လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အီမြောင်ဘတ် သတင်းစာရှင်းလင်းပွဲ

တောင်ကိုရီးယား နိုင်ငံသမ္မတ အီမြောင်ဘတ်က မြန်မာလူမျိုးတို့၏ လူမှုဘဝများ တိုးတက်ကောင်းမွန်စေရန် ကြိုး ပမ်းဆောင်ရွက်သွား မည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ 

 တောင်ကိုရီးယား နိုင်ငံသမ္မတ အီမြောင်ဘတ်နှင့် ဒေါ်အောင်ဆန်းစုကြည်  တို့သည် ယနေ့နံနက် ၁၀ နာရီခွဲက ဆီဒိုးနား ဟိုတယ်၌တွေ့ဆုံအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယင်းက အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မနေ့က ပြုလုပ်တဲ့ သမ္မတ ဦးသိန်းစိန်နဲ့တွေ့ဆုံပွဲမှာ ကျွန်တော်တို့ ကဏ္ဍအတော်များများ ကို တွေ့ဆုံဆွေးနွေး ခဲ့ပါ တယ် ။ကျွန်တော်တို့ ကိုရီးယားတွေ အနေနဲ့ မြန်မာ အစိုးရနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက် သွားဖို့ အစီအစဉ်တွေ ရှိပါ တယ်။ မြန်မာနိုင်ငံ မှာရှိတဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝတွေကို ပိုမိုမြှင့်တင်ပေးဖို့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ဟု သမ္မတ အီမြောင်ဘတ် ကပြောကြားလိုက်သည်။

ဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း စကားအများကြီးပြော့ဖြစ်ပါတယ်။ အဲဒီထဲမှာ ပညာရေး အကြောင်း လည်းပါ ပါတယ်။ ဒီပညာရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံဖြစ်လာ တာဟာ ဒီပညာရေးကြောင့်ပါပဲ။ ဟု ယင်းကဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းမ်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အီမြောင်ဘတ် သတင်းစာရှင်းလင်းပွဲ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အီမြောင်ဘတ် သတင်းစာရှင်းလင်းပွဲ Reviewed by သစ်ထူးလွင် on 19:40 Rating: 5

7 comments:

အမှန်ကောင် said...

ကောင်းပါတယ် transparent ဖြစ်လာတဲ့သဘောကိုဆောင်တယ်လို့ထင်တယ်...အမေစု ကိုတစ်ခုတော့ အကြံပေးချင်တယ်...အမေ့ကို ကျွန်တော်တို့အားလုံးက နိုင်ငံတိုးတက်ဖို့အတွက် အများကြီးမျှော်လင့်ထားကြတယ်...အမေကခေါင်းဆောင်တစ်ယောက်ဆိုတော့ ကျွန်တော်တို့ထက်ပိုပြီးတော့အမြင်ကျယ်မှာပါ....တစ်ချို့ကိစ္စတွေမှာ ကိုယ်က ပေးလိုက်သလိုနဲ့ ရလိုက်တာတွေရှိသလို တစ်ချို့ကိစ္စတွေမှာ ကိုယ်က ရလိုက်ပေမယ့် တကယ်က သူ့ကိုပြန်ပေးလိုက်ရတာတွေရှိတယ်...အဲဒီသဘောပါ...အမေ တစ်ချို့ကိစ္စတွေမှာအမေ ပရိယာယ်သုံးမှန်းသိပေမယ့် မသုံးသင့်တဲ့ပရိယာယ်တွေရှိပါတယ်....အဲဒါလေးတွေကို အမေ သားတို့အတွက်တစ်နိုင်ငံလုံးအတွက် ဂရုစိုက်ပေးစေချင်ပါတယ်အမေ...ဘာလို့လဲဆိုတော့ ဒီအချိန်မှာ အမေ့ အပေါ် ပြည်သူလူထု ထောက်ခံမှု ယုံကြည်အားကိုးမှု အမြင့်ဆုံးဖြစ်နေတဲ့အချိန်မှာ အမေ့အပေါ်မှာ သို့လောသို့လော အထင်မခံနိုင်ပါဘူးအမေ....အမေ က ကျွန်တော်တို့ နိုင်ငံ ရဲ့ democracy icon တစ်ခုပါ....ကျွန်တော်ပြောတာ အမေ့အပေါ်ဆရာလုပ်တဲ့အပြောမျိုးမဟုတ်မှန်း ကျွန်တော့်သိက္ခာနဲ့ ရင်းပြီးပြောရဲပါတယ်....ကျွန်တော် Master တက်ဖို့ ကြိုးစားနေတဲ့ အသက် 27အရွယ် လူရွယ်တစ်ယောက်ပါအမေ....အချိန်တန်ရင်အမေ့ကို ကျွန်တော်တတ်ကျွမ်းတဲ့ ပညာ နဲ့ အမေ့ကိုဝန်းရံဖို့ နိုင်ငံအတွက် အကျိုးရှိမယ့် တစ်ထောင့်တစ်နေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ ဝင်ရောက်ဖို့ လက်ရှိကျွန်တော် ကြိုးစားနေပါတယ်အမေ... အမေ ကျန်းမာပါစေ....ကျန်တဲ့ဆုတွေကတော့မတောင်းတော့ပါဘူး...အမေ ပြည့်မှာပါ....အဲဒီဆုတွေပြည့်ဖို့အတွက်အရေးအကြီးဆုံးတစ်ခုဖြစ်တဲ့အမေ့ကျန်းမာရေး အကောင်းဆုံးဖြစ်နေဖို့ပဲကျွန်တော်မျှော်လင့်ပါတယ်..အမေ..

