လယ်သမားတွေတရားစွဲမှုကြောင့် ကုမ္ပဏီတွေက ရွှေတူးတာရပ်ဆိုင်း

ဟုမ္မလင်းလယ်ယာရွှေတူးခံရ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
လယ်သမားတွေတရားစွဲ၊ ကုမ္ပဏီတွေက ရွှေတူးတာရပ်ဆိုင်း
ဟုမ္မလင်းလယ်ယာရွှေတူးခံရ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
လယ်သမားတွေတရားစွဲ၊ ကုမ္ပဏီတွေက ရွှေတူးတာရပ်ဆိုင်း

       လွန်ခဲ့တဲ့(၆)လလောက်က ရွှေသတ္တုတူးဖော်ရေးကုမ္မဏီတွေက လယ်ယာတွေအနီးမှာ
ရွှေတွေတူးဖော်ခဲ့ပါတယ်။ လယ်ယာ တွေပါပျက်စီးပြီး
ရွှေမျောမီးစွန့်ပစ်ရေများနှင့် သဲများ၊ကျောက်စာခဲများ
လယ်တွေမှာဖုံးလွှမ်းသွားပါတယ်။ ဧက(၃၀၀)ကျော်ခန့် အနည်းဆုံး
ပျက်စီးသွားပါတယ်။ ဥပဒေနဲ့မညီညွှတ်တဲ့သတ္တုတူးဖော်တဲ့လုပ်ငန်းဖြစ်ကြောင်း
လယ်သမားတွေကိုယ်စား ဥပဒေအတိုင်ပင်ခံ ဦးဖိုးဖြူက
တရားမမှုကြီးစွဲဆိုခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်၊ မေလ (၁၁)ရက်နေ့
နံနက်(၁၁း၀၀)နာရီအချိန်မှာ လယ်သမားပေါင်း(၅၀)ဦးခန့်နှင့်အတူ
ဦးဖိုးဖြူတို့ရှေ့နေအဖွဲ့က တရားစွဲဆိုပေးခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ
ဥပဒေမဲ့သတ္တုတူးဖော်ရေးကြောင့်ပျက်စီးရသော သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တည်ဆောက်ရန်အတွက် ယာယီတားဝရမ်းထုတ်ပေးပါရန်
ဦးဖိုးဖြူက ဟုမ္မလင်းမြို့နယ်တရားရုံးမှာ လျှောက် ထားတောင်းဆိုခဲ့ပါတယ်။
အဲဒီိလိုတရားစွဲဆိုလျှောက်ထားပြီးနောက်ပိုင်း
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးတို့၏အစီအစဉ်အရ (၂၂.၅.၂၀၁၂)ရက်နေ့မှာပဲ
ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီတွေအားလုံး ရပ်ဆိုင်းရုတ်သိမ်းသွားပြီဖြစ်ပါတယ်။
ဇွန်လဆန်းမှာ ဟုမ္မလင်းစစ်တမ်းစာတမ်းဖတ်ပွဲကို
ဥပဒေရေးရာရှင်းလင်းချက်အဖြစ် ဖော်ထုတ်ကျင်းပသွားမှာဖြစ်ပါတယ်။

                                                                               ဦးဖိုးဖြူ
       ဥပဒေအတိုင်ပင်ခံ
       Purple Equity Law Firm
       ဥပဒေရုံး-တိုက်အမှတ်-၁၈၅၊၃လွှာ၊ယာဘက်၊အတွင်းခန်း
       အမှတ်(၁)၊၃၈လမ်း၊ကျောက်တံတားမြို့နယ်။
       ဖုန်း-၀၉၇၃၀၀၀၄၄၁၊ ၀၉၄၃၀၄၀၇၆၉၊ ၀၁-၃၈၉၂၉၆

