ရန်ကုန် မြို့ တော်ခန်းမရှေ့ တွင် လုံခြုံရေးအဖွဲ့ များ နေရာယူထား


ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် နေရာယူထားသော လုံခြုံရေးအဖွဲ့ များ (ဓါတ်ပုံ-7Day News Journal)
ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် နေရာယူထားသော လုံခြုံရေးအဖွဲ့ များ (ဓါတ်ပုံ-7Day News Journal)
မေလ(၂၂)ရက်နေ့ ယနေ့ ည ရန်ကုန်မြို့ ဆူးလေဘုရားရှေ့ မှာ လျှပ်စစ်မီးရရှိရေး
ဆန္ဒပြမည်ဆိုတဲ့ သတင်းများထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့ တော်ခန်းမရှေ့
လုံခြုံရေးများ ချထားတာကိုတွေ့ ရပါတယ်။

သုံးခွမြို့ လျှပ်စစ်ရုံးရှေ့ မှာ မီးရရှိရေး ဖရောင်းတိုင်မီးထွန်းညှိ ဆန္ဒပြမှုစတင်ခဲ့
ပြီးနောက် မန္တလေးနဲ့ မုံရွာမြို့ တွေမှာ ဖယောင်းတိုင်မီးထွန်းပြီး ငြိမ်းချမ်းစွာ
ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။
ရန်ကုန် မြို့ တော်ခန်းမရှေ့ တွင် လုံခြုံရေးအဖွဲ့ များ နေရာယူထား ရန်ကုန်   မြို့ တော်ခန်းမရှေ့ တွင် လုံခြုံရေးအဖွဲ့ များ  နေရာယူထား Reviewed by သစ်ထူးလွင် on 18:57 Rating: 5

44 comments:

linn said...

ရဲကတော့ ရဲအလုပ်လုပ်မှာပါပဲ။ ကြိုတင်ကာကွယ်ရေးပေါ့။ ပြီး ဖမ်းမှဖမ်းတယ်မပြောနဲ့နော်။ ဖမ်းတာလည်း ရဲအလုပ်ပဲ။ ပြီး ခေါ်စစ်တာလဲ ရဲအလုပ်ပဲ။ ပြည်သူက တစ်ခု လုပ်လို့ရတာကတော့ ဆန္ဒထုတ်ဖေါ်ဘို့ကို အခြေခံဥပဒေနဲ့အညီ ခွင့်ပြုချက်ယူပြီးလုပ်ရင်တော့ ဖြစ်နိုင်တယ်။ ဒါတောင် အေးဆေးချော့မော့ပြီး အခြေအနေတွေက မတည်ငြိမ်လို့၊ ဆူပူမှုတွေ ဖြစ်နိုင်လို့ မလုပ်ပါနဲ့ဦးလို့ ပြောပြီး လာလျှောက်တဲ့လူတွေကို တားမယ်ထင်တယ်။ အဲတာကိုလည်း ခွင့်ပြုချက် မပေးရကောင်းလားလို့လည်း ရန်မလိုကြပါနဲ့။ သူ့အလုပ်သူလုပ်နေတာပါ။ ရဲတွေကို ရန်သူလို သဘောမထားပဲ ဥပဒေကို ထိမ်းကျောင်းပေးသူလို့ မြင်ကြည့်ကြပါ။ အဆင်မပြေတိုင်းသာ ဆန္ဒထုတ်ဖေါ်ရရင် တခြားအလုပ် လုပ်ချိန်ရှိမှာမဟုတ်ဘူး။ လျှပ်စစ်ဝန်ကြီး ဌာနကလည်း မေတ္တာရပ်ခံထားတယ်မလား။ နဲနဲတော့ စိတ်ရှည်ပေးကြပါ။ တစ်ဘက်ကပြော့တိုင်း နင်းမလိုက်ချင်ကြပါနဲ့။ အခုအချိန်က ရန်သူတွေလို အားစမ်းရမဲ့အချိန်၊ အကဲစမ်းရမဲ့အချိန်၊ သွေးတိုးစမ်းရမဲ့အချိန်မဟုတ်ပါ။ မိတ်ဆွေတွေလို ညှိနှိုင်းဆောင်ရွက် ရမဲ့အချိန်ပါ။ တစ်ဘက်ကို အချိန်နဲနဲပေးလိုက်ပါ။ သူတို့ ပြင်ဆင်ချိန်နဲနဲပေးလိုက်ပါ။ သူတို့အဆင်မပြေတာ၊ အရင်လုပ်ထားတာတွေ ရှင်းနေရတာ အားလုံးလဲနားလည်နေတာပဲ။ အမေစုကတောင် အားလုံးအလုပ်လုပ်ရမယ်။ ချက်ချင်းအဆင်ပြေလာမှာ မဟုတ်ဘူးလို့ မဲဆွယ်တုန်းကပြောဘူးပါတယ်။ အခုလူတွေက အမေစုလောက်မှမတော်တာ နော်။ စိတ်နဲနဲလျော့ကြပါ။

linn said...

အခုလို ခနခန ဆန္ဒပြနေရင် မကောင်းဘူးဆိုတော့၊ လျှပ်စစ်ဝန်ကြီးဌာနက မေတ္တာရပ်ခံတာထက်စာရင် သမ္မတကြီး က လုပ်နေတဲ့ မီးပုံမှန်ရရှိရေး လုပ်ဆောင်ချက်တွေ အခက်အခဲတွေ plan ချပြပြီး မေတ္တာရပ်ခံရင် အဆင်ပြေမလား။ အမေစု ဆိုရင် ရော ဘယ်လိုလဲ။ လူထုအပေါ် သြဇာ ရှိတဲ့သူလိုပါမယ်။ (အခုလို ခနခန ဆန္ဒပြနေတာ ကောင်းတယ်လို့ ထင်တဲ့သူ၊ ပြီး မြန်မာတနိုင်ငံလုံး ပြန့်သွားရင် ပိုကောင်းတယ် လို့ထင်တဲ့သူများရှိပါသလား ခင်ဗျာ။)

myanmar girl said...

ဘယ်အရာမဆို ကိုယ်ချင်းစာတရားနဲ့ စာနာနားလည်ပေးနိုင်ရင်ကောင်းမှာဘဲ။
ပြည်သူတွေအတွက် တို့ အတွက် မီးက ဘယ်လောက်အရေးပါတယ်ဆိုတာ
သိပါစေ။လုပ်ဆောင်ကြတဲ့ ပြည်သူတွေလည်း ဘေးမသီရန်မခပါစေနဲ့ လို့ 
ဆုတောင်းလိုက်ပါတယ်။

Jasmine said...

မီးမပျက်အောင် လုပ်ပေးနိုင်ရင်တော့ ခဏခဏမီးကြောင့် ဆန္ဒပြတဲ့လူရှိပါ့မလား၊ ဆန္ဒပြတယ်ဆို ကိုယ့်ရဲ့ ဆန္ဒကို ဖေါ်ထုတ်တာပါပဲလေ၊ အဆင်ပြေအောင်လုပ် မပေးထားလို့ ဆန္ဒပြရတယ်ဆိုတာလဲ အားလုံးအသိပါ။

than said...

