နှစ် ၃၀ အတွင်း မြန်မာ သန်းခေါင်စာရင်း ကုလအကူအညီ ဖြင့်ကောက်မည်

ဓာတ်ပုံ ASSOCIATED PRESS
ကမ္ဘာ့လူဦးရေနေ့ အခမ်းအနား တွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ မိန့်ခွန်း ပြောကြားပုံ။ နေပြည်တော်၊ မြန်မာ။ ဇူလိုင် ၁၁ ၂၀၁၁။

ပြောင်းလဲမှုတွေ ထဲမှာ လူနည်းစု တိုင်းရင်းသားတွေ အတွက် ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာစေနိုင်တဲ့ အဓိက အပြောင်းအလဲ အဖြစ် သန်းခေါင်စာရင်း ကောက်ယူဖို့ အတွက် နှစ်ပေါင်း ၃၁ နှစ်အတွင်း ပြန်ပြီး စီစဉ်နေပြီ ဖြစ်ပါတယ်။ မြန်မာ အစိုးရ နဲ့ ကုလသမဂ္ဂတို့ အကြားရခဲ့တဲ့ ဒီသဘော တူညီချက် နဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ သတင်းထောက် ဒယ်နီရယ် ဘန်စတိန်း (Danielle Bernstein) သတင်းပေးပို့ ထားတာကို မခင်မျိုးသက် က တင်ပြထားပါတယ်။

မြန်မာအစိုးရက ၂၀၁၄ ခုနှစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့  သန်းခေါင်စာရင်း ကောက်ယူဖို့ ကတိပြု ကြောင်း မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီက အတည်ပြု လက်မှတ်ရေးထိုး ခဲ့ပါတယ်။ စာထဲမှာ  နှစ်ပေါင်း ၃၁ နှစ် အတွင်း ကောက်ယူမယ့် လူဦးရေစစ်တမ်းကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီလုပ်ဆောင်ရမှာ ဖြစ်သလို  ဒီသန်းခေါင်စာရင်း ကောက်ယူရာမှာ  လူမျိုးမရွေး ဘာသာ မရွေး ပါဝင်ရမှာဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ယူသူတွေကို  နိုင်ငံအနှံ့  သွားရောက် ခွင့်ပေးဖို့ပါ  ပါဝင်ပါတယ်။

နေပြည်တော်မှာ ပြုလုပ်တဲ့ လက်မှတ်ရေးထိုးပွဲမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက တိုင်းရင်းသား ဒေသတွေမှာ အခု လုပ်ဆောင်နေတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေ ကနေ ဒီသန်းခေါင်စာရင်း ကောက်ယူရေး ဖြစ်မြောက် လာစေဖို့ မျှော်လင့် ထားသလို လူနဲစု တိုင်းရင်းသားတွေ နဲ့ လူမှု့လူ့အဖွဲ့အစည်းတွေပါ ပါဝင်လုပ်ဆောင်ဖို့ လိုတယ်လို့  ပြောဆိုခဲ့ပါတယ်။

တိကျမှုရှိတဲ့ သန်းခေါင်စာရင်း ကောက်ယူဖို့ ကိစ္စဟာ  မြန်မာ အစိုးရ လုပ်ဆောင်နေတဲ့  နိုင်ငံရေး အပြောင်းအလဲတွေ ထဲမှာ  အရေး အကြီးဆုံး ဖြစ်တယ်လို့  လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှုး ဒေ့ဖ် မက်သီဆန် (Dave Mathieson) ကပြောပါတယ်။

“တကယ်လို့ မြန်မာနိုင်ငံမှာသာ သန်းခေါင်စာရင်း ရှိခဲ့ရင် နိုင်ငံသားတိုင်း မဲပေး ပိုင်ခွင့်ရှိ လာမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ အခုထက်ပို မျှတပြီး  အများရဲ့ လက်ခံ ယုံကြည်မှု ကိုလည်း ပိုပြီး ရလာဖို့ ရှိပါတယ်။  နောက် လူထုအပေါ်မှာ  တကယ်ပဲ လွှမ်းမိုးနိုင်စွမ်း ရှိမယ်ဆိုရင်တော့  ဒီလူတွေမဲပေးလာကြမှာပဲ။”

