ဓါတ်ပုံ- The Voice Weekly /7Day News Journal /Yangon Press International(Facebook)
ရန်ကုန်မြို့တော် လျှပ်စစ်မီးအပြည့်အ၀ရရှိရေးအတွက် ပြည်သူများမှ ဖယောင်းတိုင်ကိုယ်စီကိုင်ကာ လမ်းပေါ်ထွက်၍ ဆန္ဒဖော်ထုတ်တောင်းဆိုမှုတစ်ရပ်ကို မေလ ၂၂ ရက် ည ၇ နာရီမှ စတင်ကာ ၉ နာရီခန့်အထိ လူပေါင်း ၂၀၀ ကျော်ခန့် ဆူးလေဘုရားတ၀ိုက်လှည့်လည်ပြုလုပ်ခဲ့ကြသည်။
ည ၇ နာရီခန့်တွင် မြို့တော်ခန်းမအနီးမှ ဖယောင်းတိုင်များထွန်းကာ လူ ၂၀ ခန့်စတင်လမ်းလျှောက်ခဲ့ကြပြီး မဟာဗန္ဓုလလမ်းမကြီးနှင့် ၃၁ လမ်းထောင့်အရောက်တွင် ရဲမှူးကြီးအဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦး ဦးဆောင်သည့် ရဲတပ်သားများက ရှေ့ဆက်မသွားကြရန်နှင့် လူစုခွဲရန် တားမြစ်ပြောဆိုခဲ့သည့် အတွက် ဆန္ဒပြလူစုမှာ ဆူးလေဘုရားဖက်သို့ နောက်ပြန်လှည့်ခဲ့ကြသည်။
ထိုအချိန်တွင် ဆူးလေဘုရားအနီး၌ ဖယောင်းတိုင်များကိုင်ဆောင်ထားသည့် လူများ ထပ်မံစုရုံးနေကြပြီဖြစ်သည်။ ရဲတပ်သားများသည် ဖယောင်းတိုင်များကိုင်ဆောင်လာသည့် ဆန္ဒပြသူများကို လက်ချင်းချိတ်၍ ၀ိုင်းရံခေါ်ဆောင်လာကြပြီး ဆူးလေဘုရားပေါ်သို့ မတက်ရောက်ရန် မေတ္တာရပ်ခံခဲ့သည်။ သို့သော်လည်း များပြားလာသည့်လူထုမှာ အတားအဆီးများကိုထိုးဖောက်၍ ဆူးလေဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်လှည့်လည်ကာ ဆီမီးကပ်လှူခဲ့ကြသည်။
ထို့နောက် ပထမဆုံးစတင်ဆန္ဒပြကြသည့် အဖွဲ့မှာ လူစုခွဲသွားခဲ့ကြသော်လည်း ထပ်မံရောက်ရှိလာကြသည့်လူများက ဖယောင်းတိုင်များကို ထွန်းညှိကိုင်ဆောင်ကာ ထပ်မံဆန္ဒဖော်ထုတ်ခဲ့ကြသည့်အတွက် လာရောက်ကြည့်ရှုနေကြသည့်လူထုမှာ ၂၀၀၀ ၀န်းကျင်ခန့်အထိ ရှိလာခဲ့သည်။ ည ၈ နာရီခွဲခန့်တွင် ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီးစုဝေးနေကြသည့် ဖယောင်းတိုင်ကိုင်ဆန္ဒဖော်ထုတ်သူများက ““မီးလင်းပါစေ””ဟူသည့် ကြွေးကြော်သံများကို အော်ဟစ်၍ လမ်းမပေါ်သို့ တိုးထွက်လာကြသဖြင့် ရဲတပ်သားများက လူအုပ်ကို တားဆီး၍ နောက်ပြန်ဆုတ်စေခဲ့သည်။ သို့တိုင်အောင် ကြွေးကြော်သံများမှာ ညကိုးနာရီခန့်အထိ ဆက်လက်ပေါ်ထွက်နေဆဲဖြစ်ပြီး လက်ခုပ်သံများမှာလည်း တဖြောင်းဖြောင်းပင်ဖြစ်သည်။ ထို့နောက် ဆန္ဒပြသူလူထုသည် ည ကိုးနာရီခန့်တွင် လူစုခွဲခဲ့ကြသည်။ နောက်တစ်ရက် ၂၃ ရက်နေ့ညတွင် ဆက်လက်ဆန္ဒဖော်ထုတ်ကြဦးမည်ဟုလည်း သတင်းရရှိသည်ဟု 7Day News Journal (Facebook) စာမျက်နှာမှာ သတင်းထောက် ဥက္ကာကိုကို က ရေးသားဖော်ပြထားပါသည်။

လျှပ်စစ်မီးရရှိရေးအတွက် ရန်ကုန်လူထု ပထမနေ့အဖြစ် ဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
03:26
Rating:
16 comments:
ဟဲ့ ဟဲ့ .... ဟဲ့ - ၀န်ကြီး ဘယ်လိုဖြစ်တာလဲ ...
