မန္တလေး စွမ်းဟော်တယ်ရှေ့နှင့် ကျုံးအရှေ့ဘက်ထောင့်တွင် လုံခြုံရေးများ ချထားသည်ကို တွေ့ရစဉ် ၂၂-၀၅-၂၀၁၂ |
မန္တလေးမြို့ ကျုံး အရှေ့တောင်ထောင့်မှ လုံခြုံရေး အရာရှိတစ်ဦး ၂၂-၀၅-၂၀၁၂ |
မန္တလေး စွမ်းဟော်တယ်ရှေ့နှင့် ကျုံးအရှေ့ဘက်ထောင့်တွင် လုံခြုံရေးများ ချထားသည်ကို တွေ့ရစဉ် ၂၂-၀၅-၂၀၁၂ |
ပြီးခဲ့သော (၂၀၊ ၅၊ ၂၀၁၂) နှင့် (၂၁၊ ၅၊ ၂၀၁၂)ရက်များက ညစဉ် ၇ နာရီမှစတင်ကာ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်မီးထွန်းလှုပ်ရှ
ဖယောင်းတိုင်မီးထွန်းဆန္ဒပြခဲ့သည့်နေရာများတွင် ရဲများ ကြိုတင်ရောက်ရှိနေ
Reviewed by သစ်ထူးလွင်
on
18:38
Rating:
28 comments:
ဟားဟား ဆန္ဒဖော်ထုတ်တာပဲကွာ မင်းတို့ကတောင်ကာကွယ်ပေးရမှာ ဖဖ်းဖို့တော့ မကြိုးစားနဲ့ ဟုတ်ပီလား
မလုပ်သင့်တဲ့အလုပ်တခုကိုလုပ်ရင်အရေးယူခံရမှာသဘာဝဘဲ လူသိထင်ရှားတောင်းပန်နေပြီးပြီဘဲဗျာဘာလိုဆန္ဒပြကြတော့မလဲ ဘာကြောင့်ဖြစ်တယ်ဆိုတာသိနေမှတော့ ဆက်လုပ်မယ်ဆိုရင်ထိရောက်စွာအရေးယူသင့်တာပေါ့ဗျာ..
ဆန္ဒပြတယ်လို့ မသုံးပဲ ငြိမ်းချမ်းစွာပဲ မီးလင်းရေး တောင်းဆိုတယ်လို့ နံမယ်တပ်ပေးကြည့်ပါလား
သူခိုးဆိုတာ တခါခိုးရင် ဆယ်ခါခိုးပဲ ဗျ
မခိုးတော့ပါဘူးပြောလဲ စွပ်စွဲခံရမှာပဲ လေ မြန်မာပြည်မှာ ရဲဆိုတာနဲ့ ဘယ်ရဲကအကောင်းလုပ်ဖူးလို့လဲ ပြည်သူတွေအပေါ်မှာပေါ့ ပြည်သူတွေကဟိုးနှစ်ပေါင်းများစွာကတည်းက ခံလာရတာဆိုတာလဲ မမေ့ပါနဲ့နော်
ရဲဆိုတာ ရဲအလုပ်ရဲလုပ်တာပဲ စစ်တပ်ဆိုတာလဲ စစ်အလုပ်ကိုလုပ်တာပဲလို့တော့ မပြောနဲ့လေ ဟုတ်လား ဘယ်လိုအရေခွံတွေခြုံထားခြုံထား အပုပ်နံ့ ကထွက်နေတာတော့ မတတ်နိုင်ဘူးလေ
တို့တော့ ဘာမသိ ညာမသိ ရောက်သွားတာ အဲဒီနေရာက wifi free လေ ၊Internet သုံးမလို့သွားတာ။ကိုယ်တော်ချောတွေ က ဆိုင်ကယ် မရပ်ရဘူးဆိုလို့ ပြန်ခဲ့တယ်။တို့ ကတော့ ကြောင်စီစီ နဲ့ ပေါ့ဗျာ။
မလုပ်သင့်တဲ့ကိစ္စတဲ့လား လိုအပ်တဲ့ကိစ္စပြည့်စုံရင် ဘယ်သူမှအားအားယားယားလမ်းပေါ်ထွက်လာမယ်တော့မထင်ဘူး ငြိမ်းချမ်းခြင်းကိုတော့ ပြည်သူတိုင်းကဆာလောင်ကြတယ်လေ ပူအိုက်တာကိုတော့ ဘယ်ပြည်သူမှ နှစ်ခြိုက်ကြမယ်တော့မထင်ဘူး လိုအပ်တာဖြည့်ဆည်းပေးနိုင်ရင် အဲဒီ ၀န်ကြီး ချီးကြူးခံရပါလိမ့်မယ် မဖြည့်ဆီးနိုင်ရင်တော့ .........