တော်ကြပါတော့ ဆန္ဒပြလည်း ရနိုင်မှာမှ မဟုတ်တာ ခဏတော့ ဆောင့် ကြည့်ပေးလိုက်ပါဦး ။ ခုချိန်မှာ ဆန္ဒပြတိုင်းကောင်းတာ မဟုတ်ဘူး တော်ကြာ ကြံ့ဖွတ်က ဝမ်းသာနေဦးမယ်။ သူတို့ပြောသလို ခဏ စောင့်ကြည့် မရရင် နှစ်ရက် ဆန္ဒပြ ပြီရင်စောင့်ကြည့် မရရင်ထပ်ပြ။ အမေစုကလဲ ဒီတိုင်းနေမှာမဟုတ်ပါဘူး။ ခုမန္တလေး မှာဆန္ဒပြလို့ လျှပ်စစ် မီးအကြောင်း သိလောက်ပါပြီ။ ခဏဆောင့်ကြပါဦးနော် တိုင်ပြည် ဆူမှာကြောက်လို့ပါ။

မရဏမင်း said...

ပိုလို့တောင်မကောင်းဘူးလိုမြင်ပါတယ်...ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေလုပ်လို့ရလို့ခွင့်ပြုထားတယ်ဆိုပေမယ့်ဘယ်သူကအဲ့ဒီဥပဒေသေချာလေ့လာထားလဲ..အခုကျွန်တော်တို့လှုပ်ရှားမှုမှာလေ့လာထားသူ/စေ့စပ်စွာသိရှိနားလည်သူဘယ်လောက်ပါလဲ..စိစစ်သင့်တယ်ထင်ပါတယ်(ကောင်းမှုကိုမလိုလားတဲ့)နိုင်ငံရေးသမားက ရနိုင်သမျှလွတ်လပ်မှုကိုတာပြောပြတာ..တားမြစ်ထားတဲ့စည်းဘောင်ကိုပြောတာဆိုမရှိဘူးလေ..

Unknown said...

ဆန္ဒပြတယ်လို့ မသုံးပဲ ငြိမ်းချမ်းစွာပဲ မီးလင်းရေး တောင်းဆိုတယ်လို့ နံမယ်တပ်ပေးကြည့်ပါလား
သူခိုးဆိုတာ တခါခိုးရင် ဆယ်ခါခိုးပဲ ဗျ
မခိုးတော့ပါဘူးပြောလဲ စွပ်စွဲခံရမှာပဲ လေ မြန်မာပြည်မှာ ရဲဆိုတာနဲ့ ဘယ်ရဲကအကောင်းလုပ်ဖူးလို့လဲ ပြည်သူတွေအပေါ်မှာပေါ့ ပြည်သူတွေကဟိုးနှစ်ပေါင်းများစွာကတည်းက ခံလာရတာဆိုတာလဲ မမေ့ပါနဲ့နော်
ရဲဆိုတာ ရဲအလုပ်ရဲလုပ်တာပဲ စစ်တပ်ဆိုတာလဲ စစ်အလုပ်ကိုလုပ်တာပဲလို့တော့ မပြောနဲ့လေ ဟုတ်လား ဘယ်လိုအရေခွံတွေခြုံထားခြုံထား အပုပ်နံ့ ကထွက်နေတာတော့ မတတ်နိုင်ဘူးလေ

Unknown said...

ဗမာပြည်မှာ နေလာတာ အိုသေတော့မယ်။ ဘာမှအဆင်မပြေဘူး။ သူတို့ပြောတာတော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်တဲ့အစိုးရတဲ့။ မီးပျက်လို့ တွေ့ကြုံရတာ သူတို့ခံစားဘူးရင် ပြည်သူရွေးချယ်တင်မြှောက်တဲ့ အစိုးရမှန်ရင် ပြည်သူ့ဆန္ဒတွေ ပြည့်လာမှာပေါ့။ ဘာကြောင့် လောပြီး ဆန္ဒတွေပြနေ ကြတာလဲ။ .......?။

ZORRO said...

စည်းကမ်းကျနတဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး လုပ်နေကြတယ်။ မင်းမဲ့စရိုက်ဆန်တာ ကျဆုံးခြင်းရဲ့ လမ်းစပါ..။ ပညာတတ်နိုင်ငံသားများဖြစ်ကြပါစေ။ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့စကားကိုမမေ့ကြနဲ့ဗျာ။ ပြည် ထောင်စုမြန်မာနိုင်ငံတော် ဆိုတဲ့နာမည်ကိုဆက်ထိန်းကြပါ။

myat said...

မင်းကလျှပ်စစ်ဝန်ကြီးရဲ့ယောက်ဖလား(သို့) သူ့သားလား
ဘာတော်တာလဲ linn.လျှပ်စစ်လုံလုံလောက်မရခဲ့တာ နှစ်တွေကြာခဲ့ပြီကွ
အခုချိန်မှ ထုတ်ဖော်ခွင့်ရလို ထုတ်ဖော်ပြကြတာ
ဒါမမဟုတ်ရင် မင်းအဖေ လျှပ်စစ်ဝန်ကြီးက လျှပ်စစ်ကို
သူဘဲရောင်းစားနေမှာ
မင်းမသိလို့ရေးတာလား သိရက်သားနဲ့ ရေးတာလား
လျှပ်စစ်အကြောင်းသိအောင် မင်းအရင်စုံစမ်းလိုက်အုံးနော်
ငါတို့ကတော့ မီးမလိုချင်ပါဘူး
တို့ကတောမှာနေတာဆိုတော့.......

Battlecal said...

"နေပြည်တော်...က လမ်းမီး(၂)ချောင်းမှာ (၁)ချောင်းလျော့ရင် ရန်ကုန်က ရပ်ကွက်တွေ မီးလင်းပါတယ်."...ရန်ကုန်မီးလင်းဖို့ ဒီcomment ဖြန့်ပေးကြပါ။

Anonymous said...

ဝန်ကြီးကိုယ်တိုင်လဲ လူသိထင်ရှားတောင်းပန်ပြီပြီပဲ ......ဒီလိုမျိုး တဆိတ်ရှိ ဆန္ဒ ပြမယ်ဆိုပြီးလုပ်တာမျိုးကိုလဲ ကိုယ်ပိုင်အသိတရားလေးနဲ့ဆင်ခြင်ပြီးမှလုပ်သင့်ပါတယ် ....တကယ် တကယ် အရေးကြီးတဲ့ ကျားဟေ့ဆိုရင်တောင် ဘယ်သူမှယုံတော့မှာမဟုတ်ဘူး.....ဒီမိုကရေစီဆိုတာတဆိတ်ရှိဆန္ဒပြမယ်ဆိုတဲ့ နည်းလမ်းတော့မဟုတ်ပါဘူး........နိုင်ငံတိုးတက်မှုကိုခြေလှမ်းပြင်နေတဲ့အချိန်မှာ အသိပညာနဲ့စဉ်းစားဆင်ခြင်တတ်တဲ့ဆင်ခြင်တုံတရားလေးတွေပါတိုးလာသင့်ပါတယ်

U 2 said...

ခဏခဏဆန္ဒပြနေရင်မကောင်းပါဘူး တနိုင်ငံလုံးပြန်.သွားရင်ပိုဆိုးသွားလိမ်.မယ်ထင်တယ် အစကတဲကအာဏာပြန်သိမ်းနိင်
တယ်လို.ထင်နေကြတာ စတဲ.သူကသူတို.လူလား အချွန်နဲ.မနေတာလား
တိုင်းပြည်ခြောက်ထဲကျခါနီးကယ်တင်ပါတယ်ဆိုရင်အရင်လုပ်ထားတာတွေအလကားဖြစ်သွားမယ် သတိတော.ထားဘို.လိုတယ် ပူတာလဲအသိဘဲ ရေမရှိတာလဲအသိဘဲ မိုးမရွာတာလဲအသိဘဲ မီးမရတာ မီးမလာတာလဲအသိဘဲ အာဏာသိမ်းချင်လို.ခွင်ဖန်တာလားသတိတော.ထားဘို.လိုပါတယ်

herry2882 said...

