230 KV မဟာ ဓါတ်အားလိုင်းအားတွေ့ ရစဉ်(ဓါတ်ပုံ-Google Images) |
ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့နှင့် မိုင် ၃၀ ခန့် အကွာ ရွှေလီနှင့် မန်ဆန် ကြားရှိ 230 KV မဟာ ဓါတ်အားလိုင်း အား ယနေ့နံနက် ၂ နာရီ ၄၇ မိနစ် ခန့်တွင် ဖေါက်ခွဲ ဖျက်ဆီး ခြင်းခံရသည့်အတွက် မေလ ၂၁ရက် နေ့မှ စတင်ကာ ရန်ကုန်စက်မှုဇုံများအား လျှပ်စစ်ဓါတ်အား ဖြတ်တောက်၍ ရန်ကုန်မြို့တော်အတွင်းရှိ မြို့နယ် များအား ၆နာရီ တစ်ကြိမ် အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်ဓါတ်အား ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့က ယနေ့နံနက်တွင်ပြုလုပ်သော အရေးပေါ် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ ၌ ပြောပြခဲ့သည်။
ပြီးခဲ့သည် ၂၀၁၁ ခုနှစ် ဇွန်လ အတွင်းကလည်း ရွှေလီ ရေအား လျှပ်စစ် စီမံကိန်း မန်ဆန် ဓါတ်အားပေးစက်ရုံခွဲ ၏ ခြံစည်းရိုးအနီးတွင် ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့သည်။
The Voice Weekly
ရန်ကုန်မြို့လူထု ၆ နာရီ တစ်ကြိမ် အလှည့်ကျ မီးရမည်
Reviewed by သစ်ထူးလွင်
on
11:55
Rating:
63 comments:
ဘယ်သူတွေက ဒီလောက်တောင် ယုတ်မာနေရတာလဲ။ ဒီလောက် ပူလောင်နေတဲ့ ရာသီဥတုမျိုး ကိုယ့်နိုင်ငံသားတွေ ခံစားနေကြရချိန်မှာ လျှပ်စစ်လေးမှမရရင် ဘယ်လိုနေထိုင်ကြရမှာလဲ။ စစ်တပ်ကလား တော်လှန်ရေးလုပ်သူဘက်ကလား၊ ဘယ်သူဘဲလုပ်လုပ် ရှုတ်ချပါတယ်။ နိုင်ငံတော်တိုးတက်ဖို့ လျှပ်စစ်ဓါတ်အားဟာ မရှိမဖြစ်လိုအပ်တယ်ဆိုတာကို သိသိကြီးနှင့် ဒီလိုမလုပ်သင့်ကြတော့ဘူး။ တော်လှန်ရေးလုပ်နေသူတွေက လူမျိုးရေး ဗန်းပြပြီးတော့ အခုလိုလုပ်နေကြတာ ဘာအကျိုးရှိမှာလဲ။ နောက်ဆုံးတော့ ကိုယ့်ပြည်သူဘဲ နစ်နာကြရတာဆိုတာကို နားမလည်ကြဘူးလား၊ နားလည်နိုင်တဲ့ အသိတရားမရှိကြဘူးလား။
တော်တော် မိုက်ရိုင်းတဲ့ကောင်တွေပါလား ဒါဟာပြည်သူတွေရဲ့အကျိုးစီးပွားကို သက်သက်ဖျက်စီးတာပဲ...ဓါတ်လိုက်ပြီးသေမယ့်ကောင်တွေ..
ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးအောင်ကြိုးစားနေကြတဲ့ အချိန်မှာ အခုလို အဖျက်အဆီးတွေ မလုပ်သင့်ဘူး.. အဘက်ဘက်က ကောင်းအောင်ကြိုးစားရမယ့်အစား အဖျက်အဆီးတွေကို လုပ်နေကြတာဟာ ကမ္ဘာမှာ တော်တော်ရှက်စရာကောင်းတယ်ဆိုတာ နားလည်သင့်တယ်... မြန်မာပြည်ကြီးတိုးတက်ဖို့ဆိုတာ တစ်ဦးတစ်ယောက်တည်း ကောင်းလို့မဖြစ်သလို.. တစ်ဦးတစ်ယေက်တည်း ကြိုးစားလို့လည်း မဖြစ်ဘူး.. ဒါကြောင့် ဘာပဲဖြစ်ဖြစ် တိုင်းပြည်ကြီး တိုးတက်လာလို့ ခံစားရမယ့်သုခတွေကို ကိုယ်မစံစားရင်တောင် ကိုယ့်ရဲ့ နောင်လာနောင်သားများအတွက် အဘက်ဘက်က ကာကွယ်ပေးကြစို့ပါ..
ဗုံးမကွဲခင်ကတည်းကပျက်နေတာ ပါအခုမှ လာလွှဲချမနေ ပါနဲ့
EPC
ဒါမျိုးကျတော့ အခါတိုင်း မီးပျက်လို့ အော်နေတဲ့သူတွေ ခွဲတဲ့ဘက်ကို စိတ်ဆိုးကြောင်း...ကန့်ကွက်ရှုတ်ချကြောင်း...မရေးကြတော့ဘူးလား....E.P.C ကသူတွေ အလုပ်ရှုပ်မှာပဲ...ဆိုပြီး တရားသဖြင့်လေးတောင် ကိုယ်ချင်းမစာကြဘူးလား...ဒီလိုအခြေအနေတောထဲမှာ အသက်အန္တရာယ်မကြောက် အလုပ် လုပ်နေရတဲ့ ၀န်ထမ်းတွေလဲ မကောင်းကြဘူးလား...ရန်စတာမဟုတ်ပါဘူး...မျှမျှတတလေး
ဖြစ်စေချင်တာပါ...ဒီလိုမျိုး ပင်ပင်ပန်းပန်းလုပ်နေကြတဲ့ သူတွေ အကြောင်းလဲ တွေးကြည့် ကိုယ်ချင်းစာကြည့်ကြပါ...မကောင်းတဲ့သူဆိုတာ နေရာတိုင်းမှာရှိပါတယ်...ငါတို့တော့ ပြောလို့ရပြီဆိုပြီး ရောသုတ်ထဲ ထည့်ထည့်မကြိတ်ကြပါနဲ့....တကယ်အပင်ပန်းခံ အလုပ် လုပ်နေတဲ့...လုပ်ချင်စိတ်ရှိတဲ့သူတွေ ဒီလိုမကောင်းရေးထားတဲ့စာတွေ ဖတ်မိရင် အားလျော့သွားပြီး မလုပ်ချင်မကိုင်ချင်ဖြစ်ခဲ့မယ်ဆိုရင် တိုင်းပြည်ပဲ နစ်နာမှာပါ...Post ရေးတတ်တဲ့သူရှိရင် ဒီစာသားတွေကို လူလူချင်း...အလုပ်လုပ်ကိုင်နေရတဲ့သူချင်း ကိုယ်ချင်းစာပြီးတော့ ချေပရန်စတာမဟုတ်ဘဲနဲ့ ကောင်းတဲ့
ဘက်က တင်ပြပေးပါ...
ကိုသစ်ထူးလွင်....
ရပိုင်ခွင့် ..မျှော်ကိုးပိုင်ခွင့် တစ်ခုမှမရှိပဲနဲ့...တစ်ကယ်အလုပ်လုပ်နေ..
အပင်ပန်းခံနေတဲ့ ၀န်ထမ်းတွေ အများကြီးရှိပါသေးတယ်...ကျွန်တော် အပြုသဘောနဲ့ပြောတာပါ....