ဟုမ္မလင်းမြို့နယ်တရားရုံး
စစ်ကိုင်းတိုင်းဒေသကြီး
၂၀၁၂ခုနှစ်၊ တရားမကြီးမှုအမှတ်-

၁။      ဦးကံသောင်း
၂။      ဦးသောင်းဖေ
၃။      ဦးခင်မောင်
၎။      ဦးသာရင်
၅။      မောင်အိုက်ဌေး
၆။      မောင်ကံမြင့်
၇။      ဒေါ်မချီ
၈။      မောင်အောင်ဇော်
၉။      ဒေါ်ညွှန့်ကြည်
       တုံခမ်ကျေးရွာ၊ နောင်တောကျေးရွာအုပ်စု၊   တရားလိုများ
       ဟုမ္မလင်းမြို့နယ်(စဉ်(၁)မှ(၉)အထိ တရားလိုများ၏
       အထူးကိုယ်စားလှယ်ရသူဥပဒေအခွင့်ရကိုယ်စားလှယ်
       ဦးရန်နိုင်အောင်(ခ)ဦးဖိုးဖြူ
       ရုံးအမှတ်-၁၈၅၊၃လွှာ(ယာဘက်)၊၃၈လမ်း
       (အလယ်ဘလောက်)၊ကျောက်တံတားမြို့နယ်၊
       ရန်ကုန်တိုင်းဒေသကြီး)
၁၀။     ဦးမောင်သောင်း
၁၁။     ဦးစောရွှေ
၁၂။     ဦးမောင်ဖုန်း
       တုံခမ်ကျေးရွာ၊ နောင်တောကျေးရွာအုပ်စု၊
       ဟုမ္မလင်းမြို့နယ်။


               နှင့်

၁။      အုပ်ချုပ်မှုဒါရိုက်တာ
       စွမ်းထက်ဝင်း-သတ္တုတူးဖော်ရေးကုမ္မဏီလီမိတက်
၂။      အုပ်ချုပ်မှုဒါရိုက်တာ
       အောင်တိုင်းစံ-သတ္တုတူးဖော်ရေးကုမ္မဏီလီမိတက်
၃။      အုပ်ချုပ်မှုဒါရိုက်တာ
       ရွှေဝတီ-သတ္တုတူးဖော်ရေးကုမ္မဏီလီမိတက်
၎။      အုပ်ချုပ်မှုဒါရိုက်တာ
       ငုဝါ၀င်းရွှေ-သတ္တုတူးဖော်ရေးကုမ္မဏီလီမိတက်         တရားပြိုင်များ
၅။      အုပ်ချုပ်မှုဒါရိုက်တာ
       ဌေးဝင်းထွန်း-သတ္တုတူးဖော်ရေးကုမ္မဏီလီမိတက်
၆။      အုပ်ချုပ်မှုဒါရိုက်တာ
       ရွှေတောင်ကြား-သတ္တုတူးဖော်ရေးကုမ္မဏီလီမိတက်
       ဟွေ့ဖလာဒေသ၊နောင်တောကျေးရွာအုပ်စု၊ဟုမ္မလင်းမြို့နယ်။

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ-၅၅ အရ သဘာဝအခွင့်အရေးကာကွယ်ရန်
တားဝရမ်းထုတ်ပေးစေလိုမှုနှင့် ပျက်စီးဆုံးရှုံးသွားသောသီးနှံများအတွက်
သင့်လျော်သောလျော်ကြေးရလိုမှုအဆိုလွှာ