လိုအပ်နေလို့ လုပ်သင့်တယ်ထင်တာလုပ်တာ လုပ်ကိုလုပ်ရမယ် .. အချိန်နဲနဲပေးပြီးစောင့်ပါဆိုတာမျိုးကအတိုင်းအတာရှိတယ် .. အဲ့အချိန်နဲနဲ ကိုဘယ်သူကအာမခံပြီး အချိန်ယူမဲ့အတိုင်းအတာကို ပြောနိုင်မလဲ .. စောင့်လာခဲ့တာ ဘိုးဘွားတွေသေအောင်လဲကြာခဲ့ပြီ .. အရင်တွေ အခုတွေ ရှင်းနေတာကိုလိုချင်တာမဟုတ်ဘူး .. ဖျက်ဆိုလာအောင်လုပ်ဖို့မဖြစ်ဖူးဆိုတာ အားလုံးနားလည်တယ် ။ အာပက်ဖြေလျှောက်ပြော၇ှင်းမနေနဲ့ ။ ဘယ်လိုလုပ်မယ် ၊ ဘယ်တော့လာမယ် ၊ အဲ့အတွက် ဘယ်သူတာဝန်ယူ မလဲဆိုတာ ပဲလိုချင်တယ် ။ သူတောင်းစားခွက်ပျောက်တဲ့ကိစ္စ သမ္မတ ကိုတိုင်နေတာမဟုတ်ဖူး ။ မရှိတဲ့ ဟာကို ဆန္ဒပြ တောင်းဆိုနေတာမဟုတ်ဘူး ။ ရှိရဲ့သား နဲ့ မရတဲ့ ဟာကို ဆန္ဒဖေါ်ထုတ်တောင်းဆိုနေကြတာ ။ လိုအပ်ရင် တစ်နိုင်ငံလုံးအနှံဆန္ဒဖေါ်ထုတ်တဲ့ ပွဲတွေလုပ်ဆောင်သွားကြရမယ် ။ အပြောင်းအလဲအတွက်လမ်းကြောင်းဆိုတာ ခုစသွားနေတာမှမဟုတ်သေးတာ မြှားပြထားတဲ့အဆင့်ပဲရှိသေးတယ် .. စနစ် ပဲပြောင်းလို့မရဘူးလူတွေပါပြောင်းမှ ရမှာ ... ၊ ကျွန်တော်တို့ ဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ဆိုပြီး ပါးစပ်ထဲလာရာလျောက်ပြောနေခဲ့တာ ဆယ်စုနှစ် နှစ်ခုသာကျော်သွားတယ် မွဲသွားခဲ့ကြရတဲ့ပြည်သူတွေ နဲ့ ကျုပ်တို့ တိုင်းပြည်ပဲ ။ ဘာများဖြစ်ဖြစ်မြောက်မြောက်ရှိခဲ့လို့လဲ ။ အဲ့ဒါကိုမှ ကျုပ်တို့က အဲ့လိုလူတွေပါးစပ်ကထွက်တဲ့စကားယုံရအုံးမယ်လား ...(သွားသေလိုက်စမ်းပါကွာ)

Anonymous said...

ပြည်သူတွေအတွက်လျှပ်စစ်မီးနဲ့ သောက်သုံးရေတောင်မျှတအောင်လုပ်
မပေးနိုင်ပဲနဲ့ ၊ကိုယ့်ကိုယ်ကို အစိုးရလို့ အခေါ်တော့ခံချင်တယ်။ဟတ်လား၊
မင်းတို့ တွေ NDC မှာသင်ခဲ့တဲ့ PLAN-A,PLAN-B,PLAN-C
တွေနဲ့ မီးတွေ၊ရေတွေကျတော့၊ မစီစဉ်တတ်ကြဘူးလား၊
တိုင်းပြည်ဘဏ္ဍာခိုးဖို့ ကျတော့ PLAN A~Z နဲ့ စုံအောင်
ခိုးတတ်လိုက်ကြတာ။

Justice lover said...

ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံတွေကလူတွေ လုပ်ကြတဲ့အလုပ်ပဲ။ ငြိမ်းချမ်းစွာ ရှိဖို့ပဲလိုတယ်။ အထူးအဆန်းလုပ်ပြီးဖမ်းချင်ယင်တော့ သူများတွေဘယ်လိုလုပ်လဲ လေ့လာလိုက်ဦး၊ တောင်းပန်တာလေးနဲ့ ကျေနပ်ရမှာလား၊ အခုချက်ချင်းကြီး ဟတ်ချလောင်းနဲ့ မီးတွေ မလာနိုင်သေးဘူးဆိုတာ ဆန္ဒပြတဲ့လူတွေအားလုံးသိတယ်။ အခုလိုမျိုးတွေလုပ်ပေးမှ ဒီမီးလာမယ့် အလုပ်ကို တာဝန်ရှိသူတွေ Serious ထားပြိး လုပ်လာကြမှာ၊ ဒီလိုဆန္ဒပြခွင့်မရကြလို့ သောက်ဂရုမစိုက်ပဲ လုပ်ချင်တာတွေလုပ်ခဲ့ကြလို့ ဒီဘဝတွေရောက်လာကြတာ။
ဒီမိုကရေစီခေတ်မှာ ဆန္ဒပြတဲ့သူတွေမမှားဖူး၊ အဲလိုဆန္ဒပြအောင်လုပ်တဲ့သူတွေသာ တာဝန်ရှိတာ။ ကိုယ့်လူတို့ ဒီမိုကရေစီနိုင်ငံတွေရဲ့ အကြောင်းလေးတွေလဲ လေ့လာလိုက်ဦး။ လျှောက်ပြောမနေနဲ့။

ptk said...

လျှပ်စစ် မိံးတွေပိုလျှံ နေတယ်ပြောတာ ဒိံအစိုးရပြောတာလေ။ အခုတော့မလောက်ဘူး။ကိုယ်ပြောတဲ့စကားကိုတာဝန်ယူရမှာပေါ့။

ko myo zaw said...

ခဏခဏ ဆန်ဒ ပြနေတာကြီးကို ကျွန်တော်လည်း သိပ်တော့ မကြိုက်ဘူးဗျ။ အဲဒီလိုမဖြစ်အောင်၊ အဆင်ပြေအောင် တာဝန်ရှိတဲ့သူတွေ အနေနဲ့ (တက်နိုင်သလောက်) အမြန်ဆုံး ဖြေရှင်းသင့်ပါပြီ။ လျှပ်စစ်မီးမှန်မှန်မရတာ ကျွန်တော့်တစ်သက်ပါပဲ။ ကျွန်တော် အခု 25 နှစ် ရှိပါပြီ။ အခုအချိန်အထိ လျှပ်စစ်မီးက မမှန်သေးတော့ ဆန်ဒ ပြတဲ့သူတွေ လည်း အပြစ်တော့ မပြောလိုပါဘူး။ ဒါပေမယ့် သိပ်တော့ မကြမ်းစေချင် ဘူး။

linn said...

