ယနေ့ မေလ(၃)ရက်နေ့  နေပြည်တော်မှာ ဆိုင်ကယ်များ ဖမ်းဆီးစစ်ဆေးနေစဉ် |
ကျွန်တော် နေထိုင်ရာနယ်မြေ တာဝန်ခံ သုခသိဒ္ဓိရပ်ကွက် ရဲစခန်းတွင်တိုင်ကြားထားသော်လည်
သို့ ဖြစ်ပါ၍ ကျွန်တော်၏ ယာဉ်မောင်းလိုင်စင်မှာ ယနေ့အချိန်ထိ ရရှိခြင်းမရှိသေးပဲ ပျောက်ဆုံးကြောင်းရဲစခန်းမှ ထောက်ခံချက်ဖြင့်သာ သွားရောက်နေရပါသည်။ ယနေ့တွင်မူ မော်တော်ပီကယ်များမှ ယင်းထောက်ခံချက်ဖြင့် သွားလာ၍ မရကြောင်း ထောက်ခံချက်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ကျွန်တော်သည် ကညန ရုံးသို့ လိုင်စင်သွားရောက် လျှောက်ထားခြင်း မပြုလုပ်ဟုသာ ယူဆကြောင်း ပြောကြားကာ ပြေစာဖြတ်ပိုင်းပေးပြီး ဆိုင်ကယ်ဝှီးတက်ကို သိမ်းထားလိုက်ပါသည်။
ကျွန်တော်တို့ ၀န်ထမ်းများမှာ လုပ်ငန်းလိုအပ်ချက်အရ ဆိုင်ကယ်ဖြင့် မဖြစ်မနေ သွားလာရသော အချိန်များ ရှိပါသည်။ ရဲစခန်းမှ ထောက်ခံချက်ကို ပြည်ထဲရေးဝန်ကြီးဌာန အခြင်းခြင်း အသိအမှတ်မပြုခြင်း၊ ကညနရုံး၏ နှောင့်နှေးကြန့်ကြာနေသော ရုံးလုပ်ငန်း လုပ်ဆောင်ချက်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တာဝန်ယူ ဖြေရှင်းပေးစေ လိုပါသည်။
နေပြည်တော်မှ ၀န်ထမ်းတဦး
ပြည်ထဲရေးနှင့် ကညန ပေါင်းပြီးဂွင်ရိုက်ကြပြီ
Reviewed by သစ်ထူးလွင်
on
17:18
Rating:
26 comments:
မိတ်ဆွေကလည်း အ လိုက်တာ
ကျုပ်လည်းအရင်က အဲဒီလိုတွေကြုံတာပေါ့
ကိုယ်တွေထင်တာက အော် သူတို့တွေလည်း
အလုပ်တွေများ ဋ္ဌာနအခြင်းခြင်းအချိပ်အဆက်
တွေကြောင့် နှောက်နှေးနေတယ်လို့ထင်တာ
ဘယ်ကလာဗျာ အဲဒါ ပိုက်ဆံမပေးလို့ဗျ
နေ့ရွှေ့ညရွှေ့ ဟိုရက်ချိန်း ဒီရက်ချိန်းလုပ်နေကြတာ
မသိရင်မှတ် ယူနီဖောင်းဝတ် သူတောင်းစားလို့ခေါ်တယ်
ွှအဲဒါမျိုးဆိုရင် ဘယ်သူ့ကို တိုင်ရမလဲဗျာ....... အဲဒီလိုမျိုးလဲ မဖြစ်သင့်ပါဘူး.... ရှေ့နေဦးဖိုးဖြူနဲ့ တိုင်ပင်ကြည့်ရင် အကောင်းဆုံးလို့ထင်ပါတယ်......
ဝန်ကြီးဌာနက...လူတွေအကုန်းလုံးလဲ ပြောင်းပါတော့ဗျို့...
နောက်မှာလဲ ကောင်းတဲ့သူတွေ တက်ချင်မှာပေါ့ဗျာ....