မြန်မာနိုင်ငံမှာ  ၁၉၈၃ ခုနှစ်က နောက်ဆုံး သန်းခေါင်စာရင်း ကောက်ယူခဲ့တာပါ။ အဲဒီတုန်းက အမဲရောင် နယ်မြေ လို့ခေါ်တဲ့ လက်နက်ကိုင်တွေ ကြီးစိုးတဲ့ ဒေသတွေမှာ နေထိုင်သူတွေ ကို ထည့်တွက်တာမျိုး မရှိခဲ့ပါဘူး။ အဲဒီအရင်က အများလက်ခံလောက်တဲ့ လူဦးရေ စာရင်းကောက်ခဲ့တာကတော့ ၁၉၃၁ ခုနှစ် မှာဖြစ်ပြီး ဗြိတိသျှအုပ်ချုပ် နေတုန်းက ကောက်ယူခဲ့တဲ့ သန်းကောင်စာရင်းပါ။

လူ့အခွင့်ရေး စောင့်ကြည့်သူ တွေကတော့  သန်းခေါင်စာရင်း ကို သေသေချာချာ မကောက်ရင် မြန်မာနိုင်ငံသား အဖြစ် ထည့်သွင်းရေး မသွင်းရေး  အငြင်းပွါးနေတဲ့ ရိုဟင်ဂျာတွေ ဒါမှမဟုတ် မြန်မာနိုင်ငံထဲ က တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ နေရာတွေမှာ နေထိုင်သူတွေကို  စာရင်းထဲ ကနေ ဖယ်အထုတ်ခံ ရမှာကို စိတ်ပူနေကြပါတယ်။

ကုလသမဂ္ဂကတော့ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ တသန်းလောက်နေထိုင်မယ်လို့ ခန့်မှန်းပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ ကောက်ယူ မှတ်တမ်းတင်ရေးမှာ တာဝန်ရှိတဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အကြီးအကဲ ဦးမြင့်ကြိုင်ကတော့  မြန်မာနိုင်ငံထဲမှာ နိုင်ငံမဲ့သူများဆိုတာ ရှိမနေဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ဆီမှာ နိုင်ငံမဲ့ သူများဆိုတာရှိ မနေသလို မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာ ဆိုတာလည်း မရှိပါဘူး။ ဘာလို့လည်း ဆိုတော့ ဘင်္ဂါလီ လူမျိုးတွေ မြန်မာနိုင်ငံထဲမှာ မနေကြလို့ပါ" လို့ စကားပြန် က တဆင့် ပြောသွားတာပါ။

ပြောင်းလဲမှုတွေ လုပ်ဖို့  ကတိပြုထားတဲ့ အစိုးရကိုရော သန်းခေါင်စာရင်း ရဲ့ တိကျမှု ဆိုင်ရာအတွက်ပါ  ဒီလို အမျိုး ခွဲခြားမှုမျိုးတွေက အဓိကစမ်းသပ်မှု လိုဖြစ်နေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပညာရပ်ပိုင်းဆိုင်ရာ လေ့လာမှုတွေ အတွက် အစိုးရရဲ့ ယုံကြည်လောက် စရာမရှိတဲ့ စာရင်းဇယားတွေကိုဘဲ နှစ်ပေါင်း များစွာ သုံးစွဲနေ ကြရတာမို့  အခုလို နိုင်ငံတကာ စံနှုန်းနဲ့ အညီ သန်းခေါင်စာရင်း ကောက်ယူမှုက အရေးပါတယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ဒီသန်းခေါင်စာရင်း ကောက်ယူရေးအတွက် (UNPF) လို့ခေါ်တဲ့ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရံပုံငွေအဖွဲ့ ကနေ အချက်အလက် စုဆောင်းကာလ အဖြစ် သတ်မှတ်ထားတဲ့ ၂နှစ်အတွင်းမှာ ဦးဆောင်ပြီး စူးစမ်း လေ့လာမှု တွေ လုပ်မှာဖြစ်သလို မှတ်တမ်းတွေကိုလည်း ပြုစုရေးသားမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မိုဟာမက် အဒယ် အဟက် (Mohamed Abdel-Ahad) ကတော့ သန်းခေါင်စာရင်း နောက်ဆုံး ကောက်ခဲ့တဲ့ အချိန်ဟာ သိပ်ကြာနေပြီမို့ ဒါဟာ တကယ့် စိန်ခေါ်မှု တရပ်ဖြစ်နေသလို ဒါဟာ အရေးအကြီးဆုံး  လုပ်ဆောင်ရမှာလည်း  ဖြစ်နေတယ်လို့ ဆိုပါတယ်။

