မြန်မာ့ ခရိုနီတွေကို လက်တွဲခေါ် သင့်သလား


ခရိုနီတွေဟာလည်း တိုင်းပြည်ကို ချစ်တဲ့သူတွေ ဖြစ်တယ်လို့ ဦးမြင့်ပြော
သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်က တိုင်းပြည်ရဲ့ စီးပွားရေး ကို အာဏာပိုင်တွေနဲ့ ပေါင်းပြီး ကြိုးကိုင် ချယ်လှယ်ထားသူ ခရိုနီတွေဟာလည်း တိုင်းပြည်ကို ချစ်တဲ့သူတွေ ဖြစ်လို့ သူတို့ကို စနစ်တကျ လက်တွဲခေါ်ယူဖို့ လိုတယ်လို့ ပြောကြား လိုက်တဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေး တခုမှာ ဦးမြင့်က အခုလို ပြောကြားသွားတာ ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း သဘောတူ လက်ခံပါတယ်လို့ ဆိုတဲ့ ဦးမြင့်ရဲ့ အခုလို ပြောကြားချက်အပေါ်၊ စာရေးဆရာနဲ့ စီးပွားရေး ပညာရပ် ကျွမ်းကျင်သူ ဦးဟန်ထွန်း (အခွန်)ကတော့ အဲဒီ ခရိုနီစီးပွားရေးသမားတွေ တိုင်းပြည်ချစ်တယ်ဆိုရင် အများကြီး လုပ်မပြစရာမလိုပဲ အခွန်ပဲ မှန်ကန်အောင် ပေးပါဦးလို့ ဝေဖန် ထောက်ပြလိုက်တာ ဖြစ်ပါတယ်။

ဒီခရိုနီ လူအနည်းစုရဲ့ လက်ထဲမှာပဲ တိုင်းပြည်စီးပွားရေးကို ထားမယ်ဆိုရင် ကောင်းကျိုး ထက် ဆိုးကျိုးက ပိုများပြီး တိုင်းပြည်အတွက် အန္တာရာယ်ရှိကြောင်း ဦးဟန်ထွန်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ အလွန်တရာမှာ ချမ်းသာတဲ့ လူပေါင်း နှစ်ဆယ် အစိတ်ကျော်လောက် ရှိကြောင်း၊ အဲဒီသူတွေဟာ တိုင်းပြည်မှာ ထုတ်လုပ်မှု လုပ်ငန်းတွေကို လုပ်နေတာ မဟုတ်ဘဲ အခွင့်အရေးပေါ်မှာ ရောင်းစားနေကြတာ ဖြစ်တယ်လို့ ဦးဟန်ထွန်းက ထောက်ပြပါတယ်။တောင်ကိုရီးယားမှာ ဆိုရင် ခရိုနီတွေရဲ့ လက်ဝါးကြီးအုပ် ချယ်လှယ်မှုကြောင့် တိုင်းပြည် စီးပွားရေး ပျက်ဆီးသွားခဲ့ရတဲ့ သာဓကတွေ ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဘီဘီစီ မြန်မာပိုင်း
မြန်မာ့ ခရိုနီတွေကို လက်တွဲခေါ် သင့်သလား မြန်မာ့ ခရိုနီတွေကို လက်တွဲခေါ် သင့်သလား Reviewed by သစ်ထူးလွင် on 05:37 Rating: 5

57 comments:

u kyawkyaw said...

ခရိုနီတွေကိုစနစ်တကျလက်တွဲခေါ်ယူဖို့လိုတယ်-ဆိုသည်မှာ
ခရိုနီတွေလက်ဝယ်ရှိတဲ့ငွေကြေးဓနတွေဟာအမှန်တကယ်သူတို့ပိုင်ဆိုင်သင့်သလား၊တိုင်းပြည်စီမံကိန်းတွေမှာစစ်အာဏာရှင်တွေပေါင်းပြီးမတရားယူထားတာတွေလားဆိုတာစစ်ဆေးပြီးပြန်သိမ်းယူပြီးမှလက်တွဲခေါ်ယူသင့်ပါတယ်။ကိုယ်ဘာတွေမဟုတ်တာတွေလုပ်ထားသလဲဆိုတာကိုယ်အသိဆုံးဖြစ်တဲ့ခရိုနီတွေအနေနဲ့တိုင်းပြည်ကိုတကယ်ချစ်တဲ့သူတွေဖြစ်ရင်အလုပ်နဲ့သက်သေပြတဲ့အနေနဲ့မတရားရခဲ့သောပြည်သူငွေကြေးဓနတွေကိုပြန်အပ်နှံရပါမယ်။
အခွန်ရှောင်ရင်လူကိုထောင်ချတဲ့အမေရိကန်မှာအခွန်ဆောင်ထားတဲ့BillGate-တောင်သူ့ငွေကြေးတွေကိုလိုအပ်တဲ့နေရာ
တွေမှာပေးကမ်းစွန့်ကြဲနေတာပါ။မြန်မာပြည်မှာတော့လိုအပ်တဲ့နေရာကတတိုင်းပြည်လုံးပါဘဲ။

Taw Thar Gyi said...

ဦးဟန်ထွန်းပြောတာမှန်ပါတယ်။ဒီခရိုနီတွေတိုင်းပြည်စီးပွားရေးမှာဆက်လက်ပါ
ဝင်ဖို့အတွက်သူတို့စစ်အစိုးရလက်ထက်မှာနှစ်ပေါင်းများစွာရှောင်ရှားခဲ့တဲ့ပြည်သူ
အားလုံးနဲ့သက်ဆိုင်တဲ့အခွန်ငွေတွေကိုကျွမ်းကျင်ပညာရှင်တွေ(သူတို့လည်းလဘ်
မစားဘို့လိုတယ်)ပါဝင်တဲ့အထူးအဖွဲ့တွေဖွဲ့စည်းပြီးပြန်လည်ဖော်ထုတ်တွက်ချက်၍
အခွန်ဆောင်ခိုင်းရန်လိုပါတယ်။

တန`င်္လာကိုကို said...

No. No. No. No. No! I never believe it.
ွှအဲလောက်ဦးနှောက်ကတုံးနေတာများသမတအကြံပေးတဲ.။ကြည်.လဲလုပ်ပါဦး
သမတကြီးအရှက်ကွဲနေပါ.မယ်။ ဒေါက်တာဘွဲ.ကိုတန်ဖိုးထားပါဗျာ။
ခရိုနီတွေခြစ်လွန်းလို.မြေကြီးတောင်အခွက်ပဲကျန်တယ်။ ထိုးအပ်စရာ
ဘာကျန်တော.လို.တုန်း။

ကိုစော said...

“ခရိုနီတွေဟာလည်း တိုင်းပြည်ကို ချစ်တဲ့သူတွေ ဖြစ်လို့ ”

ခရိုနီ တွေ တိုင်းပြည် ကိုချစ်တယ် လို့အော် မှာပေါ့ဗျာ။
တိုင်းပြည် က သူတို့ ကို ပျော့ဖတ်ခွေ နေအောင် လုပ်ကြွေးထားတာ လေ။

ပြည်သူတွေ နဲ့ တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း လုပ်ရ မည့် ငွေတွေ က သူတို့ တသိုက် လက်ထဲ ရောက်သွားပြီး တိုင်းပြည် ကတော့ စုတ်ပြတ်သတ် သွားခဲ့ပါတယ်။
အများကောင်းကျိုး တိုင်းပြည် ကောင်းကျိုး ပြန်လုပ်ပေး နိုင်ပါစေ လို့ဘဲ ဆုတောင်းပါတယ်။

me: me: said...

အခုဆိုရင်တိုင်းပြည်မှာ လူလတ်တန်းစားဆိုတာမရှိတော့ဘဲ။ သိန်းပေါင်းကုဋေချီချမ်းသာတဲ့လူနဲ့၊ တစ်နေ့လုပ်တစ်နေ့စားရတဲ့ လက်လုပ်လက်စားလူတန်းစားဘဲ ရှိတော့တယ်။
မြန်မာခရိုနီတွေလက်ထဲ မြန်မာ့စီးပွားရေးကိုထားမယ်ဆိုရင်တော့ သမာအာဇီဝနှင့် လုပ်ကိုင်စားသောက်နေတဲ့သူတွေ အရမ်းနစ်နာပါတယ်။
တိုင်းပြည်မှာ လူလတ်တန်းစား တွေများများပေါ်ထွန်းလာအောင် လုပ်သင့်ပါတယ်။
အရင်စစ်အစိုးရလက်ထပ်လိုဘဲ အခွင့်ထူးခံလူတန်းစားတွေနဲ့ မြန်မာခရိုနီတွေ့ရဲ့လက်ထဲမှာမြန်မာစီင်္းပွားရေးကိုထားရင်တော့ လူနည်းစုဘဲကောင်းစားသွားမှာဘဲ။

KMW said...

ဦးဟန်ထွန်းအြခွန် ပြောပြတာ အရမ်းကောင်းပါတယ် နိုင်ငံနှင့်လူမ်ျုးအပေါ်ချစ်တယ်လို့ပြောရအောင် အခြားနိုင်ငံများမှသူဌေးတွေလို လူမှု့ရေး တွေမှာလှုဒါန်းဖို့မပြောနဲ့ အခွန်ကိုတောင်မှ မှန်ကန်အောင် မဆောင်ကြပါဘူး မိမိအိတ်ထဲက ထွက်မဲ့ငွေထက်ပိုရမဲ့အခွင့်ရေးရှိမယ်ဟာမျိုးကြရင်လှုကြပါ့

Shin Myochit said...

