KNU အဖွဲ့ |
အင်းခွန်ဆိုရင် အစိုးရကို လေလံဆွဲတဲ့အတိုင်း (၃၅)ရာနှုန်းထိ ထပ်မံ ပေးနေရတာ ဖြစ်ပြီး မပေးနိုင်ရင်တော့ အင်းလုပ်ခွင့်မပေးနိုင်ဘူးလို့ အင်းသမားတွေကိုခေါ်တွေ့ပြီး ပြောသွားခဲ့ပါတယ်။
ဆင့်ခေါ်တဲ့ ကေအန်ယူအဖွဲ့တွေကတော့ တောင်ငူခရိုင် တပ်ရင်း(၇)က ပဒိုမောင်အေးနဲ့ တပ်ရင်း(၉)က တပ်ရင်းမှူး စောပုလဲတို့ဘဲ ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။လယ်သမားတွေ ကလည်း စပါး မရတဲ့အတွက် တခြားနေရာက ၀ယ်ပေးရတာရှိသလို မပေးနိုင်တဲ့ လယ်သမားတွေက လည်း ရွာကနေ ရှောင်ပေး နေရပါတယ်။
တအိမ်ကို သုံးသောင်းကျပ် ကောက်ခံတဲ့အတွက် မပေးနိုင်တဲ့သူတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ကေအန်ယူဗဟိုကတော့ ဒီကိစ္စသူတို့ မသိရသေးဘူးလို့ အထွေထွေအတွင်းရေးမှူးဖြစ်သူ နော်စီဖိုးရာစိန်က ပြောပါ တယ်။
ဘာဘဲဖြစ်ဖြစ် ရွှေကျင်မြို့နယ်က ရွာသူရွာသားတွေ အင်းသမားနဲ့လယ်သမားတွေ ကတော့ ကေအန်ယူနဲ့အစိုးရတို့ ငြိမ်းချမ်းရေး ရပြီးကာမှ သူတို့ဘ၀ မငြိမ်း ချမ်းလာတယ်လို့ ဆိုကြပါတယ်။
ဘီဘီစီ - မြန်မာပိုင်း
ပဲခူးမှာ ကေအန်ယူ ဆက်ကြေးကောက်
Reviewed by သစ်ထူးလွင်
on
08:06
Rating:
5 comments:
ငြိမ်းချမ်းရေးလုပ်မည်ဆိုရင်-ပူးပေါင်းမည့်အဖွဲ့အစည်းကိုဘယ်လိုရပ်တည်နေထိုင်စား
သောက်နိုင်အောင်ဖန်တီးပေးမည့်အနေအထားကိုအရင်ချပြ
ဆွေးနွေးသင့်ပါတယ်၊အပိုင်စားပေးခံရမည့်နယ်မြေလူထုကိုလဲ
အသိပေးရပါမယ်၊ဒါမှဘယ်သူ့ကိုအဖေခေါ်ရမယ်ဆိုတာသိမှာပါ၊
နိုင်ငံတော်ကလဲအဲဒီနယ်မြေဖွံဖြိုးတိုးတက်ရေးအတွက်ဘာတွေ
စိုက်ထုတ်လုပ်ပေးမယ်ဆိုတာပြောပြီးလုပ်ပြရပါမယ်၊ဒီလိုမလုပ်ရင်ကောင်းမွန်သောအသက်မွေးဝမ်းကျောင်းမလုပ်ချင်လို့နေစရာနဲ့စားစရာအလွယ်တကူရအောင်သေနတ်ကိုင်လာတဲ့သူတွေနဲ့ငြိမ်းချမ်းရေးဆိုတာမတည်မြဲပါဘူး။
ပြည်သူလူထု ဟာ လက်နက်ကိုင် အဖွဲ့ အစည်းတွေ ရဲ့ အဖိနှိပ်ခံတွေ မဟုတ်ပါဘူး မတရား စက်ကြေးကောက် ရလောက်အောင်လဲ တိုင်းပြည်လွတ်လပ်ရေးမရသေးတဲ့အစိုးမရတဲ့ နိုင်ငံမဟုတ်တော့ပါဘူး ယခင့် ယခင် တုန်းက စာတတ်မြောက်မှူနည်းပါး လို့ သာအုပ်ချုပ်သူ ဘယ်သူဆိုတာ မသိမယ် ဒီနေ့ ခေတ်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အေးချမ်းမှူကို နိုင်ငံသားတိုင်းပိုင်ဆိုင်ခွင့် ရှိနေပါပြီ။ ဒါကို မှ တပ်မတော် က လည်း တပ်မတော် အလျောက် လုပ်ချင်တာလုပ် သူပုန် တွေ ကလဲ သပုန် လို လုပ်ဆို ရင်တော့ ပြည်သူတွေ က လည်း ပြည်သူအလုပ်လုပ်ရပါတော့မယ်။ ပြည်သူပြည်သားတိုင်း လက်နက်ကိုင်ဆောင်ခွင့်သာပေးလိုက်ပါ သူပုန်စက်ကြေးကောက်တာလောက်က တော့ အသာ အယာ ဖြေရှင်းနိုင်ပါတယ်။ တပ်မတော် မတရား အနိုင်ကျင်မှာကို ကို ဖြေရှင်းနိုင်ပါတယ်။
ဒီကိစ္စကို KNU ဗဟိုက နေပြီး သေချာစီစစ် သင့်ပါတယ်။ ဒီလိုလုပ်နေတာတွေကိုလဲ စီစစ်ပြီးအမြန် အရေးယူသင့်ပါတယ်။ လူမျိုးလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တာ ဒါမျိုးမဖြစ်သင့်ပါဘူး။ တကယ့်ကိုလူမျိုးအတွက်အလုပ်လုပ်နေတဲ့ လူတွေသိက္ခာ ကျပါတယ်။ လူမျိုးလဲ သိက္ခာကျပါတယ်........
အစိုးရနာမည်ခံသူတွေ ငွေကောက်ရင် အခွန်လို့ ခေါ်တယ်။
သူပုန်ငွေကောက်တော့ ဆက်ကြေးဆိုပဲ။
အစိုးရဆိုသူတွေ လူထုကို စည်းရုံးတော့ ပညာပေးတယ်တဲ့။
သူပုန်ဆိုသူတွေအတွက်ကျ လူထုကြားစိမ့်ဝင်တယ်၊ ဝါဒဖြန့်တယ်ဆိုလား။
အစိုးရချင်သူတွေ သူတို့အတွက် လမ်းတံတားဖောက်တော့ ဖွံ့ဖြိုးရေး။
သူပုန်လုပ်နေရသူတွေ လုပ်ပြန်တော့ နယ်ပယ်ချဲ့တယ်၊ အင်အားတည်ဆောက်တယ်၊ တရားမဝင်တာတွေလို့ ပြောကြပြန်တယ်။
အိမ်ထောင်ဦးစီး လုပ်ချင်သူကပြောရင် ဆုံးမတာ။
အိမ်သားတစ်ယောက်က ကျိုးကြောင်းနဲ့ ပြန်ပြောရင် အာခံ ခံပြောတာတဲ့။
မနေ့က မိတ်ဆွေတစ်ယောက်ကို ခင်ဗျားပါးမှာ နှပ်ချေးဖတ် ကပ်နေတယ်လို့ သူတတိထားမိအောင် စေတနာနဲ့ ပြောလိုက်တယ်။
ဘေးကတစ်ယောက်က မင်းတော်တော်ရိုင်းပြီး စိတ်ပုတ်တဲ့လူပဲတဲ့။
သူတို့လည်း ရသလို လုပ်စားရတာပဲလေ
Post a Comment