မြန်မာနိုင်ငံမှာ လတ်တလောပေါ်ပေါက်နေတဲ့ လျှပ်စစ်စွမ်းအင်ရရှိရေး
ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းမဖက်ဘဲ အေးဆေးညင်သာ ဖြေရှင်းပြီး၊ ဒါတွေဟာ
စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းရာမှာ ဖြစ်မြဲဓမ္မတာ
ကိစ္စတွေအဖြစ်
ရှုမြင်ဖို့ လိုအပ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်က
မြန်မာအစိုးရကို ကြာသပတေးနေ့က တိုက်တွန်း သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံဟာ လက်ရှိသွားနေတဲ့ လမ်းကြောင်းကနေ သွေဖည်မသွားဖို့
အတိုက်အခံတွေအပေါ် ဖိနှိပ်မှုတွေ မလုပ်မိဖို့ အရေးကြီးကြောင်းလည်း
ပြောဆိုပါတယ်။
နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ပွင့်လင်းတဲ့ ဒီမိုကရေစီလူ့ဘောင် ဖြစ်လိုတယ်ဆိုရင် လူထု လှုပ်ရှားမှုတွေ၊ ဖိအားတွေ၊ တောင်းဆိုချက်တွေ၊ ပဋိပက္ခတွေ၊ တင်းမာမှုတွေ၊ တစ်ခါတလေ အကြမ်းပတမ်းတွေနဲ့ ညှိနှိုင်းဖြေရှင်းဖို့ အသင့်ပြင်ထားရပါမယ် လို့ ဆူရင်ပစ်ဆူဝမ်က ရိုက်တာသတင်းဌာနက တွေ့ဆုံ မေးမြန်းရာမှာ ပြောဆိုခဲ့ပါတယ်။
အာဆီယံအနေနဲ့ မိမိတို့ အတွေ့အကြုံတွေကို အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းဖို့ အသင့်ရှိကြောင်း၊ လူထုတောင်းဆိုမှုတွေကို စီမံဖြေရှင်းရာမှာ ဘယ်လိုအကြမ်းဖက်တာမျိုးကိုမှ မမြင်တွေ့လိုကြောင်းလည်း ပြောဆိုပါတယ်။
RFA-Burmese
နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ပွင့်လင်းတဲ့ ဒီမိုကရေစီလူ့ဘောင် ဖြစ်လိုတယ်ဆိုရင် လူထု လှုပ်ရှားမှုတွေ၊ ဖိအားတွေ၊ တောင်းဆိုချက်တွေ၊ ပဋိပက္ခတွေ၊ တင်းမာမှုတွေ၊ တစ်ခါတလေ အကြမ်းပတမ်းတွေနဲ့ ညှိနှိုင်းဖြေရှင်းဖို့ အသင့်ပြင်ထားရပါမယ် လို့ ဆူရင်ပစ်ဆူဝမ်က ရိုက်တာသတင်းဌာနက တွေ့ဆုံ မေးမြန်းရာမှာ ပြောဆိုခဲ့ပါတယ်။
အာဆီယံအနေနဲ့ မိမိတို့ အတွေ့အကြုံတွေကို အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းဖို့ အသင့်ရှိကြောင်း၊ လူထုတောင်းဆိုမှုတွေကို စီမံဖြေရှင်းရာမှာ ဘယ်လိုအကြမ်းဖက်တာမျိုးကိုမှ မမြင်တွေ့လိုကြောင်းလည်း ပြောဆိုပါတယ်။
RFA-Burmese
လူထုတောင်းဆိုမှုကို အကြမ်းမဖက်ဖို့ အာဆီယံအကြီးအကဲ သတိပေး
Reviewed by သစ်ထူးလွင်
on
10:09
Rating:
13 comments:
အဲ့ဒီ လျှပ်စစ်မီးရရေးအုံကြွမှု့က ဒေါက်တာမြင့်ကြူးကြောင့်လည်းပါတယ်။မန္တလေးကစတဲ့ဆန္ဒပြပွဲမှာ ဒေါက်တာမြင့်ကြူးကမန္တလေးမှာ ၂၄နာရီမီးရဘို့သူတာဝန်ယူတယ်မရရင်အလုပ်ထွက်မယ်လို့ပြောတာမှားတယ်။လျှပ်စစ်မီးမရတာ တနိုင်ငံလုံးဘဲမြန်မာနိုင်ငံရဲ့လျှပ်စစ်အခြေအနေကိုသိရက်သားနဲ့ဒီလိုပြောတာ တနိုင်ငံလုံးကိုဒီလိုဖြစ်အောင်လုပ်တာနဲ့အတူတူဘဲ။ဒေါက်တာမြင့်ကြူးကမြန်မာအစစ်မှဟုတ်ရဲ့လား။
သူကတော့ပြော တာလဲပြောတာပေါ့ ပြည်မှာလဲ ရိုက်တဲ့သူကရိုက်
ကုန်ပြီ ဘာလုပ်ပေးဖို.အဆင်သင့်ရှိပါတယ် ညာလုပ်ပေးဖို.အဆင်သင့်ရှိပါတယ်ပေါ့ ဘာတွေကိုဘယ်လိုအကူအညီပေးလဲတော့မသိ ဘာမှလဲထူးဘူး
တို.ပြည်သူတွေအတွက်ပြောပါတယ် သူတို.ကတော့ဟိုနိုင်ငံဒိုးလိုက် ဒီနိုင်ငံဒိုးလိုက်နဲ.