"အားလုံး သိတဲ့အတိုင်းပဲ လူထုက ဒီသန်းခေါင်စာရင်း နဲ့ ပါတ်သက်ပြီး  သေသေချာချာ သိမထားဘူး။ သန်းခေါင်စာရင်း နောက်ဆုံးယူ ထားတာက နှစ်ပေါင်း ၃၀ ကျော်နေပြီ ဆိုတော့ ၁၉၈၃ ခုနှစ်နောက်ပိုင်း မွေးတဲ့သူတွေ ဆိုရင် သန်းကောင် စာရင်းယူတဲ့  အတွေ့အကြုံ မရှိကြဘူး။ ဒါ့ကြောင့် သူတို့ကို မြန်မာနိုင်ငံသားအနေနဲ့ ထည့်သွင်းရေတွက်ဖို့ လိုတယ် ဆိုတဲ့ သူတို့ရဲ့ ရပိုင်ခွင့်ကို ကျွန်တော်တို့က ရှင်းပြဖို့ လိုပါတယ်။"

သန်းခေါင်စာရင်း ကောက်ယူသူတွေကတော့ သန်းခေါင်စာရင်း ကို  ၂၀၁၄ ခုနှစ် ဧပြီလမှာ ကောက်ယူနိုင်မယ်လို့ မျှော်လင့်ထား ကြောင်း မစ္စတာ အဒယ် အဟက် ( Abdel-Ahad ) က ပြောပါတယ်။  ကုလသမဂ္ဂက အနေနဲ့ ဒီလုပ်ငန်းအတွက် အနည်းဆုံး ဒေါ်လာ ၅၃ သန်းလောက် ကုန်ကျမယ်လို့ ခန့်မှန်း ထားပါတယ်။
By ခင်မျိုးသက် (ဗွီအိုအေ-မြန်မာပိုင်း)
နှစ် ၃၀ အတွင်း မြန်မာ သန်းခေါင်စာရင်း ကုလအကူအညီ ဖြင့်ကောက်မည် နှစ် ၃၀ အတွင်း မြန်မာ သန်းခေါင်စာရင်း ကုလအကူအညီ ဖြင့်ကောက်မည် Reviewed by သစ်ထူးလွင် on 11:42 Rating: 5

23 comments:

Ar Ga said...

တိုင်းပြည်ကြီး သတင်းစာတွေ၊ အစိုး၇ မီဒီယာတွေထဲမှာ နှစ်ပေါင်း 50 လောက် တိုးတက်လာခဲ့တာ အခုကျတော့မှ ကိုယ့်နိုင်ငံမှာ လူဘယ်နှစ်ယောက်၇ှိမှန်းတောင် မသိဘူးတဲ့ ။ ဘာပဲပြောပြော၊ အမှားမြင်လို့ အမှန်ပြင်တာကို ကြိုဆိုပါတယ်။ ဆက်လက်ပြီးလဲ သတင်းစာ တွေထဲကေ၇းတာတွေလောက်နဲ့ပဲ ကျေနပ်နှစ်သိမ့်မနေဘဲ တကယ်အမှန်မြင်ပြီး တကယ် လုပ်ဖို့လိုပါတယ် ။ တိုင်းပြည်တိုးတက်ဖို့ မဝေးတော့ပါ။

Anonymous said...

ခင်ရီရေ မင်းတို့ပထွေး (ပါးပါး တယုတ်)တွေကိုလည်း
သေချာထည့်ပြီး စာရင်းကောက် ကျန်ခဲ့လို့ မင်းတို့အမေတွေ
ဒုက္ခရောက်နေအုံးမယ်

tml said...

သန်းခေါင်စာရင်း ကောက်ချိန်အမှီ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလားတွေ ၊ အရှေ့ နယ်စပ်က ပေါက်ဖေါ်တွေ ရောက်လာကြဦးမယ်။

ပုသိမ်သား...ဆင်မ said...