မြန်မာလူမျိုးရဲ့ ပျော်တတ်တဲ့ စိတ်ရယ်၊ အခွင့်အရေးနဲနဲပေးရင် ကမ်းတက်ချင်တဲ့စိတ်ကြောင့် နောက်ပိုင်း ဆန္ဒပြတာတွေ ရှင်လောင်းလှည့်သလို ဖြစ်လာမှာ စိုးရိမ်တယ်လို့ပြောခဲ့တာ နိမိတ်ဖတ်သလိုပါပဲလား။ ဘုရား ဘုရား၊ ဘာလို့များ ငါ့နားထဲမှာ ဦးမောင်မောင်ပြောတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ်ချကြတာပေါ့၊ မစောင့်နိုင်တော့ဘူးလား၊ ဆိုတဲ့အသံနဲ့ လမ်းပေါ်က လူတွေရဲ့ ရရင်ရ မရရင်ချ၊ ရရမရရချ ဆိုတဲ့အသံတွေ ကြားနေရတာလဲ။ ဒီမိုကရေစီရဘို့ နောက်ထပ် ဘယ်လောက် ထပ်စောင့်ရဦးမှာလဲ။ အင်း ကံကောင်းထောက်မလို့ အခြေခံဥပဒေအရ အဆိုးဆုံးအခြေအနေမှာ ကာချုပ်ကို အာဏာလွှဲရစေဦး နှစ် ၂၀ တော့ မကြာလောက်ပါဘူးလေ။ ဘာတဲ့ ၆ လ ဆိုလား၊ တစ်နှစ်ဆိုလား၊ အင်း ဒါပေမဲ့ လက်ရှိရနေတဲ့ အရှိန်လေး တန့်သွားတာတော့ သိပ်မကောင်းဘူး။ ဘုရား ဘုရား တို့မြန်မာပြည် ကျိမ်စာသင့်နေတာများလား။ ဘုရားကယ်ပါ။

လင်းလင်း said...

အခုလိုခဏခဏဆန္ဒပြနေတာ ကျွန်တော်လဲမကြိုက်ပါ ဘာကြောင့်ဘာဖြစ်တယ်ဆိုတာ သေချာလေ့လာဖို့လိုပါတယ်

လင်းသစ်လူ said...

အမေစု သာ 1990 ခုနှစ်ရွေးကောက်ပွဲ ရလဒ်အတိုင်း ကတိတည်တည်နဲ့ ရွေးကောက်ပွဲရလဒ်ကို ပေးပြီးအုပ်ချုပ် ပိုင့်ခွင့်ပေးခဲ့ရင် ဒီလိုရှေ့နောက်မစဉ်းစားမိတဲ့ လောဘလျှံလွန် လို့ ထိမ်းမရသိမ်းမရ အခက်အခဲ တွေ ဖြစ်လာမှာမဟုတ်ဘူး ဗျ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ လျှပ်စစ် သုံးစွဲအား တွေ ဘယ်လောက်ရှိတယ် နှစ်စဉ်နှစ်တိုင်း ဘယ်လောက်တိုးပြီးသုံးနေတယ် ဆိုတာကိုကြိုတင်တွက်ချက် မှုလေးတော့ ရှိသင့်တယ်ထင်ပါတယ် ။ ပါတ်ဝန်းကျင်နိုင်ငံတွေကိုကြည့်ပါ ဘယ်နိုင်ငံ လျှပ်စစ်မီးမရလို့ ဆန္ဒထုပ်ဖေါ်တာ ကြားဖူးလဲ ကျွန်တော်တို့ နိုင်ငံ ကခုလို ထုပ်ဖေါ်ရဲ တာ ပြောရဲတာ ခုကာလရောက်မှပါ လုပ်ချင်ပြောချင်နေကြတာတော့ ကြာပါပြီ ကျွန်တော့်  အသင်၃ဝ ပြည့် နေပါပြီ လျှပ်စစ်မီးဆိုတာ အမြဲလာနေတဲ့အရာ ခလုပ်ဖွင့်တိုင်းလင်းနေတယ် ဆိုတာမရှိခဲ့ဖူးပါဘူး မီးဆိုတာ ပျက်နေတတ်တယ်လို့ ပဲ စိတ်ထဲစွဲနေတော့တာပါ။ပြောချင်တာက အမေစုဆိုရင်ရောဘယ်လိုလုပ်မလဲ ဆိုတော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုတကယ် ကိုယ်တိုင်းပြည်အတွက် လုံလောက်တဲ့ပမာဏပေးနိုင်အောင် သေချာကွင်းဆင်း လေ့လာရမယ် ရပ်ကွက်တစ်ခုချင်း ပမာဏမှ နိုင်ငံ တစ်နိုင်ငံလုံး ပြီးတော့ တိုးတက်လာမယ် သုံးစွဲမှုကပမာဏ တွေကိုရေရှည် သုံးသပ် ရမယ် လေ ။ တရာမဝင် မီးသွယ်တန်းထားတာကိုလည်း အရေးယူပေးပေါ့။ ပြီးတော့ နေရာ နဲ့ထိုက်တန်တဲ့ သူကိုပဲခန့်ထားမယ် ။ လျှပ်စစ်ဝန်ကြီးဌာနမှာနေပြီး ကိုယ်လျှပ်စစ်ကိုယ်မနိုင်တဲ့ သူမျိုးတွေ ကိုပေါ့ ။ နောက်ဆုံးပြောချင်ပါတယ်လုပ်ရင်လွယ်ပါတယ် တကယ်လိုအပ်နေတဲ့ပြည်သူ တွေကို ကိုယ်နိုင်ငံပိုင် တဲ့ သရံဇာတလေး ကိုလုံလောက်အောင်သုံးခွင့် ပေး သင့်ပါတယ် ။ ဒါဆို ရဲလဲ ပြည့်သူရဲတပ်ဖွဲ့ လို့ ပြည်သူတွေ အားကိုးခွင့်ရှိလာမယ် လိုအပ်လို့ လိုအင်မပြည့် တဲ့ ပြည်သူနဲ့ လိုအပ်သလို အာဏာကုန်အပေးခံ ခံနေရတဲ့ ပြည်သူရဲတပ်ဖွဲ့နဲ့ လည်း ပြည်သူ့ငရဲတပ်ဖွဲ့ လို့ ခေါ်စရာတွေဖြစ်မလာတော့ ပါဘူး ......

Anonymous said...

KIAရေ တရုပ်ဖက်သွားတဲ့လိုင်းကိုခွဲပါလား
။ မင်းတို့စချတော့ တရုပ်ရဲ့မြစ်ဆုံကိုအကြောင်းပြတယ်။အမေရိကန်နဲ့အခြေအနေကောင်းလာတော့တရုပ်က မင်းတို့ကိုမွေးလိုက်တာဘဲ။ အမှန်ကတရုပ်ကိုချရမှာ။အစိုးရကိုဆနမပြဘဲတရုပ်ကိုပြရမှာ။ ဗမာပြည်ထဲအခုမှဝင်လာတဲ့တရုပ်တွေအရမ်းရိုင်းတယ်။မန်းလေးသားတွေကတရုပ်ကိုကြောက်နေတာလား။KIAရေတရုပ်တွေကိုသက်ပြပြီးနိင်ငံကိုချစ်ကြောင်းပြပါ။

ရွှေမန်းမောင် said...

