှေမျောတွေ တိုက်ချနေတာကြောင့် ရေဟာလုံးဝ သန့်ရှင်းမှု မရှိတော့တဲ့အပြင် ရေစီးဆင်းမှုလဲ ရပ်တန့်ဆဲ ဆဲ ဖြစ်နေပါတယ် ။ဒေသဆိုင်ရာ အာဏာပိုင်တွေက လာဒ်ငွေအမြောက်အများယူပြီး ဥရုချောင်းအတွင်း မြေဇာဖို့ခွင့် ယနေ့အချိန်ထဲ ပြုလုပ်နေဆဲဖြစ်ပါတယ် ။
ကချင်ပြည်နယ် ဖားကန့်ဒေသ မှော်တွေမှာ ရေရှားပါစပြုလာပြီ
Reviewed by သစ်ထူးလွင်
on
08:40
Rating:
2 comments:
ပြဿနာကတော့ စတော့မယ် အစိုးရရေ....
မကြီးထွားခင်မှာ အချိန်မီ ကယ်ဆယ်ပေးလိုက်ပါဦးနော်...
ရေအသက်တစ်မနက်ပါ... သူတို့တွေ ခက်ခက်ခဲခဲလုပ်နေရတယ်.... ခင်ဗျားကူညီရင် အဆင်ပြေသွားလောက်ပါတယ်ဗျာ... ကိုသိန်းစိန်ရေ... နည်းနည်းလောက်..ကူညီပါဦး... တစ်ချက်လေးစောင်းငဲ့ကြည့်ဦး
ရေရဖို့ကတော့ တော်တော် ပင်ပင်ပန်းပန်း ဝေးဝေးလန်လန်က ယူမှပဲ ရတော့မယ်... ဘာဖြစ်လို့လဲဆိုတော့ မြေအောက်ရေက တူးရင်ထွက်တော့မှာမဟုတ်ဘူး.. အကြောင်းကတော့ ကျောက်စိမ်း၊ ရွှေတွေကို တွင်းနက်ကြီးတွေ တူးလိုက်တော့ မြေအေက်ရေတွေ အားလုံး အဲ့ဒီဘက်ကို ပဲစီးဝင်သွားကြလို့ပါပဲ... အဲ့ဒီတွင်းကြီးတွေ ပြန်ဖို့မှပဲ ရေထွက်ပါလိမ့်မယ်.. ဒါမှ မဟုတ် အဲ့ဒီတွင်းတွေထက် နက်အောင်တူးမှပဲ ရေရနိုင်မယ်... ဥရုချောင်းရေ သဲစာတွေနဲ့ ပြည်နေရင်တော့ ချောင်းတစ်လျှောက်ကရွာတွေ မြစ်ရေကြီးချိန် (မိုးအခါ) ရေအလျင်ကြောင့် ရေစီးကြောင်းပြောင်းပြီး ပခုက္ခူက အဖြစ်မျိုးတွေ ဖြစ်လာလိမ့်မယ် ချောင်းတစ်လျှောက်နေထိုင်သူများ သတိထားပါ...
Post a Comment