ရိုဟင်ဂျာ ရှိမရှိ မင်းရခိုင်ပြည်ကိုသွားလေ့ လာပြီးပြီလား..အိမ်ထည်းကနေအိမ်ပြင်မထွက်ပဲ ဘာမှမသိပဲလျောက်ပြောနေ....သွားကြည့် ဦး...လ၀က တွေနဲ့ ပေါင်းပြီး မှတ်ပုံတင်ရနေတာတွေ အများကြီး..အဲကောင်တွေကို နိုင်ငံတော်သီချင်ဆိုခိုင်းကြည့် ဘယ်သူမှမသိဘူး.. မရီနဲ့  အကြံပေးတာ..

Myo Thaw said...

ကိုယ့်နိုင်ငံအတွက် သန်းကောင်စာရင်း ကောက်ယူရာမှာ သေခြာစိစစ်ဖို့လိုအပ်တယ် ဒါမှ မဟုတ်ရင်တော့ ငြင်းပွါးမှုတွေနဲ့ ပြည့်နက်နေမှာပါ ........

lwannaymie said...

သန်းခေါင်စာရင်း ကောက်တော့မှာမို့လို့ကိုး။ ဒါ့ကြောင့်(ဦး×××)က ငါ့သူငယ်ချင်း ကုမ္ပဏီကတရုတ်ကို (သိန်း၆၀)နဲ့မြန်မြန်ဆုံးဖြတ်လို့ပြောတာကိုး။ (ယူတဲ့သူရှိနေသ၍ ပေးတဲ့သူပေါ်နေမှာပါ)။
စိတ်ပျက်ဖို့ကောင်းတယ်။

Kyiminhtay said...

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုးမရှိပါဘူးဆိုတါ သက်သေအထောက်အထား
အပြည့်အစုံနဲ့စာတမ်းပြုစုကြဖို့ ပညာရှင်များကို တိုက်တွန်းပါရစေ။
မရှိပါဘူးလို့ အလွတ်တမ်းငြင်းနေရင် ကမ္ဘာက လက်ခံမှာမဟုတ်ပါ။
ရိုဟင်ဂျာ ကိစ္စကို သတိရှိရှိကိုင်တွယ်ကြဖို့ သက်ဆိုင်ရာတာဝန်ရှိသူများအား
သတိပေးပြောကြားလိုပါတယ်။

သူရ said...

လူဦးရေ စာရင်ကောက်မှာလား၊ သန်းခေါင်းစာရင်းကောက်မှာလား။ လဝက ကလူတွေအဲလောက်တောင်ညံလား။ UN အကူအညီးမပါဘဲမလုပ်နိုင်ကြဘူးလား။ ၄၃သန်းက ဘယ်သူဘုန်းအုံးမှာလဲ။ မြန်မာပြည်မှာ သန်းခေါင်စာရင်း၊ဧည့်စားရင်း၊ D form ၊ ဒုက္ခက မလွတ်နိုင်သေးဘူး။

သူရ said...

လူဦးရေ စာရင်ကောက်မှာလား၊ သန်းခေါင်းစာရင်းကောက်မှာလား။ လဝက ကလူတွေအဲလောက်တောင်ညံလား။ UN အကူအညီးမပါဘဲမလုပ်နိုင်ကြဘူးလား။ ၄၃သန်းက ဘယ်သူဘုန်းအုံးမှာလဲ။ မြန်မာပြည်မှာ သန်းခေါင်စာရင်း၊ဧည့်စားရင်း၊ D form ၊ ဒုက္ခက မလွတ်နိုင်သေးဘူး။

ဖိုးစလုံး said...

မြန်မာနိုင်ငံမှာ ဘယ်တော့ မေးမေး လူဦးရေ သန်း ၆၀ ကကိုမတက်ဘူး..အခုလိုလုပ်မယ်ဆိုတော့ ၀မ်းသာပါတယ်။

a myanmar said...