မကြာခဏဆန္ဒပြခြင်း၊ပိုမိုကျယ်ပြန့်လာတာကောင်းတဲ့လက္ခဏာတခုတော့
မဟုတ်ပါဘူး၊ခုလောက်ဆန္ဒပြတာလေးကိုဘဲသတိတရားလက်ကိုင်ထားပြီး
မိမိတို့တိုင်းနဲ့ပြည်နယ်တွေမှာရတဲ့ခွဲတန်းအလိုက်မျှမျှတတမီးပေးနိုင်အောင်
ဌာနဆိုင်ရာကကြိုးစားသင့်ပါတယ်(တချို့မြို့နယ်များကိုဆိုလိုပါတယ်)
လျှပ်စစ်မီးမရတာဟာ အမှန်တကယ်အခက်အခဲဖြစ်နေတာပါ၊မရနိုင်တာ
ကိုမတောင်းဆိုစေချင်ပါဘူး၊ဒါပေမဲ့လူမရှိတဲ့နေရာကအပင်တွေမီးလင်းနေတာတွေ၊ကြော်ငြာဆိုင်းဘုတ်တွေ၊အလှဆင်မီးတွေယာယီပိတ်ပေးစေချင်
ပါတယ်၊အတတ်နိုင်ဆုံးလုပ်ငန်းသုံးထရန်စဖေါ်မာများကိုလဲအလှည့်ကျ
မီးပေးဝေရေးစနစ်ကိုလဲလုပ်စေချင်ပါတယ်(24 နာရီမီးရသူများ)
အများပြည်သူကလဲရတဲကအချိန်လေးမှာမလိုတာပိတ်လိုတာဖွင့်ပြီး၊
ချွေတာသုံးမှသာအဆင်ပြေနိုင်မှာပါ ဒါဟာလဲ ယ္ခင်နှစ်တွေကလူတိုင်း
ကြုံတွေ့ဘူးတဲ့အခက်အခဲကိုမမှီသေးပါဘူး၊နားလယ်ပေးကြပါ။

သခင်ဇော်ထွန်း said...

ခဏ ခဏ အခုလို ဆန္ဒပြနေ တာမဟုတ်ဘူးခင်ဗျ
မရ မရကြလို့ အခုလိုဖြစ်နေကြတာပါ
ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်လေးတွေကို မှ မဖြည့်ဆည်းပေးနိုင်သေးပဲ
global ရေစီးကြောင်းထဲကို တိုးဝင်နေချင်သေးတယ်ဆိုပဲ
ဦးသိန်းစိန်ကိုပဲ ဖြစ်ဖြစ် အမေစုကိုပဲဖြစ်ဖြစ် မရရင် မရတဲ့အကြောင်းပြောဖို့ရာ
ကျနော်တို့တာဝန် မဟုတ်ဘူးလားဗျာ
Linn ရေ
မင်းတို့ဥာဏ် တစ်ထွာတစ်မိုက်ရယ်နဲ့ ငြင်းဖို့သန်လျှင် မိုက်ရာကျပါလိမ့်
လို့ပဲ ဆိုပါရစေ ......။

sean said...

အေးအတူပူ အမျှ မီးလာအတူ မလာအမျှ တရားမျှမျှ ဆိုရင်ပြည်သူတွေ ဒီလောက် မခံစားရပါဘူး .. လာတဲ့ အလှည့် မှာ မိမိ ကိုယ်ကို ဗီအိုင်ပီဆိုသော ပုဂ္ဂိုလ် များ က မိမိတို့ လေအေးစက်များ မလည်ပတ် နိုင်မည် စိုးကာ ကိုဝင်ရောက် ဖိအားပေး တာကတော့ အတော်ဆိုးပါတယ်.
(အဲဒီရပ်ကွက် ကလူ တွေ အင်ဗာတာ ဆိုတာမသိပါ .. ထရန်စဖေါ်မာတွေ လည်း မသိပါ)
ရေ မရှိဘဲ လူတွေ အသက်ရှင် ရန် မဖြစ် နိုင်ပါသဖြင့် မီးလာစဉ် ရေမော်တာ မျာ ပြုံဆွဲ ကြသည်မှာလည်း အပြစ်ဆိုရန်မဖြစ်နိုင်ပါ
ပြည်သူ ဘက်မှ ရပ်တည်သော ပြည်သူ့ ရဲတွေကို တော့ကြိုဆိုလေးစား ပါတယ်..
သို. ကဲ့သို့ မဟုတ်သော.........
လူလူချင်းတရား မျှတ စာနာစိတ်မျြး ထားနိုင်ကြပါစေ...

bishop said...

goo

bishop said...

good

innyatara said...

လျှပ်စစ်မီးလိုချင်သူများ လမ်းလွဲနေကြတယ် လျှပ်စစ်မီးမလုံလောက်တာဟာ ကေအိုင်အိုရဲ့ မိုင်းခွဲဖျက်ဆီးမှုကြောင့် ဆိုတာ ရှင်းနေတာပဲ အဲဒါကိုနားမလည်ပါးမလည်နဲ့ စွတ်ပြီး အစိုးရကိုအပြစ်တင်ဖို့လောက်ပြောနေတယ် မင်းပထွေး ကေအိုင်အိုကို အပြစ်တင်ပါလား အဲဒီကောင်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ ဆန္ဒပြတောင်းဆို ပါလား မဖြစ်နိုင်တာချည်းတောင်းနေလို့ဘယ်ရမှာလည်း ဖိုးလမင်းကို လိုချင်လို့ ပူဆာတဲ့ကလေးလိုဖြစ်နေပြီ ငြိမ်းချမ်းစွာဆန္ဒပြတာ ဥပဒေနဲ့ အညီလုပ်ရတယ် ခွင့်ပြုချက်တောင်းရတယ်.. ဒီမိုကရေစီနိုင်ငံကြီး တွေမှာတောင် ခွင့်ပြုချက်မရှိရင် ဆန္ဒပြလို့မရဘူးဆိုတာ နိုင်ငံခြားမှာနေတဲ့သူတိုင်းသိတယ်။ ဘယ်နိုင်ငံမှာမှ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြလို့မရဘူး ဥပဒေတွေလည်း ဖတ်ကြပါဦး စည်းမရှိ ကမ်းမရှိလူမျိုး၊ နိုင်ငံမဖြစ်စေနဲ့ သူများယောင်တိုင်းယောင် အမောင်တောင်မှန်းမသိဖြစ်နေမယ်။ တစ်တိုင်းပြည်လုံးဆူပူလာရင်ဘယ်ကောင် ဖြေရှင်းပေးမလဲ။ စစ်တပ်က၀င်ရှင်းပေးရင် အရင်လိုပါပဲ ဖြစ်သွားမယ်။ ဒီသဘောတရားတောင် နားမလည်ရင် ငါတို့နိုင်ငံ အာဏာသိမ်းသံသရာထဲ ပြန်ရောက်သွားမယ်

shwetoe29 said...