သမတကြီးရဲ.စီးပွါးရေးအကြံပေးဒေါက်တာဦးမြင့်ရေ~~တိုင်းပြည်ချစ်တယ်ဆို
တာသေချာပါသလား။ခိုင်လုံတဲ့သက်သေအထောက်အထား၊လုပ်ဆောင်ချက်များ
နှင့်တကွပြည်သူတွေသိအောင်ပြောပြရင်ပိုပြီးအကျိုးရှိမယ်။အခုခေတ်မြန်မာပြည်
သူပြည်သားတွေကပါးစပ်ကပြောနေတဲ့လေသံတွေကိုနားထောင်တာထက်၊မျက်စေ့အောက်မှာလက်တွေ့လုပ်ဆောင်နေတာကိုမှပိုပြီးတန်ဘိုးထားတယ်၊လက်ခံယုံကြည်တယ်ဆိုတာသိသင့်နေပြီ။လက်တွေ့ဘဝမှာသိရသလောက်တော့
ခ၇ိုနီတွေကလူတန်းစားကွာဟအောင်လုပ်ခဲ့တာဘဲလေ။အဲဒါကိုတိုင်းပြည်ချစ်တဲ့
သူတွေဆိုရင်တော့မြန်မာပြည်မြေပုံဟာကမာမြေပုံကပျောက်သွားလိမ့်မယ်။
ခရိုနီတွေတိုင်းပြည်ကိုတကယ်ချစ်တယ်ဆိုရင်မေးကြည့်လိုက်ပါလားသူတို့ပိုင်ဆိုင်မှု၃ပုံ၂ပုံလောက်ကိုနိုင်ငံတော်အကျိုးအတွက်ပေးထားပြီးနိုင်ငံတော်စီးပွါးရေးပြေလည်တော့ပြန်ပေးမယ်လို့။အလကားသိမ်းတာမဟုတ်ပါဘူး၊ပြန်ရမဲ့အနေအထားပါ၊
တိုင်းပြည်ချစ်လားမချစ်လားတော့မသိဘူးခရိုနီကိုယ်တိုင်မြန်မာနိုင်ငံထဲမှာ၇ှိနေ
ရင်ကံကောင်းမှတ်။လုပ်ကြည့်လိုက်ပါလက်တွေကျကျယုံကြည်ချင်လို့ပါ။သေချာအောင်နာရေးကူညီမှုအသင်းမှာသင်တန်းသွားတက်ပြီးသင်တန်းဆင်းလက်မှတ်လေးပါပြနိုင်ရင်တော့ပိုကောင်းတာပေါ့။

kiddykid said...

သြော်...အင်း....မင်းသဘောပဲ လို့ပဲပြောရတော့မှာပေါ့..ဒုက္ခ...ဒုက္ခ.....

မင်းရဲနန္ဒသူ said...

စီးပွားရေးသမားတွေဟာ စီးပွားရေးလောက်ပဲမြင်တာပါ...။ အကျိုးအမြတ် မရရင် ဘာမှမလုပ်ဘူးလေ...။ ကမ္ဘာမီးလောင်ရင်တောင် သားကောင် ချနင်းမဲ့စီးပွားရေးသမားတွေ အမြောက်အများရှိတယ်ဆိုတာ ပြည်သူ အားလုံးသိပါတယ်...။ အမိတိုင်းပြည်ကိုချစ်တယ်ဆိုရင် အမိတိုင်းပြည်ရဲ့ သားသမီးများဖြစ်တဲ့ ပြည်သူလူထုကိုလည်း ရင်ဝယ်သားပမာ ချစ်ခင် မြတ်နိုးရမှာပဲမဟုတ်လား...။ မြန်မာ့ရိုးရာစကားပုံတောင် ရှိသေးတာပဲလေ...။ မ.ကိုခင်မှ ဥ.ကိုလည်းမင်မယ်ဆိုတာပေါ့...။ အမိတိုင်းပြည်ကို အမှန်တကယ် ချစ်မြတ်နိုးနိုင်ပါစေကြောင်း လေးစားစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျား...။

Unknown said...

ဦးဟန်ထွန်းပြောတာ သိပ်ကိုမှန်ပါတယ် မြန်မာနိုင်ငံက ခရိုနီလူနည်းစုရဲ့  လက်ထဲမှာပဲ တိုင်းပြည်စီးပွားရေးကို ထားမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကပိုများပြီး တိုင်းပြည်အတွက် နစ်နာပါတယ်။ ပြည်သူ ပြည်သားတွေ စားဝတ်နေရေးအတွက် ဘယ်ခရိုနီကမှ ကောင်းကျိုးမပြုပါဘူး။

ခင်မျိုးချစ် said...

တက္ကသိုလ်တက်ခဲ့တုန်းက ဆရာတစ်ယောက်ပြောတာလေး ပြန်ပြောပြချင်လို့ပါ။
တိုင်းပြည်ချစ်တဲ့သူတွေကို သုံးမျိုးခွဲနိုင်ပါတယ်တဲ့။
၁။ အထူးအာဏာရနေသူများ
၂။ အထူးအခွင့်အရေးရနေသူများ နဲ့
၃။ ဘုမသိ ဘမသိကြသူများ ဖြစ်ပါတယ်တဲ့။

ခရိုနီဆိုတာတွေက အုပ်စု နှစ်မှာပါဝင်နေတဲ့သူတွေပါ။ သူတို့ဟာ အခွင့်ထူးခံတွေမို့ တိုင်းပြည်ကို သိပ်ချစ်ကြပါတယ်။ တိုင်းသူပြည်သားတွေရဲ့ ပိုက်ဆံတွေကို နည်းမျိုးစုံနဲ့ သူတို့အိပ်ကပ်ထဲစီးဝင်အောင် လုပ်ခွင့်တွေရထားကြတယ်။ ပြည်သူလူထုကို ချစ်တာ မဟုတ်ပါ။ မြန်မာပြည်ကြီးနဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို ချစ်တာပါ။ ဒေါက်တာဦးမြင့်ကလည်း ခရိုနီတွေဟာ တိုင်းပြည် ချစ်ကြတာ လို့ပဲပြောပါတယ်။ ပြည်သူ လူထုကို ချစ်တယ်လို့ မပြောပါဘူး။ အဆိုပါ တိုင်းပြည်ချစ်တဲ့ သူတွေကိုတော့ ...

ဗိုလ်ဖြူ said...

ဦးဟန်ထွန်းလို ပုဂ္ဂိုလ် မျိုး အများကြီးရှီဖို့ လိုအပ်ပါတယ်...

min yar zar said...

ဦးဟန်ထွန်းပြောတာ သွေးထွက်အောင်မှန်ပါတယ်၊ crony တွေ တိုင်းပြည်ကို ချစ်ရင် တိုင်းပြည်သယံဇာတကို ပွဲစားလုပ်ပြီးရောင်းစား၊ သူတို့ အိတ်ထဲအပြည့်ထည့်မဲ့အစား သယံဇာတကို ထိန်းသိမ်းကြပါလား၊ အဲဒီ ခရိုနီတွေကို အပြတ်တိုက်ထုတ်ရမယ်၊၊၊၊၊

သူ၇ိယ said...

တိုင်းပြည်ရဲ့ငွေအင်အားကခရိုနီတွေရဲ့ငွေအင်အားထက်နည်းနေလို့ဖမ်းညှိတာပါ.

Angry Bird said...

အင်း ဆရာဦးမြင့်ရေ ဒီတချက်ကိုသဘောမတူဘူး။ စစ်မှန်တဲ့၊တာရှည်ခံမဲ့ (sustainable economic growth) စီးပွားရေးဖွံဖြိုးတိုးတက်မှုကိုလိုချင်ရင် စီးပွားရေးလက်ဝါးကြီးအုပ်မှု ကိုတားဆီးပြီး အလယ်အလတ်နဲ့အသေးစား စီးပွားရေး လုပ်ငန်းလေးတွေကို အားပေးရမယ် (U.S. မှာ Anti-monopoly law ရှိတာမမေ့ပါနဲ့၊ လက်ဝါးကြီးအုပ်မှုကိုကာကွယ်ဖို့ပါ)။ တခုတော့ရှိတာပေါ့ ဒီခရိုနီတွေကိုယ်တိုင်က နိုင်ငံတည်ဆောက်ရေးမှာ တတပ်တအားပါချင်တယ်ဆိုရင်တော့ အရင်ဆုံး သူတို့ရဲ့ စိတ်နေစိတ်ထား (Mental Attitude) ကိုအရင်ပြောင်း၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုကို တရားဝင်ကြေငြာ၊ လုပ်ငန်းတွေကို ပြည်သူတွေထံ ပွင့်လင်းမြင်သာ(Transparent)အောင်လုပ်၊ တရားဝင် ထိုက်သင့်တဲ့ အခွန်ကိုပေး၊ အစိုးရကလည်း ပွင့်လင်းမြင်သာအောင်လုပ်၊ ဒါဆိုရင်တော့ Welcome ပါ။

Anonymous said...

ဦးဟန်ထွန်းပြောတာလုံးဝထောက်ခံတယ်။
တိုင်းပြည်ကိုချစ်တယ်ဆိုရင် အဖြူရယ်၊အမဲရယ.် လို့မခွဲခြားပဲ ပြည်သူလူထု
အတွက်အနစ်နာခံချင်တဲ့စိတ်ရှိရဲ့လား။တကယ်ပဲ့အကျိုးပြုချင်တဲ့စိတ်ရောရှိရဲ့လားလို့မေးပါရစေ။

ko sai said...

ခရိုနီတွေဟာ တိုင်းပြည်ကို သိန်းရာဂဏန်းလောက်လှူပြီး သိန်းထောင်ချီတန်တဲ့ အခွင့်အရေးကို ပြန်ရယူတတ်ပါတယ်။

Anonymous said...

အဲဒါကတော့ လုံးဝအပြင်းအထန် ကန့်ကွက်ပါတယ်
တိုင်းပြည်နဲ့လူမျိုးအကျိုးဆိုတာ ဘာမှန်းကိုနားမလည်လို့
ခရိုနီဖြစ်တာပါ အကုန်လုံး ဘနဖူးသိုက်တူးမယ့်ကောင်တွေချည်းပဲ
သန်းကြွယ်သူဋ္ဌေးတွေလို့သာဆိုတာ ဘာတစ်ခုမှ အများကောင်းကျိုးလုပ်တာမဟုတ်ဘူး နိုင်ငံတော်အခွန်လည်း နည်းမျိုးစုံနဲ့
ပတ်ရှောင်နေတဲ့ကောင်တွေ ဒီကောင်တွေအရည်အချင်းက လုပ်ပိုင်ခွင့်ရှိတဲ့သူကို ခြေသလုံးဖက် ရတဲ့အခွင့်အရေးနဲ့ တိုင်းပြည်ကတစ်ခုပြီးတစ်ခု ခိုးးစား ရောင်းစားတဲ့အဆင့်လောက်ပဲရှိကြတာ
လွတ်လပ်မျှတပြီး တန်းတူအခွင့်အရေးနဲ့ လူ့ကိုယ်ကျင့်တရား ဂုဏ်သိက္ခါရှိရှိ ပြိုင်ဆိုင်ပြီးစီးပွါးရှာ ချမ်းသာလာတဲ့ကောင်တွေမဟုတ်ဘူး
ဒီကောင်တွေ ပိုက်ဆံဘယ်လောက်ရှိရှိ ကျတ်သရေကိုမရှိတာ

a said...