“ကျွန်တော်တို့ဆီမှာ နိုင်ငံမဲ့ သူမျ
ားဆိုတာရှိ မနေသလို မြန်မာနိုင်ငံ
ထဲမှာ ရိုဟင်ဂျာ ဆိုတာလည်း မရှိပါ
ဘူး။ ဘာလို့လည်း ဆိုတော့ ဘင်္ဂါ
လီ လူမျိုးတွေ မြန်မာနိုင်ငံထဲမှာ
မနေကြလို့ပါ"
ပြောသွားတာလုံးဝကြိုက်တယ်။ရိုဟင်ဂျာတွေရှိနေနေမနေနေ မြန်မာ့သမိုင်းမှာရိုဟင်ဂျာဆိုတာမရှိဘူး။မြန်မာလူမျိုးသနားတတ်တယ်။ဒုက္ခရောက်နေသူကိုကူညီပေးတတ်တယ်။ဒါကိုအခွင့်ကောင်းယူပြီး ခေါင်းကလေးဝင်ပါရစေကနေ တစ်ကိုယ်လုံးဝင်ပြီး အိမ်ရှင်ကိုပါကန်ထုတ်လိမ့်မယ်။ဒို့မြေကိုတစ်လက်မမှအထိမခံနိုင်ဘူး ဆိုတဲ့သူတွေ ရဲ့ခေတ်အဆက်ဆက် နိုင်ငံရေးအရ စီးပွားရေးအရ ကိုယ်ကျိုးစီးပွားအရ မျက်နှာလွဲခဲပစ်ဆောင်ရွက်ခဲ့ကြလို့ ဒို့နိုင်ငံရဲ့ ရှမ်းပြည် ကချင်ပြည် ရခိုင်ပြည် နယ်စပ်ဒေသအားလုံးမှာ မြေတွေဘယ်လောက်ပါခဲ့ကြပြီလဲ ။အဲ့ဒီ့နယ်စပ်မှာနေသူတွေကရောတစ်ကယ့် မြန်မာစစ်စစ်တွေဟုတ်ရဲ့လား။နောက်ဆုံး ရန်ကုန် မန္တလေးတွေအထိတရုတ်နဲ့ကုလားတွေများလာတာဘာကြောင့်လဲ။ကိုယ့်တိုင်းရင်းသားအစစ်တွေကို စစ်ရေးလေ့ကျင့်နေတဲ့ ကုလား တရုတ်ပေးတဲ့ငွေယူပြီး ကိုယ့်တိုင်းပြည်ကိုကုလားတရုတ်တိုင်းပြည်ဖြစ်အောင်လုပ်ခဲ့ကြသူတွေကြောင့်လား။အတိတ်ကဖြစ်ခဲ့တာတော့ပြန်ပြောင်းမရဘူး။အခုနဲ့နောင်မဖြစ်အောင်ကာကွယ်ရမှာပဲ။ဒီတစ်ခါ ဒီရိုဟင်ဂျာဆိုတာပါကို ဒို့တိုင်းရင်းသားစာရင်းထဲလာထည့်လို့ကတော့ အစိုးရရော ကုလရော ကုလဘိုးအေရောနားမလည်ဘူး။ဆန့်ကျင်ရမှာပဲ။အစိုးရကိုယ်တိုင်က ဒို့ရှေ့ကနေမားမားမတ်မတ် ဒီကိစ္စကို ပြည်သူ့ဘက်ကရပ်တည်ပေးမယ်ဆိုလည်း ဒို့ပြည်သူအားလုံးမြန်မာနိုင်ငံသားအစစ်အားလုံးက အစိုးရကိုကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဝိုင်းဝန်းလက်မှတ်ထိုးတောင်းဆိုဖို့ ပြင်ထားသင့်တယ်လို့ကျွန်တော်ထင်ပါတယ်။

myint soe said...

ကျွန်တော်တို့အားလုံး ၀ိုင်းဝန်း စောင့်ကြည့် ကူညီကြဖို့ အရေးကြီးပါတယ်။
ခိုးဝင်လာတယ် တရုတ်၊ ဘင်္ဂလာလီကုလား တွေကို တရားဝင် စာရင်မှာ မပါဖို့ စနစ်တကျ ကြိုတင် ပြင်ဆင်သင့်ပါတယ်။ တရားဥပဒေ စိုးမိုးမှု မရှိတာရယ်၊ ၀န်ထမ်းတွေ အကျင့် မပြင်တာရယ်ကြောင့် သူခိုးတွေ မလိုလားပါဘူး။ Media များမှ တဆင့် ပြည်သူလူထု တရပ်လုံးမှ ကူညီရဲ ကူညီတတ်အောင် လူဝန်မှုကြီးကြပ်ရေးရဲ့ အရေးကြီးမှု၊ ဘယ်လို ဖော်ထုတ် ကူညီပေးနိုင်မယ်ဆိုတာကို ပညာရှင်များရဲ့ အကြံညာဏ် များ ရယူပြီး ကျွန်တော်တို့ ပြည်သူတွေကို ပညာ ဖြန့်ဝေစေချင်ပါတယ်။

သုခ said...

