လှိုင်သာယာ အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှု ပြင်းထန်

ရန်ကုန်၊ မေ ၁၈

လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွါးနေသော လှိုင်သာယာမြို့နယ် စက်မှုဇုန် စက်ရုံများတွင် အလုပ်ရှင် အလုပ်သမားများ ညှိနှိုင်းမှု အဆင်မပြေသဖြင့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှု များ ပြင်းထန်လာကြောင်း အဆိုပါစက်မှုဇုန် အတွင်းမှ စုံစမ်း သိရှိရသည်။

“သဘောတူ စာချုပ်ကို အသိအမှတ် မပြုဘူး။ လုပ်ချင်သလို လုပ်လို့ အလုပ်ရှင်က ပြောတယ်။ အဲဒါကြောင့် အလုပ်သမားတွေက မှန်တွေ ရိုက်ခွဲတဲ့အထိ ပြင်းထန်သွားတယ် “ ဟု Hi- Mo ဆံပင်တု စက်ရုံက အလုပ်သမားတစ်ဦးက ပြောကြားသည်။

ဆန္ဒပြမှု ပြင်းထန်သွားလာသဖြင့် အရပ်ဝတ် ၀တ်ဆင်ထားသာ လူတစ်စု စက်ရုံ အပြင်က ၀ိုင်းရံ ခြိမ်းခြောက်ပြီး အလုပ်သမားများကို စက်ရုံထဲတွင် ပိတ်လှောင်ထားကြောင်း၊ လျှပ်စစ်မီးများ ကိုလည်း ဖြတ်တောက် ထားသည်ထိ အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှု ပြင်းထန်လာကြောင်း Hi- Mo စက်ရုံက အလုပ်သမားများက ဆိုသည်။

အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူများ သုံးပွင့်ဆိုင် ညှိနှိုင်းပြီး သဘောတူညီထားသော စာချုပ်ကို အလုပ်ရှင် ဘက်က ဖောက်ဖျက်သဖြင့် အလုပ်သမား ဆန္ဒပြမှု ယင်းကဲ့သို့ ပြင်းထန် စွာ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း မေလ ၁၀ရက်နေ့တွင် သဘောတူ လက်မှတ် ရေးထိုးထားသော ဆံပင်တု စက်ရုံက အလုပ်သမား များက ပြောကြားသည်။

အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ပေးရန်နှင့် အလုပ်သမား အခွင့်အရေးများအတွက် တောင်းဆိုမှုတို့ကို အလုပ်ရှင်ဘက်က သဘောမတူ သဖြင့် ဆန္ဒပြမှုများ ပြင်းထန် လာခြင်းဖြစ်ကြောင်း အလုပ်သမားများက ပြောကြားသည်။

Hi- Mo ဆံပင်တု စက်ရုံ အပါအ၀င် ပုလဲ၊ စံပယ်ပွင့်၊ နေမင်းအောင်၊ Yk စသည့် အထည်ချုပ် စက်ရုံများက ဆန္ဒပြ အလုပ်သမားများ နောက်ထပ် သုံးရပ်အထိ အလုပ်မဆင်းဘဲ တောင်းဆို ဆန္ဒပြနေပါက အလုပ်ထုတ် မည်ဟု အလုပ်ရှင်များက စာထုတ်ကာ ခြိမ်းခြောက်ထားကြောင်း အလုပ်သမားများနှင့် အလုပ်သမား အရေးဆောင်ရွက်သူများက ဆိုသည်။

မြန်မာနိုင်ငံတွင် အနိမ့်ဆုံး လုပ်ခလစာ ဥပဒေ ပြဌာန်းထားခြင်း မရှိသဖြင့် အလုပ်သမားသည် အလုပ်ရှင်များ၏ ကြည်ဖြူသလောက်ကို လုပ်အားခ ရရှိနေကြသဖြင့် ယင်းကဲ့သို့ ဆန္ဒပြ တောင်းဆိုမှု များ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများက သုံးသပ်သည်။

အလုပ်ရှင် အလုပ်သမား အငြင်းပွါးမှုတွင် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို နှစ်ဦးနှစ်ဘက် သဘောတူလျှင် ယင်းဆုံးဖြတ်ချက်သည် ချမှတ်သည့် နေ့မှစ၍ အတည်ဖြစ်ကြောင်း၊ မည်သူမဆို ခုံသမာဓိ သို့မဟုတ် ညှိနှိုင်း ခုံကောင်စီ၏ ဆုံးဖြတ်ချက် သို့မဟုတ် စုပေါင်း သဘောတူညီချက် တစ်ခုခု အကျိုးသက်ရောက်မှုရှိစဉ် ကာလအတွင်း အဆိုပါ ဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ရန် အလုပ်ပိတ်ခြင်း သို့မဟုတ် သပိတ်မှောက်ခြင်း မပြုရကြောင်း မတ်လ ၂၈ရက်နေ့တွင် ထုတ်ပြန်ထားသော အလုပ်သမားရေးရာ အငြင်းပွါးမှု ဖြေရှင်းရေး ဥပဒေတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တော်ရှိ စက်မှုဇုန်များအတွင်း မေလ ၁ ရက်မှ မေလ ၁၆ရက်နေ့အထိ စက်ရုံ ၁၀ ရုံကျော်တွင် အလုပ်သမား ဆန္ဒပြမှုများ အကြိမ်ကြိမ်ဖြစ်ပွါးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရှိရသည်။
The Voice Weekly
လှိုင်သာယာ အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှု ပြင်းထန် လှိုင်သာယာ အလုပ်ရှင် အလုပ်သမား ပဋိပက္ခမှု ပြင်းထန် Reviewed by သစ်ထူးလွင် on 06:07 Rating: 5

8 comments:

ဇာမဏီ said...

