မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ယင်းတော်ကန် အနီး ဒဟတ်ကုန်း
ကျေးရွာအုပ်စုအတွင်းရှိ ကန်ဖျား (၅ )ရွာဖြစ်သော( ဒဟတ်ကုန်း ၊ စည်ပင်သာ ၊
ကန်ဖျား ၊ ကန်စွယ် ၊ ကျောင်းရွာ ) ရွာတို့တွင် ဆင်းရဲသား တောင်သူလယ်သမားများ
ပိုင်ဆိုင်သော လယ်ယာမြေများအတွင်းမှ စိုက်ပျိုးလယ်ယာမြေများကိုမြေတူးယာဉ်
ကြီးများဖြင့် အတင်းအဓ္ဓမ တူးဆွ သယ်ယူလျှက်ရှိပါသည် ။
အဆိုပါဒေသ၌ တည်ဆောက်လျှက်ရှိသော “နတ်ကာ ရေလှောင်တမံ ” စီမံကိန်း၌
လိုအပ်သော ဖို့မြေများကိုဆင်းရဲသားတောင်သူလယ်သမားများပိုင်သော စိုက်ပျိုး
လယ်ယာမြေများအတွင်းမှ တူးဆွသယ်ယူနေခြင်းဖြစ်သည်။ အဓိကတာဝန်ရှိသူ
များမှာ ဆည်မြောင်းဦးစီဋ္ဌာန နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသာ ကုမ္ပဏီများ
ဖြစ်ပါသည် ။
လယ်ယာမြေ ဧက ( 60 )ကျော်ခန့်ဆုံးရှုံးနစ်နာ ခဲ့ရသောတောင်သူလယ်သမားများ
အား တာဝန်ရှိသူများမှ ညွှန်ကြားချက် စာရွက် ၊ စာတန်းများ ပြသခြင်း ၊ တစုံတရာ
အသိပေးအကြောင်းကြားခြင်း ၊ လျှော်ကြေးငွေ တစုံတရာပေးအပ်ခြင်း အလျှင်းမရှိပါ ။
ဖြူစင်ရိုးသားသော ဆင်းရဲသားတောင်သူလယ်သမားများမှာ မိမိတို့၏ နှစ်နာဆုံးရှုံး
မှုများအတွက်တိုင်တန်းခြင်းအရေးဆိုခြင်း မပြုဝံအောင် ကြောက်ရွံနေကြပါသည် ။
ဆင်းရဲသားတောင်သူလယ်သမားများမှာ မိမိတို့ ဓားမဦးချ လုပ်ကိုင်စားသောက်နေ
သော လယ်ယာမြေများဆုံးရှုံးမှုကြောင့် ဆောက်တည်ရာမရကာ အနာဂတ်ဘ၀ပါ
ပျောက်ဆုံးနေကြောင်း ဒေသခံလယ်သမားများက ပြောပြပါသည်။
Myanmar News Now

“နတ်ကာ ရေလှောင်တမံ ” စီမံကိန်းမှ ဒေသခံတောင်သူများ၏ လယ်မြေများကို အတင်းအဓ္ဓမတူးယူနေ
Reviewed by သစ်ထူးလွင်
on
19:29
Rating:
9 comments:
တောင်တလုံးလောက်ဖြိုလိုက်ပါလားတလုံးလောက်ဖြိုလိုက်ပါလား ဘာလို့သူများလယ်သွားတူးရတာလည်း မြေကြီးဆိုတာသစ်ပင်လိုအကိုင်းထွက်လို့မရဘူး နွားတွေရဲ့ နွားတွေရဲ့
မင်းတို့ ဘဲ လုပ်စားကြတော့ကွာ....မြေတူး မြေဆွ ကိုယ့်မြေမဟုတ် သူများ
မြေများကို သယ်ချ စားသောက်နေကြတဲ့ တီကောင်မျိုးတွေ ဆက်တူးကြယင်
အ၀ိစီတွင်းအထိ ကျွံကြပါစေ.
စင်္ကာပူရောက် ပျော်ဘွယ်သားတစ်ဦး
မှန်တယ်ဆိုဆက်လုပ်
ကျောက်မွေးပါ ဇာဂနာနဲ့နှုတ်
ဒီကောင်တွေခေတ်ကုန်နေဘီ
အကုန်ငရဲပြည်ပို့ပစ်
မိုက်ရိုင်းလိုက်တဲ့ကောင်တွေ..။
ဘ၀ ဘ၀ တွေကိုဖြင့် အမေက လင်းပွင့်စေခဲ့ပြီ
ကြောက်စ ကြောက်နတွေကို တော့ဖြင့် ကျနော်တို့ အချစ်ဖြင့် ထွင်မှရမည်
မျက်ရည်ကျခဲ့ရသော်ငြား သူတို့ဦးခေါင်းတို့ မတ်မတ်တည့်ဖို့ ကျနော်တို့
ရင် ဖြင့် ခု ထားပေးချင်ပါသည်။
တိတိကျကျတိုင်ကြပါ။ လယ်သမားတွေက ဘာမှနားမလည်ဖူးဆိုပြီး အနိုင်ကျင့်ခံကြရတာ။ ကူညီသူတွေက နည်းမှန်လမ်းမှန်နဲ့ ထိထိရောက်ရောက် တိုင်ကြားနိုင်အောင် ဆောင်ရွက်ပေးကြပါ။ နို့မို့ပါက ရွာသားတွေ ရွာလည်နေကြရမယ်၊ သနားစရာအလွန်ကောင်းပါတယ်။ သစ်ထူးလွင်မှာ အော်နေယုံနှင့်မရပါ။ လုပ်နိုင်သူတွေ လုပ်ပေးကြပါ။ သာဓုခေါ်ပါတယ်။
အရူးတွေ
(ဆည်မြောင်းဦးစီဋ္ဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသောကုမ္ပဏီများ)
ထမင်းစားပြီး ထမင်းဘယ်ကလာတာလည်းမသိတဲ့သူတွေ၊ ဇာတ်သူသားစားတဲ့သူတွေ။
မသိနားမလည်တဲ့တောသူတောင်သားဆိုပြီးလုပ်ချင်တိုင်းလုပ်နေကြတာ ဒီအတိုင်း ငြိမ်ခံလို့မရဘူး လုပ်သင့်လုပ်ရမယ် တိုင်သင့်တာတိုင်ရမယ် သူတို့တွေရဲ့ အရှက်မရှိ၊ အနိင်ကျင့်တဲ့ လုပ်ရပ်တွေ တစ်တိုင်းပြည်လုံးသိအောင်လုပ်ရမယ်
Post a Comment