ဒီငွေတွေကိုရတဲ့အကြောင်းအရာနဲ့အခွန်အကြောင်းမပြောပဲဘာတွေလာပြောနေတာလဲ၊ဖြန့်ပြီးတွေးပါပညာရှင်ရယ်၊ဒီငွေတွေကိုသုံးချင်တာတစ်ခုတည်းနဲ့အမှားကြီးမှားတော့မယ်။ဒီကောင်တွေရဲ့အခွန်အကြောင်းနိုင်ငံကျော်သိန်းစိန်(ရုပ်သေး)အစိုးရ၂နှစ်ပြည့်တော့မယ်ဘာမှမလုပ်သေးဘူး။(ဒါလည်းနိုင်ငံနဲ့ပြည်သူအတွက်ပဲလား)မတရားလုပ်ထားတာတွေအားလုံးတရားဝင်ကုန်တော့မှာ၊သိန်းစိန်ရဲ့အပြောင်းအလဲဆိုတာတွေကတော့အံ့သြစရာပဲ၊ဒါတွေကြောင့်ပဲနာမည်ကျော်တာပေါ့။

ngaba said...

တော်စမ်းပါ ဦးမြင့်ရယ်..
ဒီတစ်ခါ သမ္မတအကြံပေးလည်း စိတ်ရင်း အမှန်တွေပေါ်လာသလား ထင်ရပါတယ်..
ဒီခရိုနီတွေ.. စနစ်တကျ အလုပ်လုပ်တတ်လို့ ကြီးပွားလာတာ တစ်ယောက်မှ မရှိပါဘူး။ လုပ်ငန်းကြီးတွေမှန်သမျှ တရုတ်ကိုထိုးအပ် ဒေါ်လာသန်းပေါင်းများစွာသော ပွဲစားခတွေကို အာဏာပိုင်နဲ့ သူတို့ခွဲစား.. စာရင်းအင်းမရှိတော့ အခွန်ဆိုတာလည်း ကောက်လို့မရ..
ပြည်သူပိုင် မြေနေရာတွေ အားလုံးကိုလည်း ဒီခရိုနီတွေပဲ တရားဝင်အမွေခွဲသလို ခွဲဝေယူပြီး အဆမတန် အမြတ်တင်ရောင်းချကြ.. အခွန်ဆိုတာ အဝေးကြီး..
အခု မင်းသမီးယေက္ခမခရိုနီတစ်ယာက်ကလည်း လွှတ်တော်အမတ်ဆိုတဲ့ ဂုဏ်သိက္ခာကိုတောင် မထိန်းနိုင်ပဲ တောင်သူလယ်သမားတွေရဲ့ လယ်မြေတွေကို မလှိမ့်တပတ်လုပ်၊ ကလိန်ကကျစ်နည်းမျိုးစုံသုံး၊ လယ်မြေတွေကို အာဏာပိုင်တွေနဲ့ပေါင်းပြီး သူ့ပိုင်မြေလို လုပ်ချင်တိုင်းလုပ်လို့ရခဲ့တာကို အရသာတွေ့ပြီး လက်ရဲဇက်ရဲ လုပ်ချင်သလိုလုပ်.. သူတို့လုပ်တတ်တာ ပွဲစားအဆင့်ပဲရှိတယ်။ အဲဒီလို တရားမ၀င် ပွဲစားလုပ်လို့ရလာသမျှ ၀င်ငွေတွေဟာလည်း အခွန်ဆောင်စရာမလို..
ပြောရရင် အများကြီးပါ။ ဒီလူတွေ အရည်အချင်းကလည်း ပွဲစားဥာဏ်လောက်ပဲရှိပြီး တိုင်းပြည်အပေါ် လုပ်လို့ရသမျှ အရိုးအရင်းပါမကျန်အောင် အမြတ်ထုတ်၊ တိုင်းပြည်အပေါ် ကောင်းစားစေလိုတဲ့ စိတ်စေတနာဆိုတာ လုံးဝမရှိ။ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတတွေလည်း ထင်သလို ကျဲခဲ့ကြလို့ တိုင်းပြည်လည်း ဖွတ်လုံးလုံးဖြစ်ခဲ့ရပြီ..။
သူတို့တတွေ ထင်သလို လုပ်လို့ရနေတဲ့အချိန်မှာတောင် တိုင်းပြည်နဲ့ လူမျိုးအတွက် ဘာတွေများ မှတ်ကျောက်တင်လောက်အောင် အကျိုးပြုခဲ့ပါသလဲ။ ဟိုနေရာစာသင်ကျောင်းလေး၊ ဆေးပေးခန်းလေးလှု ဒါတွေကို လာမပြောပါနဲ့။ ဒါတွေက သူတို့လုပ်ပိုင်ခွင်ရဖို့ ဟန်ပြလုပ်ပြရတဲ အရာတွေပါ။
အခုတော့ ဒီခရိုနီတွေကလည်း တိုင်းပြည်ကိုချစ်တတ်ပါတယ်..ဆိုတဲ့ စကားကို ဦးမြင့်လို လူတစ်ယောက်ရဲ့ပါးစပ်က ထွက်ရဲတာ.. တိုင်းပြည်အနာဂတ်အတွက် မျှော်လင့်ထားမိတာလေးတွေတောင် မှားကုန်ပြီလားလို့ သံသယဖြစ်မိတယ်။
တစ်ခုပြောချင်ပါတယ်။ ဒီချစ်ပါတယ်၊ မချစ်ပါဘူးတွေကို ခနဘေးမှာ ထားလိုက်ပါဦး။ ဒီခရိုနီထဲမှာ တိုင်းပြည်တိုးတက်ဖို့ အတွေးအခေါ်၊ လုပ်ရပ်၊ အရည်အချင်း နိုင်ငံတကာအဆင့်မီတဲ့လူ ဘယ်နှစ်ယောက်ပါသလဲ။ ပွဲစားလုပ်တတ်တဲ့.. အာဏာပိုင်နဲ့ ပြည်ပရင်းနှီးမြှုပ်နှံသူအကြား ပွဲစားလုပ်တတ်တဲ့ အရည်အချင်းလောက်နဲ့တော့ ဒီလူတွေကို ပွဲထုတ်စရာအကြောင်းမရှိပါဘူး။ တိုင်းပြည်တိုးတက်ရေးအတွက် အဆင့်မမီတဲ့ သူတို့အရည်အချင်းတွေ ထုတ်မသုံးလည်း ဘာမှ ထိခိုက်နစ်နာ မသွားပါဘူး။ သူတို့တတ်တာ သူတို့အကျိုး၊ သူတို့အိပ်ထဲ ငွေဘယ်လောက်ဝင်မလဲဆိုတဲ့ ရှုထောင့်ကပဲ တွေးတတ်၊ လုပ်ကိုင်တတ်တာပါ။ တိုင်းပြည်ရဲ့ စီးပွားရေးတရပ်လုံး တစ်အုံတစ်မ တိုးတက်အောင်လုပ်ဖို့ဆိုရင် ဒီလူတွေ သုံးစားလို့မရပါဘူး။ မြန်မာငွေတန်ဖိုးတက်လာလို့ ဒေါ်လာဈေးတွေလည်းကျရော ခရိုးနီတွေ ဆွေ့ဆွေ့ခုန်နေတယ်။ အဲဒီပြဿနာဖြစ်တော့ ခရိုနီတွေ စဉ်းစားတဲ့ရှုထောင့်က ဒေါ်လာဈေးတက်မှ သူတို့တွေ အမြတ်များများကျန်မယ်ဆိုတဲ့ အတွေးတွေကိုပဲ အခြေခံစဉ်းစားပြီး အဖြေရှာကြတယ်။ မြန်မာငွေတန်ဖိုးတက်လာရင် ရေရှည်မှာ တိုင်းပြည်အတွက် ဘာတွေအကျိုးဖြစ်ထွန်းမယ်၊ မြန်မာငွေနဲ့လစာရနေတဲ့ တိုင်းရင်းသားပြည်သူတွေ ဘာတွေအကျိုးဖြစ်လာနိုင်မလဲ စတဲ့ ဖြန့်ကျက်ပြီးစဉ်းစားတာမျိုး သူတို့မလုပ်တတ်ခဲ့ဘူး၊ မလုပ်နိုင်ခဲ့ဘူး၊ လတ်တလော သူတို့အကျိုးစီးပွား ကာကွယ်ဖို့ကိုပဲ စဉ်းစားဆုံးဖြတ်တတ်ခဲ့တယ်။ အခုလည်း ကား၊ ဖုန်း စတာတွေကို တိုင်းသူပြည်သားတွေ အစဉ်ပြေမယ့် ရှုထောင့်က သူတို့မတွေးတတ်ခဲ့ပါဘူး။ သူတို့ရဲ့ ချမ်းသာကြွယ်ဝ ပိုင်ဆိုင်မှုတွေကို ကာဗာလုပ်ဖို့၊ မနစ်နာဖို့ စတာတွေကိုပဲ အခြေခံပြီး လုပ်ကိုင်ခဲ့တာပါ။ ဒါက ထင်သာမြင်သာတာလေးတွေကိုပဲ ပြောတာပါ။ သူတို့မှာ တိုင်းပြည်အပေါ်စေတနာ တပြားသားမှ မရှိတာကတော့ အသေချာဆုံးပါ။
ဒါကြောင့် အရည်အချင်းအရရော.. စေတနာအရရော.. စိတ်ဓာတ်အရရော ဘက်စုံသုံးစားလို့ မရတဲ့လူတွေကို ဘာအကြောင်းနဲ့မှ လွမ်းနေစရာ အကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်။
ခရိုနိတွေ တိုင်းပြည်အပေါ် တကယ်စေတနာရှိရင် ခင်ဗျားတို့ကျွန်တော်တို့ ကားတစ်စီး သိန်း၂၀လောက်၊ ဖုန်းတစ်လုံး ၅ထောင်လောက်နဲ့ ကိုင်နိုင်တာ ကြာလှပြီ။ သူတို့က ဟိုအကြောင်းပြ၊ ဒီအကြောင်းပြ၊ စနစ်တခုကို တစ်ဆင့်ချင်းသွားရတယ်ဆိုတဲ့ ကလေးကလား အကြောင်းပြချင်တွေနဲ့ လူတွေကို ဗြောင်လိမ်ဗြောင်စားလုပ် ဒီလူတွေအကြောင်း ပြောရရင် တိုင်းပြည်အပေါ် စေတနာမဲ့ပုံများ.. သစ္စာမရှိပုံများ ပြောလို့တောင်မကုန်ပါဘူး။

nay said...