ဒါစစ်ထောက်လှန်းရေးစရဖတွေဒါမှမဟုတ် စစ်တပ်ကလုပ်တာပဲ..
အရင်လည်းလုပ်နေကျပဲ..ပြီးရင်တိုင်းရင်းသားတပ်ဖွဲတွေကိုလွဲချတယ်.
သတင်းစာမှာအမှားရေးမယ်..မြန်မာတစ်တိုင်းပြည်လုံးသိတယ်..
တိုင်းရင်းသားတပ်ဖွဲ့တွေက ပြည်သူကိုဒုက္ခမပေးဘူး..
စစ်တပ်ကသာ မိုင်းထောင်လူသတ်မဒိန်းကျင့် ဓားပြတိုက်လုပ်နေတာ..
အမှန်က စစ်တပ်က ဖက်ဆစ်တပ်ဖွဲ့ဖြစ်နေတာ..
အစိုးရအနေနဲ့ ဒီထက်ပိုပြီး လုံခြုံရေးကို ဂရုစိုက်သင့်ပါတယ်။ Security and Maintenance is very important for every country.
မြို့ပေါ်မှာနေပြီး လျှပ်စစ်မီး မရတာကို အော်မနေနဲ့ တိုက်ပွဲဖြစ်တဲ့ ဒေသတွေမှာ အသက်လို့၊ အိုးအိမ်စွန့်ပြီး တောတောင် တွေမှာ ပြေးနေရတဲ့ လူထုတွေကို သတိရကြည့်ပါ။
တစ်ရက် 6 နာရီ မီးဖြတ်တော့မယ်။ ရန်ကုန်တင်မက တစ်နိုင်လုံးကို ဓာတ်အားပေးမှု ထိခိုက်တယ်လို့ ပြောသွားတယ်။ မိုင်းခွဲသူတွေ သူတို့ လုပ်တာအောင်မြင်လို့ ပျော်နေကြပြီပေါ့။ သူတို့ တကယ်တော့ ဘာအကျိုးအမြတ်ရလဲ။ အစိုးရသိက္ခာကျအောင်လုပ်လိုက်နိုင်တယ်ဆိုတဲ့ အကျိုးအမြတ်တစ်ခု အတွက် ဘာလို့ ပြည်သူကိုဒုက္ခရောက်စေတာလဲ ။ အမြင်မတူလို့စစ်တိုက်တာဆိုရင် တိုက်ကြပါ။ မပြောလိုဘူး။ ဒါပေမဲ့ လူတွေဒုက္ခရောက်စေတဲ့ အဖျက်လုပ်ငန်း ကိုလုပ်တာကတော့ သတ္တိမရှိရာကျသလို ပြည်သူကိုစော်ကားတာပါပဲ။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အဟန့်အတားတစ်ခုလိုပမြင်ပါတယ်။ လက်ရှိအစိုးရကိုထောက်ခံသူကော OPPOSITION တွေပါ ဒါမျိုးကိုတော့ တစ်ညီတစ်ညွှတ်တည်း ရှုတ်ချကြဖို့ တိုက်တွန်းပါတယ်။
KIA ဘဲနေမှာပေါ့ လုပ်နေကြပဲလေ နည်းမျိုးစုံသုံးတော့မှာ စစ်တပ်ကိုမနိုင်တော့ တွေ့ ရာကြုံရာ လက်လှမ်းမှီ သလောက်ဖျက်ဆီးမယ် အခြားတိုင်းရင်းသားတွေ အေးအေးချမ်းချမ်း နေနေတာ မရှုရက်နိုင်ဘူး အခြားတိုင်းရင်းသား တွေနဲ့ ငြိမ်းချမ်းရေးယူနိုင်တယ် သူတို့ က အပိုတွေတောင်းဆိုပြီး ညှိနိုင်းမရအောင်လုပ်နေကြတယ်
အဲဒါ သူတောင်းစား ကချင်သူပုန်တွေရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။ အမြစ်ပြုတ်အောင်ချပစ်မှအေးမယ်။
မီးမှ မလာတာ ဘယ်လိုဓါတ်လိုက်မှာလဲ... ကြည့်ရေးအုံးလေ :)
နောက်တစ်မျိုး ကြိမ်ဆဲနည်းလေးရှာပါအုံး-
ဟေ့ လူတွေ YESB က လူတွေ ကြံဖန်ပြောမနေကြနဲ့ ၊ ခု မိုးရွာနေပီ လေ မိုးတွင်းဆိုတာလည်း မေ့မနေကြနဲ့ဦး Hydro Power တွေ ဘယ်ရောက်ကုန်ပီလဲ ပြန်လှည့်ပေးလေဗျာ ။ ခင်ဗျားတို့က အဲဒီဖောက်ခွဲတာတွေပဲ လူမျိုးရေး ရန်တိုက်ပြီး ပြောမနေကြပါနဲ့ ။ လူကြီးဆန်ဆန် အလုပ်လုပ်ဖို့ လို ပါတယ် ....
ရန်ကုန် မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့အနေနဲ့ ပြည်သူတွေကိုပွင့်
ပွင့်လင်းလင်းဆက်ဆံဖို့လိုပါတယ် ။ Power Generation တွေ ရှိတဲ့အထဲမှာ မှ
ကျုပ်တို့တွေက ရွှေလီ-မန်ဆံ တရုတ် ဘက်လိုင်းကပဲ မီးသုံးစွဲနေရတာလား ရန်ကုန်မြို့မှာ - Hydro-Generation,Gas-Turbine, တရုတ်ကပြန်ရနေတဲ့
Mega Watts တွေ ဒီလောက်အများကြီးထဲမှာမှ ထစ်ခနဲရှိ အဲဒီ သူပုန်လုပ်တာပဲအကြောင်းပြမနေကြပါနဲ့။ ရန်ကုန် မြို့ မှာလည်း Gas Turbine တွေ အများကြီးရှိတာပဲ - လှည့်ပေးပေါ့ဗျ ။ နောက်ဆုံး ကုန်ကုန် ပြေရရင် နိုင်ငံတကာ က တံခါး ဖွင့် ပေးနေပီပဲ Power Plant တွေ ငှားသုံးလို့တောင် ရနေပီပဲ ဗျာ ... ကြည့်လုပ်ပါဦး ... ရန်ကုန် မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ က ပြောနေတာ ယုံနေရအောင် ပြည်သူလူထုတွေက ပညာမတတ် ပေါက်လွှတ်ပဲစားတွေများမှတ်နေလား ဗျ .........
ဒါလှည့်ကွက်လေ။။။။။။။။။။။။။။။။။။။
ဒီလူတွေဟယလူ့ဘဝကိုမကောင်းတာလုပ်ဖို့အတွက်
ေ၇ာက်လာကြတာနဲ့တူတယ်...........................
ဒီလိုလုပ်လိုက်၇လို့မင်းတို့ကောင်တွေဘယ်လောက်
များပျော်၇ွှင်မှု့၇လို့လဲကွာ...............................
ကိုယ်မလုပ်နိုင်၇င်ငြိမ်ငြိမ်လေးနေပါ.................
သူတပါးကိုမနှေက်ယှက်ပါနဲ့။
ဘစိန် လှည့်ကွက်တွေ နောက်ဆုံး တိုက်ကွက်တွေ မြု့ပ်ကွက်တွေ ထုတ်သုံးနေပြီထင်တယ်နော့် ... နောက်ဆုံး တိုက်ကွက်လား ဒါမျိုးတွေက ရိုးအီနေပြီ မြန်မာပြည်မှာ ...