မကောင်းရင် ဂျောင်းစနစ် ကျင့်သုံးသင့်ပြီ.....
အဆင်ပြေဖို့ရေလောင်းရတဲ့ခေတ်မှာပဲရှိပါသေးတယ်။
ခု ထိတော့ ကညန မှာ ပွဲစား ဆိုတဲ့ လူတန်းစား တွေမပျောက်သေးဘူး ဗျ ..........သူတို့က ၀န်ထမ်း တွေနဲ့ ရင်းနှီး တော့ ဘယ်လို လမ်းကြောင်းနဲ့ ဘယ်လို ၀င်ရမယ်ဆိုတာ သိကြတယ် ..ဒါကြောင့် အဆင်ပြေပြေ နဲ့ရုံး လုပ်ငန်း မြန်မြန်ဆန်ဆန် ပြီးပါတယ်..........အဲ ပိုက်ပိုက်တော့ ပိုကုန်သွားတာပေါ့နော် ...........:P ကိုယ်တိုင် သွားလုပ်တော့ ထုံးစံအတိုင်း ပါပဲ ဗျာ ရစ်တယ် ထောက်တယ် ဟိုဟာ လိုတယ် ဒီဟာ လိုတယ်နဲ့ ........ဟိုနေ့ချိန်းတယ် ...........တော်ကြာချိန်းတယ် .. အဲလိုခဏခဏ ချိန်း ကြတုန်းပဲ ဗျို့ ............................
အင်း မောင်းတဲ့သူ ကလဲ မောင်းတဲ့သူအလိုက် စည်းကမ်းမဲ့ကြတာပဲ .............ဖမ်းတဲ့သူ တွေ ကလဲ စည်းကမ်းမဲ့ ကြတာပဲ အချို့ အချို့ ၀န်ထမ်းတွေဆို ဥပဒေမဲ့ လုပ်ရပ် ... မင်းမဲ့စရိုက်ဆန်ဆန် ဖမ်းဆီး အရေးယူနေတာ တောင် ခဏခဏ ကြို ကြားကြိုလား တွေ့ နေရလေရဲ့ ...........တရားဥပဒေ စိုးမိုးရေး ဘယ်နား မှာလဲ ...............
ကိုဝန်ထမ်း
ခင်ဗျားအဖြစ်ကစဉ်းစားရတယ်ကျပ်ပါလား။
နေပြည်တော်မှာလည်းဒီလိုဖြစ်နေဘီနော်။
သိလား။
မဲမထည့်လို့ဟေ့သာအော်လိုက်ချင်တယ်။
ကျွန်တော်လည်းတခါ ဖမ်းခံရဘူးတယ်.. ကျွန်တော့ကို ဖြတ်ပိုင်းပေးလိုက်တယ်.. အခုထိမရွေးနိုင်သေးပါဘူး..
အဖမ်းခံရတယ်ဆိုတာဒီလိုပါ.. အဲနေ့က မှတ်မှတ်ရရ သီတင်းကျွတ်လပြည့်နေပါ.. နေပြည်တော် ရွှေတိဂုံပုံတူကိုဘုရားကအပြန်ပါ.. သတ်မှတ်မျဉ်းအတွင်းမမောင်းလို့ဆိုပြီး ဖမ်းပါတယ်. ကျွန်တော်ဆိုင်ကယ်ကို ဘေးကပ်မောင်းပါတယ်.. ရှေ့မှာ ဖမ်းထားတဲ့ဆိုင်ကယ်တွေက ကိုးလို့ကန့်လန့်တွေရပ်ထားတာပါ.. အဲနားရောက်မှ ဆိုင်ကယ်ကို မျဉ်းဝါအပြင်ကပ်ရပ်မိပါတယ်.. ကျွန်တော် အကုန်အစုံပါပါတယ်.. ဦးထုပ်လည်း ဆောင်းထားပါတယ်.. ကျွန်တော့်ကို ရပ်ခိုင်းပြီး အကုန်စစ်ဆေး