ဦးဟန်ထွန်းပြောတာလည်း မှန်ပါတယ်။ ဒေါက်တာ ဦးမြင့်ပြောတလည်း မှန်ပါတယ်။ ဒါပေမယ့် နဲနဲ စီ အစွန်းရောက် နေသလားလို့။ ခရိုနီတွေမှာရှိနေတဲ့ ငွေဖြူ ငွေမဲ အားလုံး က မြန်မာ့စီးပွားရေးအတွက် အရေးပါပါတယ်။ သူတို့ကို မလှုပ်သာအောင်ချုပ်လိုက်ရင် အဲဒီငွေတွေ အပြင်ကို ထွက်သွားမှာပါ။ ဦးနေ၀င်း လက်ထက်က တရုတ်တွေ ကုလားတွေနဲ့ အပြင်ကို ရောက်သွားတဲ့ ငွေတွေ ပညာရှင်တွေက နမူနာပါ။ ကျွန်တော်တို့မှာ နမူနာယူစရာတွေ အများကြီးပါ။ အဲဒါတွေထဲက ကောင်းတာကို ယူ မကောင်းတာကို ပယ်ပြီး သူတို့က လှုပ်သာ လှည့်သာရုံ စည်းကမ်းကောင်းကောင်းလေးနဲ့ ထိန်းလိုက်ရင် အကုန်လုံးအတွက် အကျိုးရှိပါမယ်။ ဆုပေး ဒါဏ်ပေးပေါ့။ ဒါပေမယ့် ဆုကြေး ၁၀ ဆို ဒါဏ်ကြေး ၁၀၀၀ လောက်မှ အခု ခရိုနီတွေ ဥပဒေကို လက်တလုံးခြားလုပ်နေတာ လျှော့လာနိုင်မယ်ထင်ပါတယ်။ အဓိကကတော့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေကောင်းကောင်းနဲ့ သမာသမတ်ကျတဲ့ တရားစီရင်မှု လိုနေတာပါ။

nandar said...

စီးပွားရေးသမားတွေတိုင်းပြည်ချစ်လားမချစ်လား ကျမနားလည်သလောက်ကလေးနဲ့ဥပမာပြပါရစေ။ ကျမကကျောင်းဆရာနှင့်ဆရာမသမီးပါ။ အဖေနှင့်အမေက လစာတိုးတော့မယ်တဲ့ လို့ဒီနေ့ပြောလိုက်ရင် နောက်နေ့ကုန်ဈေးနှုန်းတက်လာတာပါဘဲ။ အစိုးရနဲ့ သူတိုရနဲ့ပေါင်းပြီးခွင်ရိုက်တာပါ။ မတိုးဘူးလဲမ၇ှိရအောင် တိုးပေးလိုက်ပြီး crony တွေကိုပြန်ယူခိုင်းတာပါဘဲ။ အကုန်လုံးသူတို့ထဲဘဲ ပြန်ရောက်တာပါဘဲ။ ဒါတွေရဲ့အကျိုးဆက်ကတော့ လက်လုပ်လက်စားတွေရဲ့ဘ၀ကိုထိခိုက်စေတာပါဘဲ။ တနေ့လုပ်မှတနေ့စားရတဲ့သူတို့ဘ၀တွေမှာ မြင့်တက်လာတဲ့ကုန်ဈေးနှုန်းကိုအန်တုဖို့ သားသမီးလေးတွေကိုငယ်ငယ်ရွယ်ရွယ်ကျောင်းထုတ်ပြီး မြို့ကလက်ဖက်ရည်ဆိုင်တွေ နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ၀င်လုပ်ကြရပ်တယ်။ အရွယ်နဲ့မမျအောင် ဘ၀ကိုရင်ဆိုင်နေရပါတယ်။ ဒါတွေကိုလစ်လျူရှုပြီးcrony တွေတိုင်းပြည်ချစ်ပါတယ်လို့ပြောလိုက်တဲ့ ဒေါက်တာဘွဲ့ရကြီးကို အရမ်းအံ့သြမိပါကြောင်းနှင့် တကယ်လို့ကြိုကြိုက်ခဲ့ရင် ကျေးလက်ကဆင်းရဲသားတွေရဲ့ ဘ၀လေးတွေကိုတခါလောက်သွားကြည့်ပေးကြပါဦး လို့ သမတကြီးကိုရော။ သမတရဲ့စီးပွားရေး အကြံပေးကြီးကိုရော။တိုင်းပြည်ချစ် crony တွေကိုရောအကြံပေးပါရစေ။ ဦးမြင့်လည်း crony တွေကိုချစ်တယ်ထင်တယ်။ ဘာတွေရလို့လဲဟင်.....

Ko Min Chit Thu said...

တိုင်းပြည်ချစ်တာသေချာစေချင်ရင်....
မတရားပူးပေါင့းရှာဖွေထားငွေ၈၀%ကို....
ပညာရေး၊ကျန်းမာရေး၊ကယ်ဆယ်ရေးနှင့်ဘာသာရေး၊(၄)ခုကိုဘဲလှူခိုင်းလိုက်ပါ
ပြည်သူသန်း၆၀လုံးသာဓုခေါ်ပြီး၊၀ိုင်းနမ်းပေးဖို့တာဝန်ယူတယ်

kelvin kawasaki said...

ဆရာ ဦးဟန်ထွန်းပြောတာ ကို ကျွန်တော် သိပ်ကြိုက်ပါတယ် ကျွန်တော် ကိုယ်တိုင်လည်း ဒီလိုမျိုး ပညာရှင်တစ်ယောက်ရဲ့ ထောက်ပြချက်မှာကို စောင့်ကြည့်နေတာပါ။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကို ဖော်ဆောင်နေတဲ့နေရာမှာ ဈေးကွက်စီးပွားရေး ပီပီပြင်ပြင် ဖြစ်ပေါ်လာဖို့ လည်း လိုပါတယ်။ ဒါမှလည်းစီးပွားရေးက အရှိန်အဟုန်နဲ့ တိုးတက်မှာပါ။ ဒီလိုမျိုး ဖြစ်လာဖို့ အတွက် က တိုင်းပြည်စီးပွားရေး တခုလုံးကို လက်ဝါးကြီးအုပ်ထားတဲ့ ခရိုနီ Oligopoly ပေါ့နော် အဲဒီ လူတန်းစားပျောက်သွားဖို့ အရေးကြီးပါတယ် ကိုရီးယား လိုမျိုးပဲ ဒုတိယ ကမ္ဘာစစ်မတိုင်ခင်မှာ ဂျပန်က လည်း အခု မြန်မာနိုင်ငံလို စီးပွားရေး အခြေအနေမျိုးပါ တိုင်းပြည်စီးပွားရေးတစ်ခုလုံးကို ဇိုင်းဘတ်ဆု (zai batsu) လို့ ခေါ်တဲ့ ခရိုနီ ကုမ္ပဏီတစ်သိုက်ပဲ ချယ်လှယ်ထားခဲ့တာပါ။ စစ်ပြီး ဒီမိုကရေစီ ထွန်းကားလာတော့ မှ ခရိုနီ တားမြစ်ရေးဥပဒေကို ပြဌာန်းပြီးနောက်မှာတော့ ဂျပန်စီးပွားရေးက တစ်ဟုန်ထိုး ဖွံဖြိုးတိုးတက်သွားတာ အတုယူဖွယ်ရာ သာဓက တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။

winshein said...

ဒေါ်ပြည့်said
crony တွေတိုင်းပြည်ကို မချစ်တတ်ပါဘူး တိုင်းပြည်ရဲ့
သယံဇာတတွေကိုချစ်တာပါ ငွေကိုလူထက်တန်ဘိုးထားသူတွေပါ၊
တိုင်းပြည်ချစ်တဲ့ ခရိုနီတယောက်လောက် နမူနာထောက်ပြပါ
ဦးမြင့်ရယ်၊

linn said...

ခရိုနီတွေမှားခဲ့တာလည်းမှားခဲ့တာပေါ့။ ဦးတေဇ အင်တာဗျူးတစ်ခုဖတ်ဖူးပါတယ်။ သူ့အနေနဲ့မြန်မာပြည်ကို ချစ်တယ်လို့ပြောခဲ့ပါတယ်။ သူ့အနေနဲ့မှားခဲ့တယ်ဆိုရင် စီးပွားရေးသမားပီသစွာ အခြေအနေအပေါ် အခွင့်ကောင်းယူခဲ့တာ များသွားတယ်လို့ပဲပြောရမှာပါ။ အာဏာက corrupt ဖြစ်စေတာကြောင့်ပါ။ စီးပွားရေးသမားနဲ့ အာဏာရှိသူပေါင်းမိသွားတာပါ။ အခုအခါ နိင်ငံခြားက လုပ်ငန်းတွေ ၀င်လာရင် သူတို့နဲ့တန်းတူရင်ဆိုင်နိုင်တဲ့ ပြည်တွင်းလုပ်ငန်းရှင် ရှားပါတယ်။ အရင်းအနှီးရှိတာက လူတစ်စုလက်ထဲမှာပဲရှိတာပါ။ အများပိုင်ကုမ္ပဏီတွေ ဖွဲ့ဘို့ကလည်းအဆင်မပြေသေးပါဘူး။ ဒီတော့ အဆင်မသင့်ရင် မြန်မာပြည်ကိုမြန်မာပိုင်ပေမဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးကို နိုင်ငံခြားကုမ္ပဏီတွေသာပိုင်မဲ့ အခြေအနေဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ခရိုနီတွေလုပ်ပိုင်ခွင့်ပေးတာ အဆန်းမဟုတ်ပါ။ ကိုရီးယားမှာ စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့စတော့ အရင်းအနှီးကနဲနဲပဲရှိတော့ လက်တဆုပ်စာ ခေးဘိုးလို့ခေါ်တဲ့ လုပ်ငန်းကြီးတွေကိုသာအစိုးရက အကူအညီပေးနိုင်ခဲ့တာပါ။ အဲလိုနဲ့ ဟွန်ဒိုင်း၊ ဆမ်းဆောင်း စတာတွေပေါ်လာပြီး သြဇာရှိလာတာပါ။ တစ်ခုရှိတာက ဒီခေးဘိုးတွေက တိုင်းပြည်အတွက်လည်းတစ်ကယ်လုပ်ရတာပါ။ အဆင်မသင့်ရင် အစိုးရက ထောက်ပံ့တာတွေ ရပ်လိုက်မှာမို့ပါ။ အဲလိုနဲ့ ကိုရီးယားဟာ ကျားတစ်ကောင်ဖြစ်လာတာပါ။ မြန်မာ့စီးပွားရေးအတွက် ခရိုနီများရဲ့အကူအညီလိုပါမယ်။ ခံစရာရှိရင် မြန်မာအချင်းချင်း ချတာပဲခံမယ် ဆိုသလိုပေါ့။ ပြီး ခရိုနီတွေကို ဥပဒေတွေနဲ့ သေချာချုပ်လို့ရပါတယ်။ မြန်မာတွေဖြစ်တာကြောင့်လဲ သမ္မတကြီးဦးသိန်းစိန်သာ မေတ္တာရပ်ခံရင် အရှုံးခံလုပ်ရမဲ့ အလုပ်တွေတောက် ကူမဲ့သဘောရှိပါတယ်။ သဘောတရားက အဆင်ပြေပါတယ်။ လုပ်ပုံကိုင်ပုံ ကိုင်တွယ်ပုံပဲ ကြည့်ရမှာပါ။ ဦးမြင့်ကို အထင်မလွဲပါနဲ့။ တစ်ကယ်တော်ပြီး စေတနာရှိတဲ့သူပါ။ ပြီးတော့ ဒီစကားကို ဦးမြင့်ပြောတာမဟုတ်လဲ ကျွန်တော် မူအရ ထောက်ခံပါတယ်။