မထူးဆန်းတော့ပါဘူး.. Mandalay မှာ ၆ နာရီဘဲရနေတာကြာပါပြီ..ကြာပါပြီ.. ရန်ကုန်မှာတာဘိုင်းတွေပျက်လို့တဲ့.. မီးခွဲတမ်းလုပ်လိုက်တော့Mandalay လေတရားတယ်နော်.. အခုလားရှိုးနားဗုံးခွဲခံရမှာသာ.. ရန်ကုန်ခွဲတမ်း၆ နာရီဖြစ်တာပါ.. ခဏခဏဖြတ်ပြီး ပြန်ပေးတော့လူတွေပျော်တာပေါ့နော်.. ဟေး...မီးလာပြီဆိုပြီး..........ဒါမှမဟုတ်လဲတန်ဘိုးထားတတ်အောင်လို့လားမသိဘူးနော်မီးကို ..ပုံမှန်ရှိနေရမယ့်အရာတခုပါ..ဒါကြောင့်မငြီးကြပါနဲ့ရန်ကုန်သားတို့ရယ်..
လွှတ်တော်အရေးပေါ်ခေါ်ပြီး၊အတည်ပြုချက်တောင်းကာ၊လူမျိုးရေးဗန်းပြလုပ်စားနေသော၊ဘိန်းသူပုန်များကိုရှိသမျလက်နက်သုံးကာခြေမှူန်းသင့်ပါသည်။နိုင်ငံတစ်ကာကိုဂရုမစိုက်ပါနှင့်
မီးဖြတ်ခံ၇တာ မထူးဆန်းတော့ ပါဘူး မီးမလာတဲ့ အတွက် ဖယောင်းတိုင် ၀ယ်သုံး၇တဲ့ စ၇ိတ် ။ထမင်းချက်ဖို့  မီးသွေးဝယ်သုံး၇တဲ့  စ၇ိတ် မီးမလာလို့ေ၇မလာတော့ေ၇၀ယ်သုံး၇တဲ့ စ၇ိတ်တွေ ၇ှိပါတယ် မီးလျှော့  ပေးတော့ မီးတာ ထိန်းသိမ်းစောင့် လျှောက်ခ စ၇ိတ်လေး များ လျှော့ ပေးဖို့  ၇ှိပါသလား မီးက သာမန်၇ပ် ကွက်တွေ ကိုပဲ လျှော့ ပေးမှာလား ၂၄ နာ၇ီအပြည် ပေးမယ့် နေ၇ာတွေေ၇ာ ၇ှိပါသလား
မထူးဆန်းတော့ပါဘူး.. Mandalay မှာ၆နာရီပေးပြီးရင်၁၂ နာရီပိတ်နေတာကြာပါပြီလေ.. ကြာပါပြီ..ကြာပါပြီ.. ရန်ကုန်မှာတာဘိုင်းတွေပျက်လို့တဲ့.. မီးခွဲတမ်းလုပ်လိုက်တော့Mandalay လေတရားတယ်နော်.. အခုလားရှိုးနားဗုံးခွဲခံရမှာသာ.. ရန်ကုန်ခွဲတမ်း၆ နာရီဖြစ်တာပါ.. ခဏခဏဖြတ်ပြီး ပြန်ပေးတော့လူတွေပျော်တာပေါ့နော်.. ဟေး...မီးလာပြီဆိုပြီး..........ဒါမှမဟုတ်လဲတန်ဘိုးထားတတ်အောင်လို့လားမသိဘူးနော်မီးကို ..ပုံမှန်ရှိနေရမယ့်အရာတခုပါ..ဒါကြောင့်မငြီးကြပါနဲ့ရန်ကုန်သားတို့ရယ်..
မီးဖျက်ဖို့ အကြောင်းပြစရာ ရှားသကိုး...
ကိုယ့်ထိမှသိကြရင်နောက်ကျပြီပေါ့။ပေါ့ပေါ့နေပေါ့ပေါ့စား
ရေသာခိုအချောင်လိုက်တာဝန်မဲ့နေလာကြဒါ၊ကိုယ်လည်း
နှိင်ငံသားတဦးအနေနဲ့တာဝန်ကိုယ်စီထမ်းဖို့နှိင်ငံရေးအသိ
နိုးကြားစွာ အမေစုကိုဝန်းရံရင်း တိုင်းကျိုးပြုကြစို့။
အများပြည်သူထိခိုက်နစ်နာနေတာတာကိုတော့ လက်မခံနိုင်ဘူး။
KIAကပြည်သူတွေအသုံးပြုနေတဲ့လမ်းတွေကိုဖျက်ဆီး၊တာဝါတိုင်မိုင်းထောင်မှုတွေလုပ်နေတာ
အကြမ်းဖက်အဖွဲ့ပုံ ဖြစ်နေပါတယ်။ကချင်ပြည်နယ်တိုးတက်မှာကိုမလိုလားကြတဲ့သူတွေဘဲ
KIA ရဲ့ လုပ်ဆောင်ချက်ကို ပြည်သူတွေက အော့နှလုံးနာနေကြပါတယ်။
သက်မဲ့ပစ္စည်းတွေဖောက်ခွဲဖျက်ဆီးနေတော့ ကချင် ပြည်နယ်ကောင်းစားရေးလား?
အများပြည်သူထိခိုက်နစ်နာနေတာတာကိုတော့ လက်မခံနိုင်ဘူး။
KIAကပြည်သူတွေအသုံးပြုနေတဲ့လမ်းတွေကိုဖျက်ဆီး၊တာဝါတိုင်မိုင်းထောင်မှုတွေလုပ်နေတာ
အကြမ်းဖက်အဖွဲ့ပုံ ဖြစ်နေပါတယ်။ကချင်ပြည်နယ်တိုးတက်မှာကိုမလိုလားကြတဲ့သူတွေဘဲ
KIA ရဲ့ လုပ်ဆောင်ချက်ကို ပြည်သူတွေက အော့နှလုံးနာနေကြပါတယ်။
သက်မဲ့ပစ္စည်းတွေဖောက်ခွဲဖျက်ဆီးနေတော့ ကချင် ပြည်နယ်ကောင်းစားရေးလား?
အများပြည်သူထိခိုက်နစ်နာနေတာတာကိုတော့ လက်မခံနိုင်ဘူး။
KIAကပြည်သူတွေအသုံးပြုနေတဲ့လမ်းတွေကိုဖျက်ဆီး၊တာဝါတိုင်မိုင်းထောင်မှုတွေလုပ်နေတာ
အကြမ်းဖက်အဖွဲ့ပုံ ဖြစ်နေပါတယ်။ကချင်ပြည်နယ်တိုးတက်မှာကိုမလိုလားကြတဲ့သူတွေဘဲ
KIA ရဲ့ လုပ်ဆောင်ချက်ကို ပြည်သူတွေက အော့နှလုံးနာနေကြပါတယ်။
သက်မဲ့ပစ္စည်းတွေဖောက်ခွဲဖျက်ဆီးနေတော့ ကချင် ပြည်နယ်ကောင်းစားရေးလား?