ဖမ်းပါတယ်.. ချလန်ဖြတ်ပေးပါတယ်.. ကျွန်တော် အနူးညွှတ်တောင်းပန်သော်လည်း မရခဲ့ပါ.. ကျွန်တော်လည်း အဲနားမှာပဲ ကြံရာမရ ရပ်နေခဲ့ပါတယ်.. တချို့ဆိုင်ကယ်စီးသူတွေက ဦးထုတ်တောင်မပါဘဲ သူတို့ကို ရပ်မပေးဘဲ မောင်းပြေးကြပါတယ်.. ပြီးတော့.. နေပြည်တော်စည်ပင်ဧည့်ရိပ်သာက ၀န်ထမ်းတစ်ဦး ဖမ်းဆီနေတဲ့နေရာက မပြန်ခင် ရောက်လာပါတယ်.. ဆိုင်ကယ်မှာ ဘက်မှန်မပါ.. ရှေ့နံပါတ်ပြားမတပ်.. ဆိုင်ကယ်စီးသူမှာ ဦးထုပ်မပါ.. ယဉ်မောင်းလိုင်စင်မပါ... ဒုရဲအုပ် ၀င်းနိုင်ဦးဆိုတဲ့ ယဉ်ထိန်းရဲက အဲလူငယ်အား မေးမြန်နေတာကိုကြားနေရပါတယ်.. လူငယ်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာက ၀န်ထမ်းပါ.. ဗိုလ်မှူးဘယ်သူပါဆိုပြီး ပြောလိုက်တော့ ကျွန်တော့ရှေ့မှာတင် အဲလူငယ်အား လွှတ်ပေးလိုက်ပါတယ်.. ကျွန်တော်အရမ်းစိတ်နာခဲ့တယ်.. စည်းကမ်းဆိုတာ အားလုံးတစ်ပြေးညီပါ.. သို့ပေမယ့် အခုလိုဖြစ်ရပ်မျိုးကို ကျွန်တော်မျိုသိပ်ခဲ့တာကြာပါပြီ.. ကျွန်တော်လည်း အခုလိုဖြစ်ခဲ့ဖူးပါတယ်.. နေပြည်တော်မှ .... ၀န်ထမ်းတစ်ဦး
အကြောင်းပြတာကတော့ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း
လုပ်နေတာကတော့ရံပုံငွေရရေး၊
ဒီတော့ဘယ်ခါမှယာဉ်စည်းကမ်းလမ်းစည်းကမ်းကကောင်းလာမှာမဟုတ်ဘူး၊
အမှန်တကယ်အကျိုးသက်ရောက်မှုကိုလိုချင်ရင်ဘယ်လိုလုပ်ရမလဲဆိုတာ
ပြင်ပ(တတိယအဖွဲ့)ကတတ်သိနားလည်သူများအကူအညီနဲ့လုပ်သင့်ပါတယ်။
ဌာနဆိုင်ရာချင်းလဲပူးပေါင်းဆောင်ရွက်ရမှာအများကြီးပါ။
လမ်းညွှန်အမှတ်အသားကိုစည်ပင်ကလုပ်တယ်၊
မပြည့်စုံဘူး
ဒီအပေါ်မှာမော်တော်ပီကယ်ကအရေးယူတယ်
သူတို့လဲမှားလားမှန်လားမသိဘူး၊ဒါပေမဲ့ချလံဖြတ်ငွေသွင်းဒါပဲ။
ပြင်ရမှာကအများကြီးဘာကစလုပ်မလဲစဉ်းစားစရာပဲ။
မတတ်တာမဟုတ်ဘူးမလုပ်ချင်တာဆိုတော့တော်တော်ခက်မယ်
သူငယ်ချင်းရေ... ရက်ချိန်းပေးတဲ့သူကို လက်မှတ်ထိုးခိုင်းလိုက်လေ။ ဒီတစ်ခါ မြန်သွားပါလိမ့်မယ်။