ကိုဇော်မင်း မြန်မြန် အနားယူသင့်ပြီ....အခုလိုမီးပြတ်တာ ကိုဖော်မင်းက ပြည်သူတွေကို လက်စားချေတာ.. ဘယ်သူတွေဘယ်လောက်ပြောပြော သူတချက်လုပ်လိုက်တာနဲ့ တစ်တိုင်းပြည်လုံး မှောင်သွားနိုင်တယ်ဆိုတာကို သိအောင်ပြတာ...ကချင်ဗုံးခွဲလို့ တာဝါတိုင်ပြတ်တာလောက်နဲ့ ဒီလောက်ထိ မီးပြတ်တာ မဖြစ်နိုင်ဘူး....ပြည်သူတွေကို ပညာပြတာ...ကိုဇော်မင်းနဲ့ မိသားစုကတော့ သန်းကြွယ်သူဌေးတွေဆိုတော့ မီးပြတ်လဲ မှုစရာမလိုဘူးပေါ့...

Aung San said...

ူlinn ဆိုလားလောက်ဆိုလား ဘာကောင်လဲကွ။ မင်းပထွေးက ရဲမို့လို့လား။ ကာချုပ်ကမင်းဘကြီးမို့လို့လား၊ မင်းကဘယ်လောက်သိလို့လဲကွ ရဲကောင်းကြောင်းပြောရအောင်။ တော်စမ်းပါကွာ စိမ်းလဲ့ကန်သာလေးလောင်းပြိုင်လူသတ်မှုတောင် မဖော်နိုင်တာလား ပထွေးကြောက်လို့လားမသိပဲလဲ။ အေးပြည်သူကလဲပြည်သူအလုပ်လုပ်ရမှာပဲ မင်းအဘမင်းအောင်လှိုင်က တောင်ငူု တပ်သွားတုန်းက လိုင်းခန်းမကြိုက်လို့ပြန်ဖျက်ဆောက်ခိုင်းတာ မင်းပထွေးကနိုင်ငံတော်ဘဏ္ဍာဖြုန်းနေတာလေ
ပြည်သူ့ရဲ့ဆိုတာမရှိတော့ဘူးလွန့်ခဲ့တဲနှစ်နှစ်ဆယ်လောက်က
တည်းက သေသွားပြီ အခုမှ ပြည်သူဘက်က ကာသလိုလိုဘာလိုလိုမလုပ်နဲ့ ခံလာရတာ ဘ၀တစ်ဝက်ကျိုးနေပြီကွ။ နားစမ်းပါကောင်လေးရာ။ မင်းမသိတာတွေအများကြီးပါ မင်းပြောမယ်ဆိုရင်ထောင့်စုံဘက်စုံကနေ နည်းနည်းဝင်ကြည့်လိုက်အုန်း။ မင်းကပြည်သူကိုအထင်သေးတာကိုး။ ဟေ့ကောင်ပြည်သူကမှ ဖြစ်လာတာကွ။ ပေးခဲ့တဲ့အချိန်လည်းမနည်းပါဘူး နှစ် ၂၀ ကျော်ပါပြီ။ အဲဒိမတိုင်ခင်ကလည်း ပေးခဲ့ပြီးပြီကွ။ အဲဒီတော့ပြည်သူကိုအပြစ်ပြောစရာလို့လားကွ။မင်းဦးနှောက်ရှိရင်စဉ်းစားလေ။နွားရဲ့။ တပ်စိုးတုန်းကလဲသူတို့။ သမ္မတနိုင်ငံ ကျတော့လဲ သူတို့(မဲလိမ်ပြီး ခြိမ်းခြောက်ပြီးတက်လာ)တွေပဲ။ အဲဒီတော့ အရင်လဲသူတို့အခုလဲသူတို့ ဘာထုူးလဲ နိုင်ငံတော်မှာမူကြီးနှစ်မူပဲရှိတယ်။ အခုတစ်မျိုးတော်ကြာတစ်မျိုး။
မင်းလိုကောင်မျိုးတွေများလေလေ ပြည်သူအတွက်ရင်လေးရလေလေပဲ ဘာမှ ထပ်အချိန်ပေးစရာမလို့တောဘူးနော့။ သေချာပြန်စဉ်းစားလိုက်အုန်း။နွားရဲ့

zaw said...

တစ်ကြိမ်တစ်ခါ မီးပျက်တာကို မခံမရပ်နိုင်ဖြစ်နေတာမဟုတ်ဘူး ..
တစ်သက်လုံးလုပ်ချင်တာလုပ်နေတာကို အမှောင်ထဲကသည်းခံခဲ့ရတာတွေ စုပြုံပြီးအန်ထွက်လာတာ .. ဒါတစ်ကြိမ်ထဲအတွက် ပြောနေတယ်မထင်လိုက်နဲ့ .. တစ်သက်လုံး အနိုင်ကျင့်ခံနေရတာတွေကို ခုမှပြောခွင့်ရ၊ ပြခွင့်ရလို့ .. ဒီမိုကရေစီနိုင်ငံတော်သစ်ဆီကို ဖယောင်းတိုင်ထွန်းပြီးချီတက်နေကြတာပါ။

PwaG said...

နှစ်ပေါင်းများစွာလုပ်ခြင်တိုင်းလုပ်နေတုန်းကငြိမ်ခံနေကြပြီး၊ အခြေနေအရဖြစ်ရတာကိုတောင်းပန်ထားပြီးပြီဘဲ။ သူတို့ပြောသလိုတိုင်တွေပြင်ဆင်ပြီးတဲ့အထိစောင့်ကြည့်ကြပါဉီးလား၊ နေစဉ်ရက်ဆက်အလုပ်ပျက်ခံပြီးဘာလို့ဆက်တိုက်ဆန္ဒပြနေကြ တာလည်း။ နားမလည်တော့ဘူး။ ရှင်းရှင်းလေးကိုရှုပ်အောင်မလုပ်ကြပါနဲ့။ကြားထဲကဖြတ်ခုတ်သွားလိမ့်မယ်ဆိုတာသတိရှိကြပါ။ နောက်တော့ပြန်မလှဲ့ဘူး၊ဒါပေမယ်အရင်တိုင်းဘဲပတ်လည်ရိုက်နေဉီးမယ်။အခုလည်းတတိုင်းပြည်လုံးဘယ်လိုဆန္ဒရှိတယ်ဆိုတာတာဝန်ရှိတဲ့သူတွေသိနေပြည်ဘဲ။ အရင်လိုလုပ်ခြင်တိုင်းလုပ်လို့မရတော့ဘူးဆိုတာသိနေလောက်ပြီး။ပြည်သူတွေရဲ့ရိုးသားစွာဆန္ဒပြမှုတွေကအခွင့်ရေးသမားတွေအတွက်ဝမ်းသာစရာဖြစ်နေဉီး မယ်။။။။။ဆက်ပြီးပြခြင်နေသေးရင်တော့တာဝါတိုင်ကိုဗုံးခွဲတဲ့အဖျက်သမားတွေအတွက်ပါဆန္ဒပြရှုံ့ချကြပါဉီး

Snow said...

နေပြည်တော်မှာညနက်ကြီးလျှောက်သွားရင်တောင် သရဲကြောက်စရာမလိုအောင်ကိုမီးတွေကထိန်လင်းနေတာ။ ကန်တွေရဲ့ပတ်ပတ်လည်မှာထိန်လင်းနေတဲ့မီးတွေကလည်းအရမ်းကိုလှပါတယ်။ ခက်တာက.......အဲ့ဒိမီးတွေရဲ့အလှကိုရှုစားမယ်လူကတော့ မရှိသလောက်ပါပဲ။ အဲဒိမီးတွေကိုသာလိုအပ်နေတဲ့ပြည်သူလူထုဆီကိုပို့ပေးနိုင်မယ်ဆိုရင် အားလုံးကျေနပ်ဝမ်းသာကြမယ်လို့ထင်ပါတယ်။

Save said...

