ဦးရွေမန်းနဲ့အဖွဲ့ ဂျာမနီရောက်

မြန်မာနိုင်ငံက ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွေမန်း ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စား လှယ် ၈ ဦးဟာ ဥရောပ ဒီမိုကရေစီနဲ့ ပါလီမန်စနစ်ကို လေ့လာနိုင်ဖို့ ဂျာမနီနိုင်ငံကို ရောက်ရှိ နေပါတယ်။

ဥရောပသမဂ္ဂက မြန်မာအပေါ် ပိတ်ဆို့မှုတွေ တနှစ် ဆိုင်းငံ့မယ်လို့ ကြေငြာပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ ဂျာမနီကို ရောက်လာကြတာ ဖြစ်ပါတယ်။

သူရ ဦးရွေမန်းနဲ့အတူ ပါလာတဲ့ ကိုယ်စားလှယ် ၈ ဦးထဲမှာ လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဌ တခိျု့အပြင် ကျားဖြူပါတီက ဒေါ်နန်း ဝါနုတို့လည်း ပါဝင်ပါတယ်။

ကိုယ်စားလှယ်တွေဟာ မြူးနစ်မြို့က ဂျာမနီ ဘာဘေးရီးယန်း ပါလီမန်ကို သွားပြီး လေ့လာဖို့ ရှိသလို ဘာလင်မြို့မှာလည်း ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးအပါအဝင် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

''ဒီခရီးစဉ်ကနေပြီးတော့ မြန်မာပြည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လမ်းစဉ်မှာ တိုးတက်မှုတွေ ရလာအောင် အထောက်အကူ ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်'' လို့ ဒီခရီးစဉ်ကို စီစဉ်တဲ့ ဂျာမနီ အခြေစိုက် Hanns Seidel Foundation ပြောခွင့်ရ ပုဂ္ဂိုလ် ဟူးဘားတပ်စ် ကလင်းစ်ဘူဂယ်က ဘီဘီစီကို ပြောပါတယ်။

''ဟန်း ဆိုက်ဒဲလ် ဖောင်ဒေးရှင်းဟာ ကမ္ဘာတဝန်း နိုင်ငံ ၆၀ လောက်မှာ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး လုပ်ငန်းတွေ လုပ်နေတာပါ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျွန်တော်တို့ လုပ်ကိုင်လာတဲ့ ၃၅ နှစ် အတွေ့ အကြုံတွေက မြန်မာနိုင်ငံကို အထောက် အကူဖြစ်စေမယ်လို့ ထင်ပါတယ်'' လို့ သူက ပြောပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို သွားပြီး ဥရောပ ပါလီမန်ကိုလည်း သွားရောက်ဖို့လည်း ရှိပါတယ်။

ဂျာမနီနိုင်ငံကို ရောက်နေတဲ့ မြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ နောက်တစ်ဖွဲ့လည်း ရှိသေးပြီး အဲဒီ အဖွဲ့မှာတော့ RNDP ရခိုင်ပါတီ ခေါင်းဆောင် ဒေါက်တာ အေးမောင်၊ ကျားဖြူပါတီ ခေါင်းဆောင် ဦးစိုင်းအိုက်ပေါင်း နဲ့ NLD အမတ် ဒေါက်တာ လှမြတ်သွေးတို့လည်း ပါဝင်ပါတယ်။
ဘီဘီစီ-မြန်မာပိုင်း
ဦးရွေမန်းနဲ့အဖွဲ့ ဂျာမနီရောက် ဦးရွေမန်းနဲ့အဖွဲ့ ဂျာမနီရောက် Reviewed by သစ်ထူးလွင် on 08:09 Rating: 5

9 comments:

ချစ်ဖူး said...

လူယုတ်တစ်ယောက်နားသွားတာနဲ့ အဖက်ဖက်က ကောင်းလာတာကြည့်ပါဦး

mad dog said...

ဟိုကပါလီမန် ထဲ သွား အိပ်ငိုက် မနေကြနဲ့ အုံးနော်

minsoeaung said...

အဘမန်း
ကြိုးစားထားပါ။
အနာဂတ်မျိုးဆက်အတွက်အကောင်းဆုံ့းတွေထားခဲ့ဘို့
လုပ်ပေးပါ။ကြံ့ဖွတ်အညံ့စားတွေကိုအဖွဲ့ကအရေးယူပေးပါ
ဒါမှသာ ကြံ့ ဖွံ့ ဖြစ်လာပါမည်။ကြံ့ဖွံ့မှာလူတော်တွေအများ
ကြီးရှိပါတယ် ။အဘတို့လိုသူတော်ကောင်းဆွေကစေတနာနဲ့ကြိုးစားပေး
ရင်အားလုံးပါဝင်လာကြမယ်လို့ယုံကြည်ပါသည်။

ကျော်ကိုဦး said...