ယခုလို ဒီမိုကရေစီ ခေတ်ကြီးထဲတွင် မြန်မာနိုင်ငံမှ ယာဉ်ထိန်းရဲများ၏ Supply Check လား Surprise Check လား မသိတဲ့ စစ်ဆေးမှုများဟာ နိုင်ငံတကာမှ စစ်ဆေးတဲ့ ပုံစံနဲ့ တော့ အတော့ကို ကွာဟ နေတယ် ထင်ပါတယ်.. နိုင်ငံတကာမှာ အမှားလုပ်မှ ဥပမာ(အမြန်မောင်းတာ၊ ဦးထုပ်မပါတာ၊ မသင်္ကာစရာ) တွေ တွေ့မှ ယာဉ်လိုင်စင်တောင်းကြည့်တာ တွေ့ရတယ်၊ ဒီမှာတော့ မဟုတ်ပါ၊ တွေ့သမျှ ယာဉ် အကုန်တား စည်းကမ်းလိုက်နာနာ မနာနာ လိုင်စင်တောင်း မပြစ်ရှာ တွေ့သမျှ ဖမ်းဆီး စားသောက်နေကြသလိုပဲ၊ ဒီလို စနစ်ကြီးကို ပြင်သင့်ပြီ ထင်ပါတယ်၊ နေပြည်တော်မှ ဆိုတာ ၀န်ထမ်းတွေ အများစု နေထိုင်ကြတာပါ ၊ မော်တော်ယာဉ်အများစုက ဌာနဆိုင်ရာ ယာဉ်တွေသာ ဖြစ်ပါတယ် ၊ ဒဏ်ကြေးကျတော့လဲ တစ်မှု ၂ သောင်းကျော် ဆောင်ခိုင်းတယ်၊ ၀န်ထမ်းတွေရဲ့ တစ်လစာ လစာနဲ့ ဆောင်လိုက်ရရင် မစားသာပါဘူး။ ဦးထုပ်မပါတာ၊ သုံးယောက်စီးတာ တော့ မပြောလိုပါ အန္တရာယ်ဖြစ်နိုင်လို့ တားဆီးတယ်ဆိုတာ လက်ခံပါတယ်၊ ဒါပေမဲ့ လိုင်စင် မပါတာ ၊ လျှောက်ထားတာ မရသေးတာ၊ ၀ှီးတက် မပါတာတို့ကျတော့ ဘာအန္တရယ်မှ ဖြစ်တာ မဟုတ်ပဲ၊ ဖမ်းဆီးနေတာတွေကတော့ တော်တော်လွန်လွန်းပါတယ်၊ ၀န်ထမ်းအများစုဟာ ဌာနဆိုင်ရာ အလုပ်ကိစ္စများကို အချိန်နှင့်တပြေးညီ လုပ်ဆောင်နေရချိန်မှာ ၀ှီးတက်တို့ လိုင်စင်တို့ ဆိုတာ မေ့ကျန်နေခဲ့တာ၊ ပျောက်ဆုံးသွားလို့ လျှောက်ထားဆဲ ဆိုတာတွေကို ဖမ်းဆီးနေတာတွေကတော့ တော်တော့ကို ဆိုးလွန်းပါတယ်၊ ဘယ်တော့များမှ ဒီလို ဥပဒေတွေကို ပြင်နိုင်မလဲ မသိတော့ပါဘူး၊ လိုင်စင်လျှောက်တယ်ဆိုတာလဲ ကညန က ရစ်သမျှကို ခံရပါတယ်၊ လိုင်စင်နံပါတ် မေ့နေရင် ဘယ်လိုမေးမေး မရတော့ပါဘူး၊ အသစ်လျှောက်ဖို့ကျတော့လဲ သင်တန်းက တက်ရအုံးမယ်၊ ရုံးချိန်တွေ နဲ့ မတိုက်အောင် ဘယ်လိုများ တက်ရမှာပါလဲ၊ နေပြည်တော်ဆို သင်တန်းတက်မယ့် နေရာကို သွားရတာ တစ်နေကုန် တော့ တာပါပဲ ၊ သက်ဆိုင်ရာ အကြီးအကဲများမှ အဆိုပါ အခက်အခဲများအား ပြင်ဆင်ပေးမယ် ဆိုရင်တော့ တော်တော်ကောင်းသွားမယ်လို့ ထင်ပါတယ်