စစ်တပ်ရေမင်းတို့လုပ်တာဆိုရင်လည်းမြန်မြန်ပြန်ပြင်ကွာ။လျှပ်စစ်ကဘယ်လောက်အရေးကြီးတယ်ဆိုတာမသိဘူးလား။
နဂိုထဲကိုကအစုတ်ကိုစုတ်တထက်စုတ်အောင်လုပ်ပေးကြတဲ့အတွက်ဝမ်းမြောက်မိပါတယ်
ဘယ်သူပဲ ဖေါက်ခွဲဖျက်စီးပါစေ သူ့တရားသူ စီရင်ကြမည်သာ။ ပညာတတ်များများ အလုပ်လုပ်ရမဲ့ နေရာတွေမှာ မလုပ် မရှုပ် မပြုတ် တွေများနေတယ်ဗျာ။ အစိုးရ ရုံးပိတ်ရက်တွေ မှာလည်း သူတို့လောက် အလုပ်များတာ သူတို့ပဲရှိတယ်ဗျို့ ဘာတွေလာလုပ်သလည်း လေ့လာကြည့်ရင် သူတို့ ငွေရေးကြေးရေး အဆင်ပြေမဲ့ ဌာနဆိုင်ရာရဲ့ ခွင်လုပ်ငန်းတွေကို လာလုပ်ကြတာ တိုင်းပြည်ချစ်လို့ မဟုတ်ဘူး။ လာခိုးနေကြတာ စနစ်တကျ လာခိုးဖို့ လုပ်နေကြတာ။ အလုပ်ကြိုးစားချင်လို့ မဟုတ်ဘူး။ ရုံးဖွင့်ရက် နေ့ခင်းမှာ အဲယားကွန်းနဲ့ အခန်းအောင်းပြီး အိပ်သူကအိပ် ငိုက်သူကငိုက် တီဗွီဝိုင်းဖွဲ့ကြည့်နေတဲ့ ဌာနတွေကလည်းရှိသဗျ ။ ရုံးပိတ်ရက်ဆိုကာမှ မိုးချုပ်အောင်နေပြီး မီးတွေထိန်အောင်ဖွင့် လူမြင်အောင်နေပြ လုပ်ပြကြတာဗျို့။
သို့သော်ငြားလည်း ငွေရတဲ့သူတွေကတော့ တော်တော်အဆင်ပြေသဗျ။ ဘာကြောင့်လည်းဆိုတော့ လျှပ်စစ်ဌာနက ပင်စင်ရရင် အပြင်က Co တွေမှာ အလုပ်ဝင်ကြတယ် အရည်အချင်း ရှိလို့တော့မဟုတ်ဘူး ဌာနဆိုင်ရာကို ၀င်ထွက်လို့ကောင်းတယ်လေဗျာ။ ဌာနမှာကျန်ခဲ့တာက ပင်စင်သွား အရာရှိများရဲ့တပည့်တွေလေဗျာ။ အတွင်းအပြင်ပေါင်းခိုးတာပေါ့။ ပင်စင် မရသေးတဲ့သူများ ကြတော့လည်း သားသမီး ဆွေးမျိုးတွေကို Co တွေမှာ အလုပ်ဝင်ခိုင်း ပြီးတော့ဌာနကို အ၀င်အထွက်လုပ်ပြန်တော့ အတွင်းအပြင်ပေါင်းခိုးတာဘဲလေ။ Co ၀န်ထမ်းဆိုပေမဲ့ လက်ရှိတာဝန်ရှိ အရာရှိကြီးတွေရဲ့ သားသမီး ဆွေးမျိုးတွေဆိုတော့ သာမန်စာရေးမတွေက ကြောက်ရတော့ ထမင်းကျွေးရ Co အလုပ်ဝိုင်း လုပ်ရလေးတော့ ရှိတာပေါ့ဗျာ။ အင်ဂျင်နီယာ မဟုတ် စီးပွားရေးဘွဲ့ရ မဟုတ်တဲ့ မိုးပေါက ကျလာတဲ့ သူများလည်း အလွန်ပေါ သဗျ သူတို့ကတော့ မလုပ် မရှုပ် မပြုတ်တွေပေါ့ဗျာ။ ဘာတာဝန်မှ ယူစရာမလိုဘူးဗျ ဟိုဟာလည်းသူတို့နဲ့ မဆိုင် ဒီဟာလည်းသူတို့နဲ့မဆိုင် ဖြစ်နေတာကိုး။ ဒါပေသည့် လစာတော့စားထားကြသဗျ။ ၂၀၀၆ လောက်ကစပြီး ဌာနအတွက် ဘာကောင်းကျိုးမှ မလုပ်ဘူးပဲနံ့ ရာထူးရထားတဲ့ အရာရှိများလည်း များသဗျ။ ခေတ်ကောင်းမီပြီးအဆင်ပြေခဲ့သူတွေပေါ့ဗျာ။
နောက်တစ်ဖွဲ့ကတော့ ဌာနဆိုင်ရာ စစ်ဆေးရေးရောင်ရောင် စီမံခန့်ခွဲရေး ရောင်ရောင်တွေကလည်း တိုင်ကြားတာရှိလို့ စစ်ဆေးရရင် အတိုင်ခံရတဲ့သူတွေ မလွယ်ဘူးဗျို့ တိတိကျကျ အရေးယူဖ်ု့ တော့မဟုတ်ဘူး ကေတီဗွီလိုက်ပို့ရ မာဆက်လိုက်ပို့ရ ဟိုပို့ ဒီပိုတွေတော့ တောလေးလုပ်ပေးရသဗျ။ ပြန်ရင်လည်း လက်ဆောင် ပဏာလေး လည်းပေးရတာ့ပေါ့။ အမှုဖြစ်သူများကတော့ အပြစ်လည်းပေးခံရ ငွေညှစ်လည်းခံရ စိတ်ဆင်းရဲရ အစုံပါဘဲ။ သွားရောက် စစ်ဆေးတဲ့ သူတွေကြပြန်တော့ တော်တော်အဆင်ပြေသဗျို့ အပူစာတွေပေါ့။ တစ်လ နှစ်ခါလောက်စစ်ဆေးရရင် အိမ်ကမိသားစုပါ စရိတ်ငြိမ်းပေါ့ဗျာ။
ဒီလိုလုပ်ကိုင်စားသောက်စရာတွေ ပေါနေလို့လည်း ဒီဌာနကလူတွေ အဆင်ပြေ နေတာပေါ့။ နိုင်ငံကောင်းအောင်မလုပ်နိုင်တော့ဘူး။ ဌာနကောင်းအောင် မလုပ်နိုင်တော့ဘူး။ ကိုကောင်းဖို့ဘဲကိုလုပ်နေတာပေါ့။
အင်မတန်တော်တဲ့ အင်ဂျင်နီယာကြီးတွေရှိပါတယ် ပညာလည်းတတ်ပါတယ် အသက်ကလည်းငယ်ကျပါတယ် လုပ်နိုင်ကိုင်နိုင်တွေအများကြီးရှိပါတယ်။ သူတို့ကျတော့ နေရာ သိပ်မရကြဘူးဗျ။ ပညာရှင်ကိုလည်း အားမကိုးကြ ဘူးလားမသိဘူး။ အင်ဂျင်နီယာဆိုရင် တော်ရင်တော်သလောက် နေရာပေး ရာထူးပေးမှ လုပ်ချင်ကြမှာပေါ့။
ပညာရှင်တွေကို အသုံးချချိန်တန်နေပါပြီဗျာ
မဖျက်စီးခင်ကလဲ မီးမှန်တာလို့လား... အလကားကောင်တွေ လာအုံးမယ် ဟိုအဖွဲ့စည်းဖျက်ဆီးဒီအဖွဲ့အစည်းဖျက်ဆီးလို့ဆိုပြီး.....