Ko Nyo Khant ( Mdy university.) said...

အောင်စိုးဦးရေ...ငါ့အကြောင်းမင်းကိုပြောပြမယ်...ငါ့မိဘဇာတိကဘုတလင် မြီုနယ်..ဘီသျှူးဆိုတဲ့ကျေးရွာလေးကွ...မဟာဗန္ဒုလဖြစ်မဲ့မောင်ရစ်ရွာနဲ့ ၂မိုင်ကွာတယ်..ငါ့မိဘဆွေမျိုးတွေကတောင်သူတွေဖြစ်တယ်...ငါဘကြီးက ကျောင်းဆရာဆိုတော့ငါ့အဖေကိုပညာသင်ပေးတယ်...ဟိုခေတ်ဟိုက်စကူးဖိုင်နယ်လက်မှတ်နဲ့လူထုပညာရေးမှူလုပ်ခဲ့တယ်...၁၉၆၅ခုနှစ်မှာငါ့အဖေက ကျောက်တော်မှာလူထုပညာရေးမှူုးလုပ်ခဲ့တယ်...မင်းမမွေးသေးတဲ့အချိန်မှာငါ့အဖေရခိုင်ကိုအလုပ်အကြွေးပြုခဲ့တယ်..ကျောက်တော်ပတ်ဝန်းကျင်ကျေးရွာအနှံသွာလာပြီးလူထုပညာရေးမှူးလုပ်ခဲ့တယ်...အဲဒါငါ့အဖေအကြောင်းဘဲ....ငါ့အကြောင်းပြောမယ်...ငါအဖေကငါတို့ငယ်ငယ် ငါတို့ပညာရေးအတွက်..မန္တလေးကိုအခြေခြခဲ့တယ်..ငါမန္တလေးတက္ကသိုလ်ကဓါတုဗေဒနဲ့ဘွဲ့ရခဲ့တယ်...အဲဒိအချိန်မှာငါ့အဖေကကျောင်းဆရာဖြစ်နေပြီ..မောင်နှမ(၇)ယောက်ကိုကျောင်းဆရာလခနဲ့ဘယ်လိုရုန်းကန်ခဲ့ရသလဲဆိုတာမင်းသိလား..အိမ်ဲခြံကွက်ထဲမှာစပါယ်ပန်းစိုက်..သစ်သီးဝလံစိုက် ပြီးခြံကထွက်တဲ့ပန်း..ဟင်းသီးဟင်းရွက်ကိုရောင်းပြီးတက္ကသိုလ်တက်လာရတယ်..သူများတွေ၎-၅ကျပ်သုံးနေတဲ့အချိန်မှာ..ငါတစ်ကျပ်ဘဲသုံးတယ်..တက္ကသိုလ်တက်ရင်းမြီု့ဟောင်းကဂိုဒေါင်မှာညစောင့်လုပ်တယ်..ကျောင်းပြီးလို့အလုပ်ရှာတယ်..ဘွဲ့ကိုအဝေးရောက်ယူတယ်..ရေနီစက္ကူစက်မှာနေ့စားဝင်လုပ်တယ်..အဲဒီကနေ..ကင်းတာဆည်တည်ဆောက်ရေးမှာလစာကောင်းလို့ HYUNDAI CO;မှာဝင်လုပ်တယ်..အဲဒီကပြီးတော့အလုပ်မရှိလို..အဖေက.ကူးသန်းရောင်းဝယ်ရေးကျောင်းတက်ခိုင်းတယ်..လက်နှိပ်စက်စာရေးနဲ့မန်းစည်ပင်မှာဝင်လုပ်ပြီးမူလတန်းပြကျောင်းဆရာပြောင်းလုပ်တယ်....သစ်တောမှာလက်ရေးတိုစာရေးနဲ့ပြန်ကူးပြောင်းလုပ်ခဲတယ်...ဒါတွေဘာကြောင့်ပြောပြနေသလည်းဆိုရင်..အလုပ်ကိုလုပ်ချင်ကိုင်ချင်တဲ့စိတ်နဲ့တိုးတက်ရာတိုးတက်ကျောင်းကိုရှာခဲ့တယ်ဆိုတာသိအောင်ရေးပြနေတာဘဲ...အေးအခုငါဘာလုပ်နေလည်းဆိုတာမင်းပြောပြမယ်..စီးပွားရေးနားလည်သလားမလည်သလားတော့မသိဘူးငါ့ဘ၀ငါတိုးတက်အောင်တော့မမြဲကြံဆပြီးလုပ်နေတာဘဲ...အခုရန်ကုန်မှာဆောက်လုပ်ရေးကန်ထရိုက်လုပ်နေတယ်...နံမည်တော့မကြီးသေးဘူးကိုယ့်မှာရှိတဲ့အရင်းအနှီးနဲ့အစဉ်ပြေအောင်တော့လုပ်ကိုင်နေတာဘဲ...နောက်တစ်ခုကမင်းသိအောင်ငါပြောမယ်...ငါကျောင်းပြီးကတည်းကကိုယ့်ခြေတောက်ပေါ်ကိုရပ်လာတာ..မိဘကိုဝန်ထုပ်ဝန်ပိုးမဖြစ်စေရဘူး..ငါ့ပိုက်ဆံနဲ့ငါအိမ်ထောင်ပြုနိုင်တဲ့အချိန်ကျမှငါအိမ်ထောင်ပြုတယ်..မိဘတစ်ပြားထုတ်စရာမလိုဘူး..ငါအသက်၄၀ကျော်မှအိမ်ထောင်ပြုတယ်..ခုစမ်းချောင်းမှာကိုယ့်တိုက်ခန်းနဲ့ကိုယ်နေတယ်...ကဲသိပြီလား............