င်္ဲမြန်မာနိုင်ငံတွင်ပြည်သူကိုအနှိပ်စက်ဆုံးဌာနတွေထဲမှာကညန လည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်....မော်တော်ပီကယ်လည်းဆိုး
တာပါပဲ..၂၀၀၄ခုနှစ်လောက်ကကိုယ်တိုင်ကြုံတွေ.ခဲ့တာလေးပြော
ပြချင်ပါတယ်...အဲဒီတုံးကနယ်မှာတာဝန်ကျ ရင်းကားလိုင်စင်သက်
တမ်းတိုးဖို့ခွင့်ယူပြီးရန်ကုန်ဆင်းရပါတယ်..သောကြာနေ့မနက်ကညနရုံးရောက်တော့ယာဉ်စစ်ပြီးငွေမသွင်းမီရဲမှုရှိမရှိကွန်ပြူတာမှာစစ်ရပါတယ်..အဲဒီမှာပြသနာကစတာပါ..အမှုရှိတယ်ဆိုပြီး၅၁လမ်း
ရုံးကိုသွားခိုင်းတော့တာပါပဲ..ခွင့်ကသိပ်မရတော့ငွေသွင်းမမီရင်စနေ၊တနင်္ဂနွေခံတော့မှာပဲလို့စိတ်ပူသွားပါတယ်..(ဆက်ပါဦးမယ်)
၅၁လမ်းရုံးရောက်တော့၁၀း၃၀ခန့်ရှိပါပြီ..ချလန်တွေတပုံကြီးကြား
မှမိမိနာမည်ခေါ်သံကိုနားစွင့်ရပါတယ်..ကော်ရစ်ဒါကျဉ်းကျဉ်းလေး
မှာစားပွဲခုံများလူများနဲ့ပြည့်ကြပ်နေပါတယ်..မီးကပျက်နေလို့မီး
စက်ကနှိုးထားတဲ့အတွက်မီးခိုးနံ့ရှုရင်းချွေးသံတရွဲရွဲနဲ့ငရဲကျနေသလိုပါပဲ..ချလန်ထွက်လာတော့ကိုယ့်အမှုကိုကြည့်တဲ့အခါသံသုမာလမ်းမှာကား၂ထပ်ရပ်မှုတဲ့..သူတို့ပြောတဲ့ရက်ပိုင်း၊လပိုင်းတွေမှာ
ရန်ကုန်မပြောနဲ့..နယ်မှာကိုယ့်အလုပ်နဲ့ကိုယ်..အားတောင်မအား
ပါဘူး..မဖြစ်နိုင်ကြောင်းပြောတော့လည်းလုံးဝလက်မခံပါ..ဖမ်း
တဲ့အဖွဲ့ကတခြားအဖွဲ့လို.ဆိုပါတယ်..အဲဒါနဲ့ပဲအောင့်သက်သက်နဲ့ဒဏ်ငွေငါးသောင်းကျော်ဆောင်ခဲ့ရတယ်..(ဆက်ပါမည်)
ဒဏ်ဆောင်ပြီးတော့လိုင်စင်တောင်းရာမပြီးသေးကြောင်း၊ယခုဆောင်သောငွေမှာစီမံချက်အတွက်ဖြစ်ကြောင်း၊တည်ဆဲဥပဒေအရတရားရုံးမှာသွားဆောင်ရဦးမည်ကြောင်းပြောပြီးဗိုလ်ကလေးဈေးလမ်းကိုသွားရန်ပြောပါတယ်..လိုင်စင်ကိုလည်းသူတို့ဆိုင်ကယ်နဲ့ပို့ပေးမယ်လို့ပြောပါတယ်..အဲဒါနဲ့ထမင်းတောင်မစားနိုင်ပဲဗိုလ်ကလေးဈေးလမ်းကိုပြေးရပါတယ်..ဟိုရောက်တော့မွန်းလွဲပြီ..တရားသူကြီးထမင်းစားနားလို့တရားရုံးခဏပိတ်ထားတယ်..ကိုယ့်အလှည့်ကျော်