အများပြည်သူထိခိုက်နစ်နာနေတာတာကိုတော့ လက်မခံနိုင်ဘူး။
KIAကပြည်သူတွေအသုံးပြုနေတဲ့လမ်းတွေကိုဖျက်ဆီး၊တာဝါတိုင်မိုင်းထောင်မှုတွေလုပ်နေတာ
အကြမ်းဖက်အဖွဲ့ပုံ ဖြစ်နေပါတယ်။ကချင်ပြည်နယ်တိုးတက်မှာကိုမလိုလားကြတဲ့သူတွေဘဲ
KIA ရဲ့ လုပ်ဆောင်ချက်ကို ပြည်သူတွေက အော့နှလုံးနာနေကြပါတယ်။
သက်မဲ့ပစ္စည်းတွေဖောက်ခွဲဖျက်ဆီးနေတော့ ကချင် ပြည်နယ်ကောင်းစားရေးလား?
KIA အဖွဲ့က ကချင်ပြည်သူတွေကို ဒုက္ခသာပေးနေပြီး ကောင်းကျိုးမပေးသော အဖွဲ့ဖြစ်တယ် ။
ရန်ကုန် ? ဖြတ်ပလိုက် နေ နေ နေ နေပြီတော်တော့ ဟီးဟီး မ မ မပြတ်စေနဲ့နော်၊ ဟင်း မပြောလိုက်ချင်ဘူး----၊ ဘယ်သူ့လက်ချက်မှန်းမသိပေမဲ့ ခေတ်မှီ ဒီမိုကရေစီ နိုင်ငံတောသစ်ကြီးက ပြည်သူတွေပဲမီးမှောင်မှောင်ထဲ နေရဦးမှာပါလား၊ ဟင်း တစ်စိတ်ရှိ မီးဖြတ်ဖို့ပဲ ပြောနေကြတာ အမြန်ဆုံးပြင် ရအောင်ပြင်ပေါ့ကွ၊ မီတာခပေးထားတာ အလကား သွယ်ထားတာမဟုတ်ဘူး အင်နဲ့အားနဲ့ သွားပြင်ပေါ့
အခုလို အဖျက်လုပ်ငန်းတွေလုပ်နေကြတာ ဘယ်လောက်တောင်ကြာပြီလဲ ... ခဏခဏ မိုင်းခွဲလိုက် ၊ တာဝါတိုင်ချိုးလိုက်နဲ့ ...ဖျက်ဆီးတယ်ဆိုတာ လွယ်တယ် .. ကောင်းအောင်ပြန်လုပ်ရတာ တော်တော်ခက်တာပါ ...အဲလိုလုပ်တော့ လုပ်တဲ့သူတွေအတွက် ဘာအကျိုးရှိမှာလဲ .. ပြည်သူတွေအတွက်လည်း အရမ်းကိုနစ်နာပါတယ် ..မြန်မာပြည်မှာ မီးမလင်းတဲ့နေရာတွေများနေပါတယ်ဆိုမှ လျှပ်စစ်ဓာတ်အားမရအောင်လုပ်နေကြတာ ... ဘယ်လိုရည်ရွယ်ချက်နဲ့ပဲလုပ်လုပ် အဲလိုလုပ်ရပ်တွေကို ရပ်တန်းကရပ်သင့်ပါပြီ....
ဟင်း တအားစိတ်ပျက်ဖို့ ကောင်းလိုက်တာနော် အဲလိုတွေမလုပ်ကြ ပါနဲ့လား တောင်းပန်ပါတယ်
စောက်ရူးတွေ..မကျေနပ်ရင်လာတိုက်ပါလား..မိန်းမကျင့်မိန်းမကြံနဲ့
ဒါဟာရန်ကုန်မြို့နေလူထုကိုရည်ရွယ်ချင်ရှိရှိနဲ့လုပ်တာပါ....
ဒီလောက် သောက်သုံးမကျတဲ့ကောင်တွေ တိုင်းပြည်ထဲဘာလို့ ရှိနေရတာလဲ..။
ဓါတ်တိုင်ကျိုးတာက နဲနဲပါ ။ ရန်ကုန်ကို မီးဖြတ်ချင်တာက တကယ်လုပ်ချင်
နေတဲ့ အလုပ်ပါ ။ အခုတော့ အောင်မြင်ပြီပေါ့ဗျာ။ မီးရထား Minister
ပြောကတည်းက ဖြတ်ချင်နေကြတာ ။ ဘယ်လိုမှ ရှောင်လို့ တိမ်းလို့ မရလို့ 
အခုတော့ ရန်ကုန်လျပ်စစ်အဖွဲ့ အောင်မြင်သွားပြီပေါ့ ။ ဖြတ်မယ်ဆိုတာတော့
ဟုတ်ပါပြီ ။ ပြင်တာက ဘယ်လောက်ကြာမယ် ။ဘယ်ရက်လောက်ဆို ပြီးမယ်
အဲဒီအချိန်ရောက်ရင် အရင်အတိုင်းပြန်ပေးမယ် ဘာညာ စသည် ဘာမှလဲ
မပြောကြဘူး အင်ဂျင်နီယာက ပြောတာမဟုတ်ဘူး ထင်တယ်....
မီဒီယာတွေကိုလဲပြောချင်ပါတယ် နည်းပညာနဲ့ ဆိုင်တဲ့ ကိစ်စများကို
သက်ဆိုင်ရာ ပညာရှင်တွေနဲ့ ပဲ တွေ့ဆုံပြီး ( ၀န်ကြီးကလွဲလို့ )လူထုကို
သတင်းထုန်ပြန်ပါလို့ အကြံ ပြုချင်ပါတယ် ။ အခုဆို ဘယ်လောက်ထိ
အခုလို အလှည့်ကြ မီးပေးမယ်ဆိုတာ မပြောဘူး အဲတော့ လုပ်ချင်သလို
လုပ်မယ် ဆိုတဲ့ သဘောပေါ့ ။ အဲဒါ ရည်ရွယ်ချက်မရှီတဲ့ လုပ်ရပ်လို့ 
ခေါ်ပါတယ် ။ ဘယ်အလုပ်ပဲလုပ်လုပ် ရည်ရွယ်ချက်မရှိတဲ့ အလုပ်က
ဘယ်တော့ မှ မအောင်မြင်ပါဘူး နွားကျောင်းသား ထင်းခုတ်သမားလုပ်တဲ့ 
အလုပ်အဆင့်လောက်ပဲ ရှိပါတယ် ။ without target ဖြစ်နေပါတယ်
င်္ပြမဲ့ ရက်လေးတော့ ခန့် မှန်းပြီး ၁၀ ရက်လောက် ထည့် ပေါင်း အဲဒါဆို
အလုပ်လုပ်တဲ့ လူတွေဘက်က သေချာလောက်တယ်မလား အဲလောက်တောင် မပြောတတ်တော့ ဘူးလား .........အီးပီစီ ဆရာ
တို့ ရေ .... နည်ပညာကို လေးစားလျှက်..
ဘာအကျိုးကို မျှော်ကိုးပြီးလုပ်ကြတာလဲကွာ...
ဒါမှမဟုတ် အဲဒီသတင်းကအမှန်ပဲလား.....
ကျနော်တို့ လိုချင်တာ အကြောင်းပြချက်တွေမဟုတ်ဘူး...
ဘာကြောင့် မီးပျက်ရတယ်... ဘာညာတွေပျင်းစ၇ာကောင်းနေပြီ..
ဗို့အားတွေပိုနေလို့... သတင်းစာကိုင်၇င်ဘဲ ဓာတ်လိုက်တော့မလိုလို...
မဟာ ဓာတ်အားလိုင်းမကလို့ ... အာပလာဓာတ်အားလိုင်းဖြစ်နေပါစေ..