zin said...

ခရိုနီ စီးပွားကျဆုံးပါစေ.....

001komgmg222@gmail.com said...

ဦးဟန်ထွန်းပြောတာမှန်ပါတယ်၊အဲဒီခရိုနီတွေဟာတစ်ယောက်မှအာဏရှင်လက်ထက်မှာအခွင့်ထူးခံယူပြီအမြတ်ခွန်မဆောင်ခဲ့တာ(၂၅)နှစ်ရှိနေပါတယ်အဲဒါကတော့အသေချာဆုံးပါဘဲအမြတ်ခွန်မဆောင်ခဲ့တဲ့အတွက်ပြည်သူပိုင်သိမ်းပေးပါခင်ဗျာ

Soe said...

ခရိုနီတွေနဲ့ စစ်တပ်ဟာ တိုင်းပြည်ကို ချစ်မှာ ပေါ့
တိုင်းပြည် မှာ ၇ှိတဲ့ သယံဇာတ တွေကို
ခရိုနီတွေနဲ့ စစ်တပ်နဲ့ပေါင်းပြီး တိုင်းပြည်မှာ၇ှိတဲ့ မြေပေါ်
မြေအောက် မှာ၇ှိတဲ့ သယံဇာတ တွေကို စိတ်ကြိုက် ထုတ်ယူနေကြတဲ့ လူတန်းစား လူပေါ် လူညွန့်ခူးစားတဲ့
လူတန်းစား ပြည်သူတွေ အပေါ် မှာ ခေါင်းပုံ ဖြတ်တဲ့
လူတန်းစား အခွင့်ထူးခံ လူတန်းစားတစ်၇ပ်ပါ
ဒီလူတွေဟာ ပြည်သူ့ အတွက်ဘာအကျိုးမှ မပြုပါဘူး

66koaungaungtun@gmail.com said...

ဦးဟန်ထွန်းပြောတာမှန်ပါတယ်၊စစ်အာဏရှင်နဲ့ပေါင်းပြီးပြည်သူသယံဇာတတွေရောင်းစားနေတဲ့လူညစ်ပတ်တွေနဲ့ဘယ်ပြည်သူမှယုံကြည်ပြီလက်တွဲမလုပ်ကိုင်နိုင်ပါဘူးခင်ဗျာ

Anonymous said...

ကျွန်တော် တော်တော်တုံးတာပဲ...
ခရိုနီ ဆိုတာဘာလည်း ဆိုတာ မသိသေးဘူး။

Myo1 said...

ဒီခရိုနီတွေရဲ့ နောက်မှာဘယ်သူထိုင်နေလဲ. ..ဘယ်သူ့ အတွက်လုပ်ပေးနေပါသလဲ...ဒါတွေကိုဦးမြင့်သိပါသလား....ဒီကောင်တွေ တိုင်းပြည်ကိုချစ်တယ်ဆိုတာ ချီးစားပြီးကျိန်ပြောရင်တောင် ချီးကြိုက်လို့ ပဲဖြစ်ပါလိမ့်မယ်..။

မောင် said...

(ဦးဟန်ထွန်း (အခွန်)ကတော့ အဲဒီ ခရိုနီစီးပွားရေးသမားတွေ တိုင်းပြည်ချစ်တယ်ဆိုရင် အများကြီး လုပ်မပြစရာမလိုပဲ အခွန်ပဲ မှန်ကန်အောင် ပေးပါဦးလို့ ဝေဖန် ထောက်ပြ....)

အခွန်ဌာနက ၀န်ထမ်းတွေရဲ့ပေါ့ရော့မှုလား။ ... ဘာလား။
တွေးစရာပါဘဲ။ အဲဒါက ရာနှုန်းများမယ်လို့ယုံပါတယ်။
အခွန်ဌာနနဲ့ပတ်သက်ဘူးတော့ အဲဒီဌာနကလူတွေ (လျော့လျော့ပေါ့ပေါ့ပြောရင်..) အများစုက... (ကမာရွတ်မှာ ဦးထွန်းထွန်းဆိုတဲ့လူနဲ့ကြုံဘူးတယ်..။) တကယ် အယူအတောင်း ပက်စက်တဲ့ သူ။

ဒေါက်တာဦးမြင့်ရဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေးစာတမ်း (မိမိအမည်မှတ်မှားနိုင်ပါတယ်) ကို ရှာဖတ်ကြည့်ကြပါဗျာ။ အခု လူကြီးလူကောင်းဆန်ဆန် သူပြောတဲ့စကားထဲက စနစ်တကျဆိုတာ ဘယ်လိုလဲ၊ ဘာလဲလို့ အသိပေးသင့်တဲ့ သက်ဆိုင်တဲ့သူတွေကလွဲရင် ဘယ်သူမှမသိဘူးလေ...။

အကြောင်းအချက်နည်းနည်းဘဲသိပြီး အဲဒီပေါ်မှာ ထိုင်ပြောနေရင်တော့ ဘေးထိုင်ဘုပြောဖြစ်နေမှာ..

ဘာဘဲဖြစ်ဖြစ် ဒေါက်တာဦးမြင့်ကော၊ ဦးဟန်ထွန်း(အခွန်)ကော ပညာ၊ အတွေ့အကြုံတွေ အများကြီးရှိတဲ့သူတွေပါ။ ခေသူတွေမှ မဟုတ်တာ။

မီဒီယာတွေကတော့ သူလိုရာဆွဲပြီးခေါင်းစဉ်တပ်လိုက်မှာဘဲ။

aungkotun said...

ဦးဟန်ထွန်း ကို လုံးဝ ထောက်ခံပါတယ်။ ဒီနေ.မြန်မာပြည်က crony တွေ ရဲ.သဘောသဘာဝ က ဘယ်ဘက် က တဆုတ်ဋ္ဌကဲ ညာဘက် ကတလှည်း ၀င် တာမျိုး ကိုပဲ သဘောကောင်း ဋ္ဌကတာမျိုးပါ ။

Ye Naing said...

မြန်မာပြည်မှာ ဒေါက်တာဘွဲ့ရသူတွေထက် ပိုတော်၊ ပိုတတ်၊ ပိုပြီးစဉ်းစားတွေးခေါ်တတ် တဲ့သူတွေများနေလို့ ဂုဏ်ယူမိပါတယ်။
ဒီမိုကရေစီ ရပြီဆိုတော့ အလုပ် လုပ်ဖို့မလိုတော့ပဲ ထိုင်ပြီးဝေဖန်နေကြရုံနဲ့ ခေတ်မှီနေရာထိုင်ခင်း၊ ဖုန်း နဲ့ ကား တွေ ရပြီး တိုင်းပြည်ကြီး တိုးတက်လာတော့မှာ... ဝမ်းသာလိုက်တာ။

ngaba said...