သွားမှာစိုးလို့ထမင်းတောင်သွားမစားရဲဘူး...၂နာညရီထိုးတော့
တရားရုံးပြန်ဖွင့်တယ်..ဒဏ်ငွေလေးက၃၊၄ရာလောက်ပဲဆောင်ရတာပါ..အဲဒီကမှ၅၁လမ်းရုံးပြန်ပြေး၊ဒဏ်ဆောင်ပြီးကြောင်းချလန်ပြမှမော်တော်ပီကယ်ရုံးကအဆိုပါယာဉ်ကဒဏ်ဆောင်ပြီး
ကြောင်းကညနကိုစာရေးပေးသဗျာ..(ဆက်ပါမည်)
ိခင်ဗျားက (၁၀ လပိုင်း)ထဲက ရေလောင်းရမှာ။ အခုမှတော့ ပိုရှုပ်ကုန်ပြီပေါ့။ (မြန်မာနိုင်ငံက ဘယ်နေရာရောက်ရောက် ရေလောင်းမှအပင်ပေါက်တယ်။)
(တိုးတိုးလုပ်၊များများပေး၊မြန်မြန်ရ၊...အဲဒါ၊ ငါတို့တိုင်းပြည်ကွ။)
ဟုတ်ပါတယ်ဗျာနေပြည်တော်မှာ ရုံးပိတ်ရက်ဆိုရင်နေရာအတော်များများမှာ မော်တော်ပီကယ်တွေ ပိုက်ဆံရှာကြပါတယ် သူတို့တားတာရပ်ပီဆိုရင်တခုမဟုတ်တခုအပြစ်ရှာတာပါပဲ ဒါဏ်ကြေး (orစီမံချက်ကြေး) ကလည်း ၂၅၀၀၀ ဆိုတော့တခြားမြို့တွေမှာဆိုရင် တမှုကိုမှ၁၅၀၀နှင့် ယှဉ်ရင်အတော်များနေပါတယ် ရွာကောက်က(ရ.ယ.က) ရုံးမှာဆိုရင် မှောင်ခိုလုပ်ရင် ၂၈၀၀၀ကျပါ မှောင်ခိုဆိုတာကတော့ တရားရုံးတို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့ သွားစရာမလိုပဲ တာဝန်ကျရဲအုပ်ကလာဒ်စားပြီးလုပ်ပေးတာပါ (ရုံးရှေ့က ဖုန်းဆိုင်လေးမှားစုံစမ်းရင်ရပါတယ်) ဒီကိစ္စကိုနိုင်ငံတော်သမ္မတကြီးသိအောင်များများလေးရေးပေးပါလို့တောင်းဆိုချင်ပါတယ်.
နေပြည်တော်မှာ အကျင့်ပျက်ဆုံးဝန်ထမ်းတွေထဲမှာ ယာဉ်ထိန်းရဲ ၀န်ထမ်းတွေဟာ ထိပ်တန်းက ပါဝင်နေပါတယ်။ လူမြင်ကွင်းမှာ လာဒ်ပေးလာဒ်ယူမှုပြုမှုနေတာတွေဟာ အရေးယူအပြစ်ပေးသင့်နေတာကြာခဲ့ပါပြီ။ လူကြီးတွေ ဒါကို ဘာကြောင့်မမြင်ချင်ရောင်ဆောင်နေရတာလဲ။ဘာကြောင့် အပြစ်ပေးအရေးယူမှုမပြုတာလဲ စဉ်းစားမရအောင်ကိုဖြစ်နေရပါတယ်။လာဒ်ပေးလာဒ်ယူမှုကင်းရှင်းရမယ်လို့ပြောနေပြီး လူမြင်ကွင်းမှာ ပေါ်ပေါ်တင်တင်ပြုလုပ်နေတာတောင် ဖေါ်ထုတ်အရေးယူမှုမပြုတာဟာ သိပ်ရှက်ဖို့ကောင်းပါတယ်။
အစိုးရအသစ်မှာဘာတွေပြောင်းလဲပြောင်းလဲ...မပြောင်းလဲတာ.....supply check ပါ....suprise check မဟုတ်ပါ...