အကျင့်ပျက်ချစားနေတဲ့... လျှပ်စစ်ဝန်ကြီးတွေကို..၆၅ နှစ်ထောင်ချကြပါ လား.. ဒါမျိုးကျတော့.. အချင်းချင်းမို့...မသိဟန်ဆောင်နေ..
တစ်ခါလာလဲ.. ရှိသမျှတွေနိုင်ငံခြားေ၇ာင်းစားမယ့်ပေါ်လစီ... ဘယ်သူထွင်ခဲ့သလဲ...ပြည်တွင်းမှာဖူလုံရင်တောင်မှ... risk တစ်ခုခုအတွက်... ဓာတ်အားတွေကို ထိန်းသိမ်းထား၇မယ်ဆိုတာ ...တိ၇စ္ဆာန်တောင်သိတယ်...ဆောင်းတွင်းအတွက်အစာသိုလှောင်ထားတတ်တဲ့ .. တိ၇စ္ဆာန်လောက်တောင် အသိဥာဏ်မရှိဘဲ.. နိုင်ငံကို ဘယ်လိုဦးဆောင်နေကြသလဲ...ဗုံးအဖောက်ခံ၇တာ...လျှပ်စစ်ကို မရကြလို့.. မ၇တဲ့အတူတူဆိုပြီး ဖောက်ခံ၇တာနေမှာပေါ့...ဘာထူးလဲ... ပေါက်ကွဲလဲ.. မရ.. မပေါက်ကွဲခင်ကေ၇ာ.. ဘယ်လောက်၇နေလို့လဲ...ထွီးတဲ့မှ...
့humanhankoko..
စစ်တပ်ကတော့ လုပ်စရာအကြောင်းမရှိဘူး..ဘာတော်လှန်ရေးလုပ်တာလည်း.ဖောက်ခွဲနေတဲ့သူ ဖျက်ဆီးနေတဲ့အဖွဲ.ကို တော်လှန်ရေးလို.ကင်ပွန်းတပ်တာတော့ အံအောတယ်ဗျာ...
မောင်မောင်(ကိုရီးယား)
ပြည်သုကိုထိခိုက်အောင်လုပ်၇င်တော့အဖျက်သမားဘဲ။စစ်ေ၇းအမြင်ဘဲ
ကောင်းပါတယ်။၇ှင်းပါတော့။
အော် ကိုရန်ကုန်သားတွေ Mandalay ကိုလဲလာလည်ကြပါအုံး။မီးပျက်တာမှ အိမ်မှာပြုတ်ထားတဲ့အတိုင်းပဲ။လွှတ်ငြီးမနေကြပါနဲ့။ခင်ဗျားတို့ရန်ကုန်ထက် မန်းတလေးကပိုပူပါတယ်။
သန်လျင်မှာ အလှည့်ကျ မီးပေးနေတာကြာပါပြီ
အခုတော့အကြောင်းပြလို့ကောင်းသွားတာပေါ့
ဘယ်လိုဖြစ်တာလဲ ပူလို.ဘယ်လိုနေရမလဲမသိတာကို
ဘယ်သူကလုပ်မှာလဲ ဂိမ်းဘယ်လိုဆော.ရမှာလဲ
အလကားပင်ပန်းအောင်မလုပ်ကြပါနဲ.
နဂိုထဲကမီးကမမှန်တာ အခုတော.သွားပြီးးးး
ပိုက်ဆံကုန်ပြီး မီးစက်ဝယ်ရတော.မယ်ဗျာ
ပတ်ဝန်းကျင်မှာနားညီးတော.မယ်
အမြန်ပြင်ပေးပါလို.တောင်းဆိုပါတယ်ဗျာ
လုပ်အားလိုရင်ဆက်သွယ်လိုက်ပါ
ကူညီပါ.မယ်ဗျာ
Mya Aye
ကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ရေးဟာ မြန်မာနိုင်ငံလုံးအရေးဖြစ်တယ်ဆိုတာကို ထားဝယ်ဒေသကသက်သေထူလိုက်ပြီ….
မြန်မာပြည်မြောက်ဖြားမှာဖြစ် နေတဲ့ပြသနာတွေ.... စစ်ဘေးတွေအတွက် မြန်မာပြည်ထောင်ဖြားမှာ ရှိတဲ့.. ထားဝယ်ဒေသက ပြည်သူတွေဟာ မေ့မထားပါဘူး.. ၈၈မျိုးဆက်ကျောင်းသားတွေ ထားဝယ်ကိုသွားတဲ့အခါမှာ.. ရွာသူရွာသားတွေဟာ မိမိတို့ချွေးနဲစာထဲက ၂၀၀တန် အနွမ်းလေး..ငါးရာတန် အနွမ်းလေးတွေကို စုပြီးတော့မှ ကချင်စစ်ပြေးဒုက္ခသည်တွေကို လျူပေးပါ.. ဆိုပြီး ၈၈မျိုးဆက်ကျောင်းသားတွေကိုပေးလိုက်တာ ၁၂သိန်းကျော်သွားပြီ.. အဲဒီရွာသူရွာသားတွေရဲ့ ..ခန္စာကိုယ်က တစ်စက်ချင်းတစ်စက်ခြင်း စီးကျလာသော ချွေးဆက်တွေဟာ ကချင်ဒေသ ငြိမ်းချမ်းသာယာဖို့ အတွက် ဆုတောင်းနေတဲ့ ပဲ့တင်သံတွေဘဲဖြစ်တယ်..
ဒါဟာပြည်ထောင်စုစိတ်ဓါတ် အစစ်ဖြစ်တယ် ကျွန်တော်တို့အားလုံး ကချင်ဒေသ စစ်ပြေးဒုက္ခသည်တွေအတွက်.. ကလေးတွေအေးအေးချမ်းချမ်း စာသင်ကြား နိုင်ဖို့အတွက် ကချင်ဒေသမှာ ငြိမ်းချမ်းရေးရဖို့ အတွက် အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်ကြပါ…….(မြအေး-- ၈၈မျိုးဆက်ကျောင်းသားများ)
တလောက အမေရိကန်က မီးစက်ကြီးတွေနဲ့ ရန်ကုန်မြို့ကို မီးပေးမယ်လို့
ဖတ်လိုက်မိသလားလို့ အခုပြောသံ မကြားတော့ဘူး။
ပြုပြင်ပြောင်းလဲလုပ်နေတဲ့အချိန်၊ နိုင်ငံတော်တိုးတက်ဖို့မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာတဲ့အချိန် မှာ ဒီလုပ်ရပ်က အရမ်းကိုစိတ်ပျက်ဖို့ကောင်းပါတယ်
အရူးတွေ ဖျက်လို့ဖျက်စီ နိုင်ငံကောင်းစားတာကိုမမြင်ချင်ကြတဲ့သူတွေက
ဘယ်သူတွေဖြစ်နိုင်သလဲဆိုတာ စဉ်းစားသာကြည့်ကြပါတော့။
ဘယ်သူကချိုးတာလဲ.. တိတိကျကျ အမှန်တိုင်း သိချင်ပါတယ်.. ချိုးတဲ့သူတွေ ကို လုံးဝရှုတ်ချပါတယ်..
မီးပျက်ရတဲ့ မီးဖြတ်ရတဲ့ အကြောင်း က ရွေလီတိုင်တခု ချိးခံရတဲ့ အကြောင်းတခု တည်းကြောင့် မဟုတ်တန်တာ သေချာပါတယ်..
သာကေတ gas turbine တွေပျက်နေပါတယ်..