သေသေချာချာ စီစစ်ပီုးလုပ်ကြစေလိုပါသည်။စက်ကူစုတ်သာသာကတ်ပြားလေးပေါ်မှာ ဖတ်မရသော သူငယ်တန်းကျောင်းသား လက်ရေးနဲ့ရေးထားတာတွေ မလိုချင်ပါ၊နိုင်ငံတကာစံချိန်မီ ကဒ်(digital)ဖြစ်အောင်လုပ်ပေးပါ

pyaponthu said...

သန်ကောင်စာရင်းကောက်ရင် လဝက လဒ်စားပြီးပေးထားတဲ့ရိုဟင်ဂျာနဲ့တရုတ်တို့မှတ်ပုံတင်တွေကိုရောမြန်မာနိင်ငံသားအဖြစ်အသိအမှတ်ပြုမှာလား။သေချာစဉ်းစားစေချင်တယ်။ရခိုင်မှာရှိတဲ့ရိုဟင်ဂျာကိုနိုင်ငံသားအဖြစ်အသိအမှတ်ပြုခြင်းကို ကန့်ကွက်ပါတယ်။

Mother Language said...

ရိုဟင်ဂျာတောမရှိဘူး ဒါပေမယ့် ဘင်္ဂလားက ခိုးဝင်ပြီး နေထိုင်ကြတဲ့ ဆိတ်လိုလို မျောက်လိုလို အကောင်တွေတော ရှိတယ် ရခိုင်ပြည်ထဲနေထိုင်ကြတဲ့ အကောင်တွေ ကတော သူတို့ကိုသူတို့ ဘင်္ဂလီတဲ့ သူတို့ကိုရဲ့ အပေါင်းဖေါ်တွေ အော်အော်နေတဲ့ ရိုဟင်ဂျာဆိုတာလည်း သူတို့မကြားဖူးဘူး။

Unknown said...

ခက်နေတာက ဒီကုလားစုတ်တွေက
လူဦးရေ အဆမတန် တိုးတိုးလာ တာခင်ဗျ
ကလေးကို အားတိုင်းမွေး
မိန်းမတွေ ပျင်းတိုင်းယူ
သူတို့ လူမျိုးတွေ ပွားအောင် တမင်လုပ်နေတာက ပါသေးတယ်
အခု တစ်သန်း... နောက် ၅၀ နှစ်ဆိုရင်
ဒီကုလားတွေက မြန်မာနိုင်ငံရဲ့ တစ်ဝက်လောက်ဖြစ်တော့မယ်
သတိထားကြဗျာ ...

Anonymous said...

UN က ကူညီပြီး သန်းခေါင်စာရင်းကောက်တာက မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့လူဦးရေကို တိကျစွာ စာရင်းပြုစုနိုင်ဖို့ ပါသလို..
၂၀၁၅ ရွေးကောက်ပွဲ တရားမျှတ စနစ်တကျ ရှိရေးအတွက် UNရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အစီအစဉ်တစ်ခုလို့.. ယူဆပါတယ်။

mad dog said...

လေးစားပါတယ်။ (၇ွဲ့ပြောတာ)။ကိုယ့်နိုင်ငံ တွင်း သန်းခေါင်စာ၇င်း ကောက်တာတောင် UNရဲ့ အကူအညီယူ၇တယ်။ ဒါတောင် ပြောလိုက်၇င်ဆင်ဖမ်းမယ်ကျားဖမ်းမယ် နဲ့။

honey said...

သန်းခေါင်စာရင်းကောက်တာကိုကြိုက်တယ်။
လ.၀.ကငွေစားပြီးကဒ်ထုတ်ပေးထားသူတွေမပါစေနဲ့။
အဲ့ဒီလူတွေကိုမြန်မာစကားဖွတ်ဖွတ်ညက်ညက်ကျေသလား
ကုလသမဂ္ဂမှာရှိသောဗမာလူမျိုးတွေကသေချာအင်တာဗျူးပေးပါ။
သန်းခေါင်စာရင်းကိုတိတိကျကျကောက်ခံခြင်းဖြင့်
၂၀၁၅ရွေးကောက်ပွဲကိုအထောက်ကူဖြစ်စေဖို့ပဲ။
ရိုဟင်ဂျာလူမျိုးလည်းသမိုင်းမှာမပါဘူး။
ပင်လုံညီလာခံမှာလည်းရိုဟင်ရျာမပါဘူး။
ဆင်းရဲရကြားထဲဗမာပြည်မှာလူမျိုးပေါင်းစုံလာအစုမခံနိုင်ဘူး။

suhaili said...

