ကချင်ပြည်နယ်တွင် ကုလ၏ အကူအညီများ ရပ်ဆိုင်းထားရ

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမှုနှင့် လုံခြုံရေးအခြေ အနေများကြောင့် စစ်ဘေးဒုက္ခသည် များအား အကူအညီပေးနေမှုများကို ရပ်ဆိုင်းထားရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ သိရသည်။

“လုံခြုံရေးအခြေအနေ မကြာခင် ပိုကောင်းလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အဲဒါမှကျွန်တော်တို့ အနေနဲ့ အစိုးရ ထိန်းချုပ်မှုအောက်နဲ့ KIO ထိန်းချုပ်မှုအောက်မှာရှိတဲ့ နယ် မြေတွေထဲက ဒုက္ခသည်တွေအားလုံးကို အကူအညီတွေ ပေးနိုင်မှာ ဖြစ်တယ်”ဟု UNHCR၏ ဌာနေကိုယ်စားလှယ် မစ္စတာ ဟန်စ်တန်ဖဲလ်က ဧပြီလ ၂၇ ရက် နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းကဆက်လက်၍၂၀၁၂ ခုနှစ်၊ မတ်လမှ ၂၀၁၃ ဖေဖော်ဝါရီလအတွင်း စစ်ပြေးဒုက္ခသည်ဦးရေမှာ ၅၀,၀၀၀ မှ ၆၀,၀၀၀ အထိသို့ ရောက်ရှိလာလိမ့် မည်ဟု မျှော်မှန်းထားကာ ထိုအတွက် လည်း မြန်မာနိုင်ငံ ကုလသမဂ္ဂအဖွဲ့ အစည်းအားလုံးမှ ပူးပေါင်းဆောင်ရွက် နေကြောင်း ပြောသည်။

ထိုစစ်ပြေးဒုက္ခသည်များအား ကူညီ ပေးနိုင်ရန်အတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၂ သန်းလိုအပ် ကာ လက်ရှိတွင် ဒေါ်လာ ၁၀ သန်းကို မြန်မာနိုင်ငံရှိ UN အဖွဲ့အစည်းများ၏ ကိုယ်ပိုင်ရန်ပုံငွေနှင့်အတူ အလှူရှင်များမှတစ်ဆင့် လက်ခံရရှိပြီး ဖြစ်ကြောင်း မစ္စတာတန်ဖဲလ်က ပြောသည်။

“လက်ရှိအချိန်မှာ ကျွန်တော်တို့စိုးရိမ် နေတာက မကြာခင်မှာမိုးရာသီစတော့ မယ်။ ဒုက္ခသည်တွေအတွက် အမိုး အကာတွေပေးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါအပြင် မိုးရွာတဲ့အတွက် ကျွန်တော်တို့ရဲ့အကူအညီပေး လုပ်ငန်းတွေကိုလည်း ထိခိုက်နိုင်တယ်”ဟု ၎င်းက ပြောသည်။

နန်းတင်ထွေး (မြန်မာတိုင်းမ်)
ကချင်ပြည်နယ်တွင် ကုလ၏ အကူအညီများ ရပ်ဆိုင်းထားရ ကချင်ပြည်နယ်တွင် ကုလ၏ အကူအညီများ ရပ်ဆိုင်းထားရ Reviewed by သစ်ထူးလွင် on 20:30 Rating: 5

10 comments:

Ko Nyo Khant ( Mdy university.) said...

ဘယ်သူသေသေငတေမာရင်ပြီးရောဘဲ....စစ်ပြေးဒုက္ခသည်တွေဘယ်လောက်တောင်ရှိနေပြီလည်းသူတို့ဘ၀တွေကိုနှစ်စလုံးကလစ်လျှူရှုကြမလား...လက်နက်ကိုင်တဲ့ကောင်တွေသေတာမစန်းပါဘူး...ကြားထဲကမြေဇာပင်တွေဒုက္ခ ရောက်ကြရတယ်...အင်အားကြီးတဲ့ကရင်တောင်တိုက်ခိုက်တာတွေရပ်စဲပြီး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးနိုင်တာဘဲ...ကချင်ကဘာသွေးကြီးနေရတာလည်း။ငြိမ်းချမ်းရေးအကောင်အထည်ဖော်မလား...တိုက်မလား...

Durip said...

ko Nyo Khant နှင့် အခြားသော comment ရေးကြသူများ...
ဲမန်မာနိုင်ငံ ပြည်ထောင်စုဖြစ်ပေါ်လာပုံ သမိုင်းကိုလေ့လာပြီးမှ comment ကိုရေးပါ။ ဘယ်သူမှ အားအားယားယား၊ အပျော်စစ်တိုက်နေကြတာ မဟုတ်ဘူး။ လိုအပ်လို့တိုက်ဒါ။ မြန်မာနိုင်ငံသားလို့ခံယူထားတည့် လူမျိုးတိုင်းမှာ သူ့အခွင့်အရေးသူ ရရမယ်။ အစိုးရသတင်းစာတွေ
ဖတ်ပြီး လျှောက်မအော်ပါနဲ့။ဘယ်လို အကောင်းဆုံးဖြေရှင်းနိုင်မဲ့ နည်းလမ်းများကိုသာ အကြံပြုကြပါ။

Unknown said...