ယခုလို မြန်မာနိုင်ငံရဲ့ ခေါင်းမပါသောလူများအုပ်ချုပ်နေတဲ့အစိုးရကိုအကြံဥာဏ်
ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ.........
ယခုလို မြန်မာနိုင်ငံရဲ့ ခေါင်းမပါသောလူများအုပ်ချုပ်နေတဲ့အစိုးရကိုအကြံဥာဏ်
ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ.........
အဲဒီကိစ္စကို..ဟိုလိုပြောတဲ့..လူကြီးကိုတာဝန်ယူခိုင်း..ဘာတဲ့..ပိုနေလို့ရောင်းရတာဘာ...ဆိုတဲ့လူကြီးလေ...အခုဘယ်ရောက်နေလဲ..မတွေ့တာအ
တော်တောင်ကြာပြီ..လူကြီးရေ...ပြည်သူတွေက..လွမ်းနေကြလို့တဲ....
အလုပ်ထွက်ရဖို့ကတော့ သေချာနေပြီပေါ့ မီးလာအောင် သူက ဘယ်လိုလုပ်ပြီး ဘာတတ်နိုင်မှာမို့လို့လဲ ရှိစုမဲ့စု လျှပ်စစ်ဓါတ်အားကိုပဲ မျှမျှတတ အဆင်ပြေအောင်ခွဲဝေပေးနိုင်ရင်ကို တော်လှပြီ အလုပ်တကယ်ထွက်ဖို့မပြောနဲ့ အလုပ်ထွက်ပါမယ်လို့ ပြောရဲတာကိုတောင် ချီးကျူးရမယ့်ပုံဖြစ်နေပါလား စိတ်ပျက်စရာတွေချည်းပါပဲ ....ထွက်ပေါက်..ဆိုတာဒါမှ အစစ်နော်။
ကြံနဲ့ဖွတ်ပေါင်းထားတော့ဘယ်လာပြီးအသုံးကျမလဲ။ဟိုလူလဲမရှက်တက်ရင်ထွက်လာအုံးမှာပါ။
သွားပုန်းနေမှာပေါ့
ရှင်းရှင်း နဲ့ ဒဲ့ ဘဲပြောလိုက်ကြတော့ဗျာ..လျှပ်စစ်တွေ ပိုလို့ ရောင်းစားနေရပါတယ်ဆိုတဲ့ အဲဒီ ဝံ ကြီး ကို အရေးယူလိုက်ပါတော့...
လွဲနေကြပြီ။ ပစ်ဆူဝမ်ရဲ့စကားကိုသေချာဖတ်ကြပါဗျာ။ ဒီမိုကရေစီဆိုတာအဲဒါ။
အဓိကတရားခံက မိုင်းခွဲတဲ့တရားခံပဲ...အဲ့ဒီတော့ ဆန့်ကျင်တဲ့သူပုန်ဆိုတဲ့အဖွဲ့မှန်သမျှအကြောင်းကြား.....ခွဲထွက်ဖို့မစဉ်း စားနဲ့...နိုင်ငံသားမှန်ရင်(တိုင်းရင်းသား/သူ အားလုံး)တန်းတူအခွင့်အရေးရမယ်...ပိုမလိုချင်နဲ့...ဖြစ်မလား။ မဖြစ်ဘူးလား(.မေး)။ အဆင်ပြေရင် .အိုကေ။..အဆင်မပြေရင်.ဒီဒေသမှာရှိတဲ့အပြစ်မဲ့တိုင်ရင်းသားပြည်သူတွေကို ရက်ချိန်းတခုသတ်မှတ်ပြီးကယ်ထုတ် (နေရာရွှေ့)ပြီးရင်အဲ့ဒီဒေသကသူပုန်မှန်သမျှအပြတ်ရှင်း...ဒီမိုကရေစီလမ်းကြောင်းမှာဒီသူပုန်တွေ(သူပုန်အားလုံး)ကြောင့်အနှောင့်အ ရှက်မဖြစ်စေချင်ဘူး.....တိုင်းရင်းသူ/သားအားလုံးကိုကျွှန်တော်ကတော့တန်းတူ(တပြေးညီ)အနေနဲ့ကြိုဆိုပါတယ်။ဒါကျွှန်တော့်ဆန္နသက်သက်ပါ။
ကျွန်တော်ကသတင်းတွေကို..အမြဲတော့မကြည့်ဖြစ်ပါ...ခုလိုဖြစ်နေတာ
တွေကဘာလည်းဆိုတာလဲသေချာ..မတွေးတတ်ပါ...