ရိုဟင်ဂျာတွေ နိုင်ငံတော် သီချင်းမဆိုတက်ဘူး ဆိုလို့ ပြောပြဉီးမယ် ဘယ်တက်မလဲဗျ....အာဏာပိုင်တွေက သူတို့ကို ရွာထဲကနေ ရွာပြင်တောင် ပေးထွက်တာ မဟုတ်ဘူးလေ..နောက်ပြီး ပြောရဉီးမယ် ကျနော် မျက်မြင် ကချင်..ချင်း..မွန်...ဆို လူတိုင်းရယ်တော့ မဟုတ်ပါဘူး တစ်ချို့များ ပြောပါတယ် နိုင်ငံတော် သီချင်း ဆိုတက်ဖို့ နေနေ ဗမာ စကားတောင် မတက်ဘူးဗျ အဲ့ဒါ လက်တွေ့နော် ...နောက်တစ်ခု ပြောပြဉီးမယ်ဗျ ရိုဟင်ဂျာတွေလဲ ကျနော် တွေ့ဘူးပါတယ် သူတို့က မြန်မာပြည်က ခွဲထွက်ဖို့ ဆိုပြီး တစ်ခါမှကို မပြောဖူးဘူးဗျ ကိုရွှေရခိုင်တို့ ကြပြန်တော့လဲ ပြောသေးတယ် ဗမာတွေက ငါရို့ ရက္ခိုင်ပြည်ကို သိမ်းပိုက် ကျွန်လုပ်ထားတာတဲ့ မင်းစိတ်ထဲမှာ ထင်နေလား ငါတို့တွေက ဗမာတွေကို ကြည့်လို့ ရတယ်များ ထင်နေလားတဲ့ အဲ့....ဒီနေရာမှာ တစ်ခုပြောစရာ ရှိတာက ကျနော်က တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင် ဆိုပြီး သွေးထိုးနေတာတော့ မဟုတ်ဘူးနော် ရိုဟင်ဂျာနဲ့ ပတ်သပ်ပြီး နည်းနည်းလေးမှကို ကိုယ်ချင်းစာ တရား မထားတက်တဲ့ ရခိုင်တွေရဲ့ အကြောင်းကို မိတ်ဆွေတို့ သိအောင် နည်းနည်း ပြောပြထားတာဗျို့  ဒါတောင် ကျနော် အကုန် မပြောသေးဘူး အကုန်များ ပြောပြရင်တော့လား.......မကောင်းဘူး ရှိ့ တော့မယ်ဗျို့..............

သားသား said...

မြန်မာနိုင်ငံသားထဲမှာ..ဘယ်လိုလူမျိုးစုတွေပါလဲဆိုတာ..မသိရင်သူငယ်တန်း
ခလေးတွေကို..မေးကြည့်ပြီးမှကောက်စေချင်တယ်..ရိုဟင်ဂျာတို့..တရုတ်တို့
ပါသလားဆိုတာ..ကလေးတောင်သိတယ်နော်..မင်းတို့တွေလည်းနိုင်ငံနဲ့လူမျိုးစုတွေကို..မချစ်ရင်နေပါ..မဖျက်စီးပါနဲ့..ဖြစ်နိုင်ရင်..လ.၀.က.ကိုဝန်ထမ်းအသစ်တွေနဲ့..အစားထိုးစေချင်တယ်..

saisai66 said...