လျှပ်စစ်တွေက ပိုလျှံလို့တောင်ရောင်းစားနေရတယ်ဆို .
လျှပ်စစ်ဆိုတာ ဟင်းရွက်ကန်စွန်းရွက်တွေလို လှောင်ထားလို့မရဘူး .
ကွန်တိန်နာနဲ့ တင်ရောင်းလို့မရဘူး ၊ နားလည်ကြရဲ့လားဆိုပြီး .
ငါ့လောက်တတ်ရဲ့လား ငါ့လောက်သိရဲ့လားဆိုပြီး တိုင်ပြည်ကို
ညာထားတယ် .. အဲကြေညာထားတယ်မို့လား .. ခုဘယ်လိုဖြစ်တာလဲ
အထက်မြန်မာပြည် အောက်မြန်မာပြည်တင်မကတော့ဘူး
တစ်နိုင်ငံလုံး ဖယောင်းတိုင်မီးတွေ ဖြစ်ကုန်ပြီ
ခေတ်ပြောင်းနေပီ အရင်လိုလုပ်လို့ရမယ်ထင်လို့လား ....
ငါတို့ပြည်သူတွေကို ဖြတ်လေးဖြတ်လုပ်ပြီး အနိုင်ကျင့် လုပ်ခြင်တိုင်း
လုပ်တဲ့အာဏာရှင်ခေတ်စနစ်တွေကုန်နေဘီ ... ဆက်လုပ်ရင်တော့...........
မိုးမီးလောင်သွားလိမ့်မယ် ...မင်းတို့လောက်မသိဘူး နားမလယ်ဘူးလို့တော့မထင်လိုက်နဲ့ အမြန်ဆုံး တစ်နိုင်ငံလုံး မီးတွေ
လင်းအောင်လုပ်ပေးလိုက် ။ ဒါဘဲ
ပုံ
ဗိုလ်ချုပ်မှူးကြီး
ကောင်းတယ်ဗျာ။ကြိုက်တယ် ။ဆန္ဒပြမှရတော့မယ်လျှပ်စစ်မီးဆိုတော့ ပြကို ပြရတော့မယ်။မီးမရှိရင်ရေပါငတ်မယ်။ရေမရှိရင်တော့နေဖို့ တောင်ကောင်းတဲ့တိုင်းပြည်မဟုတ်တော့ဘူး။ရှိသမျှမြစ်ချောင်းတွေလဲပိတ်လို့ ကုန်တော့မယ်။တူးသမျှ ထွက်သမျှဟာတွေလည်း ဘယ်အပေါက်ထဲရောက်သွားလဲမသိ ။မီးကမလာ ရေကမလောက်ထင်းမီးလောင်စာကရှား။ဟိုရုံးသွားလည်းပိုက်ဆံပေးရဒီရုံးသွားလည်းပိုက်ဆံပေးရ။ဘယ်ကလာဒီဒဏ်တွေဆက်ပြီးခံနိုင်တော့မလဲ။ပြကြ တစ်နိုင်ငံလုံးပြ။ကြိုက်တယ်အားပေးတယ်။ဖမ်းပြီဟေ့ဆိုရင်လည်းတစ်နိုင်ငံလုံးဖမ်း။ထောင်အသစ်တွေထပ်ဆောက်ပြီးဖမ်း။ငမဲ ပြုတ်ရင်ငဖြူတက်မယ်။ဒါပဲ
ဝန်ကြီးဇော်မင်း ရှက်တတ်ရင် သေဖို့တောင်ကောင်းတယ်။ အခုအချိန်မှာ ပြည်သူတွေကို ဝန်ချတောင်းပန်သင့်တယ်။ စားထားတာတွေကိုလဲ ပြန်ပေးသင့်တယ်။ ငါတို့ရဲ့ ဖယောင်းတိုင်မီး နဲ့ မင်းရဲ့ အိမ် မင်းနဲ့ မင်းတို့ တမျိုးလုံးကို မီးရှို့ လိုက်မယ်။