ပြီးတော့ ရွှေလီ က ၂နှစ်သားသက်တန်းရှိသေးတဲ့်fransis turbine တွေ အကြီးစားပြင်နေရပြီး... ရေကာတာကြီး အောက်ခြေက မြေအရံအတားတွေ ပြိုလုဖြစ်နေလို့ ဒီမိုးအမှီ ပြင်နိုင်ဘို့ မေးခွန်းဖြစ်နေပြီ ?
မေလ ၃ရက်နေ့ မှာပါတဲ့ လျှပ်စစ်ဝန်ကြီး ဌာန၁ ရဲ့ report ကို demowaiyan.com သွားကြည့်ကြပါ
ရန်ကုန်မှာ ၆ နာရီ တစ်ကြိမ်မီးရမယ်ဆိုတော့ တစ်ရက်မှာ ၁၂ နာရီရမှာပေါ့နော် .. ငါတို့ နယ်မြို့မှာဆို ၃ ရက်လောက်မှာ ၁ နာရီ ရတာ အဲယားကွန်း မပြောနဲ့ ပန်ကာတောင် လည်ဖို့အချိန်မရဘူး လာတဲ့ အချိန်ဆို မီးအားကနဲတော့ဘာမှကို လုပ်လို့ မရဘူး ဆေ့ဖ်ဂတ် ခံထားတဲ့တီဗွီတွေဆို ကြည့်မရတော့ဘူး မပျက်မှာကြောက်တဲ့သူတွေကတော့ ဆေ့ဖ်ဂတ်ကိုဖြုတ်ထားကြတာပေါ့လေ
အရင်ကတည်းကမီးပျက်နေတာ
ရာစုနှစ်ကျော်နေပြီ။
ခုမှဟိုလူဒီလူထိုးချနေပါလား။
မီးညတိုင်းဖြတ်နေရင်အိပ်ေ၇းပျက်ပြီး
ကျန်းမာရေးထိခိုက်နေပြီ။
မဟုတ်ရင်တ၇ုတ်တွေကိုပြန်မောင်းထုတ်ပြီးလျော်ကြေးပေးလိုက်
ပေးဖို့ငွေမရှိရင်အမြတ်ထုတ်ထားတဲ့စစ်အာဏာရှင်တွေ
ချမ်းသာမှုတွေတ၀က်ထုတ်ကြ။
မှတ်ချက်မပေးခင် Eleven Media Group မှာ သတင်းအပြည့်အစုံ သွားဖတ်ကြည့်ကြပါအုံး။ အားအားနေ ကေအိုင်အေပဲ ပုံချနေတဲ့လူတွေ ကြည့်ရတာ တိုင်ပင်ထားသလား အောက်မေ့ရတယ်။
- လျှပ်စစ်ဓါတ်အားကို အဲဒီလောက် အဝေးကြီးက ယူတာလား၊ ရှမ်းပြည်က မြောက်ပိုင်းနော် တောင်ပိုင်းတောင် မဟုတ်ဘူး။ လောပိတ မဟုတ်တော့ပြန်ဘူးလား။
- ဓါတ်အားတိုင်ကို ဗုံးခွဲရင် ချက်ချင်း လိုင်းအားလုံးပြတ်တာပဲ မဟုတ်လား၊ သတင်းအပြည့်အစုံမှာ ဘာလို့ ဗုံးကွဲပြီး နှစ်ရက်ကြာမှ ဖြတ်မယ်လို့ ပြောသလဲ။
- ဖြစ်စဉ်ကို အရင်ကလိုပဲ ကြေငြာရုံနဲ့ မပြီးဘူးလား၊ မီဒီယာတွေ သီးသန့်ခေါ်စရာလိုလား၊ ကေအိုင်အေကိစ္စ ဝါဒဖြန့်ဖို့ ရည်ရွယ်သလား။
သတင်းသမားတို.ရေရှမ်းပြည်မြောက်ပိုင်းမန်ဆန်ဘက်မည်သည်.ဓါတ်တိုင်
ဗုးံဖေါက်ခွဲဆိုတဲ.သတင်းမကြားမိပါ။လားရိုးမြို.မှာတော.ရွှေလီလာတဲ.မီးပုံမှန်
လာနေပါတယ်။လောလောဆယ်အဲဒီဘက်မှာမိုးခေါင်နေပါတယ်။
တိုက်ပွဲဖစ်တာလဲမကြားပါ။လားရိုးဘက်လမ်းမှာရွှေ gasကတရုတ်အလုပ်သမား
တွေအလုပ်လုပ်နေပါတယ်။
မင်းတို့မို့လို့ယုံတယ်။ကြားဘူးတယ်မဟုတ်လား?ခွဲတဲ့လူဟာ
လည်းရဲမှရဲဗျာ။ဗုံးကလည်းစစ်မှစစ်ဗျာ။ကျုပ်ကဈေးချိုထဲနေ
တာ။ဗုံးတွေ့လို့ရဲစခန်းဖုန်းဆက်ခေါ်တယ်။လာတယ်၊ဗုံးမရှင်း
ဘူး။လူဘဲရှင်းနေတယ်။ဒါနဲ့ကွဲရော။ဈေးချိုကမှန်တွေကွဲပြီးမှ
ကြည့်နေတဲ့သူတွေကိုဆဲနေတယ်။နောက်တစ်ခါတော့လူတိုင်း
သိတယ်။မေမြို့ရော၊ဈေးချိုတိုက်တန်းအရှေ့ဘက်ကဂျစ်ကား
တစ်စီးတည်းခွဲတာ။ဘာမှမထိခိုက်ဘူး။ပြီးမှကြိုးတွေနဲ့ပတ်နေ
တယ်။မင်းတို့အာဏာသိမ်းခြင်တာနဲ့အရှပ်မရှာပါနဲ့။မင်းတို့
စစ်တပ်ကစစ်ပရိယာယ်မဟုတ်ပါ။ဖာသည်ဥာဉ်ဖြစ်နေတယ်။
မင်းတို့ကွဲချင်ရာကွဲခွေးဟောင်တိုင်းထမကြည့်တော့ဘူး။မီး
လင်းဖို့အဓိက။အကြောင်းပြချက်မရှာနဲ့။
ဖာတွေရမယ် ဖာတွေရမယ် ဗျာ! ကျွန်တော်လား အော် ဖာသယ်ဇော်မင်း ဇော်မင်းဖာသယ် ပါခင်ဗျာ၊ ဗျာ လျှပ်စစ်ဝန်ကြီးဌာနက အာမဟုတ်ရပါဘူးဗျာ အဲဒီလူနဲ့တော့ ကျွန်တော့ကို မနှိုင်းပါနဲ့ဗျာ ကျွန်တော်က သူ့ထက်တော့ အများကြီးသာပါတယ် ဖာသယ်ဆိုပေမယ့် အထင်မသေးပါနဲ့ သူ့လိုမသိ မတတ်ဘဲနဲ့တော့ ငါသိငါတတ်လို့ လုံးဝမပြောပါဘူးဗျာ။ သြော် သူလား မြန်မာပြည်မှာ လျှပ်စစ်တွေပိုလို့ အခု တရုတ်ပြည်သွား ရောင်းနေဆိုပဲ ကျွန်တော်တို့ပြည်သူတွေ အားကိုးရမယ့်သူပေါ့ အဟီး အဟွတ် ထွီ ချောင်းကလည်းဆိုးလိုက်တာ ကျပ်က ဖာသယ်ဆိုပေမယ့် ရှယ်ဖာသယ် ဖာအကြောင်း ကောင်းကောင်း သိတယ် ဗျာ ထန်းခေါက်ဖာလေ ဘာတွေလာပြောနေတာလဲ ၊။
ဟေ့မီးမလာတာ လာမပြိုင်နဲ့ ဒို့ဟိုပင်မှာ 6 ရက်ကို 10 မိနစ် အလှည့်ကျလာတာ၊ မီးလာမဲ့နေ့လဲ၊ မီးစက်နိုးထားတဲ့လူတွေ စက်တောင်မပိတ်ဘူး၊ ပိတ်ရင်အလုပ်ရှုပ်တယ်၊ ခဏနေပြန်ပျက်မှာသိလို့လေ.
