India နိုင်ငံဝန်ကြီးချုပ် Manmohan Singn ဟာ သမိုင်းတွင်မယ့်
ခရီးစဉ်တခုအဖြစ်နဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမှာဖစ်ပါတယ်။ ၂၅
နှစ်အတွင်း India ဝန်ကြီးချုပ်တဦးရဲ့ မြန်မာနိုင်ငံ ပထမဆုံးခရီး
စဉ်ဖြစ်ပြီး မေလ (၂ရ) ရက်ကနေ (၂၉) ရက်နေ့ထိ (၃) ရက်ကြာမှာဖစ်ပါတယ်။
လုံခြုံရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနဲ့အခြေခံအဆောက်အဦးဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ကိုင်ရေးအတွက် မြန်မာသမ္မတဦးသိန်းစိန်နဲ့ Mr.Singh တွေ့ ဆုံဆွေးနွေးမှာပါ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဂါင်္နေ့မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။
India နိုင်ငံရဲ့ အားကောင်းကောင်းနဲ့ ဖွံ့ဖြိုးနေတဲ့ စီးပွားရေး အတွက် လောင်စာလိုအပ်မှုရှိသလို မြန်မာနိုင်ငံ အပေါ် တရုတ်ရဲ့ သြဇာ လွှမ်းမိုးမှုကို စိုးရိမ်တယ်ဆိုတာကို အခု ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်က ထောက်ပြနေပါတယ်။ India ရဲ့ အရှေ့မျှော်မူဝါဒ အတွက် အရေးကြီးလှတဲ့ အိမ်နီးချင်းနိုင်ငံတခုနဲ့ အားကောင်း ခိုင်မာပြီး နှစ်ဘက် စလုံးအတွက် အကျိုးများစေမယ့် ဆက်ဆံရေး မျိုး ရရှိထားချင်ပါတယ်လို့လည်း India နိုင်ငံခြားရေးဝန်ကြီး Ranjan Mathai က သောကြာနေ့ကပဲ ပြောသွားတာပါ။
India နဲ့မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးက ဒေါ်လာ သန်း ၁,၂၀၀ လောက်ရှိပြီး ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ သန်း ၁,၅၀၀ အထိ ဖြစ်အောင် လုပ်ဆောင်ဖို့ နှစ်နိုင်ငံလုံးက မျှော်လင့်နေတာ ဖြစ်ပါတယ်ရှင်။
By ဗွီအိုအေ (မြန်မာဌာန)

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာခရီးစဉ်စတင်
Reviewed by သစ်ထူးလွင်
on
15:50
Rating:
5 comments:
ကြိုဆိုပါသည်။
နှစ်နိုင်ငံပြည်သူများချမ်းသာကြွယ်ဝပြီးတိုင်းပြည်ဖွင့်ဖြိုး
တိုးတက်ရေးအတွက်ဟန်ချက်ညီညီလက်တွဲကြပါစို့။
ဝန်ကြီးချုပ်ခရီးစဉ်အောင်မြင်ပါစေ။
ကုလားနဲ့ မဆက်ဆံ လို့ လဲမဖြစ်ဘူး .. ဒါပေမဲ့ သိတ်ပြီးလျှော့ လို့လဲမဖြစ်ဘူး .. ကုလား ကတော့ အလကား လိုချင်မှာဘဲ..သတိနဲ့ပြောဆို သဘောတူမှ တန်ကာကျ မယ်
အိန္ဒိယ ဘဘကြီး ခင်ဗျ ကျွန်တော်တိုနိုင်ငံက တရုတ်ကိုအားမကိုဘာဘူး။အမြဲတမ်း တရားပဲအားထုတ်ပါတယ်ခင်ဗျာ။အမြဲတမ်း တရားအားထုတ်လို့ ယခုဆိုလျှင်ကျွန်တော်တိုနိုင်ငံဟာခေတ်မှီပြီ ဘာမှ မရှိလို့ ကုန်သွားတဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်နေပြီဆိုတာ အိန္ဒိယ ဘဘကြီး သိစေချင်ပါတယ်ခင်ဗျာ.......။ သခင်မျိုးဟေ့ ဒို့ ကူလီ။
အင်း...ကောင်းပါတယ်...
ဧည်.လာမှာပေါ့..အိမ်သာပြီကိုး....
အန္ဒိယဝန်ကြီးချုပ်က ဆစ်ခ လူမျိုးဆိုတာသတိထားမိလား?
အင်ဒီရာဂန္ဒီကိုလုပ်ကြံတာဘယ်သူတွေလဲ။အန္ဒီယဒီမိုကရေစီဆိုတာသက်သေပြလိုက်တာပဲ။မြန်မာကနောက်မလှည့်ဘူးပြောနေတာ ဒါပေမယ့် ဂဏန်းသွား သွားနေတာတော့မကောင်းဘူးနော်။လိပ်တကောင်လိုကိုယ့်ဘက်ယက်ပြီးဖြေးဖြေးလဲမသွားနဲ့ဦး
လျှေက်ရမယ့်လမ်းရဲရဲဝံဝံသွားတာအကောင်းဆုံးလို့ထင်ပါတယ်။
Post a Comment