အစောတည်းက ပိတ်ဆို့မူ့ မဖြစ်အောင် ..ကျင့်သုံးရင်....ဒီလိုသွားစရာမလိုပါဘူးဗျာ..အခုဟာက .ပြည်သူ့
ဘဏ္ဍာကို ဖြုန်းနေတာနဲ့ အတူတူပဲ..

kyawminmin said...

ဟား ဟ ရွှေမန်းတို့လည်း ဂျာမနီနိင်ငံတွေ ဘယ်ဂျီယံတွေ
ရောက်လို့ပါလား။
မှူးကြီးတို့တာဝန်ယူကာလကဆိုရင်လေ
လောနိုင်ငံတော်သမ္မတကဖိတ်ခေါ်ပါသဖြင့်
ကမ္ဘောဒီယားနိုင်ငံတော်ဝန်ကြီးချုပ်ကဖိတ်ခေါ်ပါသဖြင့်
မြန်မာ့အလင်းနှင့်ကြေးမှုံသတင်းစာတွေမှာ
ဖနွမ်းပင်မှာရိုက်ခဲ့တဲ့မှတ်တမ်းဓါတ်ပုံတွေဝေလို့။
ခုတော့NLD ရောက်လာတာနဲ့ ဂျာမနီတွေ ဘယ်လ်ဂျီယံ
တွေကိုတောင်ရောက်လို့ပါလားရွှေမန်းရယ်။
ဘာလင်တံတိုင်းတွေပြိုသလို ပွင့်လင်းလူ့ဘောင်
သစ်ကိုလည်းလက်ခံလိုက်စမ်းပါ ရွှေမန်ရယ်။

မောင်ငွေ said...

မောင်ပဉ္စင်း...ရော့ . .မင့်ပေထုပ်ကို ထုံးအိုးထဲသာနှစ်လိုက်ပေတော့..လို့ပြောလိုက်တဲ့ ဆရာတော်ကြီးဦးဗုဒ်ရဲ့ စကားကိုသာ ကြားယောင်လာမိပါတယ်ဗျာ။ ကိုယ့်ပါလီမန်အတွက် ကောင်းတာတွေကို အတုခိုးဖို့ သွားလေ့လာတယ်ဆိုရင် - ဟိုပါလီမန်က ဆရာကြီးများကို ပေထုပ်သွားပြပြီး စာစစ်ခိုင်းတဲ့ ဦးဇင်းကလေးလိုဖြစ်နေဦးမှာ စိုးမိပါတယ်ဗျာ။

minsoeaung said...

ဥက္ကဋ္ဌဦးသူရရွှေမန်းမြန်မာအတွက်အကျိုးရှိမှာဆိုရင်ဆောင်ရွက်နိုင်ပါသည်ခင်ဗျား။အားလုံးထောက်ခံပါသည်။အခုလိုလုပ်ပေးဆဲ့စေတနာတွေကိုကြိုဆိုပါသည်။
ကျေးဇူးတင်လျက်

ဇာမဏီ said...

ရွှေမန်းရေ အဲဒီနိင်ငံတွေ ဘယ်လောက်တိုးတက် ချမ်းသာနေသ
လဲဆိုတာမြင်အောင်ကြည့်ခဲ့ကွာ ။ ဒါမှ မင်းတို့ အုပ်ချုပ်တဲ့ ဒို့
တိုင်းပြည် ဘယ်လောက်မွဲတေ စုတ်ပြတ်နေလဲဆိုတာ မင်းတို့
သိမှာ ။ ရှက်တတ်ရင် လဲတာသေလိုက်ကွာ မြူးနစ်မြို့လယ်ခေါင်
လမ်းမပေါ်မှာ ။ ကျားဖြူကနန်းဝါနု ဆိုတာလဲ ဖွတ်တွေနဲ့ပေါင်းပီး
ဖွတ်သံထွက်ထွက်နေတယ် ။ နင်လဲကြည့်လာခဲ့ ။ လွှတ်တော်ထဲ
မယောင်မလဲ ရောက်လာပီး စွာကျယ်မ လုပ်မနေနဲ့။

Soe said...

အ၇မ်းလဲ အထင် မကြီးကြနဲ့ဦး စစ်တပ်က လူတွေ မာယာများတယ် ဆိုတာမမေ့ပါနဲ့

Powered by Blogger.