ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ကမ္ဘာ့စီးပွားရေးညီလာခံတတ်ရောက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မေလ(၂၈) ရက်နေ့တွင် ထိုင်းနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးညီလာခံသို့ တက်ရောက်မည်ဖြစ်ကြောင်း ပါတီအသိုင်းအ၀ိုင်းထံက သိရသည်။  

“ဒီကနေ (၂၈)ရက်နေ့ထွက်မှာပါ။ ဘန်ကောက်မှာကျင်းပမယ့် ကမ္ဘာ့စီးပွားရေးညီလာခံကို သွားတက်မှာ။ ဒီကို ပြန်လာပြီးတော့မှ ဇွန်လမှာ နော်ဝေကို သွားမှာပါ ” ဟု NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၏ (၆၇)နှစ်မြောက် မွေးနေ့ပွဲအား ဗြိတိန်တွင် ကျင်းပမည်ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။ 

 “ဇွန်လ(၁၂) ရက်နေ့မှာ သွားဖြစ်မှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၃၊ ၄ ယောက်လောက်တော့ပါမယ်။ လက်မှတ်တွေ ဘာတွေကတော့ သေချာ အတည်မပြုရသေးပါဘူး။ အရင်ဆုံး နော်ဝေ ပြီးရင် ဗြိတိန်မှာ (၆၇) နှစ်ပြည့်မွေးနေ့ ကျင်းပဖြစ်မယ် ခရီးစဉ်က(၂) ပတ်လောက်တော့ ကြာမယ်” ဟု NLD ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဦးဟံသာမြင့်က ပြောသည်။ 

လာမည့် ပထမအကြိမ် စတုထ္တပုံမှန်အစည်းအဝေးသည် ဇူလိုင်လတွင်းကျင်းပမည်ဟု သတ်မှတ်ထားသော ကြောင့်   ဒေါ်အောင်ဆန်းစုကြည် ကလွတ်တော်တက်ချိန်ဆိုရင် ပြည်တွင်း၌သာရှိနေမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

 အဆိုပါ ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ(၁၂) ရက်နေ့တွင် နော်ဝေ၊ ဗြိတိန် သို့သွားရောက်မည်ဖြစ်ကြောင်းနှင့်  ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း ဂျပန်သို့ သွားရောက်မည် ဖြစ်ကြောင်း ပါတီအသိုင်းဝိုင်းများထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၏  ပြည်ပခရီးစဉ်တွင် ဗြိတိန်ရှိ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ပါလီမန်များတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း၊  ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောကြားခွင့်ကို ရှားရှားပါးပါး ကမ္ဘာ့ခေါင်းဆောင်အချို့သာ ရရှိကြောင်းကိုလည်း လူမှုရေးစာမျက်နှာများကတဆင့် သိရှိရသည်။

ယမင်း(မြစ်မခ)
by Myit Makha Mediagroup

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ကမ္ဘာ့စီးပွားရေးညီလာခံတတ်ရောက်မည် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ကမ္ဘာ့စီးပွားရေးညီလာခံတတ်ရောက်မည် Reviewed by သစ်ထူးလွင် on 17:09 Rating: 5

12 comments:

Sweet angle said...

မေမေစု... ခရီးဖြောင့်ဖြူးအောင်မြင်ပါစေ...
မေမေစုကို အရမ်းချစ်တယ်...

chartake mglay said...

မေမေထိုင်းကိုရောက်ရင်သားတိုဘ၀တွေကိုလည်းလားကြည်ဦးနော်
သားတိုပြန်ချင်လှပြီးမေမေးရယ်

minnkyansit said...

အမေ...
အပြင်ထွက်ရင်လဲလုံခြုံရေးကိုအထူးဂရုပြုစေလိုပါတယ်ခင်ဗျာ..အထူးသဖြင့်ထိုင်းမှာပေါ့...

ep said...

ဝမ်းသာတယ်ဗျို့ ----- ဂုဏ်ယူနေပါတယ် ဒေါ်စု ----------------
ဒေါ်စု နဲ့ သူ့သား / သူ့မြေးတွေရဲ့ ပျော်ရွှင်တဲ့ မွေးနေ့ပွဲကို မြင်ယောင်ပြီး
ကျုပ်တော့ ခုကတည်းက ကြည်နူးရပါပြီဗျား -----
ပျော်ရွှင် ချမ်းမြေ့သော မွေးနေ့ ဖြစ်ပါစေဗျား ----
ဘေးရန် ကင်းရှင်း အောင်မြင်သော ခရီးစဉ် ဖြစ်ပါစေဗျား ------

mamamay said...

ဂုဏ်ယူပါတယ်အန်တီ..
မြန်မာပြည်သူပြည်သားတွေကထာဝယ
အန်တီကိုဝန်းရံနေမှာပါ...