ကိုသစ်ရေ..
အကူအညီတောင်းချင်နေတာ ကြာရောပေါ့...နမ့်ခမ်းမြို့ လ၀က ..ကို ၀ိုင်းပြောပေးပါဗျား..
နမ့်ခမ်းမြို့..နောင်စန့်ကုန်း ရပ်ကွက်က အိမ်ထောင်ဦးစီး ဒေါ်သန်းကြည် အမည်ဖြင့် အိမ်ထောင်စုစာရင်းက ဘာကြောင့် မသိ ရှာမတွေ့ဘဲ ပျောက်နေတာကြာပြီ.. ရပ်ကွက်က လဲ မိတ္တူ ဆိုပြီးလုပ်ထားပေးတယ်...ဒါကို စာရင်းထဲမှာပါတဲ့တူမတစ်ယောက်က အိမ်ထောင်ကျ ပြီးရန်ကုန်သို့ပြောင်းရန် ပုံစံ (၁၀) လုပ်ဘို့သွားပါတယ်..တူတစ်ယောက်လဲ ခုထိ မှတ်ပုံတင်တောင်မရသေးဘူး.. အသက် ၃၆ ရှိပြီ... အိမ်ထောင်စုစာရင်း မရှိတော့လို့ ထုတ်ထားပေးတဲ့ မိတ္တူနဲ့ သွားလုပ်တော့ မလုပ်ပေးဘူး ဗျ.. မူရင်းဘဲ ပေးပါဆိုပြီး အတင်းတောင်းနေတယ်..မရှိတော့ ဘယ်လို လုပ်ရမလဲ.. တချို့တော့ပြောတယ် ငွေလိုချင်လို့နေမှာပါတဲ့ ..ဒါပေမဲ့ ဘယ်လို ပေးရမလဲ ဆိုတာလဲ မသိတော့....ခက်နေတယ်....
ဒီမိုကရေစီတော့ရနေပြီ..နမ့်ခမ်းမြို့ မပါသေးဘူးလားမသိဘူး...

ZAWAUNG said...

တနေ့ကဘီဘီစီသတင်းမှာ တွေ့တယ် ကုလားတွေမုဆိတ်မွေးတွေနန့်
သူတို့ကိုသူတို့ရိုဟင်ဂျာဘာညာလိမ်ပြီးတော့ ..
လူခုနှစ်သိန်းလောက်ရှိတယ်တဲ့ ဒုက္ခသည်စခန်းမှာ
နောက်မှသိရတာ ဘင်္ဂလားရွာတွေက ထမင်းငတ်တော့ မြန်မာပြည်က
ပြေးလာတယ်လိမ်ပြောပြီး ဒုက္ခသည်စခန်းမှာဝင်နေတာ..
အနည်းဆုံးထမင်းနှစ်နပ်စားရတယ်လေ..
အဲဒါကို ယူအင်နဲ့အန်ဂျီအိုတွေက သိတယ်.ဒါပေမယ့်သူတို့အိပ်ထောင်ထဲ
ငွေဝင်အောင်နိုင်ငံတကာကို ကုလားတွေနဲ့ပေါင်းလိမ်ပြီး စားနေတယ်..
ဒီကောင်တွေ ရခိုင်စကားမြန်မာစကားတောင်တစ်လုံးမှမတတတ်တဲ့ကောင်
တွေ..သူတို့ကို သန်းခေါင်းစာရင်းမှာမပါဝင်ဖို့အစိုးရက ဂရုစိုက်ပေးပါ..
ရခိုင်ထဲက ကုလားတွေကိုလည်း မြန်မြန်မောင်းထုတ်ကြပါစို့ကြာရင်
ပြည်ထောင်စုအတွက်အန္တရယ်ဖြစ်လာမယ်..
အခုတောင် ဘူးသီးတောင် မောင်တော ရသေ့တောင် သုံးမြို့နယ်
ကို သီးခြား မူဆလင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းနေတာ..
ဦးနုလက်ထက် ဦးနေ၀င်းတို့လက်ထက်တုန်းကလည်း မူဂျာဟစ်
မူဂျာဟစ်ဒင် အစရှိတဲ့ အဖွဲ့တွေဖွဲ့ပြီးဘင်္ဂလားဘက်က ကုလားတွေအားနဲ့
အစိုးရကိုတိုက်ခဲ့တာ သမိုင်းမှာရှိတယ်နော..မြန်မာပြည်သား
တိုင်းရင်းသားအပေါင်းတို့ကုလားရန်ကိုအောင်မြင်နိုင်ပါစေ..
ကုလားတွေကိုသန်းခေါင်စာရင်းမှာမထည့်ပါနဲ့..ကုလာတွေကို
ဘင်္ဂလားဘက်မြန်မြန်မောင်းထုတ်နိုင်ပါစေ....

Powered by Blogger.