ဥပဒေကသာ နိုင်ငံသားတွေဖက်က ကာကွယ်ရပ်တည်ပေးစမ်းပါ။ အရည်အချင်းရှိတဲ့ စီးပွားရေးပညာရှင်တွေ၊ နိုင်ငံတကာ နဲ့ ရင်ပေါင်တန်းနိုင်သူတွေ အများကြီးပါ။ အရင်းအနှီးဆိုတာ ကိုယ့်နိုင်ငံမှာလာလုပ်ရင် နိုင်ငံသားတွေအနေနဲ့ ၁၀၀%ရင်းနှီးမြှုပ်နှံနိုင်မှ အလုပ် လုပ်လို့ရတာမဟုတ်ပါဘူး။ လုပ်နည်းလုပ်ဟန်နဲ့ လုပ်တတ်ဖို့ပဲလိုတာပါ။ ကိုယ့်နိုင်ငံက နေရာဒေသတစ်ခုလုံးကို အရင်းအနှီးသဖွယ် စိုက်ထားပေးပြီးပြီပဲ။ လုပ်ပိုင်ခွင့်နဲ့ ရပိုင်ခွင့်ကို ကိုယ့်ဖက်အသာစီးရဖို့ကတော့ နည်းဥပဒေတွေ ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ဖို့လိုတာပါ။ မြန်မာခရိုနီတွေကို သူတို့မှာအရင်းအနှီးရှိတာပဲဆိုပြီး နေရာပေးလည်း အာဏာရှိသူနဲ့ ပေါင်းပြီး ကိုယ့်မြန်မာချင်း ဘက်ပေါင်းစုံက နင်းဖို့ပဲ အကျင့်ပါနေသူတွေ အတွက်တော့ ဖိတ်ခြင်းဖိတ် ကိုယ့်အိပ်ထဲကိုဖိတ် ဆိုတာမျိုး ကျင့်သုံးလို့ကို မရနိုင်ပါဘူး။ အခွင့်အရေးသမားဆိုတာ အခွင့်အရေးရမှပဲ အလုပ် လုပ်တတ်တော့တာပါ။ စနစ်တကျ ပြိုင်ဆိုင်ရမယ့်၊ ရုန်းကန်ရမယ့် အခြေအနေမျိုးဆိုရင် စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်မျိုး၊ အခြေအနေမျိုးကို ဒီလူတွေ မလုပ်တတ်တော့ပါဘူး။ စိတ်ဓာတ်လည်း မရှိပါဘူး။
အခုတောင် ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ ၀င်လာရင် သူတို့လက်ငုတ် စားပေါက်လေးတွေ ပိတ်သွားမှာဆိုးလို့ ရှိသမျှအားနဲ့ ကျားကန်နေတာပဲ မဟုတ်လား။
ပြီတော့ အခုလက်ရှိမှာ ပြည်ပက ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းတာတွေရဲ့ ရာခိုင်နှုန်းရှစ်ဆယ်လောက်ဟာ မြန်မာပြည်ရဲ့ သယံဇာတတွေကို တူးဖော်ထုတ်လုပ်မဲ့ လူတွေချည်းပါပဲ။ တကယ်တမ်း နည်းပညာ၊ ကုန်ထုတ်လုပ်မှုနဲ့ အတတ်ပညာဆိုင်ရာ ရင်းနှီးမဲ့လူတွေ မလာကြသေးပါဘူး။ အခု အများစုက အချောင်နှိုက်ချင်သူတွေက အများစုပဲ။ အဲဒီလို ပြည်ပက အချောင်နိုက်ချင်သူနဲ့ အိမ်ရှင်ဒေသခံ အချောင်သမား ပေါင်းမိသွားရင် တိုင်းပြည် ဘာဖြစ်လာမယ်ဆိုတာ ဗေဒင်သွားမေးစရာ မလိုပါဘူး။ တိုင်းပြည်မှာ ဥပဒေအရပ်ရပ်စိုးမိုးပြီး စနစ်တကျရှိတဲ့ တိုင်းပြည်အတွက် ရေရှည် အကျိုးဖြစ်ထွန်းစေမယ့် ရင်းနှီးမြုပ်နှံသူတွေ ၀င်လာမှသာ ခရိုနီတွေလည်း အဲဒီတော့မှ ပညာသင်ပြန်ဖြစ်သွားပြီး အပြန်အလှန် ထိန်းကျောင်းသွားနိုင်မှာပါ။
အဓိကက ပြည်တွင်းမှာ အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေနဲ့ လူ့စွမ်းအား အရင်းအမြစ် ဖူလုံနေအောင် ကိုယ့်လူမျိုးတွေ ပညာဝမ်းစာ ပြည့်နေအောင် ဖြည့်ထားဖို့က အဓိကလိုအပ်ချက်ပါ။
ပြည်ပကပဲချချ မြန်မာချင်းပဲချချ... ချတာခံမယ်ဆိုတဲ့ အခြေအနေမျိုးကို လက်သင့်ခံလို့ကိုမရဘူး။ အဲဒီလို အချမခံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အစိုရနဲ့ လွှတ်တော်ရဲ့ အစွမ်းအဆပေါ် များစွာမူတည်နေမှာပါ။
အခု သမ္မတက နိုင်ငံတကာမှာ ပျံ့နှံ့ရောက်ရှိနေတဲ့ ပညာရှင်၊ လုပ်အားရှင်၊ အစွမ်းအဆရှိသူတွေကို အိမ်ပြန်လာဖို့ ဖိတ်ခေါ်နေတာဟာ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်လာမယ့်အခြေအနေကို တွက်ဆပြီး အဓိကကျတဲ့ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ပါ။
အရင်းအနှီးရှိယုံနဲ့ သူဌေးမဖြစ်ပါဘူး။ သူဌေးဖြစ်မယ့် လုပ်နည်းလုပ်ဟန်ကိုလည်း နားလည်တတ်ကျွမ်းမှ သူဌေးဖြစ်တာပါ။ ကိုယ့်မှာ အရင်းအနှီးမရှိရင် အတတ်ပညာရှိဖို့လိုပါမယ်။
အရေးကြီးဆုံးက စိတ်ဓာတ်ပါ။ လက်ရှိခရိုနီတွေမှာက တိုင်းပြည်အပေါ်ချစ်တဲ့ စိတ်စေတနာ တကယ်မရှိပါဘူး။ ဒါကြောင့် သူတို့ဘာလုပ်လုပ် စေတနာကို အရင်းမခံလို့ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးမရှိနိုင်ပါဘူး။ တိုင်းပြည်ရဲ့ ဥပဒေတွေနဲ့ အဲဒီခရိုနီတွေကို ထိန်းကျောင်းဖို့ ကြိုးစားရင်လည်း ဥပဒေရဲ့ အထက်မှာ ရောက်နေလို့ ခရိုနီဖြစ်နေတာဆိုတာ တွက်ဆထားသင့်ပါတယ်။ အဲဒီအရှိန်ဟာ လေးငါးနှစ်နဲ့ ရပ်မသွားဘူးဆိုတာ မဖြစ်မနေ ထည့်တွက်ရမှာပါ။

linn.. ရဲ့ ကွန့်မန့်ကို သာမန်ယေဘူယအခြေအနေမျိုးမှာ လက်ခံပါတယ်။ ဒါပေမယ့် ခရိုနီတွေဟာ အလွန်ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်သက်သက်၊ ငွေရှင်ကြေးရှင်သက်သက် မဟုတ်ဘူးဆိုတာ ထည့်မတွက်ထားပါဘူး။
တစ်ချိန်က စစ်အစိုးရရဲ့ စီးပွားရေးဦးတည်ချက်တွေက ကောင်းပါတယ်။
ဥပမာ..ဈေးကွက်စီးပွားရေးစနစ် ပီပြင်......
ပြည်ပမှ အတတ်ပညာနှင့်အရင်းအနှီးများ ဖိတ်ခေါ်......
စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသား လက်ဝယ်.... စသဖြင့် ရည်ရွယ်ချက်တွေ စနစ်ကျ ကောင်းမွန်ခဲ့ပေမယ့် ဒီခရိုနီတွေပဲ တိုင်းပြည်ကို ဖျက်စီးခဲ့တာပါ။ ပြီးတော့ အခုလည်း ဒီလူနဲ့ ဒီလူပဲ အပေါ်ယံအရေခွံလေးပဲ ပြောင်းထားရသေးတယ်ဆိုတာ မမေ့မလျော့ ထည့်စဉ်းစားရမှာပါ။ ဥပဒေစိုးမိုးမှုမရှိသေးသမျှ ဒီခရိုနီတွေ ပြန်ပြီးနေရာပေးလို့ကို မရသေးဘူးလို့ပဲ ယုံတယ်။
သူတို့ကိုနေရာမပေးရင် သူတို့ရဲ့ ပိုင်ဆိုင်ထားမှုတွေ ပြည်ပကိုထွက်ကုန်မှာတို့... သူတို့ရဲ့ အစွမ်းအဆ အဆက်အသွယ်တွေကို ထုတ်သုံးမှ... စတာတွေဟာ သီအိုရီအရ မှန်ကောင်းမှန်နိုင်ပေမယ့်..
ဒီလူတွေကို တိုင်းပြည်ထူထောင်ရေးမှာ အသုံးချဖို့ဆိုတာ တကယ့်စိန်ခေါ်မှုကြီးပါ။
ကိုယ်ကပဲ သူတို့ကို အသုံးချလို့ရမလား.. သူတို့ကပဲ ကိုယ့်ကို ထပ်ပြီးအသုံးချဦးမလားဆိုတာ သီအိုရီတွေနဲ့ မတိုင်းတာပဲ လမ်းဘေးဈေးသည် တစ်ယောက်ကို မေးလိုက်တာကမှ အဖြေမှန်နဲ့ နီးစပ်လိမ့်မယ် ထင်ပါတယ်။

Ye Naing said...

Linn ၊ မောင် တို့လို အကောင်းမြင်ဝါဒ ကျင့်သုံးပြီး မိမိ တိုးတက်ရာတိုးတက်ကြောင်းရှာသင့်ပါပြီ။ မိမိ ဘဝတိုးတက်လာလျှင် တိုင်းပြည်လည်းမကြာမီ တိုးတက်လာလိမ့်မည်။

မျိုးမြန်မာ said...

ခရိုနီတွေက ဦးမြင်ံကို အရင် လက်ဆွဲခေါ်သွားပါလိမ်ံမယ်ခင်ဗျား။

maw maw said...

ဦးမြင့်နောက်ကရပ်နေတဲ့ခရိုနီကိုပဲကြည့်လေ။ဦးမြင့်ကိုဘယ်လောက်အဝခွန့်ထားပြီးဒီစကားတွေပြောခိုင်းနေသလဲဆိုတာကြည့်လဲစားအုန်းဦးမြင့်ရေအသားလိုလို့အရိုးတောင်းနေကြပြီမသေခင်လေးတော့တိုင်းပြည်ကောင်းစားရေးအတွက်မှန်တဲ့ဘက်ကရပ်တည်ပေးစေလိုပါတယ်တိုင်းပြည်ဘက်ကရပ်တည်ကြမလားခရိုနီတွေဘက်ကရပ်တည်ကြမလားသေချာတာကတော့သေရင်အားလုံးထားသွားရမှာချည်းပဲမသေခင်ကိုယ့်အတွက်ပဲကိုယ်ကြည့်မယ်ဆိုရင်တော့တစ်ယောက်ပဲခံပေအုန်းတော့

လွတ်လပ်ရေးကောင်းကင် said...