               တရားလိုများက ရုံးတော်သို့ အောက်ပါအတိုင်းရိုသေစွာ လျှောက်ထားအပ်ပါသည်။

အမှုဖြစ်စဉ်ကြောင်းကျိုး

၁။      စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်တောကျေးရွာအုပ်စု၊
တုံခမ်ကျေးရွာနေ တောင်သူလယ်သမားများဖြစ်ကြသော - စဉ်(၁)ဦးကံသောင်း
စိုက်ဧက-၁၂ဧက ကိုလည်းကောင်း(၂)ဦးသောင်းဖေ
စိုက်ဧက-၁၂ဧကကိုလည်းကောင်း၊(၃)ဦးခင်မောင် စိုက်ဧက-   ၁၂ဧကကိုလည်းကောင်း၊
(၄)ဦးသာရင် စိုက်ဧက-၅ဧကကိုလည်းကောင်း၊
(၅)မောင်အိုက်ဌေး-၆ဧကကိုလည်းကောင်း၊ (၆)မောင်ကံမြင့်
စိုက်ဧက-၅ဧကကိုလည်းကောင်း၊(၇)ဒေါ်မချီ စိုက်ဧက-၃ဧကကိုလည်းကောင်း၊
(၈)မောင်အောင်ဇော် စိုက်ဧက-၁ဧကကိုလည်းကောင်း၊ (၉)ဒေါ်ညွှန့်ကြည်
စိုက်ဧက-၅ဧကကိုလည်းကောင်း၊ (၁၀)ဦးမောင်သောင်း စိုက်ဧက-၅ဧကကိုလည်းကောင်း၊
(၁၁)ဦးစောရွှေ စိုက်ဧက-၅ဧကကိုလည်းကောင်း၊ (၁၂)ဦးမောင်ဖုန်း
စိုက်ဧက-၃ဧကကိုလည်းကောင်း နောင်တောကျေးရွာအုပ်စု၊ဟွေ့ဖလာဒေသ၊
လိုင်ကောက်စံ ကွင်းတွင် ဘိုးဘွားစဉ်ဆက်မပြတ် စိုက်ပျိုးလုပ်ကိုင်ခဲ့သော
ရှမ်းမျိုးနွယ်စုဝင်တောင်သူလယ်သမားများဖြစ်ကြပါသည်။
၂။      အထက်ပါတရားပြိုင်ကုမ္မဏီများမှ ဝှေလုံ၊နောင်ကတ်သာ၊လိုင်ကောက်စံ
စသည့်စိုက်ကွင်းများတွင် လုပ်ကွက်ရပြီးဟုဆိုကာ လုပ်ကွက်
တဆင့်လွှဲပြောင်းရောင်းချခြင်းများပြုလုပ်ပြီး ၄င်းတို့ကိုယ်တိုင်လည်း
နောင်ကတ်သာအင်း(ခ)ဟွေ့ဖလာအင်းနှင့် ဥရုချောင်းများမှ ရေများ
ကိုရေစုပ်စက်များဖြင့် မောင်းတင်ကာမျောမီးနွံရေများသည် ဟွေ့ဖလာအင်း၏
အနိမ့်ပိုင်းဖြစ်သော လိုင်ကောက်စံကွင်းအတွင်း စီးမျော ၀င်ရောက်လျှက်ရှိရာ
ပျိုးပင်များပုပ်ကုန်ပြီး ကျန်ရှိသည့်စပါးပင်များရိတ်သိမ်း၍ မရတော့သဖြင့်
သီးနှံများ ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။
၃။      ထို့ပြင်ဒေသခံတောင်သူလယ်သမားများသည် ဟွေ့ဖလာအင်းကို အမှီပြု၍
စိုက်ပျိုးလုပ်ကိုင်အသက်မွေးရခြင်းဖြစ်ပြီး တရားပြိုင် ကုမ္ပဏီများမှ
အဆိုပါအင်းနှင့် ဥရုချောင်းမှ ရေများကို ရွှေမျောတိုက်ရန်
ရေစုပ်စက်ကြီးများဖြင့် မောင်းယူအသုံးပြုလျက်ရှိရာ ယခင် လယ်သမားများ
သောက်သုံးခဲ့သောအင်းရေမှ နောက်ကျိလျက်သဘာပတ်ဝန်းကျင်သည်
အလွန်အမင်းပျက်စီးလျက်ရှိပါသည်။
၎။      ရွှေမျောမီးရေတွင် ပြဒါးဆိပ်သင့်စွန့်ပစ်ရေအညစ်အကြေးများနှင့်
စက်ယန္တရားများမှထွက်သော ဒီဇယ်ဆီများပါဝင်သည့် စွန့်ပစ်ရေ
အညစ်အကြေးတို့သည် အဆိုပါအင်းနှင့်ဥရုချောင်းအတွင်းသို့
ပြန်လည်စီးဝင်နေပါသဖြင့် လယ်ယာစိုက်ပျိုးရေးအဖြစ် အသုံးပြုရန်မဖြစ်နိုင်
တော့ပါ။ ဥရုချောင်းမှတဆင့် ချင်းတွင်းမြစ်သို့
အညစ်အကြေးရေများစီးဝင်နေသဖြင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ရေနှင့်မြေယာ
အရင်းအမြစ် တနည်းခံစားခဲ့ရမြဲဖြစ်သော
သဘာဝအခွင့်အရေးများနှင့်စိုက်ပျိုးအသက်မွေးဝမ်းကျောင်းမှုဘ၀များ
ဆုံးရှုံးရလျှက် ရှိပါသည်။
Myanmar News Now
လယ်သမားတွေတရားစွဲမှုကြောင့် ကုမ္ပဏီတွေက ရွှေတူးတာရပ်ဆိုင်း လယ်သမားတွေတရားစွဲမှုကြောင့် ကုမ္ပဏီတွေက ရွှေတူးတာရပ်ဆိုင်း Reviewed by သစ်ထူးလွင် on 16:38 Rating: 5

7 comments:

Anonymous said...

တနိင်ငံလုံးရွေတူးတာရပ်ဘို့လိုပါသည်

Thurein said...

လယ်သမားတွေ တော်တော်လေးကို တိုးတက်လာပြီ။ အရင်လို ဘာလုပ်လုပ်ငြိမ်ခံနေတဲ့ ခေတ်ကုန်သွားပြီ။ ၀မ်းသာပါတယ်။ ဒီလိုဖြစ်လာလို့

www.academicmedicines.blogspot.com

innyatara said...