လူမရှိတဲ့ လူတွေမနေသေးတဲ့ နေပြည်တော်က လျှပ်စစ်တွေ ဘာလုပ်မှာလဲ
မှားယွင်းတဲ့စီမံခန့်ခွဲမှု ဆိုတဲ့စကားကိုလက်မခံချင်ရင် မှန်ကန်တဲ့စီမံခန့်ခွဲမှုလုပ်ပါ
သက်သက်ဖြုန်တီးပစ်နေတဲ့ လျှပ်စစ်တွေကို အကျိုးရှိအောင်သုံးစေချင်ပါတယ်
အခက်အခဲကို ဌာနက ပြောပြထားတာပဲလေ ချက်ချင်းကြီးတော့ မီးဆိုတာ ဘိုးဘိုးအောင်လို မန်းလို့မှ မရတာ မြန်မြန်ရချင်ရင်တော့ ဘိုးတော်တွေသာအားကိုးကြတော့ဗျာ. ကျောက်မီးသွေး မသုံးရ ရေအားက မြစ်ပျက်တယ် gas က ရောင်းစားထားတယ် ဘတ်ဂျက်ကို လွှတ်တော်က ဖြတ်တယ် ကဲ ကိုမြင့်လှိုင်ပြောသလိုပဲ ဦးနှောက်လေးလဲ သုံးကြဦး သူများယောင်တိုင်း လိုက်မယောင်ကြနဲ့ဟ
အခုနေ တရုတ်ကြီး အကူအညီ သွားတောင်းရင် မသိသလိုနေပြီး ဘာမှ ဖြေရှင်းပေးမှာ မဟုတ်ဘူး ။ ကြိတ်ဝမ်းသာနေမှာ ။
မစ္စ ကလင်တန် ကို အကူအညီ သွားတောင်းကြည့် ပါလား ။ တပတ် အတွင်း တနိုင်ငံလုံး မီး လိုသလောက် ရသွား အောင် ကူညီ ပေးနိုင်လိမ့်မယ် ။ မယုံမရှိနဲ့ ။ အစိုးရ လူကြီးများ ဘယ်သူ့ အားကိုးရမယ် ဆိုတာ သိသင့်ပါပြီ ။
ဝန်ကြီးက ဖယောင်းတိုင် ရောင်းစားနေအုံးမယ်။
နေပြည်တော်မှာ ထိန်ထိန်လင်းတဲ့မီးတွေက မင်းပထွေးအိမ်မို့လို့ပေးထားတာလား မောင်ဇော်မင်းရယ် .........ပေးသင့်တဲ့နေရာပေးပြီးမလိုအပ်တာလျော့လိုက်ပါ အခုမှ မေတ္တာရပ်ခံစာတွေဘာတွေပို့ပြီးမီးလျော့သုံးပါတို့ဘာတို့
ပါနဲ့ကွာ.........မင်းပထွေးတွေတည်ထားတဲ့မြို့ကိုပဲအရင်မီးလျော့
သုံးဖို့ အရင်မေတ္တာရပ်လျက်အုန်း
မင်းမှာ ရှက်ခြင်းကြောက်ခြင်းတရားရှိရင် ကိုယ့်ကိုကိုယ့်သတ်သေ
သင့်တာကြာပြီနော့
ဟိုခွေးကြီးခေါင်းဆောင်တဲ့အဖွဲ့ကလည်း ကိုယ်ပြည်သူကိုယ်တားရတဲ့လို့ ငြိမ်းချမ်းစွာဆန္ဒပြတာကို မင်းပထွေးမြစ်ဆုံကတရုတ်တွေကိုတားပါလား သေနာတွေ့ရေ
လိုင်းပေါ်တက်ရင်အကုသိုလ်များတယ် ကြားလား ရန်ကုန်တိုင်းရဲ့အကြီးဆုံးဖင်ကြီးရှုံ မြင့်ဆွေ......ကြားလား။