ရပ်ရပ် ဆန္ဒပြမှု့တွေ ရပ်တန်းကရပ် ဒီမိုကရေစီဆိုတာရောနားလည်ရဲ့လား
အထက်ကိုစာတင် ပြီးမှပြရမှာ...

thuthu said...

ဖမ်းနေ ဆီးနေ တားနေတဲ့ ရဲတွေအိမ်မှာလဲ မီးမလာပါဘူး... ဒီတော့တစ်ခုပဲထောက်ပြချင်တယ် ဆန္ဒပြနေတဲ့ သူတွေက သူတို့အိမ်နံပါတ်တွေနဲ့ မီးပေးပါလို့ တောင်းဆိုနေတာ မဟုတ်ဘူး..ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုယ်စား ဆန္ဒပြပေးတာ ဒါကိုလိုက်ဖမ်းတဲ့ကောင်တွေက မိမိဘ၀ကို ရာထူးတစ်ခုဆီမှာ အပေါင်ထားပြီးဘ၀တူ ပြည်သူအချင်းချင်း ပြသနာ ရှာနေတာကတော့"အမိန့်" ဆိုတဲ့ စကားလုံးအောက်မှာ ခိုင်းသမျှ အကုန်လိုက်လုပ်နေတာကတော့ ပညာမဲ့လွန်း အားကြီးမနေဘူးလား

ngaba said...

အရင်ခေတ်ကလည်း ဒီဝန်ကြီးပဲ၊ အခုလည်းသူပဲ ခဏခဏ.. စောင့်လာတာလည်း နှစ်၂၀ကျော်ပြီ။ ပြည်သူလူထုက ဒီလောက် တောင်းဆိုပေးမှာ အဲဒီလူပျင်းတွေက နဲနဲပဲလုပ်တာ။ အခုလည်း လုပ်နေပါပြီ၊ လုပ်နေပါပြီ.... ဒါဆို အရင်အနှစ်၂၀ကျော် ဘာမှ မလုပ်ဘူးလား။ လုပ်တာလည်းလုပ်ပါ။ လုပ်တဲ့အလုပ်က တိုင်ရင်းသား မိဘပြည်သူတွေ အဆင်ပြေစေမယ့် အလုပ်ဖြစ်ဖို့လည်း လိုတယ်။ ဒီလိုပဲ.. အနှစ်၂၀ကျော်စလုံး လုပ်နေပါတယ်.. လုပ်နေပါတယ်.. ဆိုပြီး မီးမမှန်တာကို သိရက်နဲ့များ ဆန္ဒဖော်ထုတ်တဲ့လူတွေကို အားမနာပဲ ရှုံချသလို လေသံ ထွက်တဲ့ကောင်တွေကို တော်တော်စိတ်ကုန်မိတယ်။
ကုန်အောင်ပြောလိုက်မယ်။
စစ်တပ်က အာဏာပြန်သိမ်းချင်ရင် လူတွေလမ်းပေါ်ထွက်တာ၊ ဆန္ဒဖော်ထုတ်တာ ဒါတွေကို သောက်ဂရုစိုက်နေမှာမဟုတ်ဘူး။ သိမ်းချင်စိတ်ရှိနေရင် ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် သိမ်းမှာပဲ။
အခု မြန်မာ့ဒီမိုကရေစီအရွေ့ကို နိုင်ငံတကာက အချိန်တိုတိုအတွင်း အသားကုန် အသိအမှတ်ပြုနေတာ သိပ်ပြီးချစ်လွန်းလို့မဟုတ်ဘူး။ လက်ရှိနိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့ကို စစ်တပ်က နောက်တစ်ကြိမ်အာဏာတက်သိမ်းရင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက တရားဝင်ဗျင်းလို့ရအောင်လို့.. ခင်းထားတဲ့ လမ်းတွေပဲ။
သိပ်လည်း အစိုးရိမ်မကြီးကြပါနဲ့.. နဲနဲပါးပါးဆန္ဒဖော်ထုတ်တာကို သိပ်ပြီး သွေးပျက်မနေကြပါနဲ့။
စစ်တပ်ကအာဏာသိမ်းမှာဆို ဘာဖြစ်ဖြစ် သိမ်းမှာပဲ။ အခု မသိမ်းဘူးဆို မသိမ်းသေးဘူး၊ ဘာလုပ်လုပ်...။ ဒီတစ်ခါအရွေ့က အရင်ခေတ်တွေနဲ့ မတူတော့ဘူး။ ကမ္ဘာအရပ်ရပ်မှာ အာဏာရှင်စစ်ဘီလူးတွေ ဘယ်လိုစခန်းသိမ်းနေတယ်ဆိုတာ သူတို့တွေ ပိုသိတယ်။
အခုပြောနေတဲ့လူတွေ ဒီမိုကရေစီကို ရင်ထဲအသည်းထဲက လိုလိုလားလား မရှိဘူးဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ပြောကြပါ။ ဟိုလိုလို ဒီလိုလိုနဲ့ အဲလိုကောင်တွေ သုံးစားလို့မရဘူး။
အခြောက်တိုက်ကြီး အဓိပါယ်မဲ့ လမ်းပေါ်ထွက် အဖျက်အမှောင့်တွေ လုပ်တာမျိုးကိုတော့ လုံးဝကို မထောက်ခံဘူး။ နောက်ကြောင်းပြန်လှည့်မှာ စိုးရိမ်လို့ပါ... ဆိုတာကတော့ အဓိပါယ်ကို မရှိသေးဘူး။
လှည့်ချင်လှည့်မယ်၊ မလှည့်ချင် မလှည့်ဘူး။ အခု မလှည့်သေးဘူး သေချာတယ်။ လှည့်မယ်ဆိုရင် မင်းဘာလုပ်မလဲ။ ဒီမှာကွန်မင့်တောင် လာရေးရဲမှာတော့မှာ မဟုတ်ဘူး။ အခုလည်း စစ်တပ်ကအာဏာမသိမ်းဘူးလို့ အထိုက်အလျှောက် ယုံကြည်မှုရှိလို့ ဒီလို ကွန်မင့်တွေ ရေးရဲနေတာမဟုတ်လား။ တကယ် နောက်ကြောင်းပြန်လှည့်ကြည့် အရင်ဆုံး ပြေးမယ့်သတ္တိခဲတွေ။

htay oo said...

အများကြီးနားမလည်လို့ အများကြီးလည်းမပြောချင်ပါဘူး.... ပြည်တွင်းမှာ ပိုလျှံလို့ ပြည်ပကို ရောင်းစားနေတယ် လို့ပြောတဲ့ စောက်ရှက်မရှိတဲ့ကောင်ကိုပဲမေးချင်ပါတယ်... ဘာလုပ်ပေးမလဲ ငါတို့ပြည်သူတွေကို..... လျှပ်စစ်နဲ့ပတ်သတ်ရင်..သူ့လောက်သိတဲ့သူမရှိဘူးဆို....အခုသိတဲ့ပညာနဲ့ ပြည်သူတွေကို မျက်နှာပြပါအုံးလား

linn said...