Durip said...

ko Nyo Khant နှင့် အခြားသော comment ရေးကြသူများ...
ဲမန်မာနိုင်ငံ ပြည်ထောင်စုဖြစ်ပေါ်လာပုံ သမိုင်းကိုလေ့လာပြီးမှ comment ကိုရေးပါ။ ဘယ်သူမှ အားအားယားယား၊ အပျော်စစ်တိုက်နေကြတာ မဟုတ်ဘူး။ လိုအပ်လို့တိုက်ဒါ။ မြန်မာနိုင်ငံသားလို့ခံယူထားတည့် လူမျိုးတိုင်းမှာ သူ့အခွင့်အရေးသူ ရရမယ်။ အစိုးရသတင်းစာတွေ
ဖတ်ပြီး လျှောက်မအော်ပါနဲ့။ဘယ်လို အကောင်းဆုံးဖြေရှင်းနိုင်မဲ့ နည်းလမ်းများကိုသာ အကြံပြုကြပါ။

ဟုတ်ကဲ့

ဘယ်သူမှ အားအားယားယားစစ်တိုက်နေသည်ဟု မထင်ပါ (သေနိုင်တာကိုး) (ကိုယ့်နိုင်ငံသားဘဲ သေတာလေ)
ဘာတွေလိုအပ်နေလို့ စစ်တိုက်နေပါသလည်းခင်ဗျာ၊ မြန်မာနိုင်ငံသားလို့ ခံယူထားသည့် လူမျိုးတိုင်းမှာ သူ့အခွင့်အရေးသူရရမယ်ဆိုတာ ဘာကိုဆိုလိုပါသလည်းခင်ဗျာ (ကိုယ်ပိုင်အုပ်ချုပ်ရေးခွဲပြီး
လက်နက်ရှိတဲ့သူက လုပ်ချင်တာလုပ်မှာလား၊ ကိုယ့်ပိုင်တဲ့နေရာ
ကိုယ့်ဥပဒေနဲ့ကိုယ်ကိုယ်ကြိုက်သလိုလုပ်မှာလား)

ဖြေရှင်းနိုင်မဲ့ နည်းလမ်းကို ရှာဖို့ပြောတာတော့ ကြိုက်ပါတယ်ဗျာ

Dohbamar said...

စစ်မတိုက်တတ်တော့တဲ့မြန်မာ့တပ်မတော်ဟာကေအိုင်အေကိုကန့်သတ်စစ်ပွဲနဲ့မနိုင်ပါဘူး။လေတပ်၊လက်နက်ကြီး၊စတာတွေသုံးပြန်တော့လည်းကမ္ဘာ့အလယ်မှာမျက်နှာပြမလှနိုင်ပါဘူး။ရေရှည်မှန်းလို့ပြီပြင်ထဲ့ငြိမ်းချမ်းရေးကိုသွားနိုင်မှဖြစ်မှာပါ။မိးစတဖက်ရေမှုတ်တဖက်လုပ်တတ်တဲ့တရုတ်ရန်ကိုခြောာက်ရပါတယ်။တပ်ကိုပြည်ထောင်စုတပ်ဖြစ်အောင်တိုင်းရင်းသားအားလံုးပါဝင်ခွင့်ပြု၊ရာထူးရာခံပေးရပါမယ်။ချွေးတပ်ဆွဲသလိုစုနေရတဲ့တပ်အင်အားဟာဘယ်လိုမှခိုင်မာမှုရှိမှာမဟုတ်ပါဘူး။အိုင်
အခြေအနေမှန်ကိုအချိန်မှီသုံးသပ်လို့ဖွဲ့စည်ပုံကိုဖြစ်နိုင်တဲ့အတိုင်ါအတာရောက်အောင်လျော့၊တပ်ရင်းတရင်းစိရဲ့အင်အားကိုပြည့်အောင်ဖြည့်၊စစ်တိုက်တတ်အောင်သင်၊ဝအောင်လဲကြွေး၊ပြောရရင်ဆုံးမှာမဟုတ်ပါဘူး။
အချုပ်ပြောရရင်တပ်ထဲဝင်တာဟာဂုဏ်ရှိပြီးဝမ်းဝနိုင်တဲ့၊ပြည်သူကလည်ါလေးစားချစ်ခင်ကြတဲ့အသက်မွေးဝမ်းကြောင်းမှုဖြစ်လာဘို့ပါဘဲ။လက်ရှိပြည်သူ့ချဉ်ဖတ်ဘဝကမြန်မြန်ရုန်းထွက်ကြဘို့တာဝန်ဟာဉီးစီးချုပ်ရဲ့အဓိကတာဝန်ဘဲဖြစ်ပါထယ်။

D Mo said...