ပြည်ထောင်စုဝန်ကြီးရေပိုနေတဲ့လျှပ်စစ်မီးကိုပြည်သူတွေအတွက်ထုပ်ပေးလိုက်ပါလူလိမ်ကြီင်္းရယ်သူခိုကြီးရယ်။
ဆန္ဒဖော်ထုတ်ရဲတာ
မျက်စိပွင့်လာကြတာဘဲ
သတ္တိ နဲ့ဇွဲပဲ လိုတော့တယ်ကြိုက်တယ်ဗျာ
ဒို့နိုင်ငံပြည်သူတွေ ဒီလိုဘဲဖြစ်ရမယ်
တောင်းတောင်းနေသေးတယ်...မင်းတို့ ဘာသာဘာလို့ မြစ်ဆုံစီမံကိန်းကိုရပ်ခိုင်းလိုက်လဲ...အဲ့ဒါကသူတို့ အတွက်ခွင်ဖြစ်အောင်လုပ်ပေးလိုက်တာကိုး...သမ္မတကြီးလည်းမလုပ်တတ်မကိုင်တတ်ဖြစ်အောင်မင်းတို့ ကအော်လိုက်တာကိုး..အဲ့တော့ကိုယ့်အပြစ်နဲ့ ကိုယ်ခံကြငါလည်းအပါအ၀င်ခံမယ်ကွာ...ရုတ်ရုတ်ဖြစ်အောင်တော့မလုပ်နဲ့ 
ကောင်းပါတယ်။ကျွန်တော်တို့ကနိုင်ငံတော်ရဲ့တည်ဆဲဥပဒေဘောင်အတွင်းမှာငြိမ်သက်စွာဆန်ဒထုတ်ဖော်တာပါ။အခုထိလည်းဥပဒေကိုမချိုးဖောက်သေးပါဘူး။ကျွန်တော်ကဒီနယ်ကမဟုတ်ပါဘူး။၇န်ကုန်မြို့ပြည်သူတွေဘက်ကနေထောက်ခံပေးတာလည်းမဟုတ်ပါဘူး။အမှန်တရားဘယ်ကနေရပ်တည်ပေးတာပါ။လုပ်သားပြည်သူတွေကတကယ်သနားစရားကောင်းပါတယ်။စစ်ကိုင်းမှာကတော့everမီးပျက်ပါတယ်။15မိနစ်လောက်လာပြီး၂နာရီလောက်ပျက်ပါတယ်။
အနှစ်၂၀လောက်အောင့်အီးသီးခံနေရတဲ့ပြည်သူတွေပါ။
မြန်မာပြည်သူတွေအသိပညာအတက်ပညာရှိကြပါတယ်။
အကြောက်တရားနဲ့ဖိနှိပ်ထားလို့ငြိမ်နေတာပါ။
ကျမတို့ပြည်သူတွေကိုပြန်ငဲ့ညှာသင့်ပါပြီ။
ပြည်သူအတွက်ဘာလုပ်ပေး၇ပေးရဆိုတဲ့
အမေစုလိုခေါင်းဆောင်ကောင်းတွေလိုအပ်နေပါတယ်။
ငွေမရှိရင်လည်းစစ်အစိုးရလက်ထပ်
အမြတ်ထုတ်သွားကြသောစီးပွါးရေသမားများ
စစ်အာဏာရှင်များတိုင်းပြည်ကရထားသော
စည်းစိမ်တွေကိုတ၀က်လောက်ပြန်ပေးကြပါလား။။
နောက်ထပ်လည်းတိုင်းပြည်ပိုင်ဆိုင်သော
အရာအားလုံးကိုအလွဲသုံးစားမလုပ်ကြပါနဲ့လို့
တောင်းပန်ပါတယ်။
ညညမီးပျက်လို့ပူအိုက်ပြီးအိပ်ရေးပျက်တယ်။
အိပ်ရေးပျက်တော့နှလုံးေ၇ာဂါရှိလို့နေမကောင်းဘူး။
မီးရေ.....မြန်မြန်လာပါစေ..