ခင်မျိုးချစ် said...

လူတွေကလည်း အမေစု အပြင်ထွက်ခွင့်ရပြီဆိုတာနဲ့ အတင်းကို သူတို့ အစီအစဉ်တွေထဲပါအောင် ဆွဲကြတော့တာပဲ အားလုံးအလုအယက်ပဲ ... မြန်မာလူမျိုးတစ်ယောက်အနေနဲ့ အရမ်း အရမ်းကို ဂုဏ်ယူမိပါတယ်။ ဒီလိုခေါင်းဆောင်မျိုး အရင်ကလည်း မရှိခဲ့ဘူး နောက်လည်း မလွယ်သေးပါ။ အမေစု ရောက်မယ့် နိုင်ငံတိုင်းက မြန်မာလူမျိုးတွေ စုပြီး အမေစုကို သွားရောက် ဂါရ၀ပြုကြ သြ၀ါဒခံယူကြဖို့ ကောင်းပါတယ်။ ဂါရ၀တို့ သြ၀ါဒတို့ဆိုတဲ့ ကြီးမြတ်တဲ့ စကားလုံးတွေနဲ့ ထိုက်တန်တဲ့ လူထုခေါင်းဆောင်မို့ပါ။ အမေစုနဲ့တွေ့လိုက် ရရင် မြန်မာပြည် ပြန်ဖို့ စဉ်းစားနေတဲ့သူတွေ ချက်ခြင်းအထုတ်ပြင်ဖြစ် သွားလိမ့်မယ် ပြန်ဖို့မစဉ်းစားတဲ့ သူတွေအတွက်လည်း အမေစုဆီက ကြီးမားတဲ့ inspiration တွေကို ရပါလိမ့်မယ်။ I have got a chance of shaking her hand once and I can never forget about it. I mean I feel like being embraced, honored, and inspired.

အမေစု အသက် ၆၇ နှစ်မြောက်မွေးနေ့မှသည် သားမြေးများနှင့်အတူ ချစ်သော မြန်မာပြည်မှ သားသမီးများနဲ့အတူ ပျော်ရွှင်စရာမွေးနေ့ပေါင်း မြောက်များစွာကို ဆက်လက်ပိုင်ဆိုင်နိုင်ပါစေလို့ အလေးအနက် ဆုတောင်းလိုက်ပါတယ် ... အမေစု ကျန်းမာပါစေ ...

ဝေဖန်သူတစ်ဦး said...

အန်တီစု မြန်မာပြည်ကြီး ၂၄နာရီ လျှပ်စစ်မီးရဖို့ တွန်းအားပေးပါအုန်း...

Unknown said...

မသွားသင့်သေးပါ။အခြေအနေမတည်ငြိမ်သေးပါ။နောက်ကွယ်မှ ကြိုးကိုင် လှုပ်ရှားမှုများရှိနိုင်ပါတယ်။ဝီလီကိ ဝက်ဆိုက်ကလည်းသတိပေးထားပါတယ်။လူထုကိုအုံကြွစေလျှက် အာဏာပြန်သိမ်းနိုင်ပါတယ်။နီးစပ်သူများ အမြန်ဆုံးတားပေးကြပါ။သမတကြီး ကျန်းမာရေး ချို့ယွင်းခြင်း နဲ့ ရွှေလီ တာဝါဖျက် ဆီးခံရမှုများ မူမမှန်ပါ။

myayeethway said...

အမေစု သွားလေရာ လာလေရာ ဘေးမသီရန်မခပါစေနဲ့ ။ စိတ်ချမ်းသာ ပျော်ရွှင်တဲ့ မွေးနေ့ လေးဖန်တီးနိုင်ပါစေ..

66koaungaungtun@gmail.com said...

အမေစုအထူးဂရုစိုက်ပြီးသွားပါ။သားတို့စိတ်ချနေပမယ်။

lionking said...

right !@hhh ပြည်တွင်းမှာမဟုတ်လို့အလုံးစုံသော သတင်းတွကိုတော့ မသိတာအမှန်ပါ သို့သော် ဒီ site မှာမြင်ရ ဖတ်ရသလောက် ခုတစ်လော ဖြစ်ပျက်နေတဲ့ တချို့သတင်းတွေက နဲနဲ သဘာဝမကျချင်ဘူးလားလို့။ မူပျက်ချင်နေတယ်။ အရင်က အညှိုးတွေနဲ့ သံသယလွန်ကဲနေမိတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့လေ..

Unknown said...

ကလိမ်ကကျစ်စစ်အစိုးရအဖွဲ့ကတခုခုကိုကြံ့စည်နေပြီလို့ထင်တယ်.ပြည်တွင်းကဖြစ်စဉ်တွေမူမမှန်ဘူး.

Powered by Blogger.