ကျွန်တော့် ဘယ်သူနဲ့မှမပက်သက်ပါ။ အမျိုးနီးစပ်ထဲမှာတောင် ၀န်ထမ်းမရှိပါ။ ကျွန်တော်ကိုယ်တိုင်လည်း ၀န်ထမ်းမလုပ်ပါ။ လစာနဲ့မလောက်လို၊့ မခိုးရင်လဲ ငတ်မှာမို့ပါ။ ကျွန်တော် အခု ၂၄ နာရီတစ်နှစ်ပါတ်လုံး မီးအမြဲလာတဲ့နိုင်ငံမှာရောက်နေပါတယ်။ ပြီး ကျွန်တော့ အရည်အချင်းနဲ့ တစ်ကမ္ဘာလုံး ကြိုက်တဲ့နိုင်ငံသွား မျက်နှာမငယ်ရပါဘူး။ ပညာမတတ်တဲ့လူတွေသာ မျက်နှာငယ်ရတာပါ။ ကျွန်တော်အခုပြောနေတာ မြန်မာပြည်သူတွေအတွက်ပါ။ မြန်မာပြည်အနာဂတ်အတွက်ပါ။ ဒီမိုကရေစီအရ မိမိအမြင်ကို တင်ပြပါတယ်။ လွတ်လပ်စွာ သလောကွဲလွဲခွင့်ရှိတယ်မြင်လို့ပါ။ ပြည်သူအများက လမ်းပေါ်ထွက်တာဟာ အလုပ်ဖြစ်တယ်လို့ မြင်လို့ ဆက်လုပ်ရင် မတားပါဘူး။ ဒီမိုကရေစီအရ အများဆန္ဒအတိုင်းပါပဲ။ ဒါပေမဲ့ ဘာပဲ လုပ်လုပ် မလုပ်ခင် ကြိုတွေးပါလို့ပဲ မှာချင်ပါတယ်။ ဘုရားဟောတာကတော့ ဥာဏပုပ္ဗင်ဂမာတဲ့၊ ဥာဏ်သာလျှင် ရှေ့သွားရှိ၍ လို့ပြန်ပါတယ်။ မြန်မာနိုင်ငံသားများ အလုပ်ကောင်းပြီး ကံကောင်းကြပါစေ။

linn said...

Aung San ဆိုပြီးရေးတဲ့ပုဂ္ဂိုလ် အနေနဲ့ အဲသည်လောက်ပဲ အဆင့်ရှိတဲ့ ကွန်မန့်ရေးမယ်ဆို တခြားနာမည်တွေ ရွေးပါလို့ မေတ္တာရပ်ခံပါတယ်။

Kingnight said...

ngbsပြောတာမှန်တယ်ကြောက်ပြီးငြိမ်နေ ကြလိုဒီနအဖ တွေ နှစ်၂၀လောက် သက်ဆိုးရှည်လာတာ လွတ်လပ်ရေး မရခင် ကလည်း နယ်ချဲ့တွေ က လွတ်လပ်ရေးပေးမယ် လို့ပြောတာပဲ ဗိုလ်ချုပ် သာအမြော်အမြင်ရှိ လို ရခဲ့တာ သူတို့ပြော တဲ့အတိုင်းသာ စောင့်ကြည့် ယခုထိတောင် ကျွန်ဘဝက လွတ်မှာလား ယခုလည်း ဒီအတိုင်း ပဲ ငြိမ်းချမ်း စွာလုပ်ဆောင်ဖို့က အဓိကပါ ဗမာတွေဖြစ် ပြီး သွေးမကြောင်ကြပါနဲ။မှတ်ချက် ကြောက်တက်ရင်ထမီ ဝတ်ထား ယောကျာ်းမလုပ်နဲ့

shingyi said...

ဗုန်ခွဲထားတာမပြင်၇သေးဘူး။ကြောင်ကိုဘယ်သူချူဆွဲမလဲ။KIA/kio
ပြည်သူကိုမလုပ်သင့်ဘူး။

lionking said...

comment ကိုကြည့်ရင် ရေးတဲ့လူဟာ ဘယ်လောက် ပညာတတ် မတတ် မှန်းလို့ရပါတယ် လူတွင်ကျယ်လုပ်ပြီး အချင်းချင်း စကားနိုင်လုချင်နေတာ ဆိုရင်တော့ မင်းတို့ဆိုက်ကားဂိတ်နားက လဘက်ရည်ဆိုင်ပဲ သွားထိုင်တော့ aung san ရေ။ မတန်မရာ ပေးထားတဲ့ နာမည်ကိုတော့အားနာပါတယ်။

linn said...

Kingnight ပြောတဲ့ ကြောက်တက်ရင်ထမီ ဝတ်ထား ယောကျာ်းမလုပ်နဲ့ ဆိုတာဖတ်မိတော့ စုဖုရားလတ်က ကင်းဝန်မင်းကြီး ဦးကောင်းကို ထမီနဲ့ကျောက်ပျဉ်ပို့ပေးတာ သတိရပါတယ်။ ပြီးတော့ စုဖုရားလတ်ဟာ ရတနာဂီရိမှာ ကံကုန်ခဲ့ပါတယ်။ ကင်းဝန်မင်းကြီး ကတော့ မြန်မာပြည်ကို အဂလိပ် သိမ်းအပြီးမှာ အုပ်ချုပ်ရေး အသားကျဘို့ ကူလုပ်ပေးခဲ့ပါသေးတယ်။ အလိုတော်ရိလို့ပြောနိုင်သလို၊ ဖြစ်လာတဲ့အခြေအနေမှာ ပြည်သူတွေ ခံစားရချက် သက်သာအောင် ကူတယ်လို့မြင်ရင်ရော။ (ကွက်ကွက်ကွင်းကွင်းမြင်အောင်ဥပမာပေးရလျှင် အလိုမတူပဲ နောက်ပေါက်ကိုကျင့်ကြံနေတာကို တားမရ၊ တားခွင့်မရှိ တဲ့အတူတူ ဆီပုလင်းလက်ဆောင်ပေးတာမျိုးပေါ့။ သူ့ကိုဘယ်လိုဆုံးဖြတ်မလဲ၊ ကျင့်ကြံသူနဲ့ အလိုတူလို့ပြောမလား၊ ခံရသူဘက်ကနေကူတဲ့လူလို့ပြောမလား။ တွေးကြည့်ဘို့ပါ။) ဒါ့ထက်ကောင်းတဲ့ ဥပမာ စဉ်းစားမရလို့ဗျာ။ သည်းခံကြပါ။ :(

Anonymous said...

ကျမထင်တာကတော့ comment ရေးတယ်ဆိုတာ ကိုယ့်ထင်မြင်ယူဆချက်ကို
လွတ်လပ်စွာ ရေးသားခြင်းလို့ ယူဆမိပါတယ်။ ဒါပေမယ့်တစ်ချို့ တစ်ချို့comment တွေကတော့ ကိုယ်ဆဲရင် လိုက်ဆဲမှကြိုက်တဲ့သူ..လိုက်မဆဲရင်ုကမ်ုးကမ်းတမ်းတမ်း အားမနာပစကား
တွေနဲ့ ပြန်ဆဲထားတဲ့သူတွေကို အုံ့သမိပြီး ဒီလိုလူမျိုးတွေ တကယ်ပဲ ဒီမိုကရေစီဆိုတဲ့ စကားနဲ့တောင် တန်ရဲ့လားလို့ ထင်မိပါတယ်။ လွတ်လပ်စွာကွဲလွဲခွင့်ရှိပါတယ်...(ကျမကဘယ်သူနဲ့မှမပတ်သက်ပါဘူး)

Powered by Blogger.