ကောင်းတာတွေအားလုံးကနေပြည်တော်မှာပဲစုနေတယ်ထင်ပါတယ်။အကုန်လုံးပါ။မနေ့ကကျွန်တော်တို့ဖယောင်းတိုင်ထွန်းနေတဲ့အချိနှ်မှာနေပြည်တ်ာကလူတွေကတော့aircoolerနဲ့နှပ်နေလောက်ပါပြီ။တကယ်တမ်းတွေကြည့်ရင်ပင်ပန်းပါတယ်။အသက်၈၀ကျော်သက်ကြီးရွယ်အိုတွေလည်းပါပါတယ်။လာကြတဲ့သူတွေကလည်းအထူးတလည်ဖိတ်ထားတာမဟုတ်ပါဘူး။ကိုယ့်အသိစိတ်နဲ့ကိုယ်လာကြတာပါ။mdyမှာမဖမ်းပါဘူး။ဖမ်းခွင့်လည်းမရှိပါဘူး။ရန်ကုန်မြို့ရဲ့ဆင်ခြေဖုန်းရပ်ကွက်ကလေးတွေကအရမ်းသနားစရာကောင်းပါတယ်။မီးပျက်တာမီးမရတာဆိုတာသူများနိုင်ငံတွေနဲ့ယုဉ်ရင်ရှက်စရာကောင်းပါတယ်။ဖွံဖြိုးဆဲနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံအနေနဲ့တော့ဒီလိုမျိုးဖြစ်တာဟာ အာဆီယံမြန်မာနိုင်ငံအနေနဲ့ရော အုပ်ချုပ်သူအာဏာပိုင်တွေအနေနဲ့ရော မကောင်းပါဘူး။အုပ်ချုပ်သူတွေမှာတာဝန်ရှိပါတယ်။
2008အခြေခံဥပဒေနဲ့အညီငြိမ်းချမ်းစွာပြည်သူ့ဆန္ဒဖော်ထုတ်ခြင်းပါ။တိုင်းပြည်ကိုဆူပူအောင်၊ဗကပတွေပယောဂ၊ပြည်ပအားကိုးပုဆိန်ရိုးတွေ၊အမျိုးသားနိုင်ငံရေးမဟုတ်ပဲပါတီနိုင်ငံရေးလုပ်သူများ၊အမေကျော်ဒွေးတော်လွမ်းသူများ....အစရှိ...အစရှိသည့်စွပ်စွဲချက်များစွာနှင့်တိုင်းပြည်ကိုချောက်ကမ်းပါးထဲမှကယ်တင်ခြင်သူများအတွက်မဟုတ်ပါကြောင်းသတိချပ်စေချင်ပါသည်။မြန်မာနိုင်ငံတော်နှင့်၊နိုင်ငံသူနိုင်ငံသားများအတွက်နောက်ထပ်နှစ်ပေါင်းများစွာမနစ်နာစေချင်တော့ပါကြောင်းပါဝင်သူstakeholderအားလုံးသတိထားပြီးတော့ဆောင်ရွက်ပေးကြပါခင်ဗျား။
ပြည်သူလူထုရဲ့အသံတွေဖြစ်ပါတယ်။ပြည်သူတွေ့အမှန်တကယ်လိုအပ်ချက်တွေ
ကိုအလေးထားဆောင်ရွက်ပေးပါ။အပြောင်းအလဲကိုလိုလားကြောင်းဖော်ပြနေ
တာဖြစ်ပါတယ်။
Post a Comment