ဒီကုမ္ပဏီတွေအားလုံး လယ်ယ်ာတွေ ပျက်ဆီးအောင်လုပ်ပြီး ရွှေတူးနေတာ
နှစ်တော်တော်ကြာပြီ စိတ်ပျက်ဖို့ကောင်းတယ် အရေးယူလိုက်မှ ကောင်းမယ်

Phoe Pain said...

အဖိုးတန်ရတနာဆိုတာနေရာတိုင်းထွက်တာမဟုတ်ဘူး၊ လယ်မြေဆိုတာကတော့ ရေသွင်းပြီးရင် နည်းပညာနဲ့ပေါင်းလိုက်ရင်၊စိုက်မရတဲ့မြေဆိုတာခပ်ရှားရှားပါ။ တိုင်းပြည်ဝင်ငွေတိုးတက်အောင် ဘယ်လိုငွေရှာမလဲ ဆိုတာကိုဝိုင်းဝန်းစဉ်းစားပြီးအဖြေရှာကြရမှာ မဟုတ်ဘူးလား။ဆန်တအိပ်နဲ့ ရွှေချောင်းတချောင်းဘယ်ဟာယူမလဲဆိုရင်........၊ ဒါကြောင့်တိုင်းပြည်အတွက်ကိုဘဲ ကြည့်ကြပါ။ အေး ...ဒါပေမဲ့ ယိုထွက်နေတဲ့အပေါက်ကိုတော့ ဘယ်လိုပိတ်သင့်လည်းဆိုတာ ၀ိုင်းဝန်းဖြေရှင်းကြရင်ပိုသင့်တော်မယ်ထင်ပါတယ်။ အသံထွက်တိုင်းကောင်းတာ မဟုတ်ဘူး၊ ခုမှဘဲ တိုင်းပြည်ကနုနု၊ မုန်တိုင်းကထန်ထန်ဖြစ်နေပြီ။ဆန္ဒတွေ များနေကြပြီ၊ အလုပ်တွေနဲ့သက်သေပြကြရအောင်။ အမေစုရေ.....မြန်မြန်လာပါတော့ အမေ့ပရိတ်သတ်တွေက တောင်းဆိုတာတွေနဲ့ဖြစ်ချင်တာတွေ သိပ်များနေပြီ၊ အမေလည်း ထမိန်ပြင်ဝတ်ထားအုံး.......

pyaponthu said...

အကောင်းဆုံးကမြန်မာပြည်တပြည်လုံးရွှေတူးတာရပ်လိုက်တာအကောင်းဆုံးဘဲ။တောင်သူလယ်သမားတွေသာမြန်မာပြည်အတွက်ရိက္ခါတွေဖြည့်ပေးတဲ့ကျေးဇူးရှင်တွေ။တေင်သူလယ်သမားတွေကိုဦးပေးရင်မြန်မာပြည်ကြီးချမ်းသာလာမှာ

aristhteinwin said...

ရှေ့ နေလေး ကိုဖိုးးဖြူ ရဲ့ ကြိုးပမ်းမှူကို ကျေးဇူးတင်ပါတယ်။ ကိုဖိုးဖြူ ကျမ္မာစွာဖြင့် အဖိနှိပ်ခံ တောင်သူ လယ်သမားတွေ ရဲ့ အကျိုးစီးပွားကို ဆထက်တံဘိုးတိုးပြီး ကာကွယ်စောင့်ရှောက်နိုင်ပါစေ။

Phoe Pain said...

ငါလည်း လယ်သမားမျိုးရိုးပါဘဲ၊ ငါတို့အခုစိုက်နေတဲ့ဆန်ကို ဈေးကြီးပေးဝယ်ပြီးမစားကြတော့ဘူးကွ၊ အလကားလောက်ဈေးတွေပေးပြီးလိုချင်နေကြပြီ၊ ဒါကြောင့်စပါးလည်းစိုက်ကြ၊ တခြားဟာလည်းလုပ်မှရမယ်၊ တခြားဆိုတဲ့ စကားလုံးရဲ့နောက်ကွယ်က သိပ်ကျယ်ပြန့်တယ်၊တို့ဆီမှာနည်းပညာရှိသလား၊ ဒါမှမဟုတ် နိုင်ငံခြားငွေရှိသလား၊ တန်ဘိုးရှိတာဘာရှိသလဲ ပြန်ကြည့်လိုက်၊ သယံဇာတလေကွာ၊ မင်းတို့ရဲ့အသုံးအဆောင် အားလုံးက နိုင်ငံခြားငွေနဲ့စပ်ထားတာ၊ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီး မလေအောင်လုပ်ရမှာ မဟုတ်ဘူးလား။သနားတယ်ကွာ............

Powered by Blogger.