ဘယ်သူမှတော့ အပြစ်မပြောချင်ပါဘူး၊ ကိုယ့်ကံပေါ့လေ
ဗမာပြည်မှာ - ဓါတ်ထုတ် နဲ့ဓါတ်ဖြန့် ၂ဖွဲ့ထဲရှိတာ။
ခုကိစ္စက - ဓါတ်ထုတ် ကလုံလောက်အောင်ပေးမှ ဓါတ်ဖြန့် က ဆက်ပေးလို့
ရမှာပါ။ သိသာပါတယ် ။ မိုးလေးတဖွဲနှစ်ဖွဲ စရွာပြီဆိုတော့ ၊ လောပိတကလာတဲ့အတိုင်း သုံးပေါ့ ။ ဒါမှ ဓါတ်ငွေ့တာဘိုင်လည်စရာမလိုတော့ဘူး ။ နည်းနည်း ခိုးချွေတာလိုက်တာပါ ။
တာဝါတိုင်လဲခဲ့ရင် အလွန်ဆုံးကြာ ၂ပတ်ပေါ့ ။ ရမည်ရှာပြီး ဒုက္ခလေးကပ်ပေးချင်တာ ။ ကလဲ့စားခြေ ဆုံးမချင်နေတာက ဓါတ်ထုတ် ဘက်က လူကြီးတွေပါ။
ဟေ့မီးမလာတာ လာမပြိုင်နဲ့ ဒို့ဟိုပင်မှာ 6 ရက်ကို 10 မိနစ် အလှည့်ကျလာတာ၊ မီးလာမဲ့နေ့လဲ၊ မီးစက်နိုးထားတဲ့လူတွေ စက်တောင်မပိတ်ဘူး၊ ပိတ်ရင်အလုပ်ရှုပ်တယ်၊ ခဏနေပြန်ပျက်မှာသိလို့လေ.
ဘယ်သူမှတော့ အပြစ်မပြောချင်ပါဘူး၊ ကိုယ့်ကံပေါ့လေ
မီးပျက်တာရိုးနေပြီ....
ခုမှဗုံးကခွဲတာလား...
အင်း...ဒီလိုဘဲပြောကြတာပါဘဲ..
ကလေးစစ်သားတွေတိုက်နေတာကို သူတို့ကနာမည်ယူနေတာပါ..ရှေ့တန်းမှာတိုက်နေတာ ကလေးစစ်သားတွေလေ...ဘယ်သေနာပတိမှမပါဘူး..ပေါ်တာဆွဲလို့ရတဲ့လူတွေကို အသုံးချနေတာ..ဘာစာတလုံးမှမတတ်တဲ့သူတွေလေ...ငါတို့တွေက စာမတတ်ဘူး..စာတတ်တဲ့သူတွေကို ဘယ်လိုအုပ်ချုပ်မလဲဆိုတဲ့စကားဘယ်သူပြောခဲ့လဲ..စာတတ်တဲ့သူတွေကို ဖိထားမယ် ဆိုတာရော..ဘွဲ့ရပီး အခွင့်အရေးမရတဲ့သူငယ်ချင်းတို့ရေ...ကဲ...သိပီလား...
တာဝါတိုင်တွေကို ဗုန်းမခွဲခင်ကတည်းက မီးကပျက်နေတာပါဗျာ..ရန်ကုန်မြို့ထဲမှာကို နေ့တိုင်းပျက်နေတာ ကျန်တဲ့နေရာတွေဆိုရင်တော့ စဉ်းစားဖို့တောင်မလိုပါဘူး ကချင်ဘက်က အခုလိုဗုန်းခွဲဖျက်ဆီးလိုက်တော့ စစ်အစိုးရက အကြောင်းပြလို့ကောင်းသွားတာပေါ့ .....တစ်ကယ်တော့ ကချင်ဘက်က စစ်အစိုးရကို ကူညီပေးလိုက်တာပဲ..ကြားနေ ပြည်သူတွေပဲ ဓါးစာခံဖြစ်သွားတာပဲမဟုတ်လား..လုပ်ကြပါ လုပ်ကြပါ မင်းတို့ပဲလုပ်ကြပါတော့....
စစ်တပ်က ကိုယ့်နေရာကိုယ်နေ၊ကိုယ့်အလုပ်ကိုယ်လုပ်သင့်ပါပြီ။ မြို့ပေါ်နဲ့ စစ်တပ် ဘာမှမဆိုင်ပါဘူး၊ အခုဗုံးကွဲတဲ့နေရာတွေမှာ ရှိသင့်တာပေါ့။ နောက်ပြီး မီးပေးဘို့တာဘိုင်စက်တွေဝယ်တယ် (၃)လုံးဝယ်တယ် (၂)လုံးကပျက်နေတယ်။ အပေါ်ကသိမသိတော့ မသိ။ တရုတ်စက်တွေချည်းပဲ။တရုတ်စက်ဆိုတော့ တစ်ရက်ထဲစုတ်တာပေါ့။ ကချင်/ကရင် ကဗုံးခွဲသွားတယ်ဆိုပြီးခေါင်းစဉ်တပ်။ မီးက ပျက်မဲ့ပျက် နေပြည်တော်မှာ ပျက်သင့်တာပေါ့။ ရန်ကုန်ထက်စာရင် သူကကပိုနီးသလားလို့ပါ။ ကြည့်လုပ်ကြပါ။ တရုတ်ပြည်ကို လျှပ်စစ်ရောင်းစားတဲ့ ၀န်ကြီးက ဆက်ရှိနေတုံးဘဲလား။ Very good idea တွေဘဲ။
လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက အင်တာနက် မသုံးတတ်ဘူးတဲ့ ဒီနေရာတွေကိုလည်း လာမဖတ်တတ်ဘူးဗျ .. EPC တွေမှာ အင်တာနက်မရှိဘူး .. ကွန်ပျူတာလား .. သုံးတတ်ဖို့ နေနေသာသာ သူများပြောလို့သာ သိရတယ် ဖြစ်မပေါ့ ဘာမှမသိ ဘာမှ မလေ့လာလေ .. ဒါကြောင့် အမြင်တွေ အသိတွေက ရုံးခန်းထဲကကို တက်မလာတာ .. အသိများလာတဲ့သူက ကိုယ့်ကိုယ်ကို အလိုလို ရှက်လာတာ .. အသိနည်းတဲ့သူသာ နထင်သွေးရောက် မရှက်တတ်ပဲ ကိုယ့်ဘဝကို တန်ဖိုးမမြှင့်ပဲ ရှိရင်းစွဲထက် နိမ့်အောင်ဆွဲဆွဲ ချနေကြတာ .. အဲ့ဒီလို အရည်အချင်း မရှိတဲ့သူတွေ နေရာတွေကို ပြောင်းနိုင်ဖို့ NLD များတတ်နိုင်မလား .. ဒါမှမဟုတ် ပြည်သူတွေထဲက ပညာတတ်တွေကိုပဲ အားကိုးရလေမလား .. စဉ်းစားစရာပါပဲ .. ။
Post a Comment