မြန်မာပြည်သည်..စိုက်ပျိုးရေးကိုအခြေခံသော...နိုင်ငံဖြစ်သည့်အတွက်...ရေနိုင်နိုင်လောင်းမှ....အပင်ပေါက်နိင်သည်ကို....အားလုံးသိထားသင့်ပါသည်...
အင်း အဲဒါနဲ့ တော့ မဆိုင်ပါဘူး။ လာဘ်စားတာနဲ့ ပါတ်သတ်လို့  ပြောချင်လို့ ပါ- ပြည်ပရောက်တွေ ပြန်တော်
ပြည်တော်ပြန်ခွင့်ရှိတယ်ဆိုလို့  ပြန်ဘို့ ရန် သက်ဆိုင်ရာ သံရုံးကို ဆက်သွယ်ပြီး ဆောင်ရွက်တဲ့အခါ- နာမည်ကြီးသူတွေကို လွယ်ကူစွာ ပြုလုပ်ပေးသော်လည်း-နာမည်မရှိတဲ့ ဒုက္ခသည်တွေကိုတော့ ကာလကြာမြင့်သော်လည်း အထက်တင်ထားပါတယ်ဆိုတဲ့ အဖြေမှလွဲပြီး ဘာမှ မရပါဘူး။ သံရုံးကို အကြိမ်ကြိမ်အခါအခါ ဖုန်းဆက်မေးသော်လည်း- အထက်တင်ထားပါတယ်ဆိုတဲ့ အဖြေဘဲ ရပါတယ်။ ဒါဆို ဘယ်တော့ရမလဲဆိုတော့ အဖြေမရှိဘူး- သံရုံက မြန်ရနိုင်တဲ့နည်းတော့ ရှိပါတယ်တဲ့- အဲဒါက ပတ်စပို့ ပျောက်တယ်လို့ သံရုံးကို အကြောင်းကြားပါတဲ့- သံရုံးက ပတ်စပို့ ပျောက်တဲ့အတွက် ဒဏ်ရိုက်မယ်- ၂-နှစ်စာတဲ့- ပြီးတော့ စာအုပ်ဖိုး ဗီဇာဖိုး စုစုပေါင်းပေါင်း ဒေါ်လာ ၂ထောင်ကျပါမယ်တဲ့- ဒဏ်ရိုက်ပေမဲ့ ဖြတ်ပိုင်းမပြန်မလာပါ ခင်ဗျာ-ပြည်တော်ပြန်ချင်တယ်ဆို ပတ်စပို့  မရှိပါဘဲ- ပတ်စပို့ ပျောက်တယ်လို့ လိမ်ညာရဦးမယ်။ အင်း ကောင်းလေစွ---
သူတောင်းစားကတောင်းရင်အများဆုံး၁၀၀ပဲတောင်းတာ
အဲဒီဘဲတွေကတောင်းရင်ပုံအောပြီတောင်းတယ့်တတောင်းစားတွေဗျ
ပြည်သူတွေအတွက်ဘာမှမပြောင်းသေးဘူး၊ပုံမှန်မတရားလုပ်ခံနေရတုံးပဲ။(နေရာတိုင်းမှာ)ပြည်သူတွေမတရားလုပ်ခံနေရတာအားလုံးနီးပါးဘာမှမဖြေရှင်းပေးသေးဘူး။
၇ဲတွေ...ယဉ်ထိန်း၇ဲတွေကို..ဒီအဖွဲ့အစည်းထဲဘယ်လို၇ည်၇ွယ်ချက်နဲ့ဝင်လာသလဲလို့မေးကြည့်ပါ...
"သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တာဝန်ယူ ဖြေရှင်းပေးစေ လိုပါသည်"
ကိုယ်လူ တိုင်တဲ့နေရာမှားနေပီး သူတို့တွေက သမတ က တို့ တို့ပေးမ အလုပ်လုပ်တာဗျ ဒါ့ကြောင် သမတ စီ အိပ်ဖွင့်ပေးစာ သာပေးလိုက်။
...(အပေါ်မှအဆက်)
၅၁လမ်းရုံးက(သက်တမ်းတိုးလုပ်ငန်းဆက်လက်ဆောင်ရွက်ပေးပါဆိုတဲ့)စာယူလာပြီးမြင်သာရုံးကိုပြန်ရောက်တော့ငွေသွင်းဖို.မမီတော.ပါ..အလုပ်ပျက်အကိုင်ပျက်နဲ့နောက်တနင်္လာနေ့မှပြီးပါတော့တယ်..စိတ်မောလူမောပေါ.ဗျာ..
ကျွန်တော်ဆိုချင်တာ..ဒီရုံးတွေကပြည်သူတွေအပေါ်တ
ကယ်စေတနာရှိတယ်၊လွယ်ကူချောမွေ့စေချင်တယ်ဆိုရင် ဒဏ်ငွေရိုက်တဲ့မော်တော်ပီကယ်ခုံရုံးရယ်၊တရားသူကြီးခုံရုံးရယ်အဖွဲ့နှစ်ဖွဲ့ကိုမြင်သာမှာရုံးလာထိုင်ခိုင်းလို့မရဘူးလားဗျာ..အချိန်မကုန်၊လူမပင်ပန်း ပြည်သူတွေဘယ်လောက်ကျေးဇူးတင်လိုက်မ လဲဗျာ..အခုတော.့.........စိတ်နာလို့ကောင်းတုံးပါပဲ။
ကညန မှာ အကြွေမရှိဘူးထင်တယ် အဲ့က ကားကတ္တား ချိန်တဲ့ကောင် ဖြတ်ပိုင်းမှာတော့ တန်ချိန်က ၅၀၀ တဲ့ ၁၀၀၀ တန်ပေးတာ ပြန်မအပ်းဘူးဆရာရေ... မောင်မင်းကြီးသားက မသိချင်ယောင်နဲံ့ ဟိုလုပ်သလိုဒီလုပ်သလို နဲ့ ခပ်တည်တည်ပဲ အဲ့လို သာ ကားအစီးရေ များလို့ကတော့ မောင်မင်းကြီးသားက ဂွင်ပဲ ဟုတ်ပါတယ် သူတောင်းစားတောင် ပေးမှယူတာ ဒီကောင်တွေက မပေးလဲ ပိုတာပြန်မအမ်းဘူး
ကံ့ကော်အ၀ိုင်းနားထိပ်နားကအ၇က်ဆိုင်မှာပိုဆိုးသေးတယ်နေ့ခင်းကြောင်တောင်အ၇က်မူးပြီသူတို့ဆိုင်ကယ်ဖမ်းဖို့က၇ိမ်းကာကိုလမ်းကန့်လန့်၇ပ်ပြီးမဖယ်ပေးလို့ဟွန်းတီးမိတော့ငါကမော်တော်ပီကယ်ကွတလမ်းလုံးပါပိုင်တယ်ဘယ်ကောင်မှမဖယ်ပေးလဲဆောင်ဂဂုစိုက်စ၇ာမလိုဘူးကွဆိုလို့အမူးသမားနဲ့စကားမပြောခြင်လို့နောက်ဆုတ်ပြီးတခြားလမ်းကသွားတာကိုညနေကြတော့ဒီကောင်တွေလေးရောက်ကလမ်းလည်မှာမတ်တပ်ရပ်ပြီတိုက်ရဲလျင်တိုက်ငါတို့ကမော်တော်ပီကယ်ကွ-
Post a Comment