ခုလိုလျှပ်စစ်မီးရရှိဖို့ဆန္ဒထုတ်ဖေါ်ပွဲတွေဟာ...ဖယောင်းတိုင်ရောင်းတဲ့သူ
တွေကတော့အတော်ရောင်းကောင်းမလားတော့မသိဘူး...နောက်ပြီး
ဒီမိုကရေစီ နိုင်ငံထူတောင်နေတဲ့အစိုးရရဲ့သည်းခံနိုင်မှုကိုပဲစမ်းနေတာလား
ဒါမှမဟုတ်အစိုးရရဲ့ကြိုးပမ်းနေမှုကိုတစ်စုံတစ်ယောက်တွေကပဲ..ပျက်ပြား
အောင်လုပ်နေတာလား..ဒါမှမဟုတ်အစိုးရကိုတွန်းအားပေးနေတာလား
မြန်မြန်လုပ်ဖြစ်အောင်ပေါ့လေ...ဒါမှမဟုတ်ဒီအစိုးရပြုတ်သွားအောင်လုပ်
တာလား..သို့လောသို့လောနှင့်တစ်ယောက်ထဲတွေးနေပါတယ်...
လျှပ်စစ်မီးကိစ္စကတော့..ခုချက်ချင်းဆိုတာမဖြစ်နိုင်ပါဘူး.....ရေရှည်
ဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲဆိုတာစဉ်းစားသင့်ပါပြီ...ပြည်သူလူထု
ကိုလည်းဘာတွေလုပ်မယ်ဆိုတာတွေချပြသင့်ပါပြီ.....လျှပ်စစ်မီးမရ
လို့ရေမရ..ဘာလုပ်မရ..ညာလုပ်မရတာတွေလဲထည့်စဉ်းစားသင့်ပါပြီ..
လျှပ်စစ်မီးမရလို့..တစ်ခြားဒုက္ခရောက်နေတာတွေကြောင့်ပဲဆန္ဒတွေထုတ်
ဖေါ်နေကြတာလား...အဲဒါတွေဖြေရှင်းပေးရင်ရော...အဆင်ပြေသွားနိုင်ကြမလား...သူများနိုင်ငံအကြီးကြီးတွေမှာရောအဆင်ပြေအောင်ဘယ်လို
ပေးသလဲ....သူတို့လိုမတတ်နိုင်ရင်..သူများနိုင်ငံကလာလုပ်ပေးပြီး
အကြိုးတူပူးပေါင်းလုပ်ရင်ရောအဆင်ပြေနိုင်မလား...ဘာလားပေါ့လေ..
ဥာဏ်နည်းတဲ့သူမို့သေချာမစဉ်းစားတတ်ပါ....
အနှစ်၂၀လောက်အချိန်
ယူခဲ့တဲ့စစ်အစိုးရဘယ်လောက်ညံ့ဖျင်းသလဲ
စနစ်တခုကိုအမှန်တကယ်ပြောင်းလဲချင်သောစေတနာ
မှန်လျှင်ပြင်ဆင်မှုတွေစီမံခန့်ခွဲမှုတွေညံ့မယ်မထင်ဘူး။
စိတ်တိုင်းကျဖျက်ဆီးပြီးမှတိုင်းပြည်ကို
ပြောင်းလဲမယ်ဆိုပြီးအသံကောင်းလွင့်တော့
အောင်မြင်ပါ့မလား။
မလေးကကောအရင်ကတည်းက
အကြံဥာဏ်မပေးတာလဲ...
စစ်အစိုးရကိုအားပေးအားမြောက်နဲ့
ငါတို့ပြည်ကိုစုတ်ယုတ်စေတာ
နင်တို့လည်းပျော်တယ်မို့လား
Post a Comment