ဟေ့ကောင် အောင်စိုးဦး
ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံတွေကလူတွေ လုပ်ကြတဲ့အလုပ်ပဲ။ ငြိမ်းချမ်းစွာ ရှိဖို့ပဲလိုတယ်။ မင်းဗဟုသုတ မရှိပဲလျှောက်မပြောပါနဲ့၊ မလုပ်သင့်တာလုပ်တာ ဆန္ဒပြတဲ့လူတွေမဟုတ်ဖူး၊ ပြီးခဲ့တဲ့ အစိုးရ ၂ ဆက်နဲ့ အခုဆက်ပြီးသောက်တလွဲတွေ လုပ်နေတဲ့ လူတွေကွ။ မင်းလိုဥာဏ်မရှိတဲ့ကောင်တွေကို ဒီလိုအစိုးရမျိုးက သိပ်ကြိုက်ပေါ့။
နားမလည် ပါးမလည် ရေ ... မင်း အိမ်က မင်းအမေဖြစ်ဖြစ် မင်းအမဖြစ်ဖြစ် မင်းမိန်းမဖြစ်ဖြစ်ဆီကို လူတစ်ယောက်လာလာလည်နေရင် မင်း နောက်နေ့ ဘာလုပ်မလဲ ... မင်းတို့ ကိုယ့်အလုပ်ကိုယ်လုပ်ကြဖို့ ပဲလိုတယ် ... မင်းစာသားတွေက ခြေခြေမြစ်မြစ် မရှိမှန်းသိသာတယ် ... အလုပ်လုပ်ပါ ... မင်းလိုကောင်တွေကို အွန်လိုင်းမှာ မြင်တွေ့ ရတာ အလဟသ ဖြစ်တယ်လို့  ခံစားရတယ် ... မင်းအင်တာနက်သုံးဖို့ ထက် အိမ်မှာ ထမင်းချက် အိမ်သာဆေး ကြမ်းတိုက်နေတာပို အသုံးဝင်မှာပါ ... ကျေးဇူးတင်တယ် ဒီစာ ဖတ်ပေးလို့  ...
မီးတောင်မလာဘဲနဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီဘယ်လိုသွားမှာလဲ သဘာဝရင်းမြစ်မပြည့်စုံလို့ဆိုခံသာသေးပါရဲ့ မီးလာအောင်လုပ်လို့ရတဲ့ရင်းမြစ်တွေ ဘယ်ရောက်သွားတယ်ဆိုတာ အားလုံးလည်းသိပြီးဖြစ်နေလို့ ထပ်ပြောနေဖို့မလိုတော့ဘူးထင်ပါတယ်
မအေဘေး၊ မင်းဘာသိလို့ပြောတာလဲ မင်းလဲနအဖလက်ထက်ကအခွင့်ရေးရခဲ့တဲ့လူထင်တယ် ဒါကြောင့်ဒီလိုပြောတာပေါ့ မင်းသာဒီနေရာမှာဆိုရင်ဘယ်လိုနေမှာလဲ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်ကိုနားမထောင်ချင်ဘူး ပြည်သူဆိုတာရင်ထဲရှိတာဖေါ်ပြတာသဘာဝကြတယ် လုပ်ပေးရမှာကလုပ်ပိုင်ခွင့်ရှိတဲ့လူတွေဘဲ့ ပြည်သူတွေကိုဖမ်းပိုင်ခွင့်မရှိဘူး ပြည်သူဆိုတာသူတို့ရဲ့မိဘဆိုတာမမှားဘူး
sedona့hotel ၀င်းထဲမှာ လ.ပ.ခ က စစ်ဗိုလ်တွေ နဲ.တပ်သားတွေ တောင်ရောက် နေကြပြီ အဘ ကိုသတင်းပို.ရမှာမို.တဲ.။
အရင် ခေတ်က အကျင်.တွေ။
>> Aung Soe Oo မလုပ်သင့်တဲ့ အလုပ်မဟုတ်ပါဘူး အခုဆန္ဒပြတယ်ဆိုတာ ဗရမ်းဗတာ လုပ်နေတာ မဟုတ်ပါဘူး၊ ငြိမ်းချမ်းစွာ ဆန္ဒပြတာပါ။ နိုင်ငံသားတစ်ဦးအနေနဲ့ ရပိုင်ခွင့်ရှိတာကို တောင်းဆိုတာပါ။ သူတို့ ပြောတဲ့ အကြောင်းပြချက်ကလဲ မခိုင်လုံလို့ပါ။ ရွှေလီ ဓာတ်အားပေးစက်ရုံ မိုင်းခွဲခံရတာက ရက်ပိုင်းဘဲ ရှိပါသေးတယ်။ မီးခုလို ပေးချင်တိုင်းပေး ဖြတ်ချင်တိုင်းဖြတ်နေတာ ကြာပါပြီ။ ခုလို ပြည်သူတွေကို အဆင်ပြေအောင်မလုပ်ပေးနိုင်ရင် အဲဒီ လျှပ်စစ်ဝန်ကြီးတွေ ၀န်ထမ်းတွေ ရှက်တက်ရင် ကိုယ့်ကိုကိုယ် သတ်သေလို့ရနေပါပြီ။ ပြီးတော့ မနှစ်က သူအသိသူအတက် လျှပ်စစ်ဝန်ကြီးက ပိုလျှံနေတယ် ပြောပြီး ခုမှ မလောက်တော့ဘူး ဆိုတာ လုံးဝ အဓိပါယ်မရှိပါဘူး။ အဲဒါကြောင့်ဆန္ဒပြကြတာပါ။ မလုပ်သင့်တဲ့ အလုပ်မဟုတ်ပါဘူး။
ဒါကမလုတ်သင့်တဲ့အလုတ်မှမဟုတ်တာဗျ။တောင်းပန်တိုင်းသာကျေနပ်ရင် သူခိုးတွေကသူတို့ခိုးသွားပြီးလူမိမှတောင်းပန်ရင်ကော
ပြည်သူတွေ ကို အလင်ရောင်တွေကို ပေးမမြင်ချင်လို့ ဖြစ်မယ်ထင်တယ်
တိုင်းသူပြည်သားတွေ မိမိတို့ရဲ့အလိုဆန္ဒကို ငြိမ်းချမ်းစွာဖော်ထုတ်တာဟာ လုပ်ကို လုပ်ရမယ့် အလုပ်တစ်ခုပဲ။
တာဝန်ရှိအကြီးအကဲတွေရဲ့ ကတိစကားတစ်ခုရရင် ဘယ်သူကမှ အချိန်ကုန်ခံ၊ အပင်ပမ်းခံပြီး လမ်းပေါ်ရောက်မနေဘူး။ ဆက်မလုပ်နေဘူး။ ဒီလိုလုပ်တာဟာ တိုင်းပြည်ကိုချစ်တဲ့ ဒီမိုကရေစီနိုင်ငံသားတိုင်းရဲ့ အမျိုးသားရေးတာဝန်ပဲ။ ဥပဒေမရှိတဲ့ စစ်အာဏာရှင်စံနဲ့ တိုင်းတာရင်တော့ နိုင်ငံတော် ပုန်ကန်မှုဆိုလည်း သူတို့ပါးစပ်ထဲမှာပဲ။ ဒီနေ့အချိန်အခါဟာ မြန်မာပြည်သားတွေ ဒီမိုကရေစီ အလေ့အထတွေကို ကျင့်သုံးနေကြပြီဆိုတာ ကမ္ဘာကသိဖို့လိုတယ်။ ရဲတွေနဲ့ အုပ်ချုပ်ရေး အာဏာပိုင်တွေအနေနဲ့ အပြင်ပရောဂတွေ မ၀င်လာအောင် ဆန္ဒပြသူတွေ ငြိမ်းချမ်းစွာ လုပ်ကိုင်နိုင်အောင် ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ပေးရမှာဖြစ်တယ်။ တင်းတင်းမာမာကြီးတွေနဲ့ မလိုလားသလို ပုံစံမျိုး မရှိသင့်တော့ဘူး။ ပြည်သူတွေရဲ့ အလိုဆန္ဒဆိုတာ သူတို့ရဲ့အလိုဆန္ဒပဲလို့ သဘောထားနိုင်ရမယ်။ ဒါဟာ နိုင်ငံတော်ကို တော်လှန်ပုန်ကန်တဲ့ အလုပ်မဟုတ်ဘူးဆိုတာ သူတို့ကိုယ်တိုင် နားလည်ထားသင့်တယ်။ အဲဒါကို မလုပ်သင့်တဲ့အလုပ်လို့ ယူဆတဲ့သူဟာ တကယ်ကို လူစိတ်မရှိတဲ့ အထက်ဖားအောက်ဖိ အချောင်သမား တောကြောင်လိုလူမျိုးတွေများတယ်။ နိုင်ငံတော်ရဲ့လမ်းစဉ်၊ လျှောက်နေတဲ့လမ်းကိုတောင် ရေရာစွာ မသိနိုင်ဘဲ အရင် အာဏာရှင်တွေရဲ့ ဓလေ့စရိုက်ဆိုးတွေကို ဒီနေ့ထိ ခံတွင်းတွေ့နေသူတွေကတော့ ဘာမှန်းမသိပဲ ထိရောက်စွာအရေးယူမယ် ဆိုတာမျိုး ပြောတတ်တယ်။ လူ့ပါတ်ဝန်းကျင် အသိုင်းအ၀ိုင်းက အဲလို လူတွေကို လူုရာမသွင်းပါဘူး။ တကယ်လို့ သူ့မှာ အာဏာခြောက်ပြားတစ်ပဲဖိုးလောက် ရှိနေရင်တော့ လူတွေက ဟန်ဆောင်သွားဖြီးပြတာမျိုး လုပ်ကောင်းလုပ်မယ်။ ရင်ထဲကတော့ အော့နှလုံးနာလွန်းလို့...
ဟားဟား ကို၇ဲရေ ထမင်းချက်ရအောင်လဲ မီးကမလာဘူးဗျ ခင်ဗျား အတွေးခေါ်တွေက စာပြန်ဖတ်ဖို့လိုနေပီ ထင်တယ် ကျူပ်လဲ ထမင်းချက် ကြမ်းတိုက်ရင်းနဲ့ ကို အွန်လိုင်းသုံးနေရတဲ့ ဘ၀ပါကွာ ဒါပေမဲ့ ငါလိုကောင်တောင် အမှန်တရားနားလည်နေတာ မင်းလို ပညာတတ် တယောက်တော့ စာများများပြန်ဖတ်ပေးပါလို့ပဲ ငါပြောပါရစေကွာ
တွေးကြည့်ရင်တော့ တကယ်ကြက်သီးထမိတယ်။ တကယ်တန်းမှာ ဒီအခြေအနေဟာ နှစ်ဘက်လုံးမှာ လိုအပ်ချက်ရှိနေတယ်ထင်တယ်။ တစ်ဘက်ကလဲ ကြေနပ်အောင် လုပ်မပေးနိုင် တစ်ဘက်ကလဲ ဥပဒေနဲ့မညီ၊ ဥပဒေကလဲ အတည်မဖြစ်သေး..((( နိုင်ငံတော် မငြိမ်မသက်ဖြစ်နေတဲ့အတွက် တပ်မတော်မှ မလွှဲမရှောင်သာ အာဏာသိမ်းလိုက်ပါသည်။)) ဆိုတာမျိုး မကြားရပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။ lawer ပြောတဲ့ သတင်းနဲ့ ကွန်မန့်ကို ဖတ်မိလို့ပါ။
ရဲဆိုတာ ငိုစားရီစား တဲ့ ငိုလဲစားမှာ ရီလဲစားမှာ
ရဲဆိုတာ အိမ်တစ်အိမ်ရဲ့ ခွေးဆိုလဲမမှားပါဘူး ကိုက်ဆို သူကကိုက်မှာပဲ
တော်ပါတော့ဗျာ လမ်းပေါ်တက်ပြီး ဘာလုပ်ကြတာလဲ......
လူကြီးတွေကိုငဲ့ပါဦး... ခင်ဗျားတို့မကျေနပ်ရင်လည်း..ပက်လက်ကြီးပြပြ
မှောက်လျှက်ကြီးပြပြ ပြချင်သလိုသာပြကြ..ခင်ဗျားတို့မိသားစုကိုတောင် အနိုင်နိုင်မို့လား..တစ်နိုင်ငံလုံး..တစ်တိုင်းလုံး အတွက်စဉ်းစား တွေးတောနေတဲ့ လူကြီးတွေနေရာဝင်ကြည့်ကြစမ်းပါ
ခင်ဗျားတို့ဗျာ လွန်လွန်းတယ်..
ကျွန်တော်တို့နိုင်ငံက ဘောစိနိုင်ငံမဟုတ်ဘူးဗျ...ဗိုလ်ချုပ်ကိုချစ်ရင်
ှဆန္ဒလည်းမပြနဲ့ ဘာမှမပြနဲ့ဗျာ ကိုယ်ဟာကိုညိမ်ညိမ်နေ ကိုယ့်အဆင့်ကို
လည်းပြန်ကြည့်ဦး...
မီးမလာသော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့..... ဟား...ဟား
ဖမ်းနေ ဆီးနေ တားနေတဲ့ ရဲတွေအိမ်မှာလဲ မီးမလာပါဘူး... ဒီတော့တစ်ခုပဲထောက်ပြချင်တယ် ဆန္ဒပြနေတဲ့ သူတွေက သူတို့အိမ်နံပါတ်တွေနဲ့ မီးပေးပါလို့ တောင်းဆိုနေတာ မဟုတ်ဘူး..ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုယ်စား ဆန္ဒပြပေးတာ ဒါကိုလိုက်ဖမ်းတဲ့ကောင်တွေက မိမိဘ၀ကို ရာထူးတစ်ခုဆီမှာ အပေါင်ထားပြီးဘ၀တူ ပြည်သူအချင်းချင်း ပြသနာ ရှာနေတာကတော့"အမိန့်" ဆိုတဲ့ စကားလုံးအောက်မှာ ခိုင်းသမျှ အကုန်လိုက်လုပ်နေတာကတော့ ပညာမဲ့လွန်း အားကြီးမနေဘူးလား
ဘုမသိ ဘမသိနဲ့ ဝေဖန်ရေးလေကန်ရေးတွေ လုပ်မနေကြနဲ့။ အခုဟာကလူတွေနေလို့ထိုင်လို့ မရတော့လောက်အောင် ရေရော မီးရောပျက်နေလို့ ဆန္ဒဖေါ်ထုတ်ကြတာ။ ပြီးခဲ့တဲ့ အနှစ်(၂၀)နဲ့ မနှိုင်းယှဉ်နဲ့လေ။ ခင်ဗျားတို့နှိုင်းယှဉ်ရမှာ နိုင်ငံရေးခေတ် နှစ်ခုဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီလားဆိုတာ ဒီအဖြစ်ကနေ တွက်ထုတ်ရမှာ။ဖမ်းရဆီးရလောက်တဲ့အခြေအနေဘာမှ မရှိဘူး။ ပြသနာကို ဖြေရှင်းပေးရမယ့်အစား မိုးနတ်မင်းကို ရှိခိုးပါ တို့ညာတို့ နတ်ကတော်ဆန်ဆန် အပြောမျိုးတွေပြောပြီး မစွမ်းဆောင်နိုင်တာထင်ရှားနေရင် ရာထူးကဆင်းပေးလိုက်ပေါ့။ မိုးနတ်မင်းက ပျဉ်းမနားမှာနေတာလားတော့မသိဘူး အဲဒီမှာမီးမပျက်ဘူး။ရေနဲ့ မီးဆိုတဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ကို မှမဖြည့်ဆည်းပေးနိုင်ရင် ကားတစ်စီး (၁၀) သိန်းဖြစ်သွားလဲ အပိုပါပဲ။