Durip , ဒါဆို kio ရဲ့ လိုအပ်ချက်ကဘာလဲ ခဗျားသိလား .... ကချင်လူမျိုးရဲ့လိုအပ်ချက်ရော သိလား... KIO က ကချင် လူမျိုးအခွင့်ရေးထက် သူလိုချင်တဲ့ အခွင့်ရေး မျိုးကို ခဗျား သိလား...

mintaik said...

ခုလက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ အခြေခံဥပဒေမှာတိုင်ရင်းသားတွေအခွင့်အရေးဘာတွေများတွေ့လဲ commentပေးနေသူများသိရင်ပြောပြပေးပါ။

အဘ said...

D Mo, တခြားသူတွေရဲ့လိုအပ်ချက်တော့မပြောလိုတော့ဘူး D Mo ဆိုတဲ့ငနဲကတော့ဘာမှမလိုအပ်အောင်သူ့ပထွေးစစ်တပ်ကြီးကပေးနေလေသတဲ့ဗျို့...

pyaponthu said...

စစ်တိုက်တာပျော်လို့တိုက်တာမှုတ်ဘူးအာဏာရူးလို့တိုက်ကြတာ။လောလောဆယ်အပြစ်မဲ့တဲ့ကချင်ပြည်နယ်မှာနေတဲ့လူသိန်းပေါင်းများစွားဒုက္ခေ၇ာက်ရတယ်။အတ္တများတယ်။kiaလူုကီးတွေတော့တရုတ်ပြည်မှာ ကောင်းစားနေတယ်။

shingyi said...

လိုချင်၇င်လွှတော်ထဲဝင်တောင်းပါဗျာ။သူမျာတွေတောင်းနေတာတွေ့လား။
မြန်မာနိုင်ငံဆိုတာတိုင်း၇င်းအားလုံးနေတာလေ။ဒို့လဲဘာမှမ၇သေးလို့တောင်း
နေတာအမေစုတောင်လွှတ်တော်ထဲမှာ၇ာနှုန်းပြည့်အောင်မြင်အောင်လုပ်မယ်
ပြောတယ်။မြန်မာနိုင်ငံမှာကုလားအမျိုးမျိုး၊တ၇ုတ်အမျိုးမျိုးလဲနေတယ်လူတွေလေ။အမေ၇ိကန်မှာလူမျိုးအများကြီးကချင်လဲနေတယ်။အခြေခံမှာဘယ်တိုင်း၇င်းသားအတွက်ဆိုပါလား။နှလုံးသားလေးအေးမြပါဗျာ။

greenlover said...

နေပါအုံးအပေါ်ကငနဲတွေ ဒီနှစ်ကချင်ပြည်နယ်မှာဖြစ်နေတဲ့စစ်မီးကိုဘယ်သူစမွေးလိုက်တယ်ဆိုတာကောသိကြရဲလား မင်းတို့လက်တွေအဲဒီလောက်အားနေရင်ကိုယ့်ဟာကိုကိုင်ထားကြ ကြားလား
KIA/KIO ကပြောပြီးသား အခုထိုးစစ်ဆင်ထားတဲ့KIA နယ်မြေထဲကတပ်တွေပြန်ဆုတ်ပေးရင် ငြိမ်းချမ်းရေးကရှိပြီးသား၁၇ နှစ်တောင်ကြာခဲ့ပြီ အမှန်တကယ်ငြီမ်းချမ်းရေးမလိုချင်တာကကိုယ်ယုံကြည်ပြီးဘုရားလိုရှိခိုးတဲ့ဘုန်းတော်ကြီးတွေကိုတောင်သတ်ရဲတဲ့ဗမာ့တပ်မတော်ပြောပြလိုက်ကြအုံး နိုင်ငံတော်ရဲ့အခွန်တော်ငွေ၊ရင်းနှီးငွေ၁၀၀၀၊၂၀၀၀ နဲ့ဆင်းရဲစွာကုန်စိမ်းရောင်းစားနေတဲ့လူတွေဆီကနေသူတောင်းစားလုပ်ထားတဲ့ငွေတွေကိုမျိုဆို့ပြီးဘယ်မှာမှသက်သေမပြနိုင်တော့ကချင်ပြည်နယ်မှာလာသေပြနေကြတာ KIA စစ်သားတွေအလုပ်တောင်ရုပ်သးတယ် မင်းတို့ပထွေးတွေမသေခိုင်းစေချင်ရင်အမြန်ဆုံးပြန်ခေါ်ကြကြားလား ဒါမှငါတို့လည်းကိုယ့်အိမ်ကိုယ်အမြန်ပြန်လို့ရမှာ

Powered by Blogger.