ခရိုနီတွေအနေနဲ့ နိုင်ငံနဲ့ ပြည်သူလူထု အပေါ် ပြန်ပြီး အနစ်နာခံ ပေးဆပ်ချင်တဲ့ စိတ်မျိုးပေါ်လာအောင် စည်းရုံးနိုင်မယ်ဆိုရင် ကောင်းပါလိမ့်မယ် ၊ ရင်းနှီးမြှုပ်နှံသူတွေ ၀င်လာတဲ့အခါ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ပြီး ( Support လုပ်) ပူးပေါင်းနိုင်မယ့် သူတွေက ခရိုနီတွေရဲ့ လုပ်ငန်းအုပ်စုတွေပဲ ရှိပါတယ် ၊ လုပ်ငန်းအသေးလေးတွေမှာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပူးပေါင်းနိုင်မယ့် facilities မရှိသလို ၊ အစိုးရနဲ့လည်း ပူးပေါင်းဖို့ မလွယ်ပါဘူး ၊ အများပိုင် public company တွေအရေအတွက်ကလည်း အလွန်နည်းပါသေးတယ် ၊ အဓိကအားဖြင့်က ပြည်သူအများဘယ်လို အကျိုးရှိနိုင်မလဲ ဆိုတာကို ကြည့်ရမှာပါ ၊ ဥပမာ ကိုရီးယားမှာဆိုရင် Samsung , LG , Hyundai စတဲ့ ကုမ္ပဏီ ကြီးတွေနဲ့ ကင်းတဲ့ လုပ်ငန်းရှားပါတယ် ၊ သူတို့ဆီက Sub-contract ရတဲ့ လုပ်ငန်းတွေကလည်း အဆင်ပြေတာများသလို အလုပ် တွေလည်း အများကြီး ဖြစ်လာပါတယ် ၊ ကုမ္ပဏီအုပ်စုကြီးတွေ အလုပ်အကိုင် ဖြစ်ထွန်းခြင်းဟာလည်း ပြည်သူကို အဆင်ပြေစေပါတယ် ၊ သို့သော်လည်း အခွန်မရှောင်ဖို့ ဥပဒေတွေ သေချာ လုပ်ရမှာဖြစ်သလို ၊ အကျိုးအမြတ်တွေထဲကနေ ပြန်ပြီးဝေမျှပေးဖို့ သူတို့ကိုစည်းရုံးရမှာပါ ။ ဒါမှမဟုတ် ၀င်လာမယ့် အခွင့်အရေးတွေကို သူတို့ကိုလည်းမပေးဘူး ကျနော်တို့လည်း မယူဘူး လုပ်မှာလား ၊ အခြားသင့်တော်တဲ့နည်းလမ်းများရှိပါသလား ။

Anonymous said...

သူတို့ဟာတိုင်းပြည်ကိုချစ်တဲ့လူတွေဟုတ်ချင်မှဟုတ်မယ်။ဒါပေမယ့်သူတို့ကိုစနစ်တကျလက်တွဲခေါ်ရမယ်ဆိုတာမမှားပါဘူး။စနစ်တကျလို့ပြောနေသားပဲ။အရင်အစိုးရလက်ထက်ကလိုလုပ်ချင်သလိုလုပ်လို့တော့မရဘူးဆိုတဲ့အဓိပ္ပါယ်ပါနေပါတယ်။

သည်ကုမ္ပဏီကြီးတွေဘောင်အတွင်းကနေစနစ်တကျမျှမျှတတလုပ်ကိုင်သွားအောင်မှန်ကန်တဲ့စနစ်နဲ့ထိန်းကြပ်ရမှာဖြစ်သလို၊တစ်ချိန်တည်းမှာပဲတိုင်းပြည်အတွက်အရေးပါတဲ့တိုင်းရင်းသားပိုင်ကုမ္ပဏီကြီးတွေအဖြစ်စနစ်တကျလက်တွဲခေါ်ဖို့လိုတယ်။၂၀၁၅နောက်ပိုင်းဈေးကွက်ကိုလွတ်လပ်စွာဖွင့်ပေးရတဲ့အခါမှာအင်အားတောင့်တင်းတဲ့တိုင်းရင်းသားပိုင်ပြည်တွင်းကုမ္ပဏီကြီးတွေမရှိရင်တိုင်းပြည်မှာအများကြီးနစ်နာဆုံးရှုံးမှုတွေရှိလာပါလိမ့်မယ်။

အောက်ကလင့်မှာBiz-15 ဆိုပြီးကုမ္ပဏီကြီးတွေနဲ့ပက်သက်ပြီး ဘယ်လိုလုပ်သင့်တယ်လို့ရေးသားထားတာတွေမှတ်သားဖို့ကောင်းပါတယ်။
http://www.networkmyanmar.org/images/stories/PDF10/stuart-larkin-ridd.pdf

sean said...

ဦးဟန်ထွန်းရေ လုံးဝ အမှန်တရား ကိုတင်ပြလိုက်တာဘဲ...
အခွန်တွေမဆောင်တဲ့ အပြင် အခွန်းထမ်းပြည်သူတွေ ရဲ့ ချွေးနည်းစာ ဘဏ္ဍာ အခွန်တွေကို ပြည်သူအတွက်မဟုတ်သော ကိစ္စ စီမံကိန်းတွေ ကတဆင့် မတန်တဆ ဈေးတင်တောင်းပြီး ရယူ .. ပြန်ရောင်းစား..
အခွင့်အရေးကို ပေါင်းစား ပြန်ရောင်းစား.
ထုတ်ကုန် မယ်မယ်ရရ လုပ်ရန်စိတ်မဝင်စား သူများဖြစ်ပါတယ်
သူတို့ောကာင့် ဒီခေတ်မှာမှ ကြမ်းခဲ့ တဲ့ လမ်းခွန် တံတားခွန်..ဖုံး မတန်တဆဈေး သသည်ဖြင့် အများကြီးပါ..
ဒါကြောင့် ဦးဟန်ထန်းပြောတာလုံးဝမှန်တယ်ဗျာ...

Anonymous said...

(၁)ဦးမြင့်လို တိုင်းပြည်စီးပွားရေးတိုးတက်အောင် လက်တွေ့အကောင်အထည်ဖော်ရမဲ့ တာဝန်ကြီးမားတဲ့နေရာမှာရှိတဲ့သူက ကိုယ့်အကျိုးတစ်ပြားမှမပါပဲ လက်တွေ့ဖြစ်သင့်တဲ့အရာတစ်ခုကို စကားလှလှနဲ့ပြောပြတာကို ခံစားချက်(မုန်းတီးမှု)ကိုမှီပြီးဖြစ်လာတဲ့အမြင်တွေနဲ့ ရိုင်းရိုင်းစိုင်းစိုင်းမပြောသင့်ပါဘူး။

(၂)ဖြစ်ပြီးခဲ့တာတွေ သင်ပုန်းချေပြီး ရှေ့ကောင်းအောင်လုပ်ဖို့က လက်တွေ့အကျဆုံး တိုင်းပြည်အတွက်အကောင်းဆုံး ဖြစ်မယ်လို့ထင်ပါတယ်။

(၃)မြန်မာပြည်ကလူတွေထဲမှာ အိမ်ခြံမြေတိုက်ခန်းရောင်းဝယ်တဲ့အခါ တကယ်အရောင်းအ၀ယ်ဖြစ်တဲ့ဈေးနဲ့ စာချုပ်ချုပ်ပြီး မှန်မှန်ကန်ကန် အခွန်ပေးတဲ့သူ ဘယ်နှယ်ယောက်ရှိသလဲ။ ရုံးကိစ္စတွေပိုမြန်အောင် ၀န်ထမ်းတွေကို လက်ဖက်ရည်ဖိုး မပေးဘူးတဲ့သူ ဘယ်နှယ်ယောက်ရှိသလဲ။ လူအတော်များများလုပ်နေတဲ့အလုပ်တွေက ခရိုနီတွေလုပ်တာတွေနဲ့ အခြေခံအားဖြင့်တော့ သိပ်မကွာလှပါဘူး။ Scale ကကွာတာပဲရှိတာပါ။ ပြီးခဲ့တာတွေထားခဲ့ပြီးတော့ ရှေ့လျှောက်လူအားလုံးပြုပြင်မှရမယ်လို့ ယုံကြည်ပါတယ်။

နားမလည် ပါးမလည် said...

အဲဒီ ခရိုနီ တွေကို မလိုချင်ဘူး ဘာလို့လဲ ဆိုတော့ ငွေဖြူမဟုတ်တဲ့ ငွေတွေကိုင် ပြီး ခရိုနီ ဖြစ်နေကြတယ် ဒီကောင်တွေကို အခွန်ကိစ္စတွေ ပြီးပြတ်အောင်ရှင်း သန့်ရှင်းတဲ့ ခရိုနီဆိုတာ အသက်သွင်းကြည့်ပေါ့ ဒါဆိုလက်ခံနိုင်လောက်တဲ့ အခြေအနေရှိမယ်

a said...

ခရိုနီတွေကသန်းရွှေအာဏာရပြီးမှချမ်းသာလာတဲ့သူတွေပါ၊သူတို့ပိုင်ဆိုင်မှုတွေကိုတွက်ပြီး(အမှန်အတိုင်း)အခွန်ကောက်လိုက်ဖို့ပါပဲ၊ခက်နေတာကသန်းရွှေလက်ထက်မှာချမ်းသာလာတဲ့ခရိုနီတွေကိုမှန်မှန်ကန်ကန်အခွန်မကောက်ရဲပါဘူး၊အခွန်ဌာနမပြောနဲ့သိန်းစိန်တောင်အစမဖေါ်ရဲပါဘူး၊လက်ရှိအစိုးရကသန်းရွှေကိုမပြောနဲ့သူနောက်လိုက်ဆိုသူတွေကိုတောင်ကြောက်နေရစဲပါ၊(တရားဥပဒေစိုးမိုးရေးဆိုတာဘယ်နေရာမှာမှမရှိသေးပါဘူး)ဘယ်အချိန်ဖြစ်ဖြစ်အခွန်ကို(မှန်မှန်ကန်ကန်)ကောက်လို့ရပါတယ်နောက်မကျသေးပါဘူး၊လက်ရှိအစိုးရတိုင်းပြည်နဲ့ပြည်သူကိုကြည့်သလား၊သန်းရွှေနဲ့အပေါင်းအပါတွေကိုကြည့်သလားစောင့်ကြည့်ကြတာပေါ့။ပညာရှင်ဆိုရင်မမှားဖူးလို့ထင်နေသူများနဲ့အကောင်းမလုပ်သူများကိုအကောင်းထင်နေသူများကိုလည်းအံ့သြမိပါတယ်။ပြည်သူအများစုအတွက်သက်ရောက်မှုမရှိတဲ့အပြောင်းအလဲတွေကိုလည်းတကယ်ပြောင်းလဲတယ်လို့မထင်ပါဘူး။

Shin Myochit said...