လူကလေးက အောင်စိုးဦး- ဟုတ်လား- ငယ်ပါသေးတယ် လူကလေး-
တို့နိုင်ငံမှာ အဲဒီအောင်စိုးဦးဆိုတဲ့ ငနဲမျိုးတွေများလေလေ တိုးတက်မှုတွေ၊ လူ့အခွင့်အရေးတွေ ဆုတ်ယုတ်ဆုံး၇ှုံးလေလေ ဖြစ်နေအုန်းမှာပဲ။
၂၄ နာ၇ီမီး၇ေ၇းဆောင်၇ွက်သင့်သည်။
မီးရရှိရေးဆန္ဒပြတယ်ဆိုတာရူးနေလို့ပြတာ....
ဘယ်လိုပြပြမရတာသိသိကြီးနဲ့ကို....
တကယ်ဆန္ဒပြရမှာက....လျှပ်စစ်ဝန်ကြီးဇော်မင်းနှုတ်ထွက်ဖို့
ဒါလေးတောင်မသိဘဲ...ဘာကိုပြလို့ပြရမှန်းမသိနဲ့ဟာတွေ...
ငတုန်းတွေ
ဖခင်ဖြစ်တဲ့သူကကုမ္မဏီတခုမှာဝန်ထမ်းဆိုရင် ၀န်ထမ်းတယောက်ရှာဖွေကျွေးတဲ့အတိုင်းအတာဘဲစားရမှာပေါ့ ပါရဂူတယောက်ရှာကျွေးတဲ့အတိုင်းအတာမျိုးစားချင်လို့မရပါဘူး အဲဒါမှစားချင်ရင်ဖခင်ဖြစ်သူဟယမဟုတ်တာတွေလုပ်တော့မယ် ဥပဒေနဲ့မညီတနာတွေလုပ်တော့မယ်ဆိုရင်မိသားစုတခုလုံးစိတ်ဆင်းရဲတဲ့အဖြစ်မျိုးရောက်မှာမလွဲပါဘူးသေချာစဉ်းစားကြပါ ဦးနှောက်ရှိတဲ့ကောင်တွေဆိုရင်ပေါ့.....အပေါ်ကဝေဖန်တဲ့ကောင်တွေခောတ်ဘယ်နှစ်ခောတ်ကိုဖြတ်သန်းဘူးလို့လဲ....ကိုယ့်မိသားစုအခြေအနေပြန်လေ့လာအုံး...
တေါင်းဆိုလို.ရပါတယ် ဒါပေမဲ.လုပ်ထုံးလုပ်နည်းကိုတေါ.သိမှဖြစ်မယ်
Adviser ကြီးရေ....ခင်ဗျားအဖေတွေက လွတ်လပ်စွာစီတန်းလှည့်လည်ခွင့် နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေကို ရှင်းရှင်းလင်းလင်းပြဌာန်းပေးပြီးပြီလား အရင်ပြန်မေးလိုက်ဦး...
လျှပ်စစ်မီးတွေ ပိုလို့ရောင်းစားနေရတာလို့ ပြောတဲ့ ၀န်ကြီးဦးဇော်မင်း ဆိုလိုတာက နေပြည်တော်မှာ ပိုနေတာကိုပြောတာပါ အထင်မလွဲကျပါနဲ
Post a Comment