ဝန်ကြီးဌာနကလဲဘာမှလုပ်မပေးနိုင်တော့ဘူးလား ။ ဒီလိုစက်ရုံတစ်ခုပီးတစ်
ခု ဆန္ဒပြနေလို့ကတော့ ပီးမှာမဟုတ်တော့ဘူး ။အခြေခံလစာဥပဒေ ပြဌာန်း
မှဖြစ်မယ်ဆိုတာ သိသင့်ပါပြီ အသက်ကြီး၍လူကြီးဖြစ်နေသူများခင်ဗျား ။

Nay Nwaye said...

ဒီအခြေနေထိ ဖြစ်လာဖို့မသင့်ပါ။ နှစ်ဦးနှစ်ဘက်မျှမျှတတဖြစ်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ထိထိရောက်ရောက် ကြားဝင်ဖြေရှင်းပေးသင့်ပါသည်။ မဟုတ်ပါက နောက်ဆုံးဝန်ထမ်းများသာလျှင် နစ်နာဖို့ရှိပါသည်။

Aung Soe Oo said...

ဟာကြာတယ်ကွာ အလုပ်တော့အပြုတ်မခံနဲ့ဟေ့စက်ရုံသာမီးဝိုင်းရှို့လိုက်ကြ မြန်မာနိုင်ငံမှာဒီလိုလူပါးဝနေတဲ့ အရင်းရှင်စက်ရုံတွေတော်တော်များနေပြီတိုင်းပြည်မှာအလုပ်သမားတွေအတွက်ထိုက်တန်တဲ့ဥပဒေမှမရှိတာနိုင်ငံခြားသားလုပ်ငန်းရှင်တွေပါလူပါးဝနေတာပေါ့ ဒီကြားထဲ နိုင်ငံခြားသားကိုဖင်ခံချင်နေတဲ့ခောတ်သစ်ကျွန်တွေမြန်မာပြည်မှာများပြားလာတာလဲတိုင်းပြည်အတွက်တကယ့်အန္တရာယ်တွေပါဘဲဗျာ....

001komgmg222@gmail.com said...

အမြတ်ကြီးစားဆန်ဆန်အလုပ်ရှင်များကိုမြန်မာမြေပေါ်မောင်းထုပ်ပြစ်ပါ။ယခုမှလူလိုသူလိုလစာရဘို့တောင်းယုံရှိပါသေးတယ်။

followerလေး said...

်လခလေးတောင်မပေးချင်ဘူးလား။

Leaderofmyanmar said...

အားလုံးဟာ တရား သဖြင့်ဖြစ်သင့်ပါတယ် အလုပ်သမားများဘက် ကတောင်းဆိုမှုကလဲမျှတပြီးတော့ အလုပ်ရှင်များဘက်ကလဲ တရားသဖြင့်ပေးသင့်ပါတယ်

aung naing said...

ခေါင်းပုံဖြတ်ဂုတ်သွေးစုတ်အရင်းရှင်တွေရဲ့ထုတ်ကုန်တွေကိုမသုံးစွဲရန်ဝိုင်းဝန်းသပိတ်မှောက်သင့်ပါတယ်။

koko said...

စွတ်မြှောက်မပေးနေနဲ့နော်
စက်ရုံမှာမိန်းမတွေချည်းပဲ တို့ကလှိုင်သာယာကနော် အဲ့ဒိဆံပင်တု ကလျော်ကြေးပေးပြီးပိတ်တော့မယ်ပြောတယ် အကုန်လုံး ရွာပြန်တဲ့သူပြန်ကုန်ပြီသိလား မြို့မှာ အေးအေးလေးပိုက်ဆံရတာ ဘယ်သူက ရွာပြန်ပြီးဖင်ထောင်ကောက်စိုက်ချင်မလဲ အကုန်လုံးလမ်းဘေးရောက်ကုန်မယ်သိလား လှိုင်သာယာမှာ စက်ရုံတစ်ရုံပိတ်ရင် မိန်းကလေးတွေ ကားမှတ်တိုင်မှာ ညဘက်များလာတာသိလား ဘာမှမသိပဲစွတ်မြှောက်ပေးနေတယ် ဘယ်သူကလစာများများရတာမကြိုက်ရှိမလဲ နှစ်ဦးနှစ်ဖက် မျှမျှတတ တောင်းပေါ့ အဲ့ဒါသိလား အစိုးရ၀န်ထမ်းတွေလစာ ၃၀၀၀၀ တို့းလို့ သူတို့တိုးတဲ့အတိုင်းတောင်းတာ စကတည်းမစဉ်းစားကြဘူး မနှစ်ကလဲဒိအတိုင်းပဲ

Powered by Blogger.