U Kyaw Kyaw နဲ့ngaba ပြောတာသဘောကျတယ်။အသိပညာရှင်၊အတတ်
ပညာရှင်ကသာအဓိကပါ၊ခရိုနီက-ပွဲစားအတတ်ဘဲတတ်တာလေ၊ရိုင်းရိုင်း
ပြောရရင်သူတောင်းစားတောင်မှပွဲစားလုပ်တတ်တယ်။ခရိုနီတွေမပါဘဲ
ဖြစ်နိုင်တဲ့နည်းလမ်းရှာတာအကောင်းဆုံးပါ။ဆင်ကောင်ကြီးမြင်နေရတာတောင်မှဆိတ်သားရေနဲ့ဖုန်းချင်သေးတဲ့သူတွေရှိနေသေးတယ်နော်၊မကောင်းဘူးလို့ဆုံးဖြတ်တာဟာမကောင်းတာကိုပြတဲ့သက်သေပြချက်တွေခိုင်လုံလို့
ပေါ့။ဖြစ်သင့်ဖြစ်ထိုက်တာ၊တိုင်းသူပြည်သားတွေအတွက်အကျိုးရှိတာဘာမဆို
ဆွေးနွေးတိုင်ပင်ကြတာပါ။ကိုယ်ကျိုးလည်းမဖက်ဘူးမုန်းစရာလည်းမရှိပါဘူး။
င်ါလည်းလာဘ်ထိုးတာနဲ့မကင်းဘူး။နင်လည်းလာဘ်ထိုးတာနဲ့မကင်းဘူဆိုပြီး
ရောမချပါနဲ့။ခရိုနီလာဘ်ထိုးလို့မြန်မာပြည်ပျက်စီးယိုယွင်းနေတာကိုတော့
ဦးနှောက်ရှိတဲ့သူတိုင်းသိကြမှာပါ။အကောင်းဆုံးကတော့စူဇကာစစ်ဆင်ရေး
ဝင်လိုက်ရင်ပြီတာပါဘဲ။ဟိုတုံးကဝင်ငွေအရမ်းကောင်းတဲ့ရာထူးကြီးတဲ့ဆရာဝန်ကြီးတွေတောင်မှစူဇကာစစ်ဆင်ရေးနဲ့ထိန်းညှိခဲ့တာကြားဘူးတယ်။အ
မှန်အကန်ဖြစ်သွားတော့အားလုံးအတွက်ပိုကောင်းသွားတာပေါ့။

မရဏမင်း said...

Thank you Linnခင်ဗျားပြောတာထောက်ခံပါတယ်..အကြံဥာဏ်လေးများရမလားသတင်းအချို့ပေးပို့တင်ပြတဲ့အခါ..ပစ္စည်းမဲ့ဒေါသတွေနဲ့အော်ဟစ်/ခွပ်နေတာတွေဘဲဖတ်နေရတာသတင်းတင်ပြပေးနေတဲ့ ကိုသစ်တို့ကိုအားနာဖို့တောင်ကောင်းနေပြီ..Chanthar also

Anonymous said...

ခင်မျိုးချစ်ပြောတဲ. အတိုင်းဆိုရင်
( ကွက်လပ်ဖြည်.ပါ )
၁။ ......
၂။.......
၃။ တောကကိုကျော်

honey said...

အကြံပေးကစီးပွါးရေးကိုအစိုးရအတွက်အကြံပေးလား။၊?

တိုင်းပြည်အတွက်အကြံပေးလား။?

ယုံကြည်မှုမထားနိုင်သေးပါ။စောင့်ကြည့်နေမည်။

၎နှစ်အတွင်းဘာမှမထူးခြားရင်

ကြံ့ဖွတ်ပါတီတခုလုံးလွတ်တော်ကထွက်ပေးသင့်ပါသည်။

အနှစ်၂၀စောင့်စားလာရသည်မှာအသက်လည်းကြီးကုန်ကျပြီ။

တကယ်လုပ်ကိုင်နိုင်မည့်သူများသာလွတ်တော်ထဲရှိသင့်သည်။

အခုနေလွတ်တော်ထဲတွင်ကြံ့ဖွတ်ခေါင်းဆောင်များ
အမေစုပါတီကိုနွေးထွေးရင်းနှီးစွာopen လုပ်ပြီး
တိုင်ပင်ပူးပေါင်းဆောင်ရွက်ပါကပိုမိုလျှင်မြန်တိုးတက်သိသာနိုင်မည်။
ကြံ့ဖွတ်အချင်းချင်းတိုင်ပင်နေလို့က
အရိုးစွဲအစဉ်အလာနဲ့ဖေါ်မြူလာခပ်ညံ့ညံ့သာထွက်လာမည်။

udana said...

၇ွှံ့စ၇ာကောင်းလိုက်တာ။တိုင်းပြည်တစ်ပြည်မှာခရိုနီစီးပွှားရေးသမားတွေရှိ၇င်ကျန်ပြည်သူတွေငတ်တာပဲ။တေဇကပြာဖူးတယ်။
၁၉၉၆မှာမြန်မာငွေ၁၀၀၀၀ပဲရှိတယ်တဲ့။မြန်မာ့စီးပွှားေ၇းသမားတွေဘယ်သူမှသူလောက်ချမ်းသာတာမမြန်ဘူး။မြန်ပါပေါ့လေ၇ှိ
ပြီးသားတွေတွက်ယူတာကိုး။ကျောက်စိမ်းရှိပြီးသား။သေချာပြီး
သားတူးယူတာ။ကျွန်းသစ်မြင်ပြီးသားခုတ်ယူတာ။ဆီအုန်း၊ရာဘာ
စိုက်ပြီးသားပျိုးပြီးသားကုမ္မဏီခံတာ၊လေယာဉ်၊ကား၊ပိာုကပာာတွေ
တွပြီးရိုက်ရောင်းတာ။ကန်တော်ကြီး၊မေမြို့၊မန္တလေးတိရစ္ဆာန်ဥယျာဉ်။ဘာကျန်သေးလဲခွေးသား။ပိုက်ဆံရရင်ကွမ်းယာဆိုင်တောင်ဖွင့်မယ့်လူ။ဦးမြင့်စဉ်းစားပါသူတို့ကိုဂျန်ပန်ခေါ်သွားတာအရှက်ရစရာဖြစ်ခဲ့သည်။ဦးသိန်းစိန်အရှက်ရသည်။ဦးမြင့်ထမင်းစား
ပါ။ပွဲစားလုပ်ရန်မလို။ဒီမိုခရေစီအစရှိသေးသည်။မရသေးပါ။ခရို
နီစီးပွှားရေးသမားများရုပ်ပျက်လွန်းလှသည်။သမ္မတကြီးဂရုစိုက်
ပါ။

ngaba said...

အမှန်တရားအတွက် ခရိုနီတွေကို ရှုံ့ချပြောဆိုတာနဲ့ ပစ္စည်းမဲ့ လူတန်းစားလို့ထင်ရင် မင်းလူပေါပေါ့ကွာ။။။

N2N said...

ခရိုနီများနှင့် စီးပွားရေးလုပ်သော ကုမဏီများ မှန်မှန်ကန်ကန် အခွန်ထမ်းဆောင်ရန် ကုမဏီများသက်တမ်းတိုးပေးခြင်း ကိုအခွန်ရရှိမူပေါ်မူတည်ပြီး တပြေးညီ ထိန်းချုပ်သင့်ပါသည် သဘာဝမကျသောဝင်ငွေဖော်ပြမူကို လက်မခံသင့်ပေ အခွန်ထမ်းခြင်အောင်လျော့ပေါ့သင့်

Anonymous said...

်ဘဘဒေါက်တာဦးမြင့်ကို အထင်မလွဲပါနဲ့ခင်ဗျား။ ဘဘက တိုင်းပြည်နဲ့လူမျိုးကိုချစ်တဲ့၊ အလွန်တိုးတက်စေချင်တဲ့၊ စိတ်သဘောကောင်းတဲ့ ပညာရှင်ကြီးပါ။

ngaba said...

Dr. Soe Hlaing ပြောတာ လက်ခံပါတယ်။ မြစ်စုံကိစ္စမှာ လုပ်ခဲ့တာတွေ.. တိုင်းပြည်စီးပွားရေးနဲ့ ငွေကြေးကိစ္စတွေမှာ သုံသပ်ပြပုံတွေ.. ဟောပြောပွဲတွေမှာ ပြောဆိုတာတွေကို ပြန်ပြီး သုံးသပ်ကြည့်ရင် တိုးတက်စေချင်တဲ့ စိတ်သဘောကောင်းတဲ့ ပညာရှင်ကြီးဆိုတာ လက်ခံပါတယ်။ ဥပတိရုပ်ကလည်း ရိုးသား နှစ်လိုဖွယ်ရှိပါတယ်။ အနီးကပ် ဆက်ဆံဖူးသူတွေက ပိုသိနိုင်မှာပါ။ ခရိုနီတွေနဲ့ပတ်သက်ပြီး ရပ်တည်မှုအပေါ်မှာ ပညာရှိသတိဖြစ်ခဲ ဆိုသလိုဖြစ်မှာစိုးရိမ်လို့ ကိုယ့်အမြင်နဲ့ကိုယ် ထောက်ပြပြောဆိုခဲ့ပေမယ့် ပုဂ္ဂိုလ်ရေးဆန်တဲ့စကားလုံးတွေနဲ့ ပြောဆိုသုံးနှုန်းမိတာ အားတော့နာမိပါတယ်။ တကယ်တော့ ဦးမြင့်တို့လို ပညာရှင်တွေက အဖိအဖေါ့ရေချိန်ကို ပိုပြီးတွက်ဆနိုင်ကောင်းပါတယ်။

Tag Than Oo said...

အခွန်ဆိုတာ ဘာလဲ?
ဗုဒ္ဓဘာသာဝင်သည် ကုန်သွယ်ခွန်ထမ်းဆောင်သင့်ပါသလား

Tag Than Oo said...

ခရိုနီတွေ လိုအပ်ပါသည်။
လိမ်စားနေတဲ့ ပညာရှင်တွေ မလိုအပ်ပါ။
ခွက်ပျောက်တာ သူတစ်ဦးအတွက်ပါ။
လှေမောက်ရင် တစ်ရွာလုံးပျောက်သွားမှာပါ။

Tag Than Oo said...

စာပေလွတ်လပ်ခွင့် မရှိတဲ့ မှတ်ချက်ပဲ

Powered by Blogger.