minsoeaung said...

သမ္မတကြီးနဲ့အမေစုတို့နှစ်ဦးကိုပြည်သူများကိုယ်စား
အထူးကျေးဇူးတငိပါသည်။
မြန်မာကိုကမ္ဘာက သိရှိလက်ခံအောင်လုပ်ပေးသူများ
အဖြစ် မှတ်တမ်းတင်ပါသည်။မေတ္တာကြီးသူများ
စေတနာကြီးသူ နှစ်ဦးလုံး သက်တော်ရာကျော်ရှည်ပါစေ။

ဒွာရာသား said...

Ko Nyo Khant ( Mdy university.) ကဘာတွေကြောင့်အရမ်းပေါက်ကွဲသွားတာလဲ၊၊၊၊

aung ye lin said...

ကိုညိုခန့်ဘာဖြစ်တာလဲ ၊ ဘလိုင်းကြီးပါလား ၊
ဘာမှလည်းမဆိုင်ဘူး

aung ye lin said...

ုကိုညိုခန့်ရေ ဘာတွေလဲဗျာ
ကိုယ်ရည်သွေးလှချည်လားဗျ

ladyjune said...

ဟုတ်ပါတယ်(ko Nyo Khat) က ဘာစကားကြောင့် အဲဒီလောက်တောင်ပေါက်ကွဲသွားတာလဲ..ကိုအောင်စိုးဦး(အမှန်ကောင်)ဆိုတဲ့သူက အန်တီကို ဆရာလုပ်သလိုထင်သွားလို့လား?ဒါမှမဟုတ်ဝေဖန်တယ်လို့ထင်သွားလို့လာ;?
'ဒါမှမဟုတ် persoanl ကို သိလို့ ပေါက်ကွဲသွားတာလား။။ဘာမှမဟုတ်တာလေးတွေနဲ့တော့..သသောရိုးနဲ့ပြောရရင် ရန်မဖြစ်စေချင်ပါဘူး..(အမှန်ကောင်)ဆိုတဲ့သူကလဲ .သူ ရင်ထဲရှိတာလေးကို ရေးတာထင်ပါတယ်။ဒါပေမဲ့..ပြန်ရေးထားတာက သိပ်မဆိုင်ဘူးဖြစ်နေတယ်။။(၀င်ရှုပ်မိတဲ့အတွက် so sorry!